သတင္း

ေမာ္ေတာ္ယာဥ္ အခ်က္ျပမီးမ်ားအေၾကာင္း

[Zawgyi version]
ေမာ္ေတာ္ယာဥ္ အခ်က္ျပမီးမ်ားအေၾကာင္း

ကားေတြမွာ တစ္ခုခုခ်ိဳ႕ယြင္းၿပီဆိုတာနဲ႔ ေရွ႕ေျပးအေနနဲ႔ အခ်က္ျပမီးေတြက ႀကိဳတင္ျပသတတ္ပါတယ္။ ဒီအခ်က္ျပမီးေတြကေန ကိုယ့္ကားရဲ႕ ျပဳျပင္သင့္တာေတြကို ျပဳျပင္ရပါတယ္။ အခ်က္ျပမီး (Warning Light) ေတြ လင္းတတ္တဲ့အရာေတြကေတာ့ ဘက္ထရီ၊ စက္ဆီေခ်ာဆီ၊ အင္ဂ်င္အပူခ်ိန္၊ ေလာင္စာဆီနည္းေနမႈ၊ ကားတံခါးပြင့္ေနမႈ၊ ခါးပတ္ပတ္ရန္၊ မေတာ္တဆမႈမွ ကာကြယ္ရန္၊ Parking ဘရိတ္၊ ေရွ႕မီးႀကီး၊ ေရွ႕နဲ႔ေနာက္ ႏွင္းကြဲမီး၊ သြားလာမႈအခ်က္ျပ ကြန္ပ်ဴတာ စတဲ့မီးေတြ လင္းတတ္ပါတယ္။ ဒီလို မီးေတြလင္းလာရင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

အင္ဂ်င္ဝိုင္

အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္းမွာ ဒီလိုအခ်က္ျပမီး (ပုံတြင္ေဖာ္ျပထားသည့္ အခ်က္ျပမီးပုံစံ) ကေနတစ္ဆင့္ သတိေပးလာၿပီဆိုတာနဲ႔ တစ္ခုခုခ်ိဳ႕ယြင္းေနဆိုတာ အေသအခ်ာပဲျဖစ္ပါတယ္။ လုံၿခဳံစိတ္ခ်မႈရွိေစဖို႔ ကားကို အျမန္ဆုံးရပ္ၿပီး အင္ဂ်င္ဝိုင္ စစ္ေဆးသင့္ပါတယ္။

အင္ဂ်င္အပူခ်ိန္တိုင္း ကိရိယာ
ဒီအခ်က္ျပမီးကေတာ့ အင္ဂ်င္ပူလာၿပီဆိုတာနဲ႔ အခ်က္ျပတတ္တဲ့မီး ျဖစ္ပါတယ္။ ဒီမီးျပၿပီဆိုတာနဲ႔ ကားကိုအတတ္ႏိုင္ဆုံး ျမန္ျမန္ရပ္ကာ စက္ကိုပါပိတ္ၿပီး အင္ဂ်င္ေအးလာေအာင္ ေဆာင္႐ြက္ရပါမယ္။

ဘက္ထရီ

အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္းမွာ ဒီလိုအခ်က္ျပမီး (ပုံတြင္ေဖာ္ျပထားသည့္ အခ်က္ျပမီးပုံစံ) ကေနတစ္ဆင့္ သတိေပးလာၿပီဆိုတာနဲ႔ ကိုယ့္ကားရဲ႕ဘက္ထရီမွာ တစ္ခုခုခ်ိဳ႕ယြင္းေနၿပီဆိုတာ ေသခ်ာေနပါၿပီ။ မလိုအပ္တဲ့ လွ်ပ္စစ္သုံးစြဲမႈေတြအားလုံးကို ပိတ္လိုက္ပါ။ ကားကို ျပန္စစ္ေဆးဖို႔လိုပါတယ္။ ကားကို Service မျပရေသးခင္ အခ်ိန္ထိ မသုံးစြဲသင့္ေသးပါဘူး။

