သတင္း

ေ႐ႊဝတ္ျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ေ႐ႊဝတ္ျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ေ႐ႊဆိုတာ ေရွးယခင္ေခတ္တည္းက တန္ဖိုးထားၿပီး ဝတ္ဆင္သုံးစြဲခဲ့ၾကတဲ့ အရာပါ။ ဘုရင္ေခတ္ကဆို အသုံးအေဆာင္ေတြမွာပါ ေ႐ႊနဲ႔ခ်ည္းပဲ သုံးခဲ့ၾကတာ၊ အဝတ္အထည္ေတြမွာပါ ထည့္သြင္းရက္လုပ္ၾကပါတယ္။ ေ႐ႊကို အလွအတြက္တင္မကဘဲ ေဆးကုမႈအေနနဲ႔ပါ အသုံးျပဳၾကတယ္ဆိုတာေရာ သင္သိရဲ႕လား။ မ်က္ႏွာေ႐ႊသြင္းတယ္ဆိုတာေတာ့ ၾကားဖူးမွာေပါ့။ ဒီလိုပါပဲ ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုထုံးတခ်ိဳ႕မွာ ေ႐ႊကို ထည့္သြင္းအသုံးျပဳေနၾကတာေတြ ရွိလာပါၿပီ။ အခုေျပာျပမွာကေတာ့ ေ႐ႊထည္ဝတ္ဆင္တာပဲ ျဖစ္ျဖစ္၊ ကုထုံးမွာ ပါဝင္တာပဲျဖစ္ျဖစ္ လူ႔က်န္းမာေရးကို ဘယ္လို အက်ိဳးေက်းဇူးေပးႏိုင္သလဲဆိုတာပါပဲ။

ေ႐ႊက ဘယ္လို က်န္းမာေရးကိုအက်ိဳးျပဳေနသလဲ –

အဆစ္ေရာင္လကၡဏာေတြကို သက္သာေစတယ္။ ေ႐ႊက ေလးဘက္နာ အဆစ္ေရာင္ေရာဂါရဲ႕ လကၡဏာေတြကို သက္သာေလ်ာ့ပါးေစႏိုင္လို႔ ကုသေရးမွာ အသုံးျပဳၾကတာပါ။ အေရျပားမွာ ထိကပ္ၿပီး ေ႐ႊထည္လက္ဝတ္ရတနာေတြ ဝတ္ဆင္႐ုံနဲ႔ ဒီေဝဒနာခံစားရတာေတြကို သိသာတဲ့ ရာခိုင္ႏႈန္းအထိ သက္သာေစႏိုင္ပါတယ္။

နာက်င္မႈကို ေလ်ာ့ေစတယ္

နာက်င္ကိုက္ခဲမႈခံစားေနရတဲ့ေနရာ သို႔မဟုတ္ ဒဏ္ရာရွိတဲ့ေနရာမွာ ေ႐ႊကိုထားေပးရင္ အနာသက္သာေစဖို႔ အေထာက္အကူေပးပါတယ္။ ေ႐ႊက ေသြးေၾကာေတြကို ေျပေလ်ာ့ေစၿပီး ေသြးလည္ပတ္မႈ ေကာင္းေစတဲ့ အာနိသင္ရွိတာေၾကာင့္ ခႏၶာကိုယ္အတြင္း ေအာက္ဆီဂ်င္ ေရာက္ရွိမႈ ပိုေကာင္းေစဖို႔ အနာက်က္၊ အနာသက္သာဖို႔ အားေပးတာျဖစ္ပါတယ္။

ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးတယ္

ေ႐ႊက ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ ကိုယ္အပူခ်ိန္မွန္ေနရင္ လူရဲ႕ကိုယ္ခံအားစနစ္ကိုလည္း ပိုေကာင္းေစႏိုင္တယ္။ အထူးသျဖင့္ ခ်မ္းတုန္တတ္သူေတြ၊ ညဘက္ေခြၽးထြက္သူေတြ၊ hot flash ျဖစ္တတ္သူေတြအတြက္ ပိုၿပီးသိသာေစပါလိမ့္မယ္။

ေသြးလည္ပတ္မႈေကာင္းေစတယ္

ေသြးလည္ပတ္မႈ ပိုေကာင္းေစဖို႔၊ ခႏၶာကိုယ္အႏွံ႔ကို ေအာက္ဆီဂ်င္ေရာက္ေစဖို႔ ေ႐ႊကိုအသုံးျပဳၾကတယ္။ ေသြးလည္ပတ္မႈေကာင္းရင္ လူက်န္းမာၿပီး ေရာဂါကင္းေစႏိုင္တာေပါ့။

အေရျပားကုထုံးအျဖစ္ သုံးႏိုင္တယ္

ကလီယိုပက္ထရာဟာ အသားအေရ ႏုပ်ိဳလွပေနေစဖို႔ ေ႐ႊစင္အစစ္နဲ႔ မ်က္ႏွာေပါင္းတင္ခဲ့တယ္လို႔ သိရပါတယ္။ ေရာမေခတ္ကတည္းက ေ႐ႊကို လိမ္းဆီအျဖစ္ျပဳလုပ္ၿပီး အေရျပားေရာဂါေတြကုသဖို႔ သုံးၾကပါတယ္။ ေဆးပညာေတြအဆင့္ျမင့္လာခဲ့ၿပီး ဒီထက္ပို အသုံးျပဳလာၾကေပမယ့္လည္း အေရျပားအေပၚ ေ႐ႊရဲ႕အက်ိဳးျပဳအာနိသင္ကေတာ့ ထင္ရွားေနဆဲပါပဲ။ အခုဆိုရင္ အလွကုန္ပစၥည္းေတြနဲ႔ အသားအေရကုထုံး အမ်ိဳးမ်ိဳးမွာ ေ႐ႊကိုထည့္သြင္းအသုံးျပဳေနၾကတာ အလွအပအတြက္ေကာင္းက်ိဳးထူးလို႔ပါ။

စိတ္က်န္းမာတယ္

ေ႐ႊဝတ္ရရင္ သေဘာမက်တဲ့သူေတာ့ ရွားပါတယ္။အလွအပအတြက္ေရာ ဂုဏ္ယူဝင့္ႂကြားမႈအတြက္ေရာ ေ႐ႊဝတ္ရတာ ႏွစ္သက္ၾကပါတယ္။ ေ႐ႊနဲ႔လက္ဝတ္ရတနာေလးေတြ ဝတ္ထားရရင္ မွန္ထဲၾကည့္ရင္းကို ၿပဳံးေနၾကတာ။ တကယ္ေတာ့ ေရွးယခင္တည္းက စိတ္ဖိစီးမႈသက္သာေစတဲ့ ေဆးတစ္လက္အျဖစ္ ေ႐ႊကိုသုံးၾကတာ ရွိခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္နဲ႔ ေ႐ႊဝတ္ထားသူေတြကိုၾကည့္ရင္ ေ႐ႊဝတ္ျခင္းကို စိတ္ခြန္အားတက္ေစတဲ့ အရာတစ္ခုအျဖစ္ ျမင္ရမွာပါ။

Credit-Hello ဆရာဝန္

(Unicode)

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ရွှေဆိုတာ ရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီး ဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါ ရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ ရွှေကို အလှအတွက်တင်မကဘဲ ဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲ ရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာ ရွှေကို ထည့်သွင်းအသုံးပြုနေကြတာတွေ ရှိလာပါပြီ။ အခုပြောပြမှာကတော့ ရွှေထည်ဝတ်ဆင်တာပဲ ဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လို အကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။

ရွှေက ဘယ်လို ကျန်းမာရေးကိုအကျိုးပြုနေသလဲ –

အဆစ်ရောင်လက္ခဏာတွေကို သက်သာစေတယ်။ ရွှေက လေးဘက်နာ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာ အသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီး ရွှေထည်လက်ဝတ်ရတနာတွေ ဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို လျော့စေတယ်

နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာ ရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ ရွှေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရောက်ရှိမှု ပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

ရွှေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flash ဖြစ်တတ်သူတွေအတွက် ပိုပြီးသိသာစေပါလိမ့်မယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သွေးလည်ပတ်မှု ပိုကောင်းစေဖို့၊ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်ရောက်စေဖို့ ရွှေကိုအသုံးပြုကြတယ်။ သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီး ရောဂါကင်းစေနိုင်တာပေါ့။

အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်

ကလီယိုပက်ထရာဟာ အသားအရေ နုပျိုလှပနေစေဖို့ ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ ရောမခေတ်ကတည်းက ရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့ သုံးကြပါတယ်။ ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပို အသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံး အမျိုးမျိုးမှာ ရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။

စိတ်ကျန်းမာတယ်

ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ ရှားပါတယ်။အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ရော ရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကို ပြုံးနေကြတာ။ တကယ်တော့ ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ ဆေးတစ်လက်အဖြစ် ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ် မြင်ရမှာပါ။

Credit-Hello ဆရာဝန်

Leave a Reply

Your email address will not be published. Required fields are marked *