သတင္း

ေရေႏြးေငြ႕ ရွဴေပးျခင္းအက်ိဳး

(Zawgyi)
“ေရေႏြးေငြ႕ ရွဴေပးျခင္းအက်ိဳး ”

ကြၽန္ေတာ္မိုးအစတုန္းက ပထမဖ်ားတယ္ ေဆးေတြေသာက္ေတာ့အဖ်ားက်သြားၿပီး ႏွာမြန္ႏွာရည္ယိုၿပီးႏွာေခါင္းကပူေနတာ ေတာ္ေတာ္နဲ႔ မေပ်ာက္လို႔ စိတ္ညစ္ရပါတယ္။

အေဒၚတစ္ေယာက္က ေရေႏြးေငြ႕ရွဴခိုင္းပါတယ္။ အဲ့ဒါေရေႏြးေငြ႕ သုံးရက္ေလာက္ရွဴလိုက္တာ ႏွာရည္ယို ႏွာေခါင္းပူေနတာ သက္သာေပ်ာက္ကင္းသြားပါတယ္။

တဆက္ထဲ internet မွာ ေရေႏြးေငြနဲ႔ ဆားဝက္ၿခံ၊ ဝက္ၿခံႀကီးမ်ား ေပ်ာက္ပါတယ္တဲ့ခင္ဗ်ာ။ ေရေႏြးပူပူကေန ထြက္လာတဲ့ ေရေႏြးေငြ႕ကို မ်က္နာအပ္ၿပီး ေရေႏြးေငြ႕ ေပါင္းခံေပးျခင္းျဖင့္ ရရွိႏိုင္တဲ့ ေကာင္းက်ိဳးေလးေတြ ေျပာျပေပးပါ့မယ္။

ဒီနည္းေလးကို အရင္က ဆားဝက္ၿခံနဲ႔ ဝက္ၿခံႀကီးသမားေတြတြက္ ဒီလိုေန႔စဥ္ လုပ္ေပးပါက အရမ္းထိေရာက္ေၾကာင္း ေျပာျပေပးခဲ့ၿပီး ျဖစ္ပါတယ္။ အခုလဲ ထိေရာက္မႈေလးေတြကို အခ်က္ေလးေတြ ေျပာျပမယ္ေနာ္။

ျပဳလုပ္နည္း-

အရင္ဆုံး ေရေႏြးပူေအာင္တယ္။ၿပီးေနာက္ ဇလုံတခုခုထဲထည့္ၿပီး အေပၚကေနၿပီး ၿခဳံလို႔ရတာ တခုခုကို ဖုံးထားၿပီး ၁ ေပအကြာ ေလာက္ကေန ေရေႏြးေငြ႕ ခံေပးရမွာပါ။ၿခဳံထည္ကို အလုံႀကီး အုပ္စရာမလိုပါဘူး။ ခပ္လႊတ္လႊတ္ေလး အုပ္မွသာ ေလဝင္ေလထြက္ ေကာင္းမွာပါ။ အရမ္းမနီးေစနဲ႔ေနာ္။ အပူေလာင္တက္တယ္။

အက်ိဳးမ်ားမွာ-
၁။ ဝက္ၿခံကို တားဆီး ဖယ္ရွားေပးတယ္။

၂။ ေခြၽးထြက္မ်ားတာကို သက္သာေစတယ္။

၃။ ဝက္ၿခံပုန္းေတြကို ဖယ္ရွားႏိုင္တယ္။

၄။ မ်က္နာေသြးလည္ပတ္မႈ ေကာင္းေစလို႔ အသားေရ စိုေျပေစတယ္။

၅။ ဆဲလ္ေသေတြဖယ္ရွားၿပီး အသားေရကို ေပ်ာ့ေပ်ာင္းႏူးညံေစတယ္။

၆။ ပန္းႏုေရာင္သန္းတဲ့ မ်က္နာေလးကို ပိုင္ဆိုင္ေစပါတယ္။

ေပါင္းတင္ေနစဥ္ မ်က္ႏွာကို ႏွိပ္နယ္ေပးျခင္းကလည္း အရမ္းကို ေကာင္းပါတယ္။ Tea Tree oil, Rose water တို႔ဘာတို႔လည္း လိမ္းထားၿပီး လုပ္လို႔ရပါတယ္။

ပိုက္ဆံမကုန္ အိမ္မွာတင္ လုပ္ႏိုင္တဲ့ နည္းေလးမို႔ ေန႔တိုင္း လိုက္လုပ္က်ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit – Sai Min Thant

(Unicode)
“ရေနွေးငွေ့ ရှူပေးခြင်းအကျိုး ”

ကျွန်တော်မိုးအစတုန်းက ပထမဖျားတယ် ဆေးတွေသောက်တော့အဖျားကျသွားပြီး နှာမွန်နှာရည်ယိုပြီးနှာခေါင်းကပူနေတာ တော်တော်နဲ့ မပျောက်လို့ စိတ်ညစ်ရပါတယ်။

အဒေါ်တစ်ယောက်က ရေနွေးငွေ့ရှူခိုင်းပါတယ်။ အဲ့ဒါရေနွေးငွေ့ သုံးရက်လောက်ရှူလိုက်တာ နှာရည်ယို နှာခေါင်းပူနေတာ သက်သာပျောက်ကင်းသွားပါတယ်။

တဆက်ထဲ internet မှာ ရေနွေးငွေနဲ့ ဆားဝက်ခြံ၊ ဝက်ခြံကြီးများ ပျောက်ပါတယ်တဲ့ခင်ဗျာ။ ရေနွေးပူပူကနေ ထွက်လာတဲ့ ရေနွေးငွေ့ကို မျက်နာအပ်ပြီး ရေနွေးငွေ့ ပေါင်းခံပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးလေးတွေ ပြောပြပေးပါ့မယ်။

ဒီနည်းလေးကို အရင်က ဆားဝက်ခြံနဲ့ ဝက်ခြံကြီးသမားတွေတွက် ဒီလိုနေ့စဉ် လုပ်ပေးပါက အရမ်းထိရောက်ကြောင်း ပြောပြပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလဲ ထိရောက်မှုလေးတွေကို အချက်လေးတွေ ပြောပြမယ်နော်။

ပြုလုပ်နည်း-

အရင်ဆုံး ရေနွေးပူအောင်တယ်။ပြီးနောက် ဇလုံတခုခုထဲထည့်ပြီး အပေါ်ကနေပြီး ခြုံလို့ရတာ တခုခုကို ဖုံးထားပြီး ၁ ပေအကွာ လောက်ကနေ ရေနွေးငွေ့ ခံပေးရမှာပါ။ခြုံထည်ကို အလုံကြီး အုပ်စရာမလိုပါဘူး။ ခပ်လွှတ်လွှတ်လေး အုပ်မှသာ လေဝင်လေထွက် ကောင်းမှာပါ။ အရမ်းမနီးစေနဲ့နော်။ အပူလောင်တက်တယ်။

အကျိုးများမှာ-
၁။ ဝက်ခြံကို တားဆီး ဖယ်ရှားပေးတယ်။

၂။ ချွေးထွက်များတာကို သက်သာစေတယ်။

၃။ ဝက်ခြံပုန်းတွေကို ဖယ်ရှားနိုင်တယ်။

၄။ မျက်နာသွေးလည်ပတ်မှု ကောင်းစေလို့ အသားရေ စိုပြေစေတယ်။

၅။ ဆဲလ်သေတွေဖယ်ရှားပြီး အသားရေကို ပျော့ပျောင်းနူးညံစေတယ်။

၆။ ပန်းနုရောင်သန်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်စေပါတယ်။

ပေါင်းတင်နေစဉ် မျက်နှာကို နှိပ်နယ်ပေးခြင်းကလည်း အရမ်းကို ကောင်းပါတယ်။ Tea Tree oil, Rose water တို့ဘာတို့လည်း လိမ်းထားပြီး လုပ်လို့ရပါတယ်။

ပိုက်ဆံမကုန် အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလေးမို့ နေ့တိုင်း လိုက်လုပ်ကျဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *