သတင္း

ဆင္ေရယုန္ ၇ရက္နဲ႔ ေပ်ာက္တဲ့ ျမန္မာေဆးၿမီးတို

(Zawgyi)

ဆင္ေရယုန္ (Shingles), ဆင္ငိုျမက္ႏွင့္ ဆင္႐ိုးဆင္စြယ္

ေလးတန္းႏွစ္က ေရေက်ာက္ေပါက္ဖူးတဲ့ ကြၽန္မ ၁၉၈၈မွာ ဆင္ေရယုန္ ေပါက္ျပန္ပါေရာ။ ေဆးပညာအဆိုအရ ဆင္ေရယုန္ (herpes zoster) သို႔မဟုတ္ Shingles သည္ Varicella-Zoster. Virus ေၾကာင့္ ျဖစ္တဲ့ အေရျပားေရာဂါတစ္မ်ိဳး ျဖစ္ၿပီး ငယ္စဥ္က ေရေက်ာက္ေပါက္ဖူးတဲ့သူေတြမွာ အမ်ားဆုံးျဖစ္တဲ့ ေရေက်ာက္ေရာဂါပင္ ျဖစ္ေၾကာင္း ေဖာ္ျပထားၾကပါ၏။

ခါးနဲ႔ ဗိုက္အစပ္မွာ အနီဖုေလးေတြ စထြက္လာေတာ့ မိတ္ဖုလိုလို ဘာလိုလို ယားယံလာၿပီး အေရျပားတင္းလာတာမို႔ သနပ္ခါးေရက်ဲေလး လိမ္းေပးေတာ့လည္း မသက္သာ ပူစပ္ပူေလာင္နဲ႔ အေရျပားက အေတာ္နာလာ၏။ မၾကာပါ။ အဲ့အဖုေလးေတြကေန မီးေလာင္ဖုေတြလို ႀကီးထြားလာသလို နာက်ဥ္ကိုက္ခဲတာလည္း မေျပာပါနဲ႔ေတာ့။ အဲ့မွာမွ ဆင္ေရယုန္မွန္း သိရေတာ့တာပါပဲ။ အေၾကာအားလုံးကို ဆြဲဆုပ္ထားသလိုလည္း တင္းေနေလသည္။ ခါးပတ္လည္ ေပါက္လာတာမို႔ ေက်ာခ် အိပ္ဖို႔ေတာင္ အေတာ္ခဲယဥ္းလာခဲ့၏။ ဆရာဝန္သြားျပထားတာမို႔ အဲ့ေခတ္က ေရယုန္ေပ်ာက္ေဆး လိမ္းေဆးရယ္လို႔ မရွိေသးတဲ့ ကာလဆိုေတာ့ ခရမ္းျပာေဆးေတြက လိမ္းေဆး၊ ေသာက္ေဆးကလည္း အကိုက္အခဲေပ်ာက္ေဆးေလာက္သာ။ ေဆးက လိမ္းေလ ပိုေတာင္ ဆိုးလာေလေလ၊ နာလြန္းေတာ့ အိပ္လို႔လည္း မရ။

အဲ့အခ်ိန္မ်ိဳးမွာပဲ၊ တစ္ရက္ေတာ့ ႐ြာဖက္က ဒက္ဒီ့တပည့္တစ္ေယာက္၊ ဒက္ဒီကို လာကန္ေတာ့ရင္း၊ ကြၽန္မ ေနမေကာင္းေနတာ ေတြ႕သြားပါေလေရာ။ ဘာျဖစ္လို႔လဲ ဘာညာ ေမးရင္း၊ ဆင္ေရယုန္မွန္း သိသြားတဲ့အခါ “ဟာ သမီးရာ၊ ဘာမွ စိတ္ပူမေနနဲ႔၊ ဒါေလးမ်ား၊ ဆင္ငိုျမက္ သိတယ္မဟုတ္လား၊ အဲ့ဒါကို ပၪၥငါးပါး ေရစင္စင္ေဆးၿပီး ေထာင္း၊ ရလာတဲ့ သတၱဳရည္နဲ႔ ဆင္႐ိုးျဖစ္ျဖစ္ ဆင္စြယ္ျဖစ္ျဖစ္ ေသြးလိမ္း။ခ်က္ခ်င္း ေကာင္းသြားလိမ့္မယ္” တဲ့
အဲ့ဒါနဲ႔ ကြၽန္မလည္း မတုံ႔မဆိုင္း အျမန္လုပ္ၿပီး လိမ္းၾကည့္တဲ့ အခါ၊ ေဟာ.. အနာေတြေပၚ လိမ္းလိုက္တာနဲ႔ ေအးကနဲ ျဖစ္သြားကာ နာတာလည္း သက္သာလာေလသည္။တစ္ေန႔ သုံးႀကိမ္ေလာက္ လိမ္းလိုက္ေတာ့၊ ၂ရက္အတြင္းမွာပင္ မီးေလာင္ဖုလိုေတြက ခ်က္ခ်င္း ပိန္က်သြားၿပီး၊ ၄ရက္ေလာက္ အတြင္းမွာပင္ အေတာ္အနာက်က္သြားခဲ့ေလ၏။တစ္ပတ္အတြင္း၊ သူပင္ မဟုတ္သလို အရွင္းေပ်ာက္သြားခဲ့ေလသည္။ ဝမ္းသာမိတာလည္း မေျပာပါနဲ႔ေတာ့။

ေဆးနည္းေပးသြားတဲ့ ဒက္ဒီ့တပည့္ကို ေက်းဇူးအထပ္ထပ္တင္ ေမတၱာေတြ ပို႔ေပး ဆုေတြေတာင္းေပးေနမိ သြားခဲ့၏။ အျခားသူေတြ ဆင္ေရယုန္ေပါက္လည္း ဤေဆးနည္းကိုမွ်ေဝေပးခဲ့ပါသည္။

သို႔ျဖင့္ ႏွစ္မ်ားစြာ ၾကာၿပီးေနာက္ ယခုႏွစ္ထဲ တိုက္ဖြိဳက္ ျဖစ္ၿပီး မၾကာမီ အရင္ေနရာမွပင္ ဒဏ္ပဲေျပာရမလား၊အားနည္းရင္ ျပန္ျဖစ္လာတတ္တဲ့ ဆင္ေရယုန္ဖုေလးေတြ ေပၚလာျပန္ပါေလေရာ။ သို႔ေသာ္ ေခတ္ခ်င္းက မတူေတာ့ ဆင္ေရယုန္အတြက္ လိမ္းေဆး ေသာက္ေဆးေကာင္းေတြ ေပၚေနခဲ့ေလၿပီ။ စ ျဖစ္႐ုံနဲ႔ မိသားစုဆရာဝန္ကို ျပေတာ့ ဒီေလာက္နဲ႔က လိမ္းေဆး လိမ္း႐ုံရတယ္။ Gentameson လိမ္းေဆး လိမ္းတဲ့။ ေသာက္ေဆးက Acyclover/vir 400mg ျဖစ္ေပမယ့္ တိုက္ဖြိဳက္ျဖစ္ေတာ့ ပိုးသတ္ေဆးေတြ ေသာက္ထားရေသးတာမို႔ ဒီေသာက္ေဆး မေပးေတာ့။လိမ္းေဆးနဲ႔ ေပ်ာက္မတဲ့။ တကယ္လည္း မွန္မွန္လိမ္းေပးေတာ့ ေပ်ာက္ကင္းသြားခဲ့ပါသည္။

Vivir လိမ္းေဆးတုန္းကေတာ့ သိပ္မေပ်ာက္။Gentameson နဲ႔မွသာ ေပ်ာက္ကင္းသြားခဲ့ပါ၏။ေရေက်ာက္ ေပါက္တုန္းက virusက အရွင္းမေပ်ာက္ပဲခႏၶာကိုယ္အတြင္းပိုင္းမွာ ခိုကပ္ေနတတ္တာမို႔ အားနည္းခ်ိန္၊ အိပ္ပ်က္မ်ားခ်ိန္၊ စိတ္ဖိစီးမႈ မ်ားခ်ိန္၊ အျခားေရာဂါဝင္ခ်ိန္ စသည္မ်ိဳးမွာ ျပန္ျဖစ္တတ္ေလ့ရွိရာ အလြန္ဂ႐ုစိုက္ရတဲ့ Shingles တည္း။

ဟိုတေလာက တခ်ိဳ႕သူငယ္ခ်င္းေတြ လက္မွာ ရင္ဘတ္မွာ ေက်ာနဲ႔ ခါး စသည္ အမ်ိဳးမ်ိဳး ဆင္ေရယုန္ ေပါက္ေနၾကေၾကာင္း လူမႈ႕ကြန္ယက္ေပၚမွာ ေတြ႕မိလိုက္သည္မို႔ Shingles ဗဟုသုတ မွ်ေဝေပးလိုက္တာပါရွင့္။

Credit – ရတနာသူ

(Umicode)

ဆင်ရေယုန် (Shingles), ဆင်ငိုမြက်နှင့် ဆင်ရိုးဆင်စွယ်

လေးတန်းနှစ်က ရေကျောက်ပေါက်ဖူးတဲ့ ကျွန်မ ၁၉၈၈မှာ ဆင်ရေယုန် ပေါက်ပြန်ပါရော။ ဆေးပညာအဆိုအရ ဆင်ရေယုန် (herpes zoster) သို့မဟုတ် Shingles သည် Varicella-Zoster. Virus ကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ငယ်စဉ်က ရေကျောက်ပေါက်ဖူးတဲ့သူတွေမှာ အများဆုံးဖြစ်တဲ့ ရေကျောက်ရောဂါပင် ဖြစ်ကြောင်း ဖော်ပြထားကြပါ၏။

ခါးနဲ့ ဗိုက်အစပ်မှာ အနီဖုလေးတွေ စထွက်လာတော့ မိတ်ဖုလိုလို ဘာလိုလို ယားယံလာပြီး အရေပြားတင်းလာတာမို့ သနပ်ခါးရေကျဲလေး လိမ်းပေးတော့လည်း မသက်သာ ပူစပ်ပူလောင်နဲ့ အရေပြားက အတော်နာလာ၏။ မကြာပါ။ အဲ့အဖုလေးတွေကနေ မီးလောင်ဖုတွေလို ကြီးထွားလာသလို နာကျဉ်ကိုက်ခဲတာလည်း မပြောပါနဲ့တော့။ အဲ့မှာမှ ဆင်ရေယုန်မှန်း သိရတော့တာပါပဲ။ အကြောအားလုံးကို ဆွဲဆုပ်ထားသလိုလည်း တင်းနေလေသည်။ ခါးပတ်လည် ပေါက်လာတာမို့ ကျောချ အိပ်ဖို့တောင် အတော်ခဲယဉ်းလာခဲ့၏။ ဆရာဝန်သွားပြထားတာမို့ အဲ့ခေတ်က ရေယုန်ပျောက်ဆေး လိမ်းဆေးရယ်လို့ မရှိသေးတဲ့ ကာလဆိုတော့ ခရမ်းပြာဆေးတွေက လိမ်းဆေး၊ သောက်ဆေးကလည်း အကိုက်အခဲပျောက်ဆေးလောက်သာ။ ဆေးက လိမ်းလေ ပိုတောင် ဆိုးလာလေလေ၊ နာလွန်းတော့ အိပ်လို့လည်း မရ။

အဲ့အချိန်မျိုးမှာပဲ၊ တစ်ရက်တော့ ရွာဖက်က ဒက်ဒီ့တပည့်တစ်ယောက်၊ ဒက်ဒီကို လာကန်တော့ရင်း၊ ကျွန်မ နေမကောင်းနေတာ တွေ့သွားပါလေရော။ ဘာဖြစ်လို့လဲ ဘာညာ မေးရင်း၊ ဆင်ရေယုန်မှန်း သိသွားတဲ့အခါ “ဟာ သမီးရာ၊ ဘာမှ စိတ်ပူမနေနဲ့၊ ဒါလေးများ၊ ဆင်ငိုမြက် သိတယ်မဟုတ်လား၊ အဲ့ဒါကို ပဉ္စငါးပါး ရေစင်စင်ဆေးပြီး ထောင်း၊ ရလာတဲ့ သတ္တုရည်နဲ့ ဆင်ရိုးဖြစ်ဖြစ် ဆင်စွယ်ဖြစ်ဖြစ် သွေးလိမ်း။ချက်ချင်း ကောင်းသွားလိမ့်မယ်” တဲ့ အဲ့ဒါနဲ့ ကျွန်မလည်း မတုံ့မဆိုင်း အမြန်လုပ်ပြီး လိမ်းကြည့်တဲ့ အခါ၊ ဟော.. အနာတွေပေါ် လိမ်းလိုက်တာနဲ့ အေးကနဲ ဖြစ်သွားကာ နာတာလည်း သက်သာလာလေသည်။တစ်နေ့ သုံးကြိမ်လောက် လိမ်းလိုက်တော့၊ ၂ရက်အတွင်းမှာပင် မီးလောင်ဖုလိုတွေက ချက်ချင်း ပိန်ကျသွားပြီး၊ ၄ရက်လောက် အတွင်းမှာပင် အတော်အနာကျက်သွားခဲ့လေ၏။ တစ်ပတ်အတွင်း၊ သူပင် မဟုတ်သလို အရှင်းပျောက်သွားခဲ့လေသည်။ ဝမ်းသာမိတာလည်း မပြောပါနဲ့တော့။

ဆေးနည်းပေးသွားတဲ့ ဒက်ဒီ့တပည့်ကို ကျေးဇူးအထပ်ထပ်တင် မေတ္တာတွေ ပို့ပေး ဆုတွေတောင်းပေးနေမိ သွားခဲ့၏။ အခြားသူတွေ ဆင်ရေယုန်ပေါက်လည်း ဤဆေးနည်းကို မျှဝေပေးခဲ့ပါသည်။

သို့ဖြင့် နှစ်များစွာ ကြာပြီးနောက် ယခုနှစ်ထဲ တိုက်ဖွိုက် ဖြစ်ပြီး မကြာမီ အရင်နေရာမှပင် ဒဏ်ပဲပြောရမလား၊အားနည်းရင် ပြန်ဖြစ်လာတတ်တဲ့ ဆင်ရေယုန်ဖုလေးတွေ ပေါ်လာပြန်ပါလေရော။ သို့သော် ခေတ်ချင်းက မတူတော့ ဆင်ရေယုန်အတွက် လိမ်းဆေး သောက်ဆေးကောင်းတွေ ပေါ်နေခဲ့လေပြီ။ စ ဖြစ်ရုံနဲ့ မိသားစုဆရာဝန်ကို ပြတော့ ဒီလောက်နဲ့က လိမ်းဆေး လိမ်းရုံရတယ်။ Gentameson လိမ်းဆေး လိမ်းတဲ့။ သောက်ဆေးက Acyclover/vir 400mg ဖြစ်ပေမယ့် တိုက်ဖွိုက်ဖြစ်တော့ ပိုးသတ်ဆေးတွေ သောက်ထားရသေးတာမို့ ဒီသောက်ဆေး မပေးတော့။လိမ်းဆေးနဲ့ ပျောက်မတဲ့။ တကယ်လည်း မှန်မှန်လိမ်းပေးတော့ ပျောက်ကင်းသွားခဲ့ပါသည်။

Vivir လိမ်းဆေးတုန်းကတော့ သိပ်မပျောက်။Gentameson နဲ့မှသာ ပျောက်ကင်းသွားခဲ့ပါ၏။ရေကျောက် ပေါက်တုန်းက virusက အရှင်းမပျောက်ပဲ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ခိုကပ်နေတတ်တာမို့ အားနည်းချိန်၊ အိပ်ပျက်များချိန်၊ စိတ်ဖိစီးမှု များချိန်၊ အခြားရောဂါဝင်ချိန် စသည်မျိုးမှာ ပြန်ဖြစ်တတ်လေ့ရှိရာ အလွန်ဂရုစိုက်ရတဲ့ Shingles တည်း။

ဟိုတလောက တချို့သူငယ်ချင်းတွေ လက်မှာ ရင်ဘတ်မှာ ကျောနဲ့ ခါး စသည် အမျိုးမျိုး ဆင်ရေယုန် ပေါက်နေကြကြောင်း လူမှု့ကွန်ယက်ပေါ်မှာ တွေ့မိလိုက်သည်မို့ Shingles ဗဟုသုတ မျှဝေပေးလိုက်တာပါရှင့်။

Credit – ရတနာသူ

Leave a Reply

Your email address will not be published. Required fields are marked *