ဗဟုတုသ

အိန္ဒိယလူမျိုးတွေရဲ့ ထူးထူးဆန်းဆန်း ယုံကြည်မှုများအကြောင်း

[Unicode version]

အိန္ဒိယလူမျိုးတွေရဲ့ ထူးထူးဆန်းဆန်း ယုံကြည်မှုများအကြောင်း

အိန္ဒိယလူမျိုးအများစုဟာ ရှေးရိုးစွဲဆန်ကြပြီး သူတို့ရဲ့ တချို့သော ယုံကြည်မှုတွေဟာ သိပ္ပံနည်းကျပြောမယ်ဆိုရင် အထူးတဆန်းနိုင်တယ်လို့ဆိုရပေမယ့် အခုထက်တိုင် ယုံကြည်နေကြသေးတဲ့ စိတ်ဝင်စားဖွယ် ထူးထူးဆန်းဆန်း ယုံကြည်မှုတွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးငယ်တွေ လဲလျောင်းအိပ်စက်နေတဲ့အခါ အပေါ်ကနေ ခွကျော်သွားခြင်းဟာ အဲဒီကလေးငယ်ရဲ့ ကြီးထွားဖွံဖြိုးမှုကို နှောင့်နှေးစေနိုင်တယ်လို့ အိန္ဒိယလူမျိုးတွေက ယုံကြည်ကြပါတယ်။

(၂) အိမ်တံစက်မြိတ်မှာ သံပုရာသီးတလုံးနဲ့ ငရုတ်သီးခုနှစ်တောင့်တို့ကို ပူးတွဲချည်နှောင်ပြီး ချိတ်ဆွဲထားခြင်းဟာ မကောင်းဆိုးဝါးတွေ အိမ်အနားကိုမကပ်နိုင်ဘူးလို့ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။

(၃) သွားရင်းလာရင်း လမ်းမှာ ကြောင်အနက်တကောင်ကို တွေ့မြင်ရခြင်းဟာ အဲဒီနေ့အတွက် ကံမကောင်းဘူးလို့ အိန္ဒိယလူမျိုးတွေက ယူဆကြပါတယ်။ ကြောင်အနက်ဟာ အိန္ဒိယမှာတော့ မကောင်းဆိုးဝါးတိရစ္ဆာန်တကောင်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။

(၄) အိမ်ကနေ အပြင်ကိုသွားတော့မယ်သူတယောက်ကို ဘယ်သွားမှာလဲလို့ မေးတာဟာ အမေးခံရသူအတွက် တနေ့တာမှာ အနှောင့်အယှက်တွေပဲ ကြုံနိုင်တယ်လို့ ရှေးရိုးစွဲ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။

(၅) လူထူထပ်တဲ့နေရာရောက်လို့ပဲဖြစ်ဖြစ်၊ နေမကောင်းလို့ပဲဖြစ်ဖြစ် နှာချေတာဟာ အထူးတဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ နှာချေတာကို ကျက်သရေမရှိဘူးလို့ ယူဆကြပြီး လူကြားထဲမလုပ်သင့်တဲ့အရာလို့လည်း ယုံကြည်ကြပါတယ်။

(၆) ရာသီလာနေတဲ့အမျိုးသမီးတွေကို အိန္ဒိယမှာတော့ မီးဖိုချောင်ကို ဝင်ခိုင်းလေ့မရှိသလို မိသားစုတွေစားသောက်ဖို့ ပြင်ဆင်ပေးရတာမျိုးကိုလည်း လုပ်ခွင့်မပြုကြပါဘူး။ အမျိုးသမီးတွေ ရာသီလာတာဟာ ယုတ်ညံ့ပြီး ညစ်ပတ်တဲ့ကိစ္စတခုဖြစ်တယ်လို့ အိန္ဒိယလူမျိုးတွေက အခုတိုင် ယုံကြည်နေကြပါသေးတယ်။

Ref. hlifetippr.com

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

[Zawgyi]

