သတင္း

ေရွးတုန္းက ျမန္မာၾကီးတို႕ရဲ႕ က်ီးမႏိုးပြဲဆိုတာ

(Zawgyi)
က်ီးမႏိုးပြဲနဲ႔ တန္ေဆာင္မုန္းလျပည့္ေက်ာ္တစ္ရက္ေန႔

တန္ေဆာင္မုန္း လျပည့္ေက်ာ္တစ္ရက္ေန႔ဟာ နကၡတ္စုံတဲ့ေန႔ျဖစ္တယ္ဆိုတာကိုေတာ့ စာဖတ္သူတို႔ သိႏွင့္ၿပီးသားျဖစ္ပါလိမ့္မယ္။ က်ီးမႏိုးပြဲဆိုတာကိုလည္း ၾကားဖူးေနက်ျဖစ္ပါလိမ့္မယ္။ က်ီးမႏိုးပြဲဆိုတာ ညဘက္မွာ ရပ္ကြက္ထဲရွိတာေတြ ပတ္ခိုးၿပီး ၾကက္ခိုး၊ သတ္ၿပီး ဘူးသီးနဲ႔ခ်က္စားၾကတဲ့ပြဲမ်ားလား? မဟုတ္ပါဘူး။ ေရွးကေတာ့ က်ီးမႏိုးပြဲဆိုတာ ကိုယ္စြမ္းကိုယ္စ၊ ေဆးမင္အစြမ္းကို စမ္းၾကတဲ့ပြဲျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ အေလ့အထတစ္ခုပါ။

တန္ေဆာင္မုန္း လျပည့္ေက်ာ္ (၁)ရက္ေန႔ဟာ နကၡတ္စုံၿပီး ၾကတၱိကာနကၡတ္နဲ႔ ယွဥ္တဲ့ေန႔ျဖစ္တဲ့အေလ်ာက္ ေဆးမင္ထိုးၿပီး သဒၶိတင္ဖို႔လိုတဲ့ ကာလသားေတြကို ဒီေန႔မွာ ေဆးမင္ ထပ္ဆင့္ထိုးႏွံၿပီး သိဒၶိအသစ္တင္ေပးၾကပါတယ္။ ဒါဟာ မင္ေၾကာင္ထိုးတဲ့ ဒုတိယေျမာက္တစ္ေခါက္ျဖစ္ၿပီး ဂဝံ၊ ေၾကာင္႐ုပ္၊ သူရႆတီနတ္သမီး႐ုပ္တို႔ကို ျဖည့္သြင္းထိုးႏွံပါတယ္။ (စာေရးသူ ေရးသားတာ အစီအစဥ္မက်ေသာေၾကာင့္ စာဖတ္သူတို႔ နားရႈပ္ေထြးခဲ့ပါက သည္းခံခြင့္လႊတ္ေပးၾကပါ။ ပထမတစ္ေခါက္ ထိုးသည့္အေၾကာင္းကို အလ်ဥ္းသင့္သလို တင္ေပးပါမည္။) ၾကတၱိကာနကၡတ္ဟာ အဟန႔္၊အေမွာင္စတာေတြအတါက္ အက်ိဳးေပးတယ္လို႔ ယုံၾကည္ၾကတာေၾကာင့္ ဒီလို အဟန႔္အေမွာင္နဲ႔ဆိုင္တဲ့ ေဆးအင္းေတြကို ဒီညမွာထိုးၾကပါတယ္။

ဒီလိုထိုးၿပီး႐ုံနဲ႔ ကာလသားတို႔တာဝန္မေက်ပါဘူး။ ထိုးခဲ့တဲ့ ေဆးမင္ေတြကို ဘယ္ေလာက္ေအာင္ျမင္ၿပီးစီးတယ္ဆိုတဲ့အေၾကာင္း လက္ေတြ႕စမ္းသပ္ရတဲ့ ထုံးတမ္းရွိပါတယ္။ ဒါေၾကာင့္ ေဆးမင္ဝိုင္းကေန ထြက္လာၿပီး ေမွာင္ရိပ္ခိုလို႔ သန္းေခါင္ဗိုလ္ လုပ္ၾကပါတယ္။ ဆိုလိုတာကေတာ့ ေမွာင္ရိပ္ခိုလို႔ ႐ြာပတ္ခိုးရပါတယ္။ ခိုးတယ္ဆိုေသာ္ျငား လြယ္ကူလွတာေတာ့မဟုတ္ပါဘူး။ လေရာင္ ထိန္ထိန္လင္းေနတဲ့အျပင္ကို လူအားလုံးကလည္း မအိပ္ဘဲေစာင့္ေနၾကတာပါ။ ဒါေပမဲ့ ေဆးမင္ဝိုင္းက ထလာတဲ့ ကာလသားတို႔အတြက္ေတာ့ ေဆးေအာင္ရင္ ေမွာင္ရိပ္ခိုလိုက္တာနဲ႔ ကိုယ္ေပ်ာက္တယ္လို႔ ယုံၾကည္ၾကပါတယ္။

ဒီလိုနဲ႔ ခိုးလို႔ရလာတဲ့ပစၥည္းေတြကို ႐ြာလယ္စည္းဝိုင္းထဲ စုပုံထည့္ထားရပါတယ္။ ခိုးေနတာကို မိသြားရင္ေတာ့ ဒီ ႐ြာလယ္မ႑ပ္မွာတင္ မေကာင္းတဲ့အက်င့္ဆိုးေတြကို ေဆးေၾကာပစ္မယ္လို႔ ဆိုၿပီး တစ္ကိုယ္လုံး႐ႊဲစိုေအာင္ ေရေလာင္းၿပီး ဆံပင္ေတြကို ညႇပ္လို႔ ကတုံးပါရိတ္ေပးလိုက္ၾကပါတယ္။ ၿပီးရင္ေတာ့ မ႑ပ္တိုင္မွာ ႀကိဳးနဲ႔ခ်ည္ေႏွာင္ထားပါတယ္။ ေရာင္နီလာရင္ေတာ့ အခိုးခံရတဲ့အိမ္ေတြက ကိုယ့္ပစၥည္းကို အခေၾကးေငြနဲ႔ ျပန္ၿပီးဝယ္ယူရပါတယ္။ ပုံထားတဲ့ အပုံက ျမင့္လြန္းလို႔ ကိုယ္ကိုယ္တိုင္ မျဖဳတ္ႏိုင္ရင္လည္း ျဖဳတ္ယူခေပးလို႔ ျဖဳတ္ခိုင္းရပါေသးတယ္။ ဒီလိုမွမဟုတ္ဘဲ ကိုယ္ကိုယ္တိုင္ တက္ျဖဳတ္လိုက္လို႔ အျခားပစၥည္းေတြ ျပဳတ္က်ပ်က္စီးခဲ့သည္ရွိေသာ္ ေလ်ာ္ရပါတယ္။ ဒီခိုးရာပါပစၥည္းေတြကို ေရာင္းလို႔ရတဲ့ေငြနဲ႔သကၤန္း ပရိကၡရာေတြကိုဝယ္ယူၿပီး ေခါင္းတုံးၿပီးျဖစ္ေနတဲ့ ခိုးသားေတြကို ရွင္ျပဳ၊ ရဟန္းခံျခင္းအမႈကို ျပဳပါတယ္။ က်ီးမႏိုးခင္အခ်ိန္မွာ ဒါေတြအားလုံးကို အၿပီးအစီး လုပ္ေဆာင္ၾကတဲ့ပြဲမို႔ ဒီပြဲကို က်ီးမႏိုးပြဲလို႔ေခၚပါတယ္။

ေရွးက ခ်စ္စရာဓေလ့တစ္ခုျဖစ္ေပမယ့္ ခုခ်ိန္မွာေတာ့ က်ီးမႏိုးပြဲကို အခြင့္ေကာင္းယူလို႔ ပစၥည္းေတြခိုးသြားၾကၿပီး ျပန္မေပးတာမ်ိဳးေတြ၊ သူမ်ားအိမ္က ၾကက္ကိုခိုးလို႔ သတ္ၿပီးခ်က္စားတာမ်ိဳးေတြဟာ အခ်ိဳ႕ေသာ နယ္ေတြမွာ ရွိေနဆဲပါ။ ႐ိုးရာဓေလ့ကို ထိန္းသိမ္းတယ္ဆိုေသာ္လည္း လြဲမွားေနတာမို႔ ခိုးခံရတဲ့ ပိုင္ရွင္ေတြလည္း ဒုကၡေရာက္ၾကတာမ်ိဳးေတြ ရွိပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဓေလ့ကို ခ်စ္စရာေကာင္းေအာင္ ထိန္းသိမ္းၾကရင္း ျမန္မာတို႔ရဲ႕ ယဥ္ေက်းမႈထုံးတမ္းေတြ မကြယ္ေပ်ာက္သြားေစဖို႔။

Angelic Demon (႐ိုးရာေလး)
Credit – ႐ိုးရာေလး

(Unicode)
ကျီးမနိုးပွဲနဲ့ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့

တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်နေ့ဟာ နက္ခတ်စုံတဲ့နေ့ဖြစ်တယ်ဆိုတာကိုတော့ စာဖတ်သူတို့ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ ကျီးမနိုးပွဲဆိုတာကိုလည်း ကြားဖူးနေကျဖြစ်ပါလိမ့်မယ်။ ကျီးမနိုးပွဲဆိုတာ ညဘက်မှာ ရပ်ကွက်ထဲရှိတာတွေ ပတ်ခိုးပြီး ကြက်ခိုး၊ သတ်ပြီး ဘူးသီးနဲ့ချက်စားကြတဲ့ပွဲများလား? မဟုတ်ပါဘူး။ ရှေးကတော့ ကျီးမနိုးပွဲဆိုတာ ကိုယ်စွမ်းကိုယ်စ၊ ဆေးမင်အစွမ်းကို စမ်းကြတဲ့ပွဲဖြစ်ပြီး ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုပါ။

တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့ဟာ နက္ခတ်စုံပြီး ကြတ္တိကာနက္ခတ်နဲ့ ယှဉ်တဲ့နေ့ဖြစ်တဲ့အလျောက် ဆေးမင်ထိုးပြီး သဒ္ဓိတင်ဖို့လိုတဲ့ ကာလသားတွေကို ဒီနေ့မှာ ဆေးမင် ထပ်ဆင့်ထိုးနှံပြီး သိဒ္ဓိအသစ်တင်ပေးကြပါတယ်။ ဒါဟာ မင်ကြောင်ထိုးတဲ့ ဒုတိယမြောက်တစ်ခေါက်ဖြစ်ပြီး ဂဝံ၊ ကြောင်ရုပ်၊ သူရဿတီနတ်သမီးရုပ်တို့ကို ဖြည့်သွင်းထိုးနှံပါတယ်။ (စာရေးသူ ရေးသားတာ အစီအစဉ်မကျသောကြောင့် စာဖတ်သူတို့ နားရှုပ်ထွေးခဲ့ပါက သည်းခံခွင့်လွှတ်ပေးကြပါ။ ပထမတစ်ခေါက် ထိုးသည့်အကြောင်းကို အလျဉ်းသင့်သလို တင်ပေးပါမည်။) ကြတ္တိကာနက္ခတ်ဟာ အဟန့်၊အမှောင်စတာတွေအတါက် အကျိုးပေးတယ်လို့ ယုံကြည်ကြတာကြောင့် ဒီလို အဟန့်အမှောင်နဲ့ဆိုင်တဲ့ ဆေးအင်းတွေကို ဒီညမှာထိုးကြပါတယ်။

ဒီလိုထိုးပြီးရုံနဲ့ ကာလသားတို့တာဝန်မကျေပါဘူး။ ထိုးခဲ့တဲ့ ဆေးမင်တွေကို ဘယ်လောက်အောင်မြင်ပြီးစီးတယ်ဆိုတဲ့အကြောင်း လက်တွေ့စမ်းသပ်ရတဲ့ ထုံးတမ်းရှိပါတယ်။ ဒါကြောင့် ဆေးမင်ဝိုင်းကနေ ထွက်လာပြီး မှောင်ရိပ်ခိုလို့ သန်းခေါင်ဗိုလ် လုပ်ကြပါတယ်။ ဆိုလိုတာကတော့ မှောင်ရိပ်ခိုလို့ ရွာပတ်ခိုးရပါတယ်။ ခိုးတယ်ဆိုသော်ငြား လွယ်ကူလှတာတော့မဟုတ်ပါဘူး။ လရောင် ထိန်ထိန်လင်းနေတဲ့အပြင်ကို လူအားလုံးကလည်း မအိပ်ဘဲစောင့်နေကြတာပါ။ ဒါပေမဲ့ ဆေးမင်ဝိုင်းက ထလာတဲ့ ကာလသားတို့အတွက်တော့ ဆေးအောင်ရင် မှောင်ရိပ်ခိုလိုက်တာနဲ့ ကိုယ်ပျောက်တယ်လို့ ယုံကြည်ကြပါတယ်။

ဒီလိုနဲ့ ခိုးလို့ရလာတဲ့ပစ္စည်းတွေကို ရွာလယ်စည်းဝိုင်းထဲ စုပုံထည့်ထားရပါတယ်။ ခိုးနေတာကို မိသွားရင်တော့ ဒီ ရွာလယ်မဏ္ဍပ်မှာတင် မကောင်းတဲ့အကျင့်ဆိုးတွေကို ဆေးကြောပစ်မယ်လို့ ဆိုပြီး တစ်ကိုယ်လုံးရွှဲစိုအောင် ရေလောင်းပြီး ဆံပင်တွေကို ညှပ်လို့ ကတုံးပါရိတ်ပေးလိုက်ကြပါတယ်။ ပြီးရင်တော့ မဏ္ဍပ်တိုင်မှာ ကြိုးနဲ့ချည်နှောင်ထားပါတယ်။ ရောင်နီလာရင်တော့ အခိုးခံရတဲ့အိမ်တွေက ကိုယ့်ပစ္စည်းကို အခကြေးငွေနဲ့ ပြန်ပြီးဝယ်ယူရပါတယ်။ ပုံထားတဲ့ အပုံက မြင့်လွန်းလို့ ကိုယ်ကိုယ်တိုင် မဖြုတ်နိုင်ရင်လည်း ဖြုတ်ယူခပေးလို့ ဖြုတ်ခိုင်းရပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် တက်ဖြုတ်လိုက်လို့ အခြားပစ္စည်းတွေ ပြုတ်ကျပျက်စီးခဲ့သည်ရှိသော် လျော်ရပါတယ်။ ဒီခိုးရာပါပစ္စည်းတွေကို ရောင်းလို့ရတဲ့ငွေနဲ့သင်္ကန်း ပရိက္ခရာတွေကိုဝယ်ယူပြီး ခေါင်းတုံးပြီးဖြစ်နေတဲ့ ခိုးသားတွေကို ရှင်ပြု၊ ရဟန်းခံခြင်းအမှုကို ပြုပါတယ်။ ကျီးမနိုးခင်အချိန်မှာ ဒါတွေအားလုံးကို အပြီးအစီး လုပ်ဆောင်ကြတဲ့ပွဲမို့ ဒီပွဲကို ကျီးမနိုးပွဲလို့ခေါ်ပါတယ်။

ရှေးက ချစ်စရာဓလေ့တစ်ခုဖြစ်ပေမယ့် ခုချိန်မှာတော့ ကျီးမနိုးပွဲကို အခွင့်ကောင်းယူလို့ ပစ္စည်းတွေခိုးသွားကြပြီး ပြန်မပေးတာမျိုးတွေ၊ သူများအိမ်က ကြက်ကိုခိုးလို့ သတ်ပြီးချက်စားတာမျိုးတွေဟာ အချို့သော နယ်တွေမှာ ရှိနေဆဲပါ။ ရိုးရာဓလေ့ကို ထိန်းသိမ်းတယ်ဆိုသော်လည်း လွဲမှားနေတာမို့ ခိုးခံရတဲ့ ပိုင်ရှင်တွေလည်း ဒုက္ခရောက်ကြတာမျိုးတွေ ရှိပါတယ်။ ချစ်စရာကောင်းတဲ့ ဓလေ့ကို ချစ်စရာကောင်းအောင် ထိန်းသိမ်းကြရင်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းတွေ မကွယ်ပျောက်သွားစေဖို့။

Angelic Demon (ရိုးရာလေး)
Credit – ရိုးရာလေး

Leave a Reply

Your email address will not be published. Required fields are marked *