ဗဟုတုသ

ေန႔စဥ္ဘဝမွာ အဆင္ေျပေစမယ့္ နည္းလမ္းေကာင္းမ်ား

(Zawgyi)

သင့္ ေန႔စဥ္ဘဝမွာ အဆင္ေျပေစမယ့္ နည္းလမ္းေကာင္းမ်ား

တခါတေလမွာ အိပ္ယာက ႏိုးတာနဲ႔ တခုမွ အဆင္မေျပတဲ့ ေန႔ရက္ေတြ ရွိတတ္ပါတယ္။ အလုပ္ကို အေရးတႀကီး သြားရမယ့္အခ်ိန္ ေလွ်ာ္ထားတဲ့ အဝတ္က မေျခာက္ေသးတာ၊ လူေတြၾကားထဲမွာ ထိုင္ေနရင္း စီးထားတဲ့ ဖိနပ္က အနံ႔ထြက္လာတာ စသျဖင့္ အစုံပါပဲ။ ဒါမ်ိဳးေတြကို မျဖစ္ေအာင္ ေနထိုင္လို႔ ရတဲ့ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ဖြင့္ရခက္တဲ့ ဘူးအဖုံး ဖြင့္နည္း

မနက္အိပ္ယာထလာၿပီး အစားစားခါနီးမွာ သင္ဝယ္လာတဲ့ ယိုဘူးက ဖြင့္လို႔ မရတာမ်ိဳးကို မၾကာခဏ ႀကဳံဖူးမွာ ေသခ်ာပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ႏွစ္ဖက္ကပ္တိတ္နဲ႔ ကပ္ၿပီး ဖြင့္ဖို႔ အႀကံေပးေလးရွိၾကပါတယ္။ ဒါေပမယ့္ သင့္အိမ္မွာ တိတ္ကို အလြယ္တကူ မရႏိုင္ဘူးဆိုရင္ ဘူးအဖုံးေပၚကို ေရေႏြးနဲ႔ ၂ မိနစ္ေလာက္ ေလာင္းခ်လိုက္ပါ။ ၿပီးရင္ ေရကိုသုတ္ၿပီး ဘူးကို လြယ္လြယ္ကူကူ ဖြင့္လို႔ ရပါၿပီ။ ဒါ့အျပင္ ေရေႏြးဇလုံထဲ ဘူးအဖုံးကို ႏွစ္တဲ့ နည္းနဲ႔ ဖြင့္ႏိုင္ပါေသးတယ္။

(၂) ေၾကး (ဂ်ီး) ပိတ္ေနတဲ့ ေရပန္းကို သန႔္ရွင္းနည္း

ေရပန္းကို သုံးတာ မ်ားၿပီး ေၾကးေတြ ပိတ္ေနတဲ့အခါ သန႔္ရွင္းရမယ့္ နည္းလမ္းကေတာ့ ႐ိုးရွင္းၿပီး လြယ္ကူပါတယ္။ ပလတ္စတစ္ အိတ္တခုထဲမွာ ရွာလကာရည္ ထည့္ၿပီး ေရပန္းတခုလုံးကို ပလတ္စတစ္အိတ္နဲ႔ ထုတ္ထားဖို႔ပါပဲ။ ဒီလို တညလုံး ထုတ္ထားလိုက္ရင္ ေနာက္တေန႔ မနက္မွာ သင့္အိမ္က ေရပန္းဟာ အသစ္တခုလို သန႔္ရွင္းေနတာကို ျမင္ရပါလိမ့္မယ္။

(၃) အပူေပးထားတဲ့ ဟင္းရည္ လွ်ံမက်ေစမယ့္နည္း

နည္းလမ္းေဟာင္းေတြဟာ အၿမဲ အသုံးဝင္တယ္ဆိုတဲ့ စကားက တကယ္ကို မွန္ပါတယ္။ အိုးေပၚကို သစ္သားဇြန္း ခပ္ရွည္ရွည္ တေခ်ာင္းတင္ထားမယ္ဆိုရင္ ဟင္းရည္ဆူပြက္လာတဲ့အခါ ထလာတဲ့ ပူေဖာင္းေတြကို ဇြန္းက ထားေနေပးတာေၾကာင့္ အိုးထဲက အရည္ေတြ ျမန္ျမန္ လွ်ံက်လာမွာကို တားဆီးေပးႏိုင္ပါတယ္။

(၄) ဖိနပ္ကို အနံ႔ဆိုးေဖ်ာက္နည္း

သင့္ဖိနပ္က အနံ႔ဆိုးေတြ ထြက္ေနၿပီး သန႔္ရွင္းေရးလုပ္ဖို႔ ခက္ေနပါသလား။ လက္ဖက္ရည္ထုတ္ တထုတ္စီကို ဖိနပ္ထဲမွာ ထည့္ထားလိုက္ပါ။ ဒီအထုတ္ေတြက အနံ႔ဆိုးေတြကို စုပ္ယူ သြားပါလိမ့္မယ္။ သင့္ဖိနပ္က နံ႐ုံတင္မကဘဲ ေရပါစိုေနတယ္ဆိုရင္ ဆန္နဲ႔ မုန႔္ဖုတ္ဆိုဒါကိုပါ ေရာထည့္ၿပီး ႏွစ္ရက္ေလာက္ ထားလိုက္ရင္ အဆင္ေျပသြား ပါလိမ့္မယ္။

(၅) သင့္ရဲ႕ အေဖ်ာ္ယမကာကို အၿမဲေအးေနေစမယ့္နည္း

ကမ္းေျခကို သြားတဲ့အခါ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲစားသြားတဲ့အခါ ယူသြားတဲ့ ေရ၊ ဘီယာ စတာေတြ အၿမဲေအးေနေစဖို႔ကေတာ့ ေရခဲဘူးထဲမွာ ေရခဲနဲ႔ အတူ ဆားျဖဴးထားဖို႔ပါပဲ။ ဆားနဲ႔ ေရခဲ ဓာတ္ျပဳၿပီး ေရခဲ အရည္ေပ်ာ္ဖို႔ အခ်ိန္ၾကာသြားပါလိမ့္မယ္။

Ref;Brightside.com

Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

https://burma.irrawaddy.com/lifestyle/trend/2018/11/26/175651.html

(Unicode)

သင့် နေ့စဉ်ဘဝမှာ အဆင်ပြေစေမယ့် နည်းလမ်းကောင်းများ

တခါတလေမှာ အိပ်ယာက နိုးတာနဲ့ တခုမှ အဆင်မပြေတဲ့ နေ့ရက်တွေ ရှိတတ်ပါတယ်။ အလုပ်ကို အရေးတကြီး သွားရမယ့်အချိန် လျှော်ထားတဲ့ အဝတ်က မခြောက်သေးတာ၊ လူတွေကြားထဲမှာ ထိုင်နေရင်း စီးထားတဲ့ ဖိနပ်က အနံ့ထွက်လာတာ စသဖြင့် အစုံပါပဲ။ ဒါမျိုးတွေကို မဖြစ်အောင် နေထိုင်လို့ ရတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဖွင့်ရခက်တဲ့ ဘူးအဖုံး ဖွင့်နည်း

မနက်အိပ်ယာထလာပြီး အစားစားခါနီးမှာ သင်ဝယ်လာတဲ့ ယိုဘူးက ဖွင့်လို့ မရတာမျိုးကို မကြာခဏ ကြုံဖူးမှာ သေချာပါတယ်။ လူတော်တော်များများက နှစ်ဖက်ကပ်တိတ်နဲ့ ကပ်ပြီး ဖွင့်ဖို့ အကြံပေးလေးရှိကြပါတယ်။ ဒါပေမယ့် သင့်အိမ်မှာ တိတ်ကို အလွယ်တကူ မရနိုင်ဘူးဆိုရင် ဘူးအဖုံးပေါ်ကို ရေနွေးနဲ့ ၂ မိနစ်လောက် လောင်းချလိုက်ပါ။ ပြီးရင် ရေကိုသုတ်ပြီး ဘူးကို လွယ်လွယ်ကူကူ ဖွင့်လို့ ရပါပြီ။ ဒါ့အပြင် ရေနွေးဇလုံထဲ ဘူးအဖုံးကို နှစ်တဲ့ နည်းနဲ့ ဖွင့်နိုင်ပါသေးတယ်။

(၂) ကြေး (ဂျီး) ပိတ်နေတဲ့ ရေပန်းကို သန့်ရှင်းနည်း

ရေပန်းကို သုံးတာ များပြီး ကြေးတွေ ပိတ်နေတဲ့အခါ သန့်ရှင်းရမယ့် နည်းလမ်းကတော့ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ပလတ်စတစ် အိတ်တခုထဲမှာ ရှာလကာရည် ထည့်ပြီး ရေပန်းတခုလုံးကို ပလတ်စတစ်အိတ်နဲ့ ထုတ်ထားဖို့ပါပဲ။ ဒီလို တညလုံး ထုတ်ထားလိုက်ရင် နောက်တနေ့ မနက်မှာ သင့်အိမ်က ရေပန်းဟာ အသစ်တခုလို သန့်ရှင်းနေတာကို မြင်ရပါလိမ့်မယ်။

(၃) အပူပေးထားတဲ့ ဟင်းရည် လျှံမကျစေမယ့်နည်း

နည်းလမ်းဟောင်းတွေဟာ အမြဲ အသုံးဝင်တယ်ဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ အိုးပေါ်ကို သစ်သားဇွန်း ခပ်ရှည်ရှည် တချောင်းတင်ထားမယ်ဆိုရင် ဟင်းရည်ဆူပွက်လာတဲ့အခါ ထလာတဲ့ ပူဖောင်းတွေကို ဇွန်းက ထားနေပေးတာကြောင့် အိုးထဲက အရည်တွေ မြန်မြန် လျှံကျလာမှာ ကို တားဆီးပေးနိုင်ပါတယ်။

(၄) ဖိနပ်ကို အနံ့ဆိုးဖျောက်နည်း

သင့်ဖိနပ်က အနံ့ဆိုးတွေ ထွက်နေပြီး သန့်ရှင်းရေးလုပ်ဖို့ ခက်နေပါသလား။ လက်ဖက်ရည်ထုတ် တထုတ်စီကို ဖိနပ်ထဲမှာ ထည့်ထားလိုက်ပါ။ ဒီအထုတ်တွေက အနံ့ဆိုးတွေကို စုပ်ယူ သွားပါလိမ့်မယ်။ သင့်ဖိနပ်က နံရုံတင်မကဘဲ ရေပါစိုနေတယ်ဆိုရင် ဆန်နဲ့ မုန့်ဖုတ်ဆိုဒါကိုပါ ရောထည့်ပြီး နှစ်ရက်လောက် ထားလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။

(၅) သင့်ရဲ့ အဖျော်ယမကာကို အမြဲအေးနေစေမယ့်နည်း

ကမ်းခြေကို သွားတဲ့အခါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားသွားတဲ့အခါ ယူသွားတဲ့ ရေ၊ ဘီယာ စတာတွေ အမြဲအေးနေစေဖို့ကတော့ ရေခဲဘူးထဲမှာ ရေခဲနဲ့ အတူ ဆားဖြူးထားဖို့ပါပဲ။ ဆားနဲ့ ရေခဲ ဓာတ်ပြုပြီး ရေခဲ အရည်ပျော်ဖို့ အချိန်ကြာသွားပါလိမ့်မယ်။

Ref;Brightside.com

Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

https://burma.irrawaddy.com/lifestyle/trend/2018/11/26/175651.html

Leave a Reply

Your email address will not be published. Required fields are marked *