သတင္း

အမ်ိဳးသမီးမ်ား လွ်ိဳ႕ဝွက္ ကင္မရာရန္မွ ဘယ္လို ကာကြယ္မလဲ

(Zawgyi)
အမ်ိဳးသမီးမ်ား လွ်ိဳ႕ဝွက္ ကင္မရာရန္မွ ဘယ္လို ကာကြယ္မလဲ

အဝတ္လဲခန္းထဲမွာ hidden camera (လွ်ိဳ႕ဝွက္ ကင္မရာ) တပ္ဆင္ထား/မထား ဘယ္လိုသိႏိုင္မလဲ။ အဝတ္အထည္စတိုးဆိုင္ႀကီးေတြနဲ႔ ပလာဇာေတြရဲ႕ အဝတ္အစားလဲခန္း (အဝတ္အထည္အသစ္ေတြကို စမ္းသပ္ဝတ္ဆင္ၾကည့္တဲ့အခန္း) ေတြမွာ မသမာသူေတြက hidden camera (လွ်ိဳ႕ဝွက္ ကင္မရာ) ေတြ တပ္ဆင္ထားႏိုင္ပါတယ္။ ကင္မရာေတြဟာ ေသးငယ္လြန္းတာေၾကာင့္ ဘယ္နားမွာတပ္ဆင္ထားလဲဆိုတာ ေတာ္႐ုံတန္႐ုံ မသိႏိုင္ပါဘူး။ ဒီျပႆနာကို ေျဖရွင္းဖို႔ အလြယ္ကူဆုံး နည္းလမ္းကေတာ့ မိမိမွာပါလာတဲ့ mobile phone နဲ႔စမ္းသပ္တဲ့နည္းပါပဲ။

1. အဝတ္လဲခန္းထဲကိုမဝင္မီ မိမိဖုန္းကို ဖုန္းေခၚဆိုမႈ လုပ္လို႔ရမရ စစ္ေဆးထားပါ။

2. အဝတ္လဲခန္းထဲကိုေရာက္သြားတဲ့အခါ မိမိရဲ႕ mobile phone ကို ဖုန္းေခၚဆိုမႈ ျပဳလုပ္ၾကည့္ပါ။

3. ဖုန္းေခၚလို႔မရဘူးဆိုရင္ အဲဒီအဝတ္လဲခန္းထဲမွာ hidden camera ရွိေနဖို႔ မ်ားသြားပါၿပီ။ ဖုန္းေခၚမရတဲ့အေၾကာင္းအရင္းကေတာ့ hidden camera ရဲ႕ ဖိုင္ဘာေကဘယ္က mobile phone လိုင္းကို အေႏွာက္အယွက္ျဖစ္ေစလို႔ပါပဲ။

ႏွစ္ဘက္ျမင္မွန္ (two way mirror) နဲ႔ ႐ိုး႐ိုးေၾကးမုံမွန္ကို ဘယ္လိုခြဲျခားမလဲ ဟိုတယ္ေတြရဲ႕ သန႔္စင္ခန္းေတြ၊ စတိုးဆိုင္ႀကီးေတြက အဝတ္အစားလဲခန္းေတြ၊ ဟိုတယ္အိပ္ခန္းေတြ မွာတပ္ဆင္ထားတဲ့ မွန္ေတြဟာ တကယ့္ေၾကးမုံျပင္စစ္စစ္ေတြလား၊ ဒါမွမဟုတ္ ႏွစ္ဘက္ျမင္မွန္ (two way mirror) ေတြလားဆိုတာ သင္ သံသယဝင္ဖူးပါသလား။

Two way mirror ဆိုတာကေတာ့ သင့္ဘက္ကၾကည့္ရင္ ေၾကးမုံျပင္အေနနဲ႔ သင့္ပုံရိပ္ကို သင္ျပန္ျမင္ေနရေပမယ့္ အျခားတစ္ဘက္က ၾကည့္ရင္ သင္လုပ္သမွ်ကို တစ္ဘက္လူက အကုန္ျမင္ေနရမွာပါ။ ေဟာလိဝုဒ္ စုံေထာက္ကားေတြမွာ တရားခံကို စစ္ေမးတဲ့အခန္းထဲမွာ သုံးတဲ့မွန္မ်ိဳးေပါ့။ အေပၚယံၾကည့္႐ုံနဲ႔ေတာ့ ေၾကးမုံအစစ္လား၊ ႏွစ္ဘက္ျမင္မွန္လားဆိုတာ သိႏိုင္ဖို႔ အင္မတန္ခဲယဥ္းပါတယ္။ ဒါေပမယ့္ ႏွစ္ဘက္ျမင္မွန္ေတြကို သိႏိုင္တဲ့ လြယ္ကူ႐ိုးရွင္းေသာ စမ္းသပ္နည္းတစ္ခု ရွိပါတယ္။

1. သင့္ရဲ႕ လက္ေခ်ာင္းတစ္ေခ်ာင္းကို မွန္ရဲ႕ မ်က္ႏွာျပင္နဲ႔ ထိထားလိုက္ပါ။

2. သင့္ရဲ႕ လက္ေခ်ာင္းထိပ္က လက္သည္းခြံနဲ႔ မွန္ထဲမွာေပၚေနတဲ့ သင့္လက္ေခ်ာင္းလက္သည္းခြံၾကားမွာ အနည္းငယ္ကြာဟေနတယ္ဆိုရင္၊ ဒါဟာ သာမန္ ေၾကးမုံျပင္ပါ။

3. သင့္ရဲ႕လက္ေခ်ာင္းလက္သည္းခြံနဲ႔ မွန္ထဲမွာေပၚေနတဲ့ လက္ေခ်ာင္းလက္သည္းခြံ ႏွစ္ခုဟာ တိုက္႐ိုက္ထိစပ္ေနသလိုျဖစ္ေနတယ္၊ ၾကားထဲမွာ အကြာအေဝးမရွိဘူးဆိုရင္ေတာ့၊ ဒါဟာ ႏွစ္ဘက္ျမင္မွန္ (two way mirror) ပါပဲ။

ဒီလိုျဖစ္ရျခင္းရဲ႕အေၾကာင္းအရင္းကေတာ့ သာမန္ေၾကးမုံျပင္ေတြမွာ မွန္ရဲ႕ တစ္ဘက္မ်က္ႏွာျပင္ကို ျပဒါးသုတ္လိမ္းထားၿပီး မွန္ၾကည့္သူဘက္က မ်က္ႏွာျပင္မွာေတာ့ ျပဒါးသုတ္လိမ္းထားျခင္းမရွိပါဘူး။ ဒါ့ေၾကာင့္ သင့္လက္ေခ်ာင္းထိပ္နဲ႔ မွန္ထဲကပုံရိပ္ရဲ႕ လက္ေခ်ာင္းထိပ္ၾကားမွာ မွန္တစ္ခ်ပ္စာ ကြာျခားေနမွာျဖစ္ပါတယ္။ ႏွစ္ဘက္ျမင္မွန္မွာေတာ့ ျပဒါးကို မွန္ၾကည့္သူဘက္က မ်က္ႏွာျပင္မွာ သုတ္လိမ္းထားတာမို႔ သင့္လက္ေခ်ာင္းနဲ႔ မွန္ထဲကလက္ေခ်ာင္းၾကားမွာ ကြာဟမႈ မရွိေတာ့တာပါ။ ဒါ့ေၾကာင့္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္၊ မွန္ေရွ႕ေရာက္ရင္ မွန္မ်က္ႏွာျပင္ကို လက္သည္းထိပ္ေလးနဲ႔ ထိၾကည့္ဖို႔မေမ့ပါနဲ႔။

Credit : Myanmar Express

(Unicode)
အမျိုးသမီးများ လျှို့ဝှက် ကင်မရာရန်မှ ဘယ်လို ကာကွယ်မလဲ

အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထား/မထား ဘယ်လိုသိနိုင်မလဲ။ အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အဝတ်အစားလဲခန်း (အဝတ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံ မသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ hidden camera ရှိနေဖို့ များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလားဆိုတာ သင် သံသယဝင်ဖူးပါသလား။

Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှု မရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

Credit : Myanmar Express

Leave a Reply

Your email address will not be published. Required fields are marked *