သတင္း

နားကိုက္ျခင္းအတြက္ မီးဖိုေခ်ာင္တြင္းမွ ေဆးၿမီးတိုမ်ား

(Zawgyi)
နားကိုက္ျခင္းကို သက္သာေစမည့္ မီးဖိုေခ်ာင္တြင္းမွ ေဆးၿမီးတိုမ်ား

နားကိုက္ျခင္းသည္ လုံးဝ မေမွ်ာ္မွန္းထားေသာေနရာ၊ အခ်ိန္တို႔တြင္ ျဖစ္ပြားတတ္သည္ျဖစ္ရာ ဆရာဝန္ မျပသႏိုင္သည့္ ညနက္သန္းေခါင္ အခ်ိန္မေတာ္ ျဖစ္ပြားခဲ့ပါက အသင့္ ရရွိႏိုင္သည့္ အနာသက္သာေစမည့္ ေအာက္ပါ ေဆးၿမီးတိုမ်ားကို သိရွိထားလွ်င္ အက်ိဳးမ်ားႏိုင္ပါသည္။ သို႔ရာတြင္ ေဆးၿမီးတိုမ်ားႏွင့္ ကုသျခင္းသည္ နာက်င္ျခင္းကိုသာ သက္သာေစမည္ ျဖစ္သည့္အတြက္ ဖိအားအေျပာင္း အလဲေၾကာင့္ႏွင့္ ႏွာေခါင္းပိတ္ျခင္းေၾကာင့္ နားနာက်င္ရျခင္းမဟုတ္ဘဲ နားျပည္တည္ျခင္း၊ ယိုျခင္း၊ ပိုးဝင္ျခင္းတို႔အတြက္ နာက်င္ရျခင္းျဖစ္လွ်င္ တတ္ကြၽမ္းသည့္ ဆရာဝန္ႏွင့္ မျဖစ္မေန ျပသရန္ လိုအပ္ဦးမည္ျဖစ္ပါသည္။

၁။ ဂ်င္း
ဂ်င္းသည္ သဘာဝမွရရွိႏိုင္ေသာ အေရာင္က်ေစႏိုင္သည့္ အနာသက္သာေဆး ျဖစ္ၿပီး နားျပည္ တည္ျခင္းကို ကာကြယ္ကုသရာတြင္ ကူညီေပးပါသည္။ နားအနာ သက္သာေစရန္အတြက္ လတ္ဆတ္ေသာ ဂ်င္းစိမ္းရည္ကို နားအတြင္း တိုက္႐ိုက္ ထည့္သြင္းႏိုင္သကဲ့သို႔ ႏႊာထားေသာ ဂ်င္းအလႊာမ်ားႏွင့္ သံလြင္ဆီတို႔ကို ေရာလ်က္ မိနစ္အနည္းငယ္ခန႔္ အုံထားႏိုင္ပါသည္။ မည္သည့္နည္းကို အသုံးျပဳသည္ ျဖစ္ေစ ညဘက္အနာ သက္သာ၍ အိပ္ေပ်ာ္ေစၿပီး မိုးလင္းသည္ႏွင့္ ဆရာဝန္ ျပသႏိုင္မည္ျဖစ္သည္။

၂။ သံလြင္ဆီ
သံလြင္ဆီသည္ နားအူျခင္းကို သက္သာေစၿပီး ပိုးဝင္ျခင္းကိုကာကြယ္ႏိုင္ကာ အနာလည္း သက္သာေစသည္။ သံလြင္ဆီ ၂ စက္ ၃စက္ကို နာေနေသာနားထဲခ်ေပးျခင္း (သို႔မဟုတ္) ဂြမ္းသန႔္သန႔္ႏွင့္ ထည့္ေပးျခင္းသည္ သိသာစြာသက္သာေစမည္ျဖစ္သည္။ သံလြင္ဆီေအးစက္မေန ေစရန္ကိုမူ ဂ႐ုျပဳသင့္သည္။