အင္ဂ်င္ကို မၾကာမီ Service ဝင္ရန္

အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္း ဒီလိုအခ်က္ျပမီး (ပုံတြင္ေဖာ္ျပထားသည့္ အခ်က္ျပမီးပုံစံ) ကေနတစ္ဆင့္ သတိေပးလာၿပီဆိုတာနဲ႔ ကိုယ့္ကားမွာ တစ္ခုခု ခ်ိဳ႕ယြင္းခ်က္ရွိေနၿပီဆိုတာ ေသခ်ာပါတယ္။ OBD-2 စနစ္နဲ႔ပတ္သက္ၿပီး စစ္ေဆးဖို႔လိုအပ္လာၿပီဆိုတာ အခ်က္ျပေနတာျဖစ္ပါတယ္။ ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ သင့္ရဲ႕ကား ဆက္လက္ မသုံးစြဲသင့္ပါဘူး။ အျမန္ဆုံး Service ကို သြားျပသင့္ပါတယ္။

ေလာင္စာဆီ နည္းေနျခင္း
ဒီအခ်က္ျပမီးပုံစံကေတာ့ ကိုယ့္ရဲ႕ကားမွာ ေလာင္စာဆီ (ဓာတ္ဆီ၊ ဒီဇယ္) နည္းေနခ်ိန္၊ မရွိသေလာက္ ျဖစ္ေနတဲ့အခ်ိန္ေတြမွာ ေပၚလာတတ္တဲ့ အခ်က္ျပမီးျဖစ္ပါတယ္။ ေလာင္စာဆီ အျမန္ဆုံးျဖည့္တင္းဖို႔လို အပ္ပါတယ္။ ဒီအခ်က္ျပမီးလင္းေနခ်ိန္မွာေတာ့ လက္က်န္ဆီရွိသေလာက္နဲ႔ ဆက္လက္ သုံးစြဲႏိုင္ပါေသးတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္ ဆီကုန္သြားမလဲ မခန႔္မွန္းႏိုင္တာေၾကာင့္ နီးစပ္ရာဆီဆိုင္ဝင္ၿပီး ဆီအျမန္ဆုံး ျဖည့္လိုက္သင့္ပါတယ္။

ေလာင္စာဆီ တိုင္ကီအဖုံး
ဒီအခ်က္ျပမီးပုံစံကေတာ့ ဆီတိုင္ကီအဖုံး အေသအခ်ာမတပ္ဆင္ထားဘူးဆိုရင္ လင္းလာတတ္တဲ့ အခ်က္ျပမီးပုံစံျဖစ္ပါတယ္။ ဒါေၾကာင့္ ဆီတိုင္ကီအဖုံး လုံ မလုံ ျပန္စစ္ေဆးသင့္ပါတယ္။ ဒီမီးလင္းေနခ်ိန္မွာေတာ့ ကားကို ဆက္လက္ေမာင္းႏွင္လို႔ရေပမယ့္ ေခတၱရပ္ၿပီး စစ္ေဆးလိုက္တာ သင့္အတြက္ အမ်ားႀကီးအႏၲရာယ္ကင္းေစမွာပါ။

ေလအိတ္ပိတ္ထားျခင္း
ဒီအခ်က္ျပမီးပုံစံကေတာ့ ခရီးသည္အတြက္ ေလအိတ္ပိတ္ထားျခင္း ရွိ မရွိ ျပတဲ့မီးျဖစ္ပါတယ္။ ဒါကေတာ့ အသက္အႏၲရာယ္နဲ႔ ဆိုင္ပါတယ္။ မေတာ္တဆမႈျဖစ္ခဲ့ရင္ ဒါကအႀကီးအက်ယ္ကို ဒုကၡေပးႏိုင္ပါတယ္။ ခ်က္ခ်င္းျပန္ဖြင့္သင့္တဲ့ အရာပါ။

