သတင္း

အဆီက်ေစတဲ့ ၾကက္သြန္နီသုပ္ အစြမ္းထက္ပံု

(Zawgyi)
အဆီက်ေစတဲ့ ၾကက္သြန္နီသုပ္

ၾကက္သြန္နီကို ဟင္းခ်က္နည္းမ်ိဳးစုံအတြက္ အသုံးျပဳၿပီး စားသုံးေနၾကပါတယ္။ ခ်က္ပုံနဲ႔စားပုံမ်ား မတူညီၾကသလို သူ႔ရဲ႕အက်ိဳးေပးအာနိသင္ကလည္း ကြဲျပားၾကပါတယ္။ ယခုေဖာ္ျပေပးမည့္ နည္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆးအျဖစ္ အစိမ္းသုပ္စားရတဲ့ စားသုံးနည္းတစ္ခု ျဖစ္ပါတယ္။

(၁) ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲ ထည့္ပါ။

(၂) သံပုရာသီး ညႇစ္ထည့္ပါ။ အနံ႔ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညႇစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို႔ ေျပာင္းသြားေစပါသည္။

(၃) သခြါးသီး ထည့္လိုပါက (အနည္းငယ္မွ်) ပါးပါးလွီး၍ ထည့္ႏိုင္ပါသည္။

(၄) အစပ္ႀကိဳက္ပါက င႐ုတ္သီးစိမ္း အနည္းငယ္ လွီးထည့္ႏိုင္ပါသည္။

(၅) ဆားအနည္းငယ္မွ် ထည့္ေပးပါ။ ဆားမပါလွ်င္ အရသာေပါ့မည္။ ဆားမ်ားလြန္းရင္လည္း အငံေၾကာင့္ ေသြးတိုးေစပါသည္။

(၆) ၾကက္သြန္မိတ္ (သို႔မဟုတ္) ကုလားနံနံပင္တို႔ကိုလည္း အနံ႔ႀကိဳက္တတ္လွ်င္ အနည္းငယ္မွ် ထည့္ႏိုင္ပါသည္။

၎တို႔ကို နယ္ၿပီးလွ်င္ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို႔ရပါၿပီ။ ဒီအတိုင္း မစားခ်င္လွ်င္ ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသုံးေပးႏိုင္ပါသည္။

ပါးစပ္မနံေအာင္

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို အစိမ္းစားၿပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္ သဘာဝနည္းလမ္းေကာင္းေလးတစ္လက္ကို ၫြန္ေပးလိုက္ပါမယ္။

(၁) ၾကက္သြန္အနံ႔ကိုႏိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴတို႔ကို စားၿပီးလွ်င္ ေျမပဲဆန္ ၃၊ ၄ စိကိုသာ ဝါးစားပါ။ တစ္မိနစ္အတြင္း အနံ႔မ်ားကို ေျမပဲက စုတ္ယူသြားမည္။

(၂) အဖန္ရည္ (လက္ဖက္ရည္ၾကမ္း)ျဖင့္ ပလုတ္က်င္းေပးပါ။

(၃) ႏြားႏို႔ျဖင့္ ပလုပ္က်င္းေပးပါ။

အရသာရွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသုံးျခင္းျဖင့္ ခႏၶာကိုယ္တြင္ ပိုလွ်ံေနေသာ အဆီမ်ားကို ေလွ်ာ့ခ်ၿပီး သြယ္လ်က်စ္လစ္ေသာ ကိုယ္ခႏၶာအလွကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

က်မ္းကိုး ။ ။ Natural Health Care For You

Credit – ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

(Unicode)
အဆီကျစေတဲ့ ကြက်သွန်နီသုပ်

ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။

(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။

(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။

(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။

(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။

(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။

၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။

ပါးစပ်မနံအောင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူတို့ကို စားပြီးလျှင် မြေပဲဆန် ၃၊ ၄ စိကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။

(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း)ဖြင့် ပလုတ်ကျင်းပေးပါ။

(၃) နွားနို့ဖြင့် ပလုပ်ကျင်းပေးပါ။

အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)

ကျမ်းကိုး ။ ။ Natural Health Care For You

Credit – စောနွဲ့နေဆိုင် (ပူတာအို)

Leave a Reply

Your email address will not be published. Required fields are marked *