အိႏၵိယလူမ်ိဳးေတြရဲ႕ ထူးထူးဆန္းဆန္း ယုံၾကည္မႈမ်ားအေၾကာင္း

အိႏၵိယလူမ်ိဳးအမ်ားစုဟာ ေရွး႐ိုးစြဲဆန္ၾကၿပီး သူတို႔ရဲ႕ တခ်ိဳ႕ေသာ ယုံၾကည္မႈေတြဟာ သိပၸံနည္းက်ေျပာမယ္ဆိုရင္ အထူးတဆန္းႏိုင္တယ္လို႔ဆိုရေပမယ့္ အခုထက္တိုင္ ယုံၾကည္ေနၾကေသးတဲ့ စိတ္ဝင္စားဖြယ္ ထူးထူးဆန္းဆန္း ယုံၾကည္မႈေတြအေၾကာင္းကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကေလးငယ္ေတြ လဲေလ်ာင္းအိပ္စက္ေနတဲ့အခါ အေပၚကေန ခြေက်ာ္သြားျခင္းဟာ အဲဒီကေလးငယ္ရဲ႕ ႀကီးထြားဖြံၿဖိဳးမႈကို ေႏွာင့္ေႏွးေစႏိုင္တယ္လို႔ အိႏၵိယလူမ်ိဳးေတြက ယုံၾကည္ၾကပါတယ္။

(၂) အိမ္တံစက္ၿမိတ္မွာ သံပုရာသီးတလုံးနဲ႔ င႐ုတ္သီးခုႏွစ္ေတာင့္တို႔ကို ပူးတြဲခ်ည္ေႏွာင္ၿပီး ခ်ိတ္ဆြဲထားျခင္းဟာ မေကာင္းဆိုးဝါးေတြ အိမ္အနားကိုမကပ္ႏိုင္ဘူးလို႔ အိႏၵိယလူမ်ိဳးအမ်ားစုက ယုံၾကည္ၾကပါတယ္။

(၃) သြားရင္းလာရင္း လမ္းမွာ ေၾကာင္အနက္တေကာင္ကို ေတြ႕ျမင္ရျခင္းဟာ အဲဒီေန႔အတြက္ ကံမေကာင္းဘူးလို႔ အိႏၵိယလူမ်ိဳးေတြက ယူဆၾကပါတယ္။ ေၾကာင္အနက္ဟာ အိႏၵိယမွာေတာ့ မေကာင္းဆိုးဝါးတိရစာၦန္တေကာင္လို႔ ယုံၾကည္ၾကလို႔ပဲ ျဖစ္ပါတယ္။

(၄) အိမ္ကေန အျပင္ကိုသြားေတာ့မယ္သူတေယာက္ကို ဘယ္သြားမွာလဲလို႔ ေမးတာဟာ အေမးခံရသူအတြက္ တေန႔တာမွာ အေႏွာင့္အယွက္ေတြပဲ ႀကဳံႏိုင္တယ္လို႔ ေရွး႐ိုးစြဲ အိႏၵိယလူမ်ိဳးအမ်ားစုက ယုံၾကည္ၾကပါတယ္။

(၅) လူထူထပ္တဲ့ေနရာေရာက္လို႔ပဲျဖစ္ျဖစ္၊ ေနမေကာင္းလို႔ပဲျဖစ္ျဖစ္ ႏွာေခ်တာဟာ အထူးတဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အိႏၵိယႏိုင္ငံမွာေတာ့ ႏွာေခ်တာကို က်က္သေရမရွိဘူးလို႔ ယူဆၾကၿပီး လူၾကားထဲမလုပ္သင့္တဲ့အရာလို႔လည္း ယုံၾကည္ၾကပါတယ္။

(၆) ရာသီလာေနတဲ့အမ်ိဳးသမီးေတြကို အိႏၵိယမွာေတာ့ မီးဖိုေခ်ာင္ကို ဝင္ခိုင္းေလ့မရွိသလို မိသားစုေတြစားေသာက္ဖို႔ ျပင္ဆင္ေပးရတာမ်ိဳးကိုလည္း လုပ္ခြင့္မျပဳၾကပါဘူး။ အမ်ိဳးသမီးေတြ ရာသီလာတာဟာ ယုတ္ညံ့ၿပီး ညစ္ပတ္တဲ့ကိစၥတခုျဖစ္တယ္လို႔ အိႏၵိယလူမ်ိဳးေတြက အခုတိုင္ ယုံၾကည္ေနၾကပါေသးတယ္။

Ref. hlifetippr.com

Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *