ဗဟုတုသ

ပယင္းဆြဲႀကိဳး ဆြဲျခင္းကေန ရရွိႏိုင္မယ့္ က်န္းမာေရး အက်ိဳးေက်းဇူး ငါးခ်က္

(Zawgyi)
ပယင္းဆြဲႀကိဳးက အနာေရာဂါေတြကို သက္သာေစႏိုင္စြမ္းရွိပါတယ္။ လြန္ခဲ့တဲ့ရာစုႏွစ္မ်ားစြာ ကာလေတြကတည္းက ဥေရာပတစ္လႊားမွာ လူေတာ္ေတာ္မ်ားမ်ားက ပယင္ေက်ာက္ ကို က်န္းမာေရးအတြက္အသုံးျပဳခဲ့ၾကတဲ့ အေထာက္အထားေတြရွိပါတယ္။

ပယင္းေက်ာက္က အမွန္တကယ္ေတာ့ ေက်ာက္တုံးမဟုတ္ပါဘူး။ အပင္အေစးကေနျဖစ္လာတဲ့ ဇီဝ႐ုပ္ႂကြင္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ပယင္းေက်ာက္ထဲမွာဓာတ္အမ်ိဳးမ်ိဳးပါဝင္ေနသလို အနာက်က္ေစႏိုင္တဲ့အစြမ္းသတၱိေတြလည္း ပါဝင္ေနပါတယ္။

ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစ-
ပယင္းေက်ာက္မွာေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစႏိုင္တဲ့အစြမ္းရွိပါတယ္။ လည္ပင္း ဒါမွမဟုတ္ ေခါင္းမွ နာက်င္မႈ ေဝဒနာခံစားေနရသူေတြ အသုံးျပဳႏိုင္ပါတယ္။ ပယင္းက အဆစ္ေရာင္နာေရာဂါေၾကာင့္ နာက်င္တာေတြကို သက္သာေစပါတယ္။ ဒူလာရွိတဲ့ အမ်ိဳးသားေတြ ဝတ္ဆင္မယ္ဆိုရင္ ေဝဒနာကို ေလ်ာ့ပါးသက္သာေစမွာ ျဖစ္ပါတယ္။ ပယင္းကေရာဂါေတြကို သက္သာေအာင္သာ လုပ္ေဆာင္ေပးႏိုင္တာျဖစ္ၿပီး ေပ်ာက္ကင္းေအာင္ မကုသေပးႏိုင္တာကိုေတာ့ သိထားဖို႔ လိုအပ္ပါတယ္။

သဘာဝအကိုက္အခဲေပ်ာက္ေဆး-
ပယင္းက ေရာင္ရမ္းမႈကို သက္သာေစႏိုင္သလို အကိုက္အခဲ ေပ်ာက္ေစႏိုင္တဲ့ အစြမ္းသတၱိလည္း ရွိပါတယ္။ ပယင္းလည္ဆြဲကို ကေလးငယ္ေတြမွာ ဝတ္ဆင္ေပးထားမယ္ဆိုရင္ သြားေပါက္တဲ့အခါ ျဖစ္ေပၚခံစားရတဲ့နာက်င္မႈေတြကို ေလ်ာ့ပါးသက္သာေစမွာ ျဖစ္ပါတယ္။သြား နာတာက ေဝဒနာတစ္ခုမဟုတ္ပါဘူး။ ကုသမႈေတာ့ မလုပ္ေပးႏိုင္ပါဘူး။နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္စြမ္းေတာ့ရွိပါတယ္။

စိတ္ဖိစီးမႈေလ်ာ့ပါးေစ-
ယင္းေက်ာက္က ကိုယ္တြင္းက ဓာတ္ေတြကို ထိန္းညႇိၿပီး ခႏၶာကိုယ္တြင္းက negative energy ကိုမွ်တေစပါတယ္။ စိတ္ဖိစီးမႈကိုေလ်ာ့ပါးသက္သာေအာင္ အကူအညီေပးပါတယ္။ ပယင္းေက်ာက္ဆြဲႀကိဳးကိုဆြဲၿပီး အသက္ရႈိက္ၿပီး ရွဴေပးတဲ့ ဝင္သက္ထြက္သက္ မွတ္တဲ့ေလ့က်င့္ခန္းကိုလုပ္ေဆာင္ေပးမယ္ဆိုရင္ စိတ္ပူပန္မႈကို ေလ်ာ့ပါးသက္သာေစမွာျဖစ္ပါတယ္။

စိတ္ပူပန္မႈကို သက္သာေစ-
အထက္မွာေဖာ္ျပခဲ့သလို စိတ္ကိုလည္း ေျပေပ်ာက္မႈရရွိေစပါတယ္။ ကေလးေတြကို ပယင္းဆြဲႀကိဳး ဆြဲေပးထားမယ္ဆိုရင္ ပိုမိုစိတ္တည္ၿငိမ္ၿပီး ေပ်ာ္႐ႊင္မႈ ရရွိေစမွာ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈ ခံစားရသူေတြအေနနဲ႔လည္း ပယင္းဆြဲႀကိဳးဆြဲၿပီး ဝင္သက္ထြက္သက္ မွတ္ေပးမယ္ဆိုရင္ စိတ္တည္ၿငိမ္ေအးခ်မ္းမႈကို ရရွိေစႏိုင္မွာျဖစ္ပါတယ္။ အႏၲရာယ္ေတာ့ မရွိပါဘူး။ ပယင္းဆြဲႀကိဳး ဆြဲထားတဲ့အခါ ပယင္းေက်ာက္က ထုတ္လႊတ္ေနတဲ့ စိတ္ပူပန္မႈကို ေျပေပ်ာက္ေစတဲ့အစြမ္းသတၱိေတြက အေရျပားကေနတစ္ဆင့္ စိမ့္ဝင္သြားေစႏိုင္တာေၾကာင့္ အဝတ္ေတြေအာက္ဘက္မွာ ပယင္းဆြဲႀကိဳးကို အၿမဲဝတ္ေပးထားရင္ ပိုေကာင္းပါတယ္။

ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား-
ပယင္းမွာ succini အက္စစ္ ပါဝင္ေနပါတယ္။ အဆိုပါအက္စစ္က ဆြဲႀကိဳးရဲ႕ အဓိကက်တဲ့ ပါဝင္ပစၥည္းတစ္ခု ျဖစ္ပါတယ္။ က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳႏိုင္ပါတယ္။ ပယင္းမွာ အကိုက္အခဲေပ်ာက္ေစႏိုင္တဲ့ အာနိသင္ပါဝင္ေနသလို ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြလည္း ပါဝင္ေနပါတယ္။ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြက ခႏၶာကိုယ္ကို free redicals ေတြေၾကာင့္ ထိခိုက္မႈေတြကေန ကာကြယ္ေပးပါတယ္။ ပယင္းမွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္တယ္ဆိုတာေၾကာင့္ ပယင္းကို စားသုံးတာမ်ိဳးေတာ့မလုပ္ဖို႔ အႀကံျပဳပါရေစ။ ပယင္းက အဆင္တန္ဆာတစ္မ်ိဳးသာျဖစ္ၿပီး စားစရာမဟုတ္သလို အစာအိမ္ကလည္း ပယင္းကိုမေခ်ဖ်က္ႏိုင္ပါဘူး။ ပယင္းကိုမ်ိဳခ်တာက ေလႁပြန္မွာပိတ္ဆို႔တာမ်ိဳးေတြ ျဖစ္ေပၚခံစား ရႏိုင္ပါတယ္။

မေအးသီမြန္
Credit – Kumudra

(Unicode)
ပယင်းဆွဲကြိုးက အနာရောဂါတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်များစွာ ကာလတွေကတည်းက ဥရောပတစ်လွှားမှာ လူတော်တော်များများက ပယင်ကျောက် ကို ကျန်းမာရေးအတွက်အသုံးပြုခဲ့ကြတဲ့ အထောက်အထားတွေရှိပါတယ်။

ပယင်းကျောက်က အမှန်တကယ်တော့ ကျောက်တုံးမဟုတ်ပါဘူး။ အပင်အစေးကနေဖြစ်လာတဲ့ ဇီဝရုပ်ကြွင်းတစ်မျိုးပဲဖြစ်ပါတယ်။ ပယင်းကျောက်ထဲမှာဓာတ်အမျိုးမျိုးပါဝင်နေသလို အနာကျက်စေနိုင်တဲ့အစွမ်းသတ္တိတွေလည်း ပါဝင်နေပါတယ်။

