သတင္း

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ရွက်ကျပင်ပေါက်အရွက်ကို၊ မီးကင်ပြီး ရောင်နေသော ခြေဖမိုးပေါ် နှမ်းဆီပါးပါး သုတ်၍ အရွက်ခပ်နွေးနွေး အနေအထားမှာ ကပ်ပေးပါ။ ပထမတစ်ရက်နှင့်ပင် ပျောက်သလောက်ရှိ၍ ငါးရက်ခန့် ကပ်ပေးပါက လုံးဝသက်သာပျောက်ကင်းပါသည်။ ရွက်ကျပင်ပေါက်၏ စွမ်းအင် – မြန်မာ့ဆေးကျမ်းများအလိုအရ ၎င်းဆေးပင်သည် အနာများကိုစင် ကြယ်အောင်သုတ်သင်တတ်၏။

အသားနုတက်စေတတ်၏။ သွေးများကို ချုပ်စေ၏။ သွေးကြောငယ်များတွင် များစွာအကျိုးပြု ၏။သွေးကြောငယ်များကို တွန့်ခြင်း၊ ရှူံ့ခြင်းဖြစ်စေတတ်သဖြင့် အရေပြားမှ လည်းကောင်း၊ ဝမ်းသွားရာမှလည်းကောင်း ၊မြင်းသရိုက်ရောဂါမှလည်းကောင်း၊ နှာခေါင်း၊ပါးစပ်၊ ခံတွင်းမှလည်းကောင်း ယိုကျသောသွေးများကို လျှင်မြန်စွာ ချုပ်တည်းစေနိုင်၏။

ရွက်ကျပင်ပေါက်ဖြင့် ကုသနိုင်သောရောဂါများအနက် ယိုစီးကျသောသွေးများကိုရပ်တန့်စေရာတွင် နတ်ဆေးသဖွယ်စွမ်း၏။ ထိခိုက်ရှနာနှင့် သွေးစိမ်းထွက်သောအနာများကို ရွက်ကျပင် ပေါက် မီးကင်၍ကပ်ပေးပါက၊ သွေးများရပ်စဲ၍အနာကျက်လွယ်၏။ ထိခိုက်ရောင်ရမ်းသောဒဏ်ရာများကို မီးကင်၍ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်း၌ ဒဏ်ရာများသက်သာပျောက် ကင်း ၏။မီးလောင်နာ၊ အဆစ်လွှဲ အကြောထုံးခြင်းများအတွက်၊ အရွက်ကြိတ်ရည် လိမ်းပေးပါက သက်သာပျောက်ကင်း၏။သွေးကျ၍ ခြေဖမိုးရောင်သူများ၊ ဖောရောင်နေသောနေရာကို အရွက်မီးကင်၍ကပ်ပေးပါက အဖောအရောင်ကျ၏။

Credit-(မြန်မာ့ဆေးဖက်ဝင်အပင်များ)

(Zawgyi)

ေျခဖမိုးေရာင္ရမ္းျခင္းႏွင့္ ႐ြက္က်ပင္ေပါက္

႐ြက္က်ပင္ေပါက္အ႐ြက္ကို၊ မီးကင္ၿပီး ေရာင္ေနေသာ ေျခဖမိုးေပၚ ႏွမ္းဆီပါးပါး သုတ္၍ အ႐ြက္ခပ္ေႏြးေႏြး အေနအထားမွာ ကပ္ေပးပါ။ ပထမတစ္ရက္ႏွင့္ပင္ ေပ်ာက္သေလာက္ရွိ၍ ငါးရက္ခန႔္ ကပ္ေပးပါက လုံးဝသက္သာေပ်ာက္ကင္းပါသည္။ ႐ြက္က်ပင္ေပါက္၏ စြမ္းအင္ – ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ ၎ေဆးပင္သည္ အနာမ်ားကိုစင္ ၾကယ္ေအာင္သုတ္သင္တတ္၏။

အသားႏုတက္ေစတတ္၏။ ေသြးမ်ားကို ခ်ဳပ္ေစ၏။ ေသြးေၾကာငယ္မ်ားတြင္ မ်ားစြာအက်ိဳးျပဳ ၏။ေသြးေၾကာငယ္မ်ားကို တြန႔္ျခင္း၊ ရႉံ႔ျခင္းျဖစ္ေစတတ္သျဖင့္ အေရျပားမွ လည္းေကာင္း၊ ဝမ္းသြားရာမွလည္းေကာင္း ၊ျမင္းသ႐ိုက္ေရာဂါမွလည္းေကာင္း၊ ႏွာေခါင္း၊ပါးစပ္၊ ခံတြင္းမွလည္းေကာင္း ယိုက်ေသာေသြးမ်ားကို လွ်င္ျမန္စြာ ခ်ဳပ္တည္းေစႏိုင္၏။

႐ြက္က်ပင္ေပါက္ျဖင့္ ကုသႏိုင္ေသာေရာဂါမ်ားအနက္ ယိုစီးက်ေသာေသြးမ်ားကိုရပ္တန႔္ေစရာတြင္ နတ္ေဆးသဖြယ္စြမ္း၏။ ထိခိုက္ရွနာႏွင့္ ေသြးစိမ္းထြက္ေသာအနာမ်ားကို ႐ြက္က်ပင္ ေပါက္ မီးကင္၍ကပ္ေပးပါက၊ ေသြးမ်ားရပ္စဲ၍အနာက်က္လြယ္၏။ ထိခိုက္ေရာင္ရမ္းေသာဒဏ္ရာမ်ားကို မီးကင္၍ကပ္ေပးပါက ေရာင္ရမ္းျခင္းက်ဆင္း၌ ဒဏ္ရာမ်ားသက္သာေပ်ာက္ ကင္း ၏။မီးေလာင္နာ၊ အဆစ္လႊဲ အေၾကာထုံးျခင္းမ်ားအတြက္၊ အ႐ြက္ႀကိတ္ရည္ လိမ္းေပးပါက သက္သာေပ်ာက္ကင္း၏။ေသြးက်၍ ေျခဖမိုးေရာင္သူမ်ား၊ ေဖာေရာင္ေနေသာေနရာကို အ႐ြက္မီးကင္၍ကပ္ေပးပါက အေဖာအေရာင္က်၏။

Credit-(ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား)

Leave a Reply

Your email address will not be published. Required fields are marked *