ဦးတည္အခ်က္ျပမီး

သင့္ကားကို ဘယ္ေကြ႕ရင္ျဖစ္ေစ၊ ညာေကြ႕ရင္ျဖစ္ေစ အခ်က္ျပတဲ့ မီးျဖစ္ပါတယ္။

Anti-Lock Braking System

ဒီအခ်က္ျပမီးပုံစံကေတာ့ အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္းမွာ ဒီအခ်က္ျပမီး လင္းလာၿပီဆိုတာနဲ႔ ဘရိတ္စနစ္အပိုင္းမွာ တစ္ခုခု ခ်ိဳ႕ယြင္းေနၿပီဆိုတာ ေသခ်ာပါတယ္။ ဒါကလည္း အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့အတြက္ ကိုယ့္ကားကို ဆက္လက္မသုံးစြဲသင့္ပါဘူး။ Service ကို အျမန္ဆုံးသြားျပၿပီးမွ အသုံးျပဳသင့္ပါတယ္။

Stability Control

ဒီစနစ္က အီလက္ထ႐ြန္နစ္နဲ႔ ကားတစ္စီးလုံးကို ထိန္းခ်ဳပ္ေပးတဲ့စနစ္တစ္ခုျဖစ္ၿပီး အဆင့္ျမင့္ကားေတြ ေတာ္ေတာ္မ်ားမ်ားမွာ ထည့္သြင္းေပးပါတယ္။ ဒီအခ်က္ျပမီးပုံစံက အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္း ဒီမီးလင္းလာၿပီဆိုရင္ သင့္ကားမွာ တစ္ခုခုခ်ိဳ႕ယြင္းေနၿပီဆိုတာ ေသခ်ာပါတယ္။ ဒီစနစ္က ကားတစ္စီးလုံးကို ထိန္းခ်ဳပ္ေပးတာ ျဖစ္တဲ့အတြက္ Service မျပင္ၿပီးမခ်င္း ဆက္လက္မသုံးတာ အေကာင္းဆုံးပါပဲ။

ဘရိတ္စနစ္
အင္ဂ်င္လည္ပတ္ေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္း ဒီအခ်က္ျပမီးလင္းလာၿပီဆိုတာနဲ႔ သင့္ကားမွာ တစ္ခုခုခ်ိဳ႕ယြင္းေနၿပီဆိုတာ ေသခ်ာပါတယ္။ ဘရိတ္ဆီနည္းေနခ်ိန္၊ ဘရိတ္စနစ္တစ္ခုခု ခ်ိဳ႕ယြင္းေနခ်ိန္ေတြမွာ ဒီမီးလင္းတတ္ပါတယ္။ Service သြားျပၿပီးမွ သင့္ကားကို ဆက္လက္ အသုံးျပဳေစခ်င္ပါတယ္။

တာယာပရက္ရွာ နည္းေနျခင္း
သင့္ကားရဲ႕တာယာေတြ ပရက္ရွာနည္းေနၿပီဆိုရင္ ဒီမီးလင္းလာတတ္ပါတယ္။ ကားေမာင္းေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္အတြင္း ဒီလိုအခ်က္ျပ မီးလင္းလာၿပီဆိုရင္ တစ္ခုခုခ်ိဳ႕ယြင္းေနတာ ေသခ်ာပါတယ္။ ကားကို ဆက္လက္အသုံးျပဳလို႔ ရႏိုင္ပါေသးတယ္ဆိုေပမယ့္ နီးစပ္ရာတာယာဆိုင္မွာ ေလေပါင္သြားစစ္တာ ဒါမွမဟုတ္ ေလထပ္ထိုးတာေတြ လုပ္သင့္ပါတယ္။

Message Indicator
ဒီစနစ္ကေတာ့ ေနာက္ဆုံးေပၚကားေတြမွာ ပါဝင္ေလ့ရွိပါတယ္။ ဒီမီးလင္းလာၿပီဆိုရင္ ကားေမာင္းသူဆီကို SMS တစ္ခုေရာက္ေနပါၿပီ။

Cruise Control

ဒီစနစ္က ကားတိုင္းမွာ ေတာ္ေတာ္မ်ားမ်ားပါေလ့ ရွိပါတယ္။ ဟိုင္းေဝးေမာင္းတဲ့အခါေတြမွာ သုံးတဲ့စနစ္တစ္ခု ျဖစ္ပါတယ္။ ဒီစနစ္ကိုဖြင့္ၿပီး ကီလိုတစ္ရာပဲျဖစ္ျဖစ္ ကိုယ့္စိတ္ႀကိဳက္ ကီလိုတစ္ခု သတ္မွတ္လိုက္ၿပီဆိုတာနဲ႔ ဘယ္ေလာက္လီဗာနင္းနင္း ဒီကီလိုႏႈန္းကေန မတက္လာေတာ့ပါဘူး။ ဒီလိုစနစ္သုံးၿပီး အရွိန္ျမႇင့္ကားေမာင္းေနခ်ိန္မွာ ဒီအခ်က္ျပမီးလင္းလာတတ္ပါတယ္။ သတိျပဳၿပီး ကီလိုျပန္ခ်တာေတြ အရွိန္ေလွ်ာ့တာေတြလုပ္ၿပီး ကားကို ဆက္ေမာင္းေနလို႔ရပါတယ္။

Shift Indicator
ဒီအခ်က္ျပမီးလင္းလာရတဲ့ အေၾကာင္းကေတာ့ ကားေမာင္းေနခ်ိန္အတြင္း ဂီယာျမႇင့္ဖို႔ သတိေပးေနတာျဖစ္ပါတယ္။

ညစ္ညမ္းေသာ ဒီဇယ္
အရည္အေသြးမျပည့္တဲ့ဆီ ဒါမွမဟုတ္ ညစ္ညမ္းတဲ့ဆီေတြ သင့္ကားထဲကို ထည့္သြင္းမိတဲ့အခါမ်ိဳးမွာ လင္းလာတတ္တဲ့ အခ်က္ျပမီးပုံစံျဖစ္ပါတယ္။

ဆီထဲေရပါဝင္မႈ
အင္ဂ်င္ႏႈိးထားခ်ိန္ ဆီထဲေရပါေနတဲ့ လကၡဏာျပလာၿပီဆိုရင္၊ ဒီလိုအခ်က္ျပ မီးလင္းလာၿပီဆိုရင္ အင္ဂ်င္ကိုပိတ္ၿပီး ကားကိုခ်က္ခ်င္း ရပ္လိုက္သင့္ပါတယ္။ ၿပီးရင္ ဆီနဲ႔ေရကို သြန္လိုက္ပါ။

ဒါေတြကေတာ့ ကားေတြမွာ တစ္ခုခုခ်ိဳ႕ယြင္းၿပီဆိုတာနဲ႔ ျပသတတ္တဲ့ အခ်က္ျပမီးေတြအေၾကာင္း ျဖစ္ပါတယ္။ စာဖတ္ပရိသတ္ႀကီးအေနနဲ႔ ဘယ္လိုပုံစံ မီးလင္းရင္ ဘယ္လိုလုပ္သင့္ပုံနဲ႔ ဒီလိုမီးေတြ လင္းလာၿပီဆိုတာနဲ႔ ဘာလုပ္ရမလဲဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြကို အလြယ္တကူခ်သြားႏိုင္မွာ ျဖစ္ပါတယ္။

