သတင္း

ကားေဘာနက္ဟျခင္းနဲ႔ Heat တက္တဲ့ အယူအဆအမွားမ်ား

(Zawgyi)

ကားေဘာနက္ဟျခင္းနဲ႔ Heat တက္တဲ့အယူအဆအမွားမ်ား

ရန္ကုန္က အငွားယာဥ္ေတြ၊ တခ်ိဳ႕အိမ္စီးကားေတြနဲ႔ အင္ဂ်င္ပါဝါ ၁၃၀၀ နဲ႔ ၁၅၀၀ စီစီၾကား လုပ္ငန္းသုံးအျဖစ္ သုံးေနတဲ့ ကားေသးေတြရဲ႕ ကားေဘာနက္ဖုံးေတြကို Lock က်ေအာင္မပိတ္ဘဲ ဟထားတာကို ေတြ႕ရပါတယ္။ ဟိုးအရင္ ၂၀၁၀ မတိုင္ခင္ကေတာ့ ဒီလိုမ်ိဳးလုပ္တဲ့ပုံစံမ်ိဳးေတြ ေတြ႕ရခဲပါတယ္။ အခုေတာ့ ေတာ္ေတာ္ေလးမ်ားလာပါတယ္။

ဘာေၾကာင့္ ေဘာနက္ဟထားရတာလဲ

ဒါကိုဘာေၾကာင့္လုပ္ၾကတာလဲဆိုေတာ့ ရန္ကုန္ရဲ႕ ပူျပင္းတဲ့ရာသီဥတုအေျခအေနေၾကာင့္ အင္ဂ်င္ Heat တက္တာကို သက္သာေစဖို႔အတြက္ ဒီလို လုပ္ၾကတာလို႔ ဆိုၾကပါတယ္။ အဲဒီအယူအဆဟာ လုံးဝ (လုံးဝ) လြဲမွားေနပါတယ္။

ဘာလို႔မွားလဲဆိုေတာ့ ကား Engine မွာ အေျခခံအားျဖင့္ အမ်ိဳးအစားႏွစ္မ်ိဳးရွိပါတယ္။

– အတြင္းပူအင္ဂ်င္ (Internal Com- bustion Engine)

– အျပင္ပူအင္ဂ်င္ (External Com- bustion Engine) ဆိုၿပီးေတာ့ ၂ မ်ိဳးရွိပါတယ္။

အတြင္းပူအင္ဂ်င္ (Internal Combustion Engine)

ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာေတြ႕ေနရတဲ့ Engine ေတြအကုန္လုံးနီးပါးဟာ Internal Combustion Engine ျဖစ္တဲ့ အတြင္းပိုင္းမီးေလာင္ ေပါက္ကြဲမႈနဲ႔ လည္ပတ္ရတဲ့အင္ဂ်င္ေတြပါ။ ဒီအင္ဂ်င္ေတြလည္ပတ္ႏိုင္ဖို႔ NOT( Normal Operation Temperature) ဆိုတဲ့ သတ္မွတ္အပူခ်ိန္ တစ္ခုလိုပါတယ္။ ဒီေတာ့ တခ်ိဳ႕လူေတြထင္သလို အင္ဂ်င္ေအးရင္ေကာင္းတယ္ဆိုတဲ့ အယူအဆဟာ လုံးဝမွားေနတာျဖစ္ပါတယ္။

အင္ဂ်င္ဟာ မေအးလြန္း၊ မပူလြန္းဘဲ သတ္မွတ္ အပူခ်ိန္ စင္တီဂရိတ္ၾကားမွာရွိေနမွ ဒီအင္ဂ်င္ လည္ပတ္ႏိုင္သလို၊ အင္ဂ်င္သက္တမ္း ၾကာရွည္ခံမွာပါ။ ေအးလြန္းရင္အင္ဂ်င္ မလည္ပတ္ႏိုင္သလို (ေအးေသာရာသီမွာ ဆိုင္ကယ္၊ ကားအင္ဂ်င္ေတြ ႏႈိးရခက္တာ သတိရပါ။)၊ ပူလြန္းရင္ အင္ဂ်င္ထဲက စလစ္ (Sleeve) ဟာ ပြလာၿပီး စလစ္ရဲ႕ အခ်င္း (Diameter) ေတြက်ဥ္းသြားပါမယ္၊ စလစ္ထဲမွာ အတက္အဆင္း လုပ္ရတဲ့ Piston (ပစ္စတင္) ေတြ ပြလာၿပီး အခ်င္း (Diameter) က်ယ္လာပါမယ္။ အဲဒီမွာ Piston နဲ႔ Sleeve ဖမ္းၿပီး အင္ဂ်င္ပ်က္စီးပါမယ္။

ေနာက္ Engine Head နဲ႔ Engine Block ၾကားက Gasket ပ်က္ပါမယ္၊ ေနာက္ထပ္ Engine Head ခုံးတာ ေကာ့တာ လိမ္တာျဖစ္ႏိုင္ပါေသးတယ္။ ဒီလိုမျဖစ္ရေအာင္ ကားအင္ဂ်င္ ထုတ္လုပ္တဲ့ Company ေတြက Normal Operation Temperature တစ္ခုသတ္မွတ္ေပးၿပီး သတ္မွတ္အပူခ်ိန္ မေက်ာ္လြန္ေအာင္ အေအးေပးစနစ္ေတြသုံးၿပီး ထိန္းခ်ဳပ္ပါတယ္။

Normal Operation Temperature (NOT)

NOT ကို ကား Company ေတြရဲ႕ Engineering Design အေပၚမူတည္ၿပီး ေယဘုယ်အားျဖင့္ ၈၀ ဒီဂရီဆဲလ္ဆီးယက္ကေန ၉၅ ဒီဂရီဆဲလ္ဆီးယက္ အထိသတ္မွတ္ထားၿပီး အပူခ်ိန္သတ္မွတ္ေပးထားပါတယ္။ (အင္ဂ်င္ဒီဇိုင္းေပၚမူတည္ၿပီး သတ္မွတ္အပူခ်ိန္ အတိအက်ကေတာ့ ကြဲျပားပါတယ္။)

အဲဒီလို NOT အပူအတြင္းရွိေအာင္ ဘာနဲ႔ထိန္းခ်ဳပ္သလဲဆိုရင္ Cooling System ဆိုတဲ့ အေအးေပးစနစ္နဲ႔ ထိန္းခ်ဳပ္ပါတယ္။ Cooling System မွာ . . .

(၁) Air Cool

(၂) Water Cool ဆိုၿပီး အေျခခံအေအးေပးစနစ္ ႏွစ္မ်ိဳးရွိပါတယ္။

အခုေခတ္ ကားေတြမွာ အသုံးျပဳေနတာက ေရတိုင္ကီလို႔ေခၚတဲ့ Radiator ေတြထဲက ေရေတြကို Impeller Pump နဲ႔ Circulation လုပ္ၿပီး အေအးခံတဲ့ Water Cool System ပါ။ ဒါေၾကာင့္ ေဘာနက္ဟစိပဲလုပ္လုပ္၊ မလုပ္လုပ္၊ အျပင္မွာ ေနပူပူ၊ မပူပူ၊ အင္ဂ်င္ပူတာ မပူတာ ဘာမွကြာျခားမႈမရွိပါဘူး။

အင္ဂ်င္ရဲ႕ Cooling System မွာရွိတဲ့ ပစၥည္းေတြအကုန္ေကာင္းၿပီး သူတို႔ရဲ႕ Mechanism ေတြ တိက်မွန္ကန္စြာ အလုပ္လုပ္ေနသေ႐ြ႕ အင္ဂ်င္ဟာ မပူလြန္း၊ မေအးလြန္းဘဲ Normal Operation Temperature အတြင္းမွာပဲရွိေနမွာပါ။

ေဘာနက္ဟျခင္းရဲ႕ အလြဲမ်ား

ဒါေၾကာင့္ ေဘာနက္ဟစိလုပ္လို႔ ဒီအပူခ်ိန္ က် မသြားသလို၊ ေဘာနက္ပိတ္ထားလို႔လဲ ပိုမပူပါဘူး။ သတ္မွတ္အပူခ်ိန္ ၈၀ ကေန ၈၅ ေလာက္ျဖစ္လာရင္ အင္ဂ်င္မွာရွိတဲ့ Thermostat ဆိုတဲ့ ဘားကဖြင့္ၿပီး ေရတိုင္ကီနဲ႔ အင္ဂ်င္ထဲက ေရေတြ လည္ပတ္ပါတယ္။ အပူခ်ိန္ ၈၅ ကေန ၉၀ ေက်ာ္လာရင္ Radiator မွာရွိတဲ့ Fan ကထလည္ၿပီး ေရတိုင္ကီကို အေအးခံေပးပါတယ္။ ေရတိုင္ကီျပန္ေအးရင္ သာမိုစတတ္ျပန္ပိတ္ၿပီး ျပန္ပူလာမွာျဖစ္ပါတယ္။ အဲဒီလိုနဲ႔ အေအးေပးစနစ္ သံသရာလည္ပါမယ္။

ေဘာနက္ဟစိလုပ္လို႔ ဘာမွမထူးျခားပါ။ ေနာက္ပိုင္းဘယ္ကားကုမၸဏီမွ အပူခ်ိန္ သက္သာေအာင္ ေဘာနက္ဖြင့္ေမာင္းရမယ္ဆိုၿပီး Recommendation ေပးထားတာ မေတြ႕ဖူးပါဘူး။ ဒီေတာ့ ေဘာနက္ဖြင့္ေမာင္းလို႔ အပူသက္သာတယ္ဆိုတာ လုံးဝမွားပါတယ္။ ၿမိဳ႕ထဲမွာ ေမာင္းေနရင္း ေဘာနက္ဟစိလုပ္တာ မသိသာေပမယ့္ အေဝးေျပးလမ္းမေပၚတက္လို႔ ေဘာနက္ Lock က်ေအာင္မပိတ္ဘဲ ဟစိေလးလုပ္ေမာင္းေနရင္ ၁၀၀ ကီလိုမီတာႏႈန္းေလာက္နဲ႔ ေမာင္းေနခ်ိန္ Lock ျပဳတ္ၿပီး ေလတိုးအားအရွိန္နဲ႔ ေဘာနက္ထပြင့္ရင္ ေရွ႕ျမင္ကြင္းကြယ္ၿပီး အားလုံးဒုကၡေရာက္ႏိုင္ပါတယ္။

ေနာက္ၿပီးေဘာနက္ဖုံးဟထားတာဟာ Heat တက္ၿပီး ကားမီးေလာင္တာကို ကာကြယ္ႏိုင္တယ္ဆိုတဲ့ အသိေတြေၾကာင့္ျဖစ္ပါတယ္။ ဒါဟာလည္း မွန္ကန္တဲ့ယူဆခ်က္ေတာ့ မဟုတ္ပါဘူး။ မီးေလာင္တာေတြဟာ ကားရဲ႕ သတ္မွတ္ဝန္ထက္ ပိုတင္ေဆာင္ေမာင္းႏွင္တာ၊ တစ္ရက္ေမာင္းႏွင္ဖို႔ထက္ ပိုမိုေမာင္းႏွင္တာမ်ိဳးေတြေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုေတြ လုပ္မယ္ဆိုရင္ ေဘာနက္ဟထားလည္း ဘာမွမထူးပါဘူး။

ကားေမာင္းၿပီးျခင္း အင္ဂ်င္ကိုေရေလာင္းတာ၊ ေရတိုင္ကီဖုံးမဖြင့္ရ

ေနာက္တစ္ခုက ကားကို ေတာက္ေလွ်ာက္ေမာင္းၿပီးလို႔ အင္ဂ်င္ပူေနခ်ိန္၊ အင္ဂ်င္ကိုေရေလာင္းတာမ်ိဳး၊ ေရတိုင္ကီဖုံးကို ခ်က္ခ်င္းဖြင့္တာမ်ိဳး မလုပ္သင့္ပါဘူး။ အင္ဂ်င္ေတြဟာ သတၱဳအင္ဂ်င္၊ သံအင္ဂ်င္ေတြ ျဖစ္ပါတယ္။ သတၱဳေတြ၊ သံေတြဟာ အရမ္းပူေနတဲ့အခ်ိန္ ႐ုတ္တရက္ေအးသြားတာ၊ အရမ္းေအးေနခ်ိန္ ႐ုတ္တရက္ပူသြားတာမ်ိဳးျဖစ္ရင္ သတၱဳအဆြဲ အက်ဳံ႔သေဘာအရ Crack ျဖစ္ၿပီး ကြဲတတ္ပါတယ္။

ေနာက္ၿပီး ကားေမာင္းေမာင္းၿပီးၿပီးခ်င္း ေရတိုင္ကီဖုံးကို ႐ုတ္တရက္ဖြင့္ရင္လည္း အပူခ်ိန္ေၾကာင့္ ေရဆူေနမွာျဖစ္တဲ့အတြက္ အျပင္ကို ေရပူေတြ ပန္းထြက္လာႏိုင္တဲ့အတြက္ ကားေမာင္းေမာင္းၿပီး ၿပီးခ်င္း ေရတိုက္ကီမဖြင့္ဖို႔ သတိေပးလိုက္ပါတယ္။

ဒါေတြကေတာ့ ကားအသုံးျပဳသူတို႔ လြဲမွားစြာ မွတ္သားမိေနတဲ့ အခ်က္အခ်ိဳ႕ကို တင္ဆက္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီ Normal Operation Temperature အေၾကာင္းသေဘာေပါက္ၿပီဆိုရင္ ေနပူလို႔ကား Heat တက္တယ္ဆိုတာ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ ဆက္စပ္စဥ္းစားႏိုင္ၾကမယ္ထင္ပါတယ္။

ဟိန္းျမတ္စိုး

Reference – Prime Auto Technology

Credit – The Voice

http://thevoicemyanmar.com/auto-mobile/28739-car?fbclid=IwAR3SpUc–3kckviKX9jweOzjns9dVgria5xCelZbUss_ef6N5xLFz4r80yo

(Unicode)

ကားဘောနက်ဟခြင်းနဲ့ Heat တက်တဲ့အယူအဆအမှားများ

ရန်ကုန်က အငှားယာဉ်တွေ၊ တချို့အိမ်စီးကားတွေနဲ့ အင်ဂျင်ပါဝါ ၁၃၀၀ နဲ့ ၁၅၀၀ စီစီကြား လုပ်ငန်းသုံးအဖြစ် သုံးနေတဲ့ ကားသေးတွေရဲ့ ကားဘောနက်ဖုံးတွေကို Lock ကျအောင်မပိတ်ဘဲ ဟထားတာကို တွေ့ရပါတယ်။ ဟိုးအရင် ၂၀၁၀ မတိုင်ခင်ကတော့ ဒီလိုမျိုးလုပ်တဲ့ပုံစံမျိုးတွေ တွေ့ရခဲပါတယ်။ အခုတော့ တော်တော်လေးများလာပါတယ်။

ဘာကြောင့် ဘောနက်ဟထားရတာလဲ

ဒါကိုဘာကြောင့်လုပ်ကြတာလဲဆိုတော့ ရန်ကုန်ရဲ့ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အင်ဂျင် Heat တက်တာကို သက်သာစေဖို့အတွက် ဒီလို လုပ်ကြတာလို့ ဆိုကြပါတယ်။ အဲဒီအယူအဆဟာ လုံးဝ (လုံးဝ) လွဲမှားနေပါတယ်။

ဘာလို့မှားလဲဆိုတော့ ကား Engine မှာ အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုးရှိပါတယ်။

– အတွင်းပူအင်ဂျင် (Internal Com- bustion Engine)

– အပြင်ပူအင်ဂျင် (External Com- bustion Engine) ဆိုပြီးတော့ ၂ မျိုးရှိပါတယ်။

အတွင်းပူအင်ဂျင် (Internal Combustion Engine)

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ Engine တွေအကုန်လုံးနီးပါးဟာ Internal Combustion Engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင် ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ။ ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT( Normal Operation Temperature) ဆိုတဲ့ သတ်မှတ်အပူချိန် တစ်ခုလိုပါတယ်။ ဒီတော့ တချို့လူတွေထင်သလို အင်ဂျင်အေးရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာ လုံးဝမှားနေတာဖြစ်ပါတယ်။

အင်ဂျင်ဟာ မအေးလွန်း၊ မပူလွန်းဘဲ သတ်မှတ် အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင် လည်ပတ်နိုင်သလို၊ အင်ဂျင်သက်တမ်း ကြာရှည်ခံမှာပါ။ အေးလွန်းရင်အင်ဂျင် မလည်ပတ်နိုင်သလို (အေးသောရာသီမှာ ဆိုင်ကယ်၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ။)၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် (Sleeve) ဟာ ပွလာပြီး စလစ်ရဲ့ အချင်း (Diameter) တွေကျဉ်းသွားပါမယ်၊ စလစ်ထဲမှာ အတက်အဆင်း လုပ်ရတဲ့ Piston (ပစ်စတင်) တွေ ပွလာပြီး အချင်း (Diameter) ကျယ်လာပါမယ်။ အဲဒီမှာ Piston နဲ့ Sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ်။

နောက် Engine Head နဲ့ Engine Block ကြားက Gasket ပျက်ပါမယ်၊ နောက်ထပ် Engine Head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ်။ ဒီလိုမဖြစ်ရအောင် ကားအင်ဂျင် ထုတ်လုပ်တဲ့ Company တွေက Normal Operation Temperature တစ်ခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေသုံးပြီး ထိန်းချုပ်ပါတယ်။

Normal Operation Temperature (NOT)

NOT ကို ကား Company တွေရဲ့ Engineering Design အပေါ်မူတည်ပြီး ယေဘုယျအားဖြင့် ၈၀ ဒီဂရီဆဲလ်ဆီးယက်ကနေ ၉၅ ဒီဂရီဆဲလ်ဆီးယက် အထိသတ်မှတ်ထားပြီး အပူချိန်သတ်မှတ်ပေးထားပါတယ်။ (အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ်။)

အဲဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ထိန်းချုပ်သလဲဆိုရင် Cooling System ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ်။ Cooling System မှာ . . .

(၁) Air Cool

(၂) Water Cool ဆိုပြီး အခြေခံအအေးပေးစနစ် နှစ်မျိုးရှိပါတယ်။

အခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ခေါ်တဲ့ Radiator တွေထဲက ရေတွေကို Impeller Pump နဲ့ Circulation လုပ်ပြီး အအေးခံတဲ့ Water Cool System ပါ။ ဒါကြောင့် ဘောနက်ဟစိပဲလုပ်လုပ်၊ မလုပ်လုပ်၊ အပြင်မှာ နေပူပူ၊ မပူပူ၊ အင်ဂျင်ပူတာ မပူတာ ဘာမှကွာခြားမှုမရှိပါဘူး။

အင်ဂျင်ရဲ့ Cooling System မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ Mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသရွေ့ အင်ဂျင်ဟာ မပူလွန်း၊ မအေးလွန်းဘဲ Normal Operation Temperature အတွင်းမှာပဲရှိနေမှာပါ။

ဘောနက်ဟခြင်းရဲ့ အလွဲများ

ဒါကြောင့် ဘောနက်ဟစိလုပ်လို့ ဒီအပူချိန် ကျ မသွားသလို၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး။ သတ်မှတ်အပူချိန် ၈၀ ကနေ ၈၅ လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ Thermostat ဆိုတဲ့ ဘားကဖွင့်ပြီး ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်ပါတယ်။ အပူချိန် ၈၅ ကနေ ၉၀ ကျော်လာရင် Radiator မှာရှိတဲ့ Fan ကထလည်ပြီး ရေတိုင်ကီကို အအေးခံပေးပါတယ်။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်ပြီး ပြန်ပူလာမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အအေးပေးစနစ် သံသရာလည်ပါမယ်။

ဘောနက်ဟစိလုပ်လို့ ဘာမှမထူးခြားပါ။ နောက်ပိုင်းဘယ်ကားကုမ္ပဏီမှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး Recommendation ပေးထားတာ မတွေ့ဖူးပါဘူး။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ်။ မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့် အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် Lock ကျအောင်မပိတ်ဘဲ ဟစိလေးလုပ်မောင်းနေရင် ၁၀၀ ကီလိုမီတာနှုန်းလောက်နဲ့ မောင်းနေချိန် Lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံးဒုက္ခရောက်နိုင်ပါတယ်။

နောက်ပြီးဘောနက်ဖုံးဟထားတာဟာ Heat တက်ပြီး ကားမီးလောင်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ အသိတွေကြောင့်ဖြစ်ပါတယ်။ ဒါဟာလည်း မှန်ကန်တဲ့ယူဆချက်တော့ မဟုတ်ပါဘူး။ မီးလောင်တာတွေဟာ ကားရဲ့ သတ်မှတ်ဝန်ထက် ပိုတင်ဆောင်မောင်းနှင်တာ၊ တစ်ရက်မောင်းနှင်ဖို့ထက် ပိုမိုမောင်းနှင်တာမျိုးတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုတွေ လုပ်မယ်ဆိုရင် ဘောနက်ဟထားလည်း ဘာမှမထူးပါဘူး။

ကားမောင်းပြီးခြင်း အင်ဂျင်ကိုရေလောင်းတာ၊ ရေတိုင်ကီဖုံးမဖွင့်ရ

နောက်တစ်ခုက ကားကို တောက်လျှောက်မောင်းပြီးလို့ အင်ဂျင်ပူနေချိန်၊ အင်ဂျင်ကိုရေလောင်းတာမျိုး၊ ရေတိုင်ကီဖုံးကို ချက်ချင်းဖွင့်တာမျိုး မလုပ်သင့်ပါဘူး။ အင်ဂျင်တွေဟာ သတ္တုအင်ဂျင်၊ သံအင်ဂျင်တွေ ဖြစ်ပါတယ်။ သတ္တုတွေ၊ သံတွေဟာ အရမ်းပူနေတဲ့အချိန် ရုတ်တရက်အေးသွားတာ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူသွားတာမျိုးဖြစ်ရင် သတ္တုအဆွဲ အကျုံ့သဘောအရ Crack ဖြစ်ပြီး ကွဲတတ်ပါတယ်။

နောက်ပြီး ကားမောင်းမောင်းပြီးပြီးချင်း ရေတိုင်ကီဖုံးကို ရုတ်တရက်ဖွင့်ရင်လည်း အပူချိန်ကြောင့် ရေဆူနေမှာဖြစ်တဲ့အတွက် အပြင်ကို ရေပူတွေ ပန်းထွက်လာနိုင်တဲ့အတွက် ကားမောင်းမောင်းပြီး ပြီးချင်း ရေတိုက်ကီမဖွင့်ဖို့ သတိပေးလိုက်ပါတယ်။

ဒါတွေကတော့ ကားအသုံးပြုသူတို့ လွဲမှားစွာ မှတ်သားမိနေတဲ့ အချက်အချို့ကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Normal Operation Temperature အကြောင်းသဘောပေါက်ပြီဆိုရင် နေပူလို့ကား Heat တက်တယ်ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင် ဆက်စပ်စဉ်းစားနိုင်ကြမယ်ထင်ပါတယ်။

ဟိန်းမြတ်စိုး

Reference – Prime Auto Technology

Credit – The Voice

http://thevoicemyanmar.com/auto-mobile/28739-car?fbclid=IwAR3SpUc–3kckviKX9jweOzjns9dVgria5xCelZbUss_ef6N5xLFz4r80yo

Leave a Reply

Your email address will not be published. Required fields are marked *