ဗဟုတုသ

နေ့တိုင်းနီးပါး မုန်လာဥနီ ဖျော်ရည်သောက်ရင်

နေ့တိုင်းနီးပါး မုန်လာဥနီ ဖျော်ရည်သောက်ရင်

မုန်လာဥနီက ရာသီမရွေး စားသုံးလို့ရပြီး ဈေးလည်းသက်သာပါတယ်။ ဈေးသက်သာပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲ။

မုန်လာဥနီ ဖျော်ရည်ရဲ့ အကျိုးကျေးဇူး

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး
မုန်လာဥနီမှာ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ့်ခံစနစ်ကို မြှင့်တင်ပေးပါတယ်။

ဗီတာမင်အေက အရေပြားမှာရှိတဲ့ ဆဲလ်တွေနဲ့ Mucosal Membranes တွေကို ထိန်းညှိပေးပြီး သွေးဖြူဥ ဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်အေက ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဆဲလ်တွေကို ထိန်းညှိပေးပါတယ်။

ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးပြီး မပျက်စီးအောင်ကူညီပေးပါတယ်။

အဲ့ဒီအပြင် သွေးဖြူဥ ဆဲလ်တွေကို ထုတ်လုပ်ပေးပြီး ရောင်ရမ်းတာတွေ လျော့ချပေးတဲ့ ဇန့်၊ သံဓာတ်နဲ့ ကော့ပါးဓာတ်တွေ ပါဝင်ပါတယ်။

အသည်းကို ဆေးပေး
မုန်လာဥနီမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက်ကောင်းပါတယ်။

ကိုလက်စထရောနဲ့ သွေးအတွင်း သကြားဓာတ်ကို ထိန်းသိမ်းပေး
မုန်လာဥနီမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး သွေးအတွင်းသကြားဓာတ်မြင့်မားမှုကို လျှော့ချပေးနိုင်ပါတယ်။

အသားအရ ကြည်လင်လှပ
မုန်လာဥနီမှာပါဝင်တဲ့ Antioxidant ဓာတ်တစ်မျိုးဖြစ်တဲ့ Beta-Carotene ဓာတ်က ခန္ဓာကိုယ်အတွင်းရှိ Free Radicals နဲ့ အဆီ တွေကို ဖယ်ရှားပေးပါတယ်။ အိုမင်းရင့်ရော်မငတွေနဲ့ နေလောင်ဒဏ်တွေကို ကုသပေးပါတယ်။

အရိုးကို သန်မာစေ
မုန်လာဥနီမှာ ဗီတာမင် K၊ ဗီတာမင် D နဲ့ကယ်ဆီယမ်ဓာတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးသိပ်သည်းအားကို ကောင်းစေပြီး အရိုးကျိုးသူများအတွက်လည်း အရိုးပြန်ဆက်ရလွယ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေ
မုန်လာဥနီမှာ ဗီတာမင်ဘီတွေဖြစ်တဲ့ Thiamin, Riboflavin, Niacin, Vitamin B6, Folate ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

အဲ့ဒီဓာတ်တွေက ခန္ဓာကိုယ်အတွင်းက သိုလောင်ထားတဲ့ အဆီဓာတ်တွေ၊ ပရိုတင်း နဲ့ကာဗိုဟိုက်ဒရိုတ်တွေကို ဖြိုခွဲပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်
မုန်လာဥနီမှာ သွားပိုးပေါက်တွေကို ကာကွယ်ပေးပြီး ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး
မုန်လာဥနီမှာ Beta-Carotene ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး၊ Carcinogen-Metabolizing အင်ဇိုင်းတွေကြောင့် ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

မုန်လာဥနီဖျော်ရည် သို့မဟုတ် မုန်လာဥနီကို နေ့တိုင်းစားရင် အဆုတ်ကင်ဆာ၊ ဆီးကျိတ်နဲ့ သွေးကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

crd;copy

Leave a Reply

Your email address will not be published. Required fields are marked *