Credit – ဟိန္းျမတ္စိုး Reference-Ford Myanmar
The Voice

[Unicode version]
မော်တော်ယာဉ် အချက်ပြမီးများအကြောင်း

ကားတွေမှာ တစ်ခုခုချို့ယွင်းပြီဆိုတာနဲ့ ရှေ့ပြေးအနေနဲ့ အချက်ပြမီးတွေက ကြိုတင်ပြသတတ်ပါတယ်။ ဒီအချက်ပြမီးတွေကနေ ကိုယ့်ကားရဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ရပါတယ်။ အချက်ပြမီး (Warning Light) တွေ လင်းတတ်တဲ့အရာတွေကတော့ ဘက်ထရီ၊ စက်ဆီချောဆီ၊ အင်ဂျင်အပူချိန်၊ လောင်စာဆီနည်းနေမှု၊ ကားတံခါးပွင့်နေမှု၊ ခါးပတ်ပတ်ရန်၊ မတော်တဆမှုမှ ကာကွယ်ရန်၊ Parking ဘရိတ်၊ ရှေ့မီးကြီး၊ ရှေ့နဲ့နောက် နှင်းကွဲမီး၊ သွားလာမှုအချက်ပြ ကွန်ပျူတာ စတဲ့မီးတွေ လင်းတတ်ပါတယ်။ ဒီလို မီးတွေလင်းလာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အင်ဂျင်ဝိုင်
အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်းမှာ ဒီလိုအချက်ပြမီး (ပုံတွင်ဖော်ပြထားသည့် အချက်ပြမီးပုံစံ) ကနေတစ်ဆင့် သတိပေးလာပြီဆိုတာနဲ့ တစ်ခုခုချို့ယွင်းနေဆိုတာ အသေအချာပဲဖြစ်ပါတယ်။ လုံခြုံစိတ်ချမှုရှိစေဖို့ ကားကို အမြန်ဆုံးရပ်ပြီး အင်ဂျင်ဝိုင် စစ်ဆေးသင့်ပါတယ်။

အင်ဂျင်အပူချိန်တိုင်း ကိရိယာ
ဒီအချက်ပြမီးကတော့ အင်ဂျင်ပူလာပြီဆိုတာနဲ့ အချက်ပြတတ်တဲ့မီး ဖြစ်ပါတယ်။ ဒီမီးပြပြီဆိုတာနဲ့ ကားကိုအတတ်နိုင်ဆုံး မြန်မြန်ရပ်ကာ စက်ကိုပါပိတ်ပြီး အင်ဂျင်အေးလာအောင် ဆောင်ရွက်ရပါမယ်။

ဘက်ထရီ
အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်းမှာ ဒီလိုအချက်ပြမီး (ပုံတွင်ဖော်ပြထားသည့် အချက်ပြမီးပုံစံ) ကနေတစ်ဆင့် သတိပေးလာပြီဆိုတာနဲ့ ကိုယ့်ကားရဲ့ဘက်ထရီမှာ တစ်ခုခုချို့ယွင်းနေပြီဆိုတာ သေချာနေပါပြီ။ မလိုအပ်တဲ့ လျှပ်စစ်သုံးစွဲမှုတွေအားလုံးကို ပိတ်လိုက်ပါ။ ကားကို ပြန်စစ်ဆေးဖို့လိုပါတယ်။ ကားကို Service မပြရသေးခင် အချိန်ထိ မသုံးစွဲသင့်သေးပါဘူး။

အင်ဂျင်ကို မကြာမီ Service ဝင်ရန်
အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်း ဒီလိုအချက်ပြမီး (ပုံတွင်ဖော်ပြထားသည့် အချက်ပြမီးပုံစံ) ကနေတစ်ဆင့် သတိပေးလာပြီဆိုတာနဲ့ ကိုယ့်ကားမှာ တစ်ခုခု ချို့ယွင်းချက်ရှိနေပြီဆိုတာ သေချာပါတယ်။ OBD-2 စနစ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့လိုအပ်လာပြီဆိုတာ အချက်ပြနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ သင့်ရဲ့ကား ဆက်လက် မသုံးစွဲသင့်ပါဘူး။ အမြန်ဆုံး Service ကို သွားပြသင့်ပါတယ်။

လောင်စာဆီ နည်းနေခြင်း
ဒီအချက်ပြမီးပုံစံကတော့ ကိုယ့်ရဲ့ကားမှာ လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်) နည်းနေချိန်၊ မရှိသလောက် ဖြစ်နေတဲ့အချိန်တွေမှာ ပေါ်လာတတ်တဲ့ အချက်ပြမီးဖြစ်ပါတယ်။ လောင်စာဆီ အမြန်ဆုံးဖြည့်တင်းဖို့လို အပ်ပါတယ်။ ဒီအချက်ပြမီးလင်းနေချိန်မှာတော့ လက်ကျန်ဆီရှိသလောက်နဲ့ ဆက်လက် သုံးစွဲနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘယ်အချိန် ဆီကုန်သွားမလဲ မခန့်မှန်းနိုင်တာကြောင့် နီးစပ်ရာဆီဆိုင်ဝင်ပြီး ဆီအမြန်ဆုံး ဖြည့်လိုက်သင့်ပါတယ်။

