သတင္း

ႏွလုံးေသြးေၾကာမပိတ္မီ တစ္လအတြင္း နိမိတ္ျပလကၡဏာ (၇) ခ်က္

(Zawgyi)

ရင္ဘတ္ အႀကီးအက်ယ္ေအာင့္ ႏွလုံးေသြးေၾကာ ႐ုတ္တရက္ က်ဥ္းတာ၊ ပိတ္တာေတြ ရွိလာၿပီး ေဆး႐ုံကို အေရးေပၚ တက္ေရာက္ကုသရသူေတြဟာ မျဖစ္ခင္ တစ္လအတြင္း ခႏၶာကိုယ္က ဒါျဖစ္ေတာ့မယ္ဆိုတာကို ႀကိဳတင္သတိေပးေနတတ္ပါသတဲ့။

  • အလိုလိုေနရင္း ႏုန္းေနျခင္း – ႏွလုံးေသြးေၾကာ က်ဥ္းလာရင္ ခႏၶာကိုယ္က ေျခေတြ၊ လက္ေတြ၊ အဂါေတၤြကို ေသြးအေရာက္ နည္းလာပါတယ္။ ဒီအတြက္ ခါတိုင္းထက္ ေညာင္းတာ၊ ႏုံးတာေတြ ျဖစ္ေပၚခံစားရပါတယ္။
  • မ်က္ႏွာနဲ႔ ေမး႐ိုးနဲ႔ လည္ပင္းေတြ က်ဥ္ျခင္း – ႏွလုံးေသြးေၾကာက်ဥ္းလာၿပီး ေသြးငတ္တဲ့အခါ ရင္ဘတ္ေအာင့္တာအျပင္ ေမး႐ိုးနဲ႔ မ်က္ႏွာ၊ လည္ပင္းေတြ က်ဥ္လာတတ္ပါတယ္။
  • ေမာပန္းမယ္ – အလိုလိုေနရင္း ေလွကားတက္၊ တစ္ခုခုလုပ္တိုင္း ေမာေနတတ္ပါတယ္။ ႏွလုံးေသြးေၾကာ က်ဥ္းလာတဲ့အခါ အဆုတ္ထဲမွာ ေရစုလာတတ္ပါတယ္၊ အသက္ရွဴမဝသလို ျဖစ္လာတတ္ပါတယ္။
  • ပ်ိဳ႕ခ်င္အန္ခ်င္တာေတြ ျဖစ္မယ္ – ရင္ထဲမွာ ေနလို႔မေကာင္းဘူး၊ ဘာရယ္မဟုတ္ ဗိုက္ထဲမွာ ေလပြသလို စားၿပီးရင္ ပ်ိဳ႕ခ်င္သလို အန္ခ်င္သလို မၾကာခဏ ခံစားရႏိုင္ပါတယ္။
  • ေခြၽးေစးေတြ ျပန္လာတတ္မယ္ – ရင္ဘတ္ထဲမွာ ေနလို႔မေကာင္းတာနဲ႔အတူ မၾကာခဏ ေခြၽးျပန္တာကို ခံစားရပါမယ္။
  • ရင္တလွပ္လွပ္တုန္ျခင္း – ရင္ထဲမွာ ဟာေနျခင္း ရင္ထဲမွာဆို႔ၿပီး ေနလို႔မေကာင္းတာ ရင္ေတြ တုန္ေနတာေတြက ႏွလုံးစည္းခ်က္မမွန္တာရဲ႕ နိမိတ္ျပလကၡဏာ ျဖစ္ပါတယ္။ ႏွလုံးတုန္၊ ရင္ခုန္တာက ပုံမွန္ျဖစ္သလို ႏွလုံးေရာဂါသမားေတြအတြက္ စတင္နိမိတ္ျပလကၡဏာလည္း ျဖစ္ႏိုင္ပါတယ္။
  • ေျခဖ်ား၊ လက္ဖ်ားေတြ ေအးေနတတ္မယ္ – ႏွလုံးက စတင္ခုန္ႏႈန္းက်လာတာမို႔ ခႏၶာကိုယ္ အစြန္အဖ်ား၊ ေျခေတြ လက္ေတြကို ေသြးအေရာက္ နည္းလာၿပီး ေျခဖ်ား ေအးလာတတ္ပါတယ္။ ရာသီဥတု မွန္ပါလ်က္နဲ႔ ေျခဖ်ား လက္ဖ်ားေလးေတြ ေအးစက္စက္ ခံစားရပါမယ္။
  • မူးေဝလာတတ္မယ္ – တရိပ္ရိပ္နဲ႔ မူးေနတတ္တာ ေနရင္းထိုင္ရင္း ေခါင္းထဲမွာ ရီေဝေဝျဖစ္တာေတြ ရွိတဲ့အခါ ႏွလုံးေသြးေၾကာက်ဥ္းတာကို ေမ့မထားသင့္ပါဘူး။ ဦးေႏွာက္ကို မွန္ကန္တဲ့ ေသြးစီးဆင္းမႈ မရွိတဲ့အတြက္ မူးေနာက္တဲ့ ခံစားခ်က္ရတာ ျဖစ္ပါတယ္။ ႏွလုံးေသြးေၾကာ လုံးဝပိတ္မသြားခင္ က်ဥ္းေနတဲ့အဆင့္မွာ ခံစားရႏိုင္ပါတယ္။

ေဖာ္ျပပါလကၡဏာေတြကို ၾကည့္ၿပီး မိမိမွာ ႏွလုံးေသြးေၾကာ က်ဥ္းေနၿပီလား၊ ႏွလုံးေသြးေၾကာ ပိတ္ေနၿပီလား၊ႏွလုံးေရာဂါ ခံစားရႏိုင္တဲ့ အရိပ္အေယာင္ရွိမလားလို႔ မိမိကိုယ္ကို ဆန္းစစ္ၾကည့္ႏိုင္ပါတယ္။

အနည္းဆုံး သုံးေလးခုေလာက္ ခံစားေနရၿပီဆိုရင္ကို မေပါ့ဆဘဲ ဆရာဝန္နဲ႔ ျပသတိုင္ပင္ေစလိုပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Credit – drmyanmar.com

(Unicode)

ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင် တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။

  • အလိုလိုနေရင်း နုန်းနေခြင်း – နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။
  • မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း – နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။
  • မောပန်းမယ် – အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။
  • ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် – ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။
  • ချွေးစေးတွေ ပြန်လာတတ်မယ် – ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။
  • ရင်တလှပ်လှပ်တုန်ခြင်း – ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
  • ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် – နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။
  • မူးဝေလာတတ်မယ် – တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Credit – drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *