သတင်း

အထိုင်များသူတွေ အတွက် ကျမ်းမာရေး

အထိုင်များသူတွေ အတွက် ကျမ်းမာရေး

အခုခတ်မှာ လူအတော်များများအတွက် ထိုင်လုပ်ရတာဟာ နေ့စဉ် ပုံမှန်လိုဖြစ်နေပါပြီ။ ရုံးမှာ အထိုင်များသူတွေ ၊ စက်ချုပ်ရသူတွေ စက်ရုံ အလုပ်ရုံက လူတွေအတွက် ကျမ်းမာရေးနဲ့ပတ်သတ်တာတွေ အကြံပေးပါရစေ။

က။ မနက်စာ သေချာစားပါ။
မနက်စာ မစားတာဟာ ၀ စေပါတယ်။

ခ။ နေ့လည်စာကို ၅၀%၊၂၅%၊၂၅% ရအောင် ထုပ်သွားပါ။

ဂ။ အဆာပြေ အဖြစ် အစေ့အနှံ သစ်သီး၊ ကန်စွန်းဥ (သူကနေ့တိုင်း မစားသင့်ပါ၊ ရက်ခြားလောက်ရပါတယ်။) သေချာ ထုပ်သွားပါ။
ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်သီး စတာတွေ အဆာပြေဖို့ထုတ်ပါ။

ဃ။ နေ့လည်မှာ ကော်ဖီ လက်ဖက်ရည်အစား ရေနွေးကြမ်းသောက်ပါ။

င။ သောက်ရေတစ်ဗူးထဲမှာ ရေဖြည့်ပြီးခုံပေါ်မှာထားပါ။ ရေကိုနည်းနည်းစီ မှန်မှန်သောက်နေပါ။

စ။ ထိုင်ရင်းနဲ့ မျက်စိ မညောင်းစေဖို့ အဝေးကို ကြည့်ပေးပြီး မျက်လုံးကို အနားပေးပါ။ တခါတရံ မျက်စိ မှိတ်ပြီး နေပေးပါ။

ဆ။ တတ်နိုင်သလောက် ၁ နာရီတစ်ခါလောက် ထပါ။

— ထိုင်တဲ့ပုံ မှန်ကန်အောင် ထိုင်ပါ။

၁။ ခါးဆန့်ဆန့်ထိုင်ပါ။
၂။ ခါးဆန့်နိုင်ဖို့ ခုန် အနိမ့်အမြင့် မှန်ဖို့လိုပါတယ်။
၃။ တင်ပါး ဟာ အနောက်ကို အပြည့်ေ၇ာက်နေဖို့လိုပါတယ်။
၎။ လိုအပ်မယ်ဆိုရင် ခါးလည်မှာ ညှိပြိး ခုပေးလို့ရပါတယ်။ (နိုင်ငံခြားကလူများ Obus foam ထိုင်ခုံအပေါ်ကနေတပ်လို့ရပါတယ်။)
၅။ ထိုင်ခုံဟာ ၁၀၀-၁၁၀ ဒီဂရီလို့ ပြောလို့ရမယ့် အနောက်ကို နည်းနည်းလေး လန်နေရပါတယ်။
၆။ ခုံပေါ်မှာ လက်တင်တယ်ဆိုရင် ၉၀ ဒီဂရီထားနိုင်အောင် ကြိုးစားပါ။
၇။ ကွန်ပြူတာ ကြည့်တယ်ဆိုရင် ကွန်ပြူတာ screen ဟာ မျက်လုံးရဲ့အောက် ၂ လက်မလောက်ရောက်နေတာအကောင်းဆုါံ်ပါ။
၈။ ခေါင်းကို မကြာခဏ လှည့်ပေးပါ။
၁၀။ မကြာခဏ ရေအိမ်သွားပါ။

အောက်မှာ ပုံတွေ တစ်ခုချင်းစီရှိပါတယ်။ ကြည့်ပြီး မှတ်သားထားပါ။

ကြုံတာနဲ့ တဆက်တည်း ပစ္စည်းမတဲ့ အကြောင်းကိုပါပြောလိုက်ပါမယ်။ အောက်မှာ ပုံလေး ၂ ပုံရှိပါတယ်။ သေချာ ကြည့်ပါ။ ပစ္စည်းတစ်ခုကို ကောက်မ တဲ့ အခါပဲဖြစ်ဖြစ် ကိုယ်ကို အောက်ကို ရောက်အောင်ပဲဖြစ်ဖြစ် သတိထားပါ။

++++ဘာအကြောင်းနဲ့မှ လုံးဝ (လုံးဝ) ခါးမကုံးရပါဘူး။ (လေ့ကျင့်ခန်း အဖြစ် အကြောလျော့တဲ့အခါသာ သတိထားပြိးလုပ်တဲ့အခါ လုပ်နိုင်ပါတယ်။

ပစ္စည်း တစ်ခု မတဲ့အခါ ပေါင်၊ ခြေထောက်နဲ့ မ ရမှာဖြစ်ပါတယ်။ပေါင်နဲ့ ခြေထောက်မှာသာ ပစ္စည်းကို မနိုင်တဲ့ ကြွက်သား ရှိတာဖြစ်ပါတယ်။ ခါးနဲ့ နောက်ပိုင်းက ကြွက်သားဟာ အဲ့ဒီလောက်မများပါဘူး။

လူတော်များများဟာနေ့တိုင်း ခါးကုန်းပြိး မနေပါတယ်။ မတော်တဲ့ တစ်နေ့ကျရင် ကျောရိုး ထိသွားနိုင်ပါတယ်။။ အဲ့ဒီအခါ တစ်သက်လုံး wheel chair ပေါ်မှာနေရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်ဖူးဆိုတောင် အသက်ရလာတဲ့အခါ မမှန်တဲ့နည်းကြောင့် ခါးကိုထိပြီး ခါးရောဂါ မျိုးစုံ ဖြစ်ပါလိမ့်မယ်။ သတိထားပါ။ အကျင့်လေး လုပ်ပြီး ဆောင့်ကြောင့်ထိုင်မတဲ့ အကျင့်လေးလုပ်ပါလို့ မှာပါရစေ။

နောက်ပြီး ရုံးခန်းထဲမှာ၊ အလုပ်ရုံမှာ ခုံမှာထိုင်နေရင်းနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေ တင်ပေးလိုက်ပါတယ်။ အောက်မှာ ကြည့်ပါ။ အကုန်လုပ်စရာမလိုပါဘူး။ အဲ့ဒီထဲက ကိုယ်အဆင်ပြေမယ့် ဟာလေး မကြာ မကြာ လုပ်ပေးပါ။ ကိုယ့်ကိုယ်ကိုသနားရင် ဒါလေးတွေ မမေ့ပါနဲ့။

နားချိန်ယူပြီးနားပါ။ ဂျပန်နိုင်ငံ က တချို့ ကုမ္ပဏီကြိးတွေ၊ Google လို ကုမ္ပဏီကြီးတွေ အခုအခါမှာ နားချိန်သေချာ သတ်မှတ်ပြီး ယောဂလုပ်တာ၊ Meditation လုပ်တာကို သေချာ လုပ်နေကြပါတယ်။ တကယ်တော့ အလုပ်ဆိုတာ နားတဲ့အချိန်နား၊ လုပ်တဲ့အချိန်လုပ်မှ ပိုပြီးကောင်းမွန်တဲ့ ရလာဒ် ရနိုင်တာပါ။

အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။

crd;copy

Leave a Reply

Your email address will not be published. Required fields are marked *