၃။ ပင္စိမ္း႐ြက္
ပင္စိမ္း႐ြက္ကို မီးဖိုေခ်ာင္တိုင္းတြင္ ေဆာင္ထားေလ့မရွိေသာ္လည္း ဂ်င္းႏွင့္ သံလြင္ဆီတို႔မရွိခ်ိန္တြင္ ပင္စိမ္း႐ြက္ကိုလည္း ညနက္သန္းေခါင္နားကိုက္ျခင္းအတြက္ အသုံးျပဳႏိုင္ပါသည္။ လတ္ဆတ္ေသာ ပင္စိမ္း႐ြက္အနည္းငယ္ကို အရည္ညႇစ္လ်က္ ၃စက္ခန႔္ နားထဲထည့္ေပး ႏိုင္ပါသည္။

၄။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴသည္ ကိုယ္ခံအားကိုျမႇင့္တင္ေပးၿပီး အေအးမိတုပ္ေကြးျဖစ္ျခင္းကို ကာကြယ္ႏိုင္သည္။ ထို႔အျပင္ သန္ေကာင္မ်ားကိုလည္း ေသေစႏိုင္ၿပီး ေက်ာက္ကပ္ကို သန႔္စင္ေပးကာ သြားနာျခင္းကိုလည္း သက္သာေစသည္။ ၾကက္သြန္ျဖဴသည္ ဘတ္တီးရီးယားပိုးႏွင့္ ဗိုင္းရပ္စ္ပိုးမ်ားကို ေသေစႏိုင္ၿပီး ဓာတ္တိုးဆန႔္က်င္ဂုဏ္သတၱိရွိသည့္အတြက္ နားကိုက္ျခင္းတြင္လည္း အသုံးဝင္ပါသည္။ လတ္ဆတ္ေသာၾကက္သြန္ျဖဴအစိမ္းရည္ ၂စက္ခန႔္ကို နာေနေသာ နားတြင္းထည့္ေပးျခင္း (သို႔မဟုတ္) ႏုပ္ႏုပ္စဥ္းထားေသာ ၾကက္သြန္ျဖဴကို ႏွမ္းဆီ (မုန္ညင္းဆီႏွင့္ သံလြင္ဆီကိုလည္း အသုံးျပဳႏိုင္ပါသည္) ႏွင့္ေရာလ်က္ အပူေပးၿပီးေနာက္ အေအးခံကာ အရည္စစ္လ်က္ ရေသာ အဆီ ၂စက္ကို နားတြင္ထည့္ပါ။

၅။ ပူစီနံ႐ြက္ ( Peppermint )
လတ္ဆတ္ေသာပူစီနံ႐ြက္ကိုလည္း နားကိုက္သက္သာေစရန္ အသုံးျပဳႏိုင္သည္။ လတ္ဆတ္ေသာ ပူစီနံ႐ြက္မ်ားကို ေခ်လ်က္ အရည္ ၂စက္ခန႔္ နားတြင္းသို႔ ညႇစ္ထည့္ႏိုင္သည္။ သို႔ရာတြင္ ပူစီနံဆီ (Peppermint Oil) ကိုမူ ကိုက္ေနေသာနားတြင္းသို႔ တိုက္႐ိုက္ထည့္လွ်င္ အနာပိုဆိုးေစ ႏိုင္သည့္အတြက္ နားဝပတ္လည္တြင္သာ သန႔္စင္ေသာဝါဂြမ္းႏွင့္တို႔လ်က္ လိမ္းသင့္သည္။

၆။ ၾကက္သြန္နီ
မီးဖိုေခ်ာင္တိုင္းတြင္ရွိေသာ ၾကက္သြန္နီသည္လည္း နားကိုက္ျခင္းအတြက္ ေဆးၿမီးတို တစ္ခုပင္ျဖစ္သည္။ ၾကက္သြန္နီ ၁ ဥ – ၂ဥခန႔္ကို ေသးေသးလွီးလ်က္ (သို႔မဟုတ္) ေထာင္းလ်က္ အရည္ညႇစ္ၿပီး ၾကက္သြန္နီရည္ ၂ စက္ခန႔္ကို တစ္ေန႔ ၂ႀကိမ္နားထဲသို႔ထည့္ပါ။ (သို႔မဟုတ္) ေခ်ထားေသာၾကက္သြန္နီမ်ားကို အဝတ္သန႔္သန႔္ႏွင့္ ထုပ္ၿပီး နားေပၚတြင္ ၾကပ္ထုပ္ထိုးသကဲ့သို႔ ၅မိနစ္- ၇မိနစ္ခန႔္ ျပဳလုပ္ေပးပါ။ ၾကက္သြန္နီတြင္ ပိုးေသေစေသ ာအာနိသင္ရွိသျဖင့္ နားကိုက္ျခင္းကို သက္သာေစမည္ျဖစ္သည္။

၇။ ၾကပ္ထုပ္ထိုးျခင္း၊ ေရေႏြးအိတ္ကပ္ျခင္း
မီးဖိုေခ်ာင္တြင္းမွ ေဆးၿမီးတိုမ်ားကို မရရွိႏိုင္ပါက ေရေႏြးအိတ္ကို အဝတ္သန႔္သန႔္ျဖင့္ ထုပ္လ်က္ နာက်င္ေနေသာနားကို မိနစ္အနည္းငယ္ၾကာစီ ၾကပ္ထုပ္ထိုးေပးႏိုင္ပါသည္။ ညဘက္တြင္ အနာသက္သာေစၿပီး မိုးလင္းလွ်င္ ေဆး႐ုံသို႔သြားေရာက္ျပသႏိုင္မည္ျဖစ္သည္။

၈။ ပ်ားရည္
သဘာဝပ်ားရည္ (Raw Honey) တြင္ က်န္းမာေရး အက်ိဳးေက်းဇူ းမ်ားစြာရွိပါသည္။ ၎အား နားတြင္းထည့္ျခင္းမွာ မသင့္ေတာ္ေသာ္လည္း နားကိုက္ျခင္းျပင္းထန္ေနခ်ိန္တြင္ နားဝပတ္လည္တြင္ သဘာဝပ်ားရည္ကို ဂြမ္းသန႔္သန႔္ႏွင့္ တို႔ေပး၊ ပြတ္ေပးျခင္းျဖင့္ သက္သာေစႏိုင္ပါသည္။

အထက္တြင္ ေဖာ္ျပခဲ့သည့္ ေဆးနည္းမ်ားကို တစ္ေန႔လွ်င္ တစ္ႀကိမ္ (သို႔မဟုတ္) ႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ၿပီး ထို႔ထက္ပို၍ မျပဳလုပ္သင့္ေပ။ အိမ္တြင္းေဆးၿမီးတိုမ်ားသည္ နားကိုက္ျခင္းကို သက္သာေစႏိုင္ေသာ္လည္း နားကိုက္ျခင္းသည္ ျပင္းထန္ေသာေရာဂါမ်ားေၾကာင့္ ျဖစ္ေပၚႏိုင္သည့္အတြက္ ေရာဂါဇစ္ျမစ္ကိုသိရွိလ်က္ ေပ်ာက္ကင္းသည္အထိ ကုသႏိုင္ရန္ တတ္ကြၽမ္းနားလည္သည့္ ဆရာဝန္ႏွင့္ မျဖစ္မေန ျပသရမည္ျဖစ္သည္။

Credit – Dr. Thanda Lin (www.drmyanmar.com)

(Unicode)
နားကိုက်ခြင်းကို သက်သာစေမည့် မီးဖိုချောင်တွင်းမှ ဆေးမြီးတိုများ

နားကိုက်ခြင်းသည် လုံးဝ မမျှော်မှန်းထားသောနေရာ၊ အချိန်တို့တွင် ဖြစ်ပွားတတ်သည်ဖြစ်ရာ ဆရာဝန် မပြသနိုင်သည့် ညနက်သန်းခေါင် အချိန်မတော် ဖြစ်ပွားခဲ့ပါက အသင့် ရရှိနိုင်သည့် အနာသက်သာစေမည့် အောက်ပါ ဆေးမြီးတိုများကို သိရှိထားလျှင် အကျိုးများနိုင်ပါသည်။ သို့ရာတွင် ဆေးမြီးတိုများနှင့် ကုသခြင်းသည် နာကျင်ခြင်းကိုသာ သက်သာစေမည် ဖြစ်သည့်အတွက် ဖိအားအပြောင်း အလဲကြောင့်နှင့် နှာခေါင်းပိတ်ခြင်းကြောင့် နားနာကျင်ရခြင်းမဟုတ်ဘဲ နားပြည်တည်ခြင်း၊ ယိုခြင်း၊ ပိုးဝင်ခြင်းတို့အတွက် နာကျင်ရခြင်းဖြစ်လျှင် တတ်ကျွမ်းသည့် ဆရာဝန်နှင့် မဖြစ်မနေ ပြသရန် လိုအပ်ဦးမည်ဖြစ်ပါသည်။

၁။ ဂျင်း
ဂျင်းသည် သဘာဝမှရရှိနိုင်သော အရောင်ကျစေနိုင်သည့် အနာသက်သာဆေး ဖြစ်ပြီး နားပြည် တည်ခြင်းကို ကာကွယ်ကုသရာတွင် ကူညီပေးပါသည်။ နားအနာ သက်သာစေရန်အတွက် လတ်ဆတ်သော ဂျင်းစိမ်းရည်ကို နားအတွင်း တိုက်ရိုက် ထည့်သွင်းနိုင်သကဲ့သို့ နွှာထားသော ဂျင်းအလွှာများနှင့် သံလွင်ဆီတို့ကို ရောလျက် မိနစ်အနည်းငယ်ခန့် အုံထားနိုင်ပါသည်။ မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ ညဘက်အနာ သက်သာ၍ အိပ်ပျော်စေပြီး မိုးလင်းသည်နှင့် ဆရာဝန် ပြသနိုင်မည်ဖြစ်သည်။

၂။ သံလွင်ဆီ
သံလွင်ဆီသည် နားအူခြင်းကို သက်သာစေပြီး ပိုးဝင်ခြင်းကိုကာကွယ်နိုင်ကာ အနာလည်း သက်သာစေသည်။ သံလွင်ဆီ ၂ စက် ၃စက်ကို နာနေသောနားထဲချပေးခြင်း (သို့မဟုတ်) ဂွမ်းသန့်သန့်နှင့် ထည့်ပေးခြင်းသည် သိသာစွာသက်သာစေမည်ဖြစ်သည်။ သံလွင်ဆီအေးစက်မနေ စေရန်ကိုမူ ဂရုပြုသင့်သည်။

၃။ ပင်စိမ်းရွက်
ပင်စိမ်းရွက်ကို မီးဖိုချောင်တိုင်းတွင် ဆောင်ထားလေ့မရှိသော်လည်း ဂျင်းနှင့် သံလွင်ဆီတို့မရှိချိန်တွင် ပင်စိမ်းရွက်ကိုလည်း ညနက်သန်းခေါင်နားကိုက်ခြင်းအတွက် အသုံးပြုနိုင် ပါသည်။ လတ်ဆတ်သော ပင်စိမ်းရွက်အနည်းငယ်ကို အရည်ညှစ်လျက် ၃စက်ခန့် နားထဲထည့်ပေး နိုင်ပါသည်။

၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးဖြစ်ခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် သန်ကောင်များကိုလည်း သေစေနိုင်ပြီး ကျောက်ကပ်ကို သန့်စင်ပေးကာ သွားနာခြင်းကိုလည်း သက်သာစေသည်။ ကြက်သွန်ဖြူသည် ဘတ်တီးရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသည့်အတွက် နားကိုက်ခြင်းတွင်လည်း အသုံးဝင်ပါသည်။ လတ်ဆတ်သောကြက်သွန်ဖြူအစိမ်းရည် ၂စက်ခန့်ကို နာနေသော နားတွင်းထည့်ပေးခြင်း (သို့မဟုတ်) နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို နှမ်းဆီ (မုန်ညင်းဆီနှင့် သံလွင်ဆီကိုလည်း အသုံးပြုနိုင်ပါသည်) နှင့်ရောလျက် အပူပေးပြီးနောက် အအေးခံကာ အရည်စစ်လျက် ရသော အဆီ ၂စက်ကို နားတွင်ထည့်ပါ။

၅။ ပူစီနံရွက် ( Peppermint )
လတ်ဆတ်သောပူစီနံရွက်ကိုလည်း နားကိုက်သက်သာစေရန် အသုံးပြုနိုင်သည်။ လတ်ဆတ်သော ပူစီနံရွက်များကို ချေလျက် အရည် ၂စက်ခန့် နားတွင်းသို့ ညှစ်ထည့်နိုင်သည်။ သို့ရာတွင် ပူစီနံဆီ (Peppermint Oil) ကိုမူ ကိုက်နေသောနားတွင်းသို့ တိုက်ရိုက်ထည့်လျှင် အနာပိုဆိုးစေ နိုင်သည့်အတွက် နားဝပတ်လည်တွင်သာ သန့်စင်သောဝါဂွမ်းနှင့်တို့လျက် လိမ်းသင့်သည်။

၆။ ကြက်သွန်နီ
မီးဖိုချောင်တိုင်းတွင်ရှိသော ကြက်သွန်နီသည်လည်း နားကိုက်ခြင်းအတွက် ဆေးမြီးတို တစ်ခုပင်ဖြစ်သည်။ ကြက်သွန်နီ ၁ ဥ – ၂ဥခန့်ကို သေးသေးလှီးလျက် (သို့မဟုတ်) ထောင်းလျက် အရည်ညှစ်ပြီး ကြက်သွန်နီရည် ၂ စက်ခန့်ကို တစ်နေ့ ၂ကြိမ်နားထဲသို့ထည့်ပါ။ (သို့မဟုတ်) ချေထားသောကြက်သွန်နီများကို အဝတ်သန့်သန့်နှင့် ထုပ်ပြီး နားပေါ်တွင် ကြပ်ထုပ်ထိုးသကဲ့သို့ ၅မိနစ်- ၇မိနစ်ခန့် ပြုလုပ်ပေးပါ။ ကြက်သွန်နီတွင် ပိုးသေစေသေ ာအာနိသင်ရှိသဖြင့် နားကိုက်ခြင်းကို သက်သာစေမည်ဖြစ်သည်။

၇။ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း
မီးဖိုချောင်တွင်းမှ ဆေးမြီးတိုများကို မရရှိနိုင်ပါက ရေနွေးအိတ်ကို အဝတ်သန့်သန့်ဖြင့် ထုပ်လျက် နာကျင်နေသောနားကို မိနစ်အနည်းငယ်ကြာစီ ကြပ်ထုပ်ထိုးပေးနိုင်ပါသည်။ ညဘက်တွင် အနာသက်သာစေပြီး မိုးလင်းလျှင် ဆေးရုံသို့သွားရောက်ပြသနိုင်မည်ဖြစ်သည်။

၈။ ပျားရည်
သဘာဝပျားရည် (Raw Honey) တွင် ကျန်းမာရေး အကျိုးကျေးဇူ းများစွာရှိပါသည်။ ၎င်းအား နားတွင်းထည့်ခြင်းမှာ မသင့်တော်သော်လည်း နားကိုက်ခြင်းပြင်းထန်နေချိန်တွင် နားဝပတ်လည်တွင် သဘာဝပျားရည်ကို ဂွမ်းသန့်သန့်နှင့် တို့ပေး၊ ပွတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် ဆေးနည်းများကို တစ်နေ့လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထို့ထက်ပို၍ မပြုလုပ်သင့်ပေ။ အိမ်တွင်းဆေးမြီးတိုများသည် နားကိုက်ခြင်းကို သက်သာစေနိုင်သော်လည်း နားကိုက်ခြင်းသည် ပြင်းထန်သောရောဂါများကြောင့် ဖြစ်ပေါ်နိုင်သည့်အတွက် ရောဂါဇစ်မြစ်ကိုသိရှိလျက် ပျောက်ကင်းသည်အထိ ကုသနိုင်ရန် တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် မဖြစ်မနေ ပြသရမည်ဖြစ်သည်။

Credit – Dr. Thanda Lin (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *