သတင္း

ဆီးခ်ိဳသမားျဖစ္တဲ့ ေပ်ာက္ဖို႔မလြယ္တဲ့ အနာအတြက္ ဇာတိပၹိဳလ္သီးအစြမ္း ၀မ္းေျမာက္ဖြယ္

(Zawgyi)
(ဇာတိပၹိဳလ္သီး)အစြမ္းႀကီး

အေမြတစ္ခုရလိုက္သည္။ ထိုသည္က ေသြးတိုးျဖစ္၏။ ထိုေသြးတိုးမွာမွ အေဖာ္တစ္ဦး ေပၚျပန္သည္။ ဆီးခ်ိဳ ျဖစ္လာျခင္း ျဖစ္သည္။ ေဒါက္တာမ်ားကဆိုသည္ ဆီးခ်ိဳျဖစ္ရင္ အနာမျဖစ္ေအာင္ေနပါတဲ့။ အနာျဖစ္လွ်င္ေပ်ာက္ဖို႔ မလြယ္ေတာ့၍ သတိေပးျခင္းသာ။ ဂ႐ုစိုက္သည့္ၾကား ေသြးစုနာက ေပါင္တြင္ေပါက္ျပန္သည္။ အမွန္ပင္ တစ္လေလာက္ဆိုလွ်င္ ေဆးစားေဆးထည့္လွ်င္ ေပ်ာက္သင့္ေပၿပီ။ သို႔ေသာ္ မေပ်ာက္ပါ။ ဒါေလးကို ဆန္ေဆးရည္ျဖင့္ ေသြးလူးစမ္းပါဗ်ာ˝ အထင္မႀကီးခဲ့ပါ။ အားနာ၍သာ ယူထားလိုက္ရသည္။ ဇနီးသည္မွ ေပ်ာက္ေစခ်င္ေသာ ဆႏၵေၾကာင့္ ဆန္ေဆးရည္ႏွင့္ ပ်စ္ပ်စ္ေလးေသြးၿပီး လူးေပးခဲ့ရာ (၃)ရက္ေျမာက္ၿပီး (၄)ရက္အၾကာတြင္ အနာထိပ္ တင္းလာရာ တျဖည္းျဖည္း ညႇိဳးက်သြားကာ တစ္ပတ္အၾကာတြင္ အနာလုံးဝက်က္သြားေတာ့သည္။

ဘဝတူ မိတ္ေဆြမ်ားအား ဇာတိပၹိဳလ္ကို အထင္မေသးရန္ လက္လွမ္းမီသမွ် ေပးေဝငွေပးခဲ့ပါသည္။ ဆီးခ်ိဳ ေဝဒနာရွင္တို႔ အနာေပါက္ျခင္း ႀကဳံပါမူ ဇာတိပၹိဳလ္သီးကို ယုံၾကည္လြယ္ကူစြာ ပရေဆးဆိုင္တြင္ ေဈးမႀကီးပါပဲ ဝယ္ယူလိုက္ၾကပါလို႔ တိုက္တြန္းရပါသည္။

ဇာတိပၹိဳလ္အသီးအတြင္းရွိ အဆံကို ဇာတိပၹိဳလ္သီး ဟုယူသည္။ အဆံအား ေမွးယွက္ေနေသာ အဖက္ကို ဇာတိပၹိဳလ္ပြင့္ဟု ေခၚသည္။ သတၱဝါတို႔၏ အသက္ကို ကယ္တင္ရာတြင္ ထိုအပင္သည္ ေရွ႕တန္းတြင္ ပါသည္။ အရသာ ဖန္၊ ခါး၊ စပ္ၿပီး ပူေသာသတၱိရွိသည္။

ဇာတိပၹိဳလ္ ေကာင္းမေကာင္း- ေခ်ာမြတ္ျခင္း၊ ကိုင္၍လႈပ္က အသံျမည္ကာ ေလးတြဲျခင္း ရွိရသည္။ ထိုမွေကာင္းသည္။ ေယာက်ာ္းသားမ်ား သုက္ထိန္းေဆးေဖၚရာတြင္လည္း အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္သည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
(ဇာတိပ္ဖိုလ်သီး)အစွမ်းကြီး

အမွေတစ်ခုရလိုက်သည်။ ထိုသည်က သွေးတိုးဖြစ်၏။ ထိုသွေးတိုးမှာမှ အဖော်တစ်ဦး ပေါ်ပြန်သည်။ ဆီးချို ဖြစ်လာခြင်း ဖြစ်သည်။ ဒေါက်တာများကဆိုသည် ဆီးချိုဖြစ်ရင် အနာမဖြစ်အောင်နေပါတဲ့။ အနာဖြစ်လျှင်ပျောက်ဖို့ မလွယ်တော့၍ သတိပေးခြင်းသာ။ ဂရုစိုက်သည့်ကြား သွေးစုနာက ပေါင်တွင်ပေါက်ပြန်သည်။ အမှန်ပင် တစ်လလောက်ဆိုလျှင် ဆေးစားဆေးထည့်လျှင် ပျောက်သင့်ပေပြီ။ သို့သော် မပျောက်ပါ။ ဒါလေးကို ဆန်ဆေးရည်ဖြင့် သွေးလူးစမ်းပါဗျာ˝ အထင်မကြီးခဲ့ပါ။ အားနာ၍သာ ယူထားလိုက်ရသည်။ ဇနီးသည်မှ ပျောက်စေချင်သော ဆန္ဒကြောင့် ဆန်ဆေးရည်နှင့် ပျစ်ပျစ်လေးသွေးပြီး လူးပေးခဲ့ရာ (၃)ရက်မြောက်ပြီး (၄)ရက်အကြာတွင် အနာထိပ် တင်းလာရာ တဖြည်းဖြည်း ညှိုးကျသွားကာ တစ်ပတ်အကြာတွင် အနာလုံးဝကျက်သွားတော့သည်။

ဘဝတူ မိတ်ဆွေများအား ဇာတိပ္ဖိုလ်ကို အထင်မသေးရန် လက်လှမ်းမီသမျှ ပေးဝေငှပေးခဲ့ပါသည်။ ဆီးချို ဝေဒနာရှင်တို့ အနာပေါက်ခြင်း ကြုံပါမူ ဇာတိပ္ဖိုလ်သီးကို ယုံကြည်လွယ်ကူစွာ ပရဆေးဆိုင်တွင် ဈေးမကြီးပါပဲ ဝယ်ယူလိုက်ကြပါလို့ တိုက်တွန်းရပါသည်။

ဇာတိပ္ဖိုလ်အသီးအတွင်းရှိ အဆံကို ဇာတိပ္ဖိုလ်သီး ဟုယူသည်။ အဆံအား မှေးယှက်နေသော အဖက်ကို ဇာတိပ္ဖိုလ်ပွင့်ဟု ခေါ်သည်။ သတ္တဝါတို့၏ အသက်ကို ကယ်တင်ရာတွင် ထိုအပင်သည် ရှေ့တန်းတွင် ပါသည်။ အရသာ ဖန်၊ ခါး၊ စပ်ပြီး ပူသောသတ္တိရှိသည်။

ဇာတိပ္ဖိုလ် ကောင်းမကောင်း- ချောမွတ်ခြင်း၊ ကိုင်၍လှုပ်က အသံမြည်ကာ လေးတွဲခြင်း ရှိရသည်။ ထိုမှကောင်းသည်။ ယောကျာ်းသားများ သုက်ထိန်းဆေးဖေါ်ရာတွင်လည်း အဓိကဇာတ်ကောင်အဖြစ် ပါဝင်သည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *