ေမာင္းမကန္ ကမ္းေျခက ဝမ္းနည္းစရာ ေကာင္းတဲ့ ျမင္ကြင္း တစ္ခု ( အျမန္တားျမစ္သင့္ပါတယ္ )

ေမာင္းမကန္ ကမ္းေျခက ဝမ္းနည္းစရာ ေကာင္းတဲ့ ျမင္ကြင္း တစ္ခု ( အျမန္တားျမစ္သင့္ပါတယ္ )

(Zawgyi)

ေမာင္းမကန္ ကမ္းေျခက ဝမ္းနည္းစရာ ေကာင္းတဲ့ ျမင္ကြင္း တစ္ခု ( အျမန္တားျမစ္သင့္ပါတယ္ )

အင္မတန္ဝမ္းနည္းစရာေကာင္းတဲ့ျမင္ကြင္းပါ။ သူ႔ဖာသာ သဘာဝအေလွ်ာက္ ေႂကြက်တဲ့ သႏၲာေက်ာက္ခက္ ေက်ာက္ပြင့္ေတြမဟုတ္ပဲ လူေတြက တကူးတက တူးဆြခ်ိဳးဖဲ့လာၿပီး ေရာင္းစားေနတာ သိလိုက္ရေတာ့ ပိုၿပီးဝမ္းနည္းရပါတယ္။

ဒီလိုဆိုင္မ်ိဳးမွာ ဒီလိုပစၥည္းမ်ိဳးေတြကို ေတြ႕ရင္ အားမေပးၾကပါနဲ႔လို႔ တိုက္တြန္းပါရေစ။ ခုပုံက ေမာင္းမကန္ကမ္းေျခမွာ ေရာင္းေနတဲ့ပုံေတြပါ။ ဘယ္လိုရသလဲလို႔ ဆိုင္ရွင္အမ်ိဳးသမီးကို ေမးၾကည့္ေတာ့ ပင္လယ္ထဲ ကြၽန္းေတြအနားက တူးလာ တာလို႔ေျပာတယ္။ တစ္ခုကို ဘယ္ေလာက္လဲလို႔ေမးေတာ့ လွရင္လွသလို တခုကို ၃၅၀၀ ကေန ေလးငါးေျခာက္ေထာင္ ေလာက္ရတယ္လို႔ ေျပာတယ္။ ခ႐ုခြံေတြပါေရာင္းတယ္။ ခ႐ုေတြက ထားပါေတာ့။ သူက မ်ိဳးပြားႏႈန္းမ်ားတယ္ ျမန္တယ္။

ေျပာခ်င္တာက ဒီသႏၲာေက်ာက္ပြင့္ေက်ာက္ခက္ ေက်ာက္မႈိေတြပါ။ ယုခုပုံမွာျမင္ေတြ႕ေနရတဲ့ အ႐ြယ္ေရာက္ဖို႔ ႏွစ္ေပါင္း ရာေထာင္ခ်ီၾကာမွ ျဖစ္တာ။ ေျမျပင္ေပၚက သစ္ပင္ႀကီးတစ္ပင္ သစ္ေတာႀကီးတစ္ခုျဖစ္ဖို႔ အႏွစ္းငါးဆယ္ေလာက္ ထိမ္းသိမ္း လိုက္ရင္ရၿပီး ေရေအာက္မွာ ပ်က္စီးသြားၿပီးဆိုရင္ ျပန္လည္ျဖစ္ထြန္းဖို႔က မလြယ္ဘူး။ အဲ့ဒီေက်ာက္ပြင့္ေက်ာက္ခက္ေတြဟာ ပင္လယ္ေရသတၱဝါေတြရဲ႕ နားခိုရာ၊ အႏၲရာယ္ ေရွာင္တိန္းရာ၊ မ်ိဳးပြားရာ၊ သူတိုဆီမွာ ကပ္ၿငိေပါက္ေရာက္ေနတဲ့ ေရညႇိေတြကို စားသုံး အသက္ဆက္ေနတဲ့ ေရညႇိစားငါးငယ္၊ လိပ္ငယ္ကေလေတြရဲ႕ ထမင္းအိုးႀကီးပါ။ ဒီသက္ရွိ ေက်ာက္ေတြသာ ပ်က္စီးေပ်ာက္ဆုံးသြားမယ္ဆိုရင္ ေရေနသတၱဝါေတြ အစာကြင္းဆက္ ပ်က္ၿပီ။ ဒီေဒသကို မွီခိုေနတဲ့ ငါးမ်ိဳးေတြ ေပ်ာက္ကြယ္ၿပီသာမွတ္။ ပင္လယ္ထဲ ငါးရွားလာရင္ ပင္လယ္ကို အမွီျပဳၿပီး လုပ္ကိုင္စားေသာက္ ေနတဲ့ သူေတြရဲ႕ စာဝတ္ေနေရးပါ ထိခိုက္လာႏိုင္တာတယ္ဆိုတာ က်ယ္က်ယ္ျပန႔္ျပန႔္ သိထားသင့္တာေပါ့။

နဂိုကတည္းကမွ ဒ႐ြတ္ဆြဲေလွ (ဝါလက္)ေတြရဲ႕ဒါဏ္၊ ခ႐ုဆြဲေလွ (ရွပ္ေလွ)ေတြရဲ႕ဒါဏ္၊ တခ်ိန္က ဗုံးေတြခြဲၿပီး ငါးခိုးဖမ္းလို႔ ဗုံးခြဲေလွေတြရဲ႕ ဒါဏ္ကို ခံခဲ့ရတဲ့ ျမန္မာ့ပင္လယ္ျပင္ႀကီးဟာ ခုလည္း တ႐ုတ္ေဈးကြက္ရဲ႕ေတာင္းဆိုမႈေၾကာင့္ က်ားလက္သဲ (ေခၚ) က်ားလက္ဝါး လို႔ေခၚတဲ့ ခ႐ုကမာတမ်ိဳးကို တူးဆြရင္း ဆက္စပ္ သႏၲာေက်ာက္တန္းက ေက်ာက္ပြင့္ ေက်ာက္ခက္ေတြကိုပါ ေဈးကြက္အေပၚ တင္လာတာျမင္ရေတာ့ မ်ားမၾကာမွီကာလ ဒီေဒသမွာ ငါးေတြ ရွားလာေတာ့မွာပါ။

အမွန္ေတာ့ အဲ့ဒီက်ာက္ပြင့္ ေက်ာက္ခက္၊ ေက်ာက္ပန္း၊ ေက်ာက္မႈိေတြဟာ မတို႔မထိ သဘာဝအတိုင္း ထားၿပီး ျပစားလို႔ရတဲ့ ရတနာေတြပါ။ ပင္လယ္ေရေအာက္ကို ေလ့လာတဲ့ ပင္လယ္ေရေအာက္အလွအပေတြကို ခံစားတက္တဲ့ ကမာၻလွည့္ ခရီးသည္ေတြက ဒီသႏၲာေက်ာက္တန္းေတြရဲ႕ အလွအပကို ခံစားၾကတာပါ။ ဒါကိုဒီေဒသခံေတြကပဲ ဘယ္ေလာက္မွ မမ်ားတဲ့ တန္ဘိုးနဲ႔ ေရာင္းစားေနတာ ျမင္ရေတာ့ စိတ္မေကာင္း ျဖစ္မိတာအမွန္ပဲ။ သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔လည္း အခ်ိန္မွီတားဆီးၿပီး ပင္လယ္ေရေအာက္ၾကမ္းျပင္ႀကီးကို ထိန္းသိမ္းသင့္ပါတယ္ ခင္ဗ်ာ။

Credit – Myint Htay

Via – Daily Hot News

(Unicode)

မောင်းမကန် ကမ်းခြေက ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်း တစ်ခု ( အမြန်တားမြစ်သင့်ပါတယ် )

အင်မတန်ဝမ်းနည်းစရာကောင်းတဲ့မြင်ကွင်းပါ။ သူ့ဖာသာ သဘာဝအလျှောက် ကြွေကျတဲ့ သန္တာကျောက်ခက် ကျောက်ပွင့်တွေမဟုတ်ပဲ လူတွေက တကူးတက တူးဆွချိုးဖဲ့လာပြီး ရောင်းစားနေတာ သိလိုက်ရတော့ ပိုပြီးဝမ်းနည်းရပါတယ်။

ဒီလိုဆိုင်မျိုးမှာ ဒီလိုပစ္စည်းမျိုးတွေကို တွေ့ရင် အားမပေးကြပါနဲ့လို့ တိုက်တွန်းပါရစေ။ ခုပုံက မောင်းမကန်ကမ်းခြေမှာ ရောင်းနေတဲ့ပုံတွေပါ။ ဘယ်လိုရသလဲလို့ ဆိုင်ရှင်အမျိုးသမီးကို မေးကြည့်တော့ ပင်လယ်ထဲ ကျွန်းတွေအနားက တူးလာ တာလို့ပြောတယ်။ တစ်ခုကို ဘယ်လောက်လဲလို့မေးတော့ လှရင်လှသလို တခုကို ၃၅၀၀ ကနေ လေးငါးခြောက်ထောင် လောက်ရတယ်လို့ ပြောတယ်။ ခရုခွံတွေပါရောင်းတယ်။ ခရုတွေက ထားပါတော့။ သူက မျိုးပွားနှုန်းများတယ် မြန်တယ်။

ပြောချင်တာက ဒီသန္တာကျောက်ပွင့်ကျောက်ခက် ကျောက်မှိုတွေပါ။ ယုခုပုံမှာမြင်တွေ့နေရတဲ့ အရွယ်ရောက်ဖို့ နှစ်ပေါင်း ရာထောင်ချီကြာမှ ဖြစ်တာ။ မြေပြင်ပေါ်က သစ်ပင်ကြီးတစ်ပင် သစ်တောကြီးတစ်ခုဖြစ်ဖို့ အနှစ်းငါးဆယ်လောက် ထိမ်းသိမ်း လိုက်ရင်ရပြီး ရေအောက်မှာ ပျက်စီးသွားပြီးဆိုရင် ပြန်လည်ဖြစ်ထွန်းဖို့က မလွယ်ဘူး။ အဲ့ဒီကျောက်ပွင့်ကျောက်ခက်တွေဟာ ပင်လယ်ရေသတ္တဝါတွေရဲ့ နားခိုရာ၊ အန္တရာယ် ရှောင်တိန်းရာ၊ မျိုးပွားရာ၊ သူတိုဆီမှာ ကပ်ငြိပေါက်ရောက်နေတဲ့ ရေညှိတွေကို စားသုံး အသက်ဆက်နေတဲ့ ရေညှိစားငါးငယ်၊ လိပ်ငယ်ကလေတွေရဲ့ ထမင်းအိုးကြီးပါ။ ဒီသက်ရှိ ကျောက်တွေသာ ပျက်စီးပျောက်ဆုံးသွားမယ်ဆိုရင် ရေနေသတ္တဝါတွေ အစာကွင်းဆက် ပျက်ပြီ။ ဒီဒေသကို မှီခိုနေတဲ့ ငါးမျိုးတွေ ပျောက်ကွယ်ပြီသာမှတ်။ ပင်လယ်ထဲ ငါးရှားလာရင် ပင်လယ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက် နေတဲ့ သူတွေရဲ့ စာဝတ်နေရေးပါ ထိခိုက်လာနိုင်တာတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိထားသင့်တာပေါ့။

နဂိုကတည်းကမှ ဒရွတ်ဆွဲလှေ (ဝါလက်)တွေရဲ့ဒါဏ်၊ ခရုဆွဲလှေ (ရှပ်လှေ)တွေရဲ့ဒါဏ်၊ တချိန်က ဗုံးတွေခွဲပြီး ငါးခိုးဖမ်းလို့ ဗုံးခွဲလှေတွေရဲ့ ဒါဏ်ကို ခံခဲ့ရတဲ့ မြန်မာ့ပင်လယ်ပြင်ကြီးဟာ ခုလည်း တရုတ်ဈေးကွက်ရဲ့တောင်းဆိုမှုကြောင့် ကျားလက်သဲ (ခေါ်) ကျားလက်ဝါး လို့ခေါ်တဲ့ ခရုကမာတမျိုးကို တူးဆွရင်း ဆက်စပ် သန္တာကျောက်တန်းက ကျောက်ပွင့် ကျောက်ခက်တွေကိုပါ ဈေးကွက်အပေါ် တင်လာတာမြင်ရတော့ များမကြာမှီကာလ ဒီဒေသမှာ ငါးတွေ ရှားလာတော့မှာပါ။

အမှန်တော့ အဲ့ဒီကျာက်ပွင့် ကျောက်ခက်၊ ကျောက်ပန်း၊ ကျောက်မှိုတွေဟာ မတို့မထိ သဘာဝအတိုင်း ထားပြီး ပြစားလို့ရတဲ့ ရတနာတွေပါ။ ပင်လယ်ရေအောက်ကို လေ့လာတဲ့ ပင်လယ်ရေအောက်အလှအပတွေကို ခံစားတက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေက ဒီသန္တာကျောက်တန်းတွေရဲ့ အလှအပကို ခံစားကြတာပါ။ ဒါကိုဒီဒေသခံတွေကပဲ ဘယ်လောက်မှ မများတဲ့ တန်ဘိုးနဲ့ ရောင်းစားနေတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိတာအမှန်ပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း အချိန်မှီတားဆီးပြီး ပင်လယ်ရေအောက်ကြမ်းပြင်ကြီးကို ထိန်းသိမ်းသင့်ပါတယ် ခင်ဗျာ။

Credit – Myint Htay

Via – Daily Hot News

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top