လောင်စာဆီ တိုင်ကီအဖုံး
ဒီအချက်ပြမီးပုံစံကတော့ ဆီတိုင်ကီအဖုံး အသေအချာမတပ်ဆင်ထားဘူးဆိုရင် လင်းလာတတ်တဲ့ အချက်ပြမီးပုံစံဖြစ်ပါတယ်။ ဒါကြောင့် ဆီတိုင်ကီအဖုံး လုံ မလုံ ပြန်စစ်ဆေးသင့်ပါတယ်။ ဒီမီးလင်းနေချိန်မှာတော့ ကားကို ဆက်လက်မောင်းနှင်လို့ရပေမယ့် ခေတ္တရပ်ပြီး စစ်ဆေးလိုက်တာ သင့်အတွက် အများကြီးအန္တရာယ်ကင်းစေမှာပါ။

လေအိတ်ပိတ်ထားခြင်း
ဒီအချက်ပြမီးပုံစံကတော့ ခရီးသည်အတွက် လေအိတ်ပိတ်ထားခြင်း ရှိ မရှိ ပြတဲ့မီးဖြစ်ပါတယ်။ ဒါကတော့ အသက်အန္တရာယ်နဲ့ ဆိုင်ပါတယ်။ မတော်တဆမှုဖြစ်ခဲ့ရင် ဒါကအကြီးအကျယ်ကို ဒုက္ခပေးနိုင်ပါတယ်။ ချက်ချင်းပြန်ဖွင့်သင့်တဲ့ အရာပါ။

ဦးတည်အချက်ပြမီး
သင့်ကားကို ဘယ်ကွေ့ရင်ဖြစ်စေ၊ ညာကွေ့ရင်ဖြစ်စေ အချက်ပြတဲ့ မီးဖြစ်ပါတယ်။

Anti-Lock Braking System
ဒီအချက်ပြမီးပုံစံကတော့ အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်းမှာ ဒီအချက်ပြမီး လင်းလာပြီဆိုတာနဲ့ ဘရိတ်စနစ်အပိုင်းမှာ တစ်ခုခု ချို့ယွင်းနေပြီဆိုတာ သေချာပါတယ်။ ဒါကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ကားကို ဆက်လက်မသုံးစွဲသင့်ပါဘူး။ Service ကို အမြန်ဆုံးသွားပြပြီးမှ အသုံးပြုသင့်ပါတယ်။

Stability Control
ဒီစနစ်က အီလက်ထရွန်နစ်နဲ့ ကားတစ်စီးလုံးကို ထိန်းချုပ်ပေးတဲ့စနစ်တစ်ခုဖြစ်ပြီး အဆင့်မြင့်ကားတွေ တော်တော်များများမှာ ထည့်သွင်းပေးပါတယ်။ ဒီအချက်ပြမီးပုံစံက အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်း ဒီမီးလင်းလာပြီဆိုရင် သင့်ကားမှာ တစ်ခုခုချို့ယွင်းနေပြီဆိုတာ သေချာပါတယ်။ ဒီစနစ်က ကားတစ်စီးလုံးကို ထိန်းချုပ်ပေးတာ ဖြစ်တဲ့အတွက် Service မပြင်ပြီးမချင်း ဆက်လက်မသုံးတာ အကောင်းဆုံးပါပဲ။

ဘရိတ်စနစ်
အင်ဂျင်လည်ပတ်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်း ဒီအချက်ပြမီးလင်းလာပြီဆိုတာနဲ့ သင့်ကားမှာ တစ်ခုခုချို့ယွင်းနေပြီဆိုတာ သေချာပါတယ်။ ဘရိတ်ဆီနည်းနေချိန်၊ ဘရိတ်စနစ်တစ်ခုခု ချို့ယွင်းနေချိန်တွေမှာ ဒီမီးလင်းတတ်ပါတယ်။ Service သွားပြပြီးမှ သင့်ကားကို ဆက်လက် အသုံးပြုစေချင်ပါတယ်။

တာယာပရက်ရှာ နည်းနေခြင်း
သင့်ကားရဲ့တာယာတွေ ပရက်ရှာနည်းနေပြီဆိုရင် ဒီမီးလင်းလာတတ်ပါတယ်။ ကားမောင်းနေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်အတွင်း ဒီလိုအချက်ပြ မီးလင်းလာပြီဆိုရင် တစ်ခုခုချို့ယွင်းနေတာ သေချာပါတယ်။ ကားကို ဆက်လက်အသုံးပြုလို့ ရနိုင်ပါသေးတယ်ဆိုပေမယ့် နီးစပ်ရာတာယာဆိုင်မှာ လေပေါင်သွားစစ်တာ ဒါမှမဟုတ် လေထပ်ထိုးတာတွေ လုပ်သင့်ပါတယ်။

Message Indicator
ဒီစနစ်ကတော့ နောက်ဆုံးပေါ်ကားတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဒီမီးလင်းလာပြီဆိုရင် ကားမောင်းသူဆီကို SMS တစ်ခုရောက်နေပါပြီ။

Cruise Control
ဒီစနစ်က ကားတိုင်းမှာ တော်တော်များများပါလေ့ ရှိပါတယ်။ ဟိုင်းဝေးမောင်းတဲ့အခါတွေမှာ သုံးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကိုဖွင့်ပြီး ကီလိုတစ်ရာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် ကီလိုတစ်ခု သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဘယ်လောက်လီဗာနင်းနင်း ဒီကီလိုနှုန်းကနေ မတက်လာတော့ပါဘူး။ ဒီလိုစနစ်သုံးပြီး အရှိန်မြှင့်ကားမောင်းနေချိန်မှာ ဒီအချက်ပြမီးလင်းလာတတ်ပါတယ်။ သတိပြုပြီး ကီလိုပြန်ချတာတွေ အရှိန်လျှော့တာတွေလုပ်ပြီး ကားကို ဆက်မောင်းနေလို့ရပါတယ်။

Shift Indicator
ဒီအချက်ပြမီးလင်းလာရတဲ့ အကြောင်းကတော့ ကားမောင်းနေချိန်အတွင်း ဂီယာမြှင့်ဖို့ သတိပေးနေတာဖြစ်ပါတယ်။

ညစ်ညမ်းသော ဒီဇယ်
အရည်အသွေးမပြည့်တဲ့ဆီ ဒါမှမဟုတ် ညစ်ညမ်းတဲ့ဆီတွေ သင့်ကားထဲကို ထည့်သွင်းမိတဲ့အခါမျိုးမှာ လင်းလာတတ်တဲ့ အချက်ပြမီးပုံစံဖြစ်ပါတယ်။

ဆီထဲရေပါဝင်မှု
အင်ဂျင်နှိုးထားချိန် ဆီထဲရေပါနေတဲ့ လက္ခဏာပြလာပြီဆိုရင်၊ ဒီလိုအချက်ပြ မီးလင်းလာပြီဆိုရင် အင်ဂျင်ကိုပိတ်ပြီး ကားကိုချက်ချင်း ရပ်လိုက်သင့်ပါတယ်။ ပြီးရင် ဆီနဲ့ရေကို သွန်လိုက်ပါ။

ဒါတွေကတော့ ကားတွေမှာ တစ်ခုခုချို့ယွင်းပြီဆိုတာနဲ့ ပြသတတ်တဲ့ အချက်ပြမီးတွေအကြောင်း ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးအနေနဲ့ ဘယ်လိုပုံစံ မီးလင်းရင် ဘယ်လိုလုပ်သင့်ပုံနဲ့ ဒီလိုမီးတွေ လင်းလာပြီဆိုတာနဲ့ ဘာလုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူချသွားနိုင်မှာ ဖြစ်ပါတယ်။

Credit – ဟိန်းမြတ်စိုး Reference-Ford Myanmar
The Voice

Leave a Reply

Your email address will not be published. Required fields are marked *