သတင္း

ဘုရားပံုေတာ္ေဟာင္းမ်ား ဘယ္လိုစြန္႕ပစ္မလဲ?

(Zawgyi)
ေဟာင္းႏြမ္းစုတ္ၿပဲေနတဲ့ ဘုရားပုံေတာ္ေတြ ဘုရားစာအုပ္ေတြကို စြန႔္ပစ္ဖို႔ စိတ္ထဲမရွင္းမလင္း ဇေဝဇဝါျဖစ္ေနသူေတြအတြက္ ျပန္လည္မွ်ေဝပါသည္။

ျမင့္ျမတ္တဲ့ ေနရာမွာထားၿပီး ပူေဇာ္ခဲ့တဲ့ ဘုရားပုံေတာ္ေတြ ဘုရားစာအုပ္ေတြ ေဟာင္းႏြမ္းစုတ္ၿပဲသြားလို႔ စြန႔္ပစ္ရေတာ့မယ္ဆိုရင္ ဘယ္ေနရာမွာ စြန႔္ပစ္ရင္ သင့္ေတာ္မလဲ ဆိုတာကို စိတ္ထဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ခဲ့ပါတယ္။ မစြန႔္ပစ္ရက္လို႔ စုထားျပန္ရင္လည္း တျဖည္းျဖည္း မ်ားလာၿပီး ထားစရာေနရာက အခက္အခဲ ရွိလာျပန္တယ္။ ဒီေတာ့ မျဖစ္မေန စြန႔္ပစ္ရေတာ့မယ္ ဆိုျပန္ရင္လည္း မသင့္ေတာ္တဲ့ေနရာမွာ စြန႔္ပစ္မိမွာ စိုးၾကျပန္ပါတယ္။ ဒါနဲ႔တစ္ေန႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမးထားတာကို မေနာပဒါယီ အရွင္ဝိစိတၱဆရာေတာ္ေျဖထားတဲ့ စာတစ္ပုဒ္ ဖတ္လိုက္ရတဲ့အခါ ကိုယ့္လိုပဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ေနၾကတဲ့သူေတြကိုလည္း သိေစလိုတဲ့အတြက္ ေစတနာေရွ႕ထား ေဖာ္ျပေပးလိုက္ပါတယ္..

မေနာပဒါယီဆရာေတာ္ အရွင္ဝိစိတၱျပန္ေျဖထားတာကေတာ့-
ဒီလိုအခက္အခဲေတြက အိမ္ေတြမွာေရာ ဘုန္းႀကီးေက်ာင္းေတြမွာပါ ျဖစ္တတ္ပါတယ္။ ဘုရားပုံေတြျဖစ္လို႔ ျဖစ္သလို လႊင့္ပစ္ဖ်က္ဆီးပစ္ျပန္ရင္လည္း ကိုယ့္စိတ္ကိုက မသန႔္ျဖစ္ေနတတ္ပါတယ္။ ေစတနာရည္႐ြယ္ခ်က္ မရွိေပမယ့္ အျပစ္လုပ္မိတယ္လို႔ ထင္တတ္ပါတယ္။ အေကာင္းဆုံးေျဖရွင္းနည္းကေတာ့ သန႔္သန႔္ျပန႔္ျပန႔္ ေနရာတစ္ခု ဒါမွမဟုတ္ သံပုံးတစ္ခုခုမွာ အားလုံးစုပုံၿပီး မီးပူေဇာ္လိုက္တာ အေကာင္းဆုံးပါပဲ။ ဘုန္းဘုန္းေက်ာင္းမွာဆိုလည္း ဒီလိုနည္းနဲ႔ပဲ ေျဖရွင္းျဖစ္ပါတယ္။

မီးရႈိ႕ဖ်က္ဆီးၿပီး မီးပူေဇာ္လိုက္တဲ့အတြက္ ဒီဘုရားပုံေတာ္မ်ား ဘုရားစာအုပ္အေဟာင္းမ်ားကို တစ္ျခားသူေတြအေနနဲ႔လည္း အသုံးမျပဳျဖစ္ေတာ့ပါဘူး။ ရွင္းလင္းေျဖရွင္းလိုက္တဲ့ ကိုယ့္မွာလည္း မီးပူေဇာ္လိုက္တယ္လို႔ စိတ္ထဲမွာျဖစ္ေနတဲ့အတြက္ စိတ္သန႔္ရွင္းသြားပါတယ္။ ဘုရားရွင္ရဲ႕ ႐ုပ္ကလပ္ေတာ္ကို ေတေဇာဓာတ္ ေလာင္ၿမိဳက္တဲ့သေဘာ အာ႐ုံယူၿပီး မီးပူေဇာ္လိုက္တာ အေကာင္းဆုံးပါပဲ။ ဒါေၾကာင့္ လႊင့္ပစ္ရခက္ ထားရခက္ေနတဲ့ ဘုရားပုံေတာ္ေတြ တရားစာအုပ္အေဟာင္းေတြကို ေတြ႕ရာမွာျဖစ္သလို စြန႔္ပစ္တာမ်ိဳးမလုပ္ပဲ သန႔္ရွင္းသပ္ရပ္တဲ့ ေနရာတစ္ခုမွာ မီးပုံရႈိ႕ၿပီး မီးပူေဇာ္တဲ့နည္းနဲ႔ ေျဖရွင္းတာဟာ အေကာင္းဆုံးျဖစ္ေၾကာင္း ေျဖၾကားလိုက္ပါတယ္။

Credit – Original Poster

(Unicode)
ဟောင်းနွမ်းစုတ်ပြဲနေတဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေကို စွန့်ပစ်ဖို့ စိတ်ထဲမရှင်းမလင်း ဇဝေဇဝါဖြစ်နေသူတွေအတွက် ပြန်လည်မျှဝေပါသည်။

မြင့်မြတ်တဲ့ နေရာမှာထားပြီး ပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့ စွန့်ပစ်ရတော့မယ်ဆိုရင် ဘယ်နေရာမှာ စွန့်ပစ်ရင် သင့်တော်မလဲ ဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်။ မစွန့်ပစ်ရက်လို့ စုထားပြန်ရင်လည်း တဖြည်းဖြည်း များလာပြီး ထားစရာနေရာက အခက်အခဲ ရှိလာပြန်တယ်။ ဒီတော့ မဖြစ်မနေ စွန့်ပစ်ရတော့မယ် ဆိုပြန်ရင်လည်း မသင့်တော်တဲ့နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ်။ ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို မနောပဒါယီ အရှင်ဝိစိတ္တဆရာတော်ဖြေထားတဲ့ စာတစ်ပုဒ် ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်နေကြတဲ့သူတွေကိုလည်း သိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ်..

မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာကတော့-
ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေအနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်။ ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လွှင့်ပစ်ရခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရားစာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။

Credit – Original Poster

Leave a Reply

Your email address will not be published. Required fields are marked *