ရောင်ရမ်းမှုကို လျော့ပါးစေ-
ပယင်းကျောက်မှာရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။ လည်ပင်း ဒါမှမဟုတ် ခေါင်းမှ နာကျင်မှု ဝေဒနာခံစားနေရသူတွေ အသုံးပြုနိုင်ပါတယ်။ ပယင်းက အဆစ်ရောင်နာရောဂါကြောင့် နာကျင်တာတွေကို သက်သာစေပါတယ်။ ဒူလာရှိတဲ့ အမျိုးသားတွေ ဝတ်ဆင်မယ်ဆိုရင် ဝေဒနာကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ ပယင်းကရောဂါတွေကို သက်သာအောင်သာ လုပ်ဆောင်ပေးနိုင်တာဖြစ်ပြီး ပျောက်ကင်းအောင် မကုသပေးနိုင်တာကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

သဘာဝအကိုက်အခဲပျောက်ဆေး-
ပယင်းက ရောင်ရမ်းမှုကို သက်သာစေနိုင်သလို အကိုက်အခဲ ပျောက်စေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ပယင်းလည်ဆွဲကို ကလေးငယ်တွေမှာ ဝတ်ဆင်ပေးထားမယ်ဆိုရင် သွားပေါက်တဲ့အခါ ဖြစ်ပေါ်ခံစားရတဲ့နာကျင်မှုတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။သွား နာတာက ဝေဒနာတစ်ခုမဟုတ်ပါဘူး။ ကုသမှုတော့ မလုပ်ပေးနိုင်ပါဘူး။နာကျင်ရောင်ရမ်းမှုကို လျော့ကျစေနိုင်စွမ်းတော့ရှိပါတယ်။

စိတ်ဖိစီးမှုလျော့ပါးစေ-
ယင်းကျောက်က ကိုယ်တွင်းက ဓာတ်တွေကို ထိန်းညှိပြီး ခန္ဓာကိုယ်တွင်းက negative energy ကိုမျှတစေပါတယ်။ စိတ်ဖိစီးမှုကိုလျော့ပါးသက်သာအောင် အကူအညီပေးပါတယ်။ ပယင်းကျောက်ဆွဲကြိုးကိုဆွဲပြီး အသက်ရှိုက်ပြီး ရှူပေးတဲ့ ဝင်သက်ထွက်သက် မှတ်တဲ့လေ့ကျင့်ခန်းကိုလုပ်ဆောင်ပေးမယ်ဆိုရင် စိတ်ပူပန်မှုကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

စိတ်ပူပန်မှုကို သက်သာစေ-
အထက်မှာဖော်ပြခဲ့သလို စိတ်ကိုလည်း ပြေပျောက်မှုရရှိစေပါတယ်။ ကလေးတွေကို ပယင်းဆွဲကြိုး ဆွဲပေးထားမယ်ဆိုရင် ပိုမိုစိတ်တည်ငြိမ်ပြီး ပျော်ရွှင်မှု ရရှိစေမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ခံစားရသူတွေအနေနဲ့လည်း ပယင်းဆွဲကြိုးဆွဲပြီး ဝင်သက်ထွက်သက် မှတ်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ အန္တရာယ်တော့ မရှိပါဘူး။ ပယင်းဆွဲကြိုး ဆွဲထားတဲ့အခါ ပယင်းကျောက်က ထုတ်လွှတ်နေတဲ့ စိတ်ပူပန်မှုကို ပြေပျောက်စေတဲ့အစွမ်းသတ္တိတွေက အရေပြားကနေတစ်ဆင့် စိမ့်ဝင်သွားစေနိုင်တာကြောင့် အဝတ်တွေအောက်ဘက်မှာ ပယင်းဆွဲကြိုးကို အမြဲဝတ်ပေးထားရင် ပိုကောင်းပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ-
ပယင်းမှာ succini အက်စစ် ပါဝင်နေပါတယ်။ အဆိုပါအက်စစ်က ဆွဲကြိုးရဲ့ အဓိကကျတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။ ပယင်းမှာ အကိုက်အခဲပျောက်စေနိုင်တဲ့ အာနိသင်ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ကို free redicals တွေကြောင့် ထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ ပယင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်ဆိုတာကြောင့် ပယင်းကို စားသုံးတာမျိုးတော့မလုပ်ဖို့ အကြံပြုပါရစေ။ ပယင်းက အဆင်တန်ဆာတစ်မျိုးသာဖြစ်ပြီး စားစရာမဟုတ်သလို အစာအိမ်ကလည်း ပယင်းကိုမချေဖျက်နိုင်ပါဘူး။ ပယင်းကိုမျိုချတာက လေပြွန်မှာပိတ်ဆို့တာမျိုးတွေ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။

မအေးသီမွန်
Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *