အသုဘပို႔တဲ့ေန႔မွာ ဘာေၾကာင့္အိုးခြဲတာလဲ?

အသုဘပို႔တဲ့ေန႔မွာ ဘာေၾကာင့္အိုးခြဲတာလဲ?

(Zawgyi)

အသုဘပို႔တဲ့ေန႔မွာ ဘာေၾကာင့္အိုးခြဲတာလဲ…?

ကာသီတိုင္း၊ အႆက ဘုရင္မွာ အင္မတန္လွပတဲ့ ဥပရီအမည္ရွိတဲ့ မိဖုရားႀကီးရွိတယ္၊ မိဖုရားဟာ အလွအပနဲ႔ပဲအခ်ိန္ကုန္ေလ့ရွိၿပီး၊ ဥယာဥ္ေတာ္ထဲ လွည့္လည္စဥ္ အမွတ္မထင္ ဆုံးပါးသြားခဲ့တယ္။ ဘုရင္ႀကီး ေျဖမဆည္ႏိုင္တာေၾကာင့္ မိဖုရားကိုမျမဳပ္ပဲ ေဆးစိမ္ၿပီး က်က်နန သိမ္းထားခဲ့တယ္။

ထမင္းခ်ိန္ ထမင္းေဘးနားထားေပးၿပီး၊ ေရဆာရင္ ေသာက္ဖို႔ ေရအိုးတစ္လုံးပါ အနားမွာ ထားေစတယ္။ ဘုရင္ဟာ တိုင္းေရးျပည္ရာေတြမွာ စိတ္မဝင္စားေတာ့ပဲ မိဖုရားႀကီး ႐ုပ္အေလာင္းနားသာ ေရာက္ေရာက္လာၿပီး အလြမ္းေျဖေနေလ့ရွိတယ္။ ဘုရားေလာင္းရေသ့က ဘုရင့္ဥယာဥ္ေတာ္မွာ လာသီတင္းသုံးၿပီး၊ ဥပရီမိဖုရားႀကီးနဲ႔ေတြ႕ခ်င္ရင္ ငါ့ဆီလာခဲ့ဖို႔မင္းတို႔ဘုရင္ကို သြားေလ်ာက္ေခ်လို႔ ဥယာဥ္မႈးကို ခိုင္းပါတယ္။

ဘုရင္ေရာက္တယ္ဆိုရင္ပဲ ဥပရီမိဖုရားကို ဖိတ္ပါတယ္၊ မၾကာပါဘူး ေခ်းပိုးထိုးႏွစ္ေကာင္ထြက္လာတယ္။ ေရွ႕ကထြက္လာတာ ဥပရီမိဖုရားႀကီးဆိုတာကို ဘုရင္လက္မခံႏိုင္ပါဘူး။ ရေသ့ႀကီးက မာဂတ စကားနားလည္ေအာင္ လုပ္ေပးၿပီး အေမးအေျဖ လုပ္ပါတယ္။

*ကြၽန္မဟာ အရင္ဘဝက ဥပရီမိဘုရားႀကီးပါ အလွအပနဲ႔အခ်ိန္ေတြကုန္ၿပီး ကုသိုလ္မျပဳခဲ့တာေၾကာင့္ ဒီဘဝမွာ ခ်ီးပိုးထိုးျဖစ္ရတာပါဘုရား *ေနာက္ကပါလာတာ ဘယ္သူတုန္း *တပည့္ေတာ္မရဲ႕ ယၡဳဘဝလင္ပါဘုရား *အတိတ္ဘဝက အႆကဘုရင္နဲ႔ ဒီဘဝလင္ ဘယ္သူ႔ပိုခ်စ္လဲ *အတိတ္မွာ မည္သို႔ပင္ေကာင္းစားေစခဲ့ကာမူ ပစၥဳပၸန္ခ်မ္းသာကို မမွီပါဘူးဘုရား၊ ယၡဳဘဝလင္ကို ဘယ္ေလာက္ခ်စ္သလဲဆိုရင္ အတိတ္ဘဝလင္ အႆကဘုရင္ရဲ႕ လည္ေခ်ာင္းေသြးနဲ႔ေျခေဆးေပးခ်င္ပါတယ္။

ဒီေလာက္နဲ႔တင္ အႆကဘုရင္ဟာ မိဖုရားထားတဲ့ ေနရာကို ျပန္ေျပးၿပီး အေလာင္းကို ေျမျမဳပ္၊ အေလာင္းထားတဲ့ေနရာ ေရေဆးခ်၊ ေရအိုးကို သူကိုယ္တိုင္မ တံစက္ၿမိတ္ကို ထြက္ၿပီး၊ ဒီေန႔ကစလို႔ မင္းနဲ႔ငါ ျပတ္ၿပီေဟ့လို႔ ေႂကြးေၾကာ္ၿပီး ေပါက္ခြဲျပစ္လိုက္တယ္။ အေလာင္းထားတဲ့ ေနရာမွာရွိတဲ့ ၾကမ္း ၇ ေခ်ာင္းကိုလဲ ခြာေစတယ္။ ေရအိုးခြဲတဲ့ ဓေလ့ကို ယၡဳတိုင္က်င့္သုံးေနၾကေပမဲ့ ၾကမ္းခြာတဲ့ ဓေလ့ေတာ့ ေပ်ာက္သြားၿပီ သစ္ေဈးႀကီးလို႔။

ေနာက္ပိုင္း အိုးခြဲတဲ့ အဓိပၸယ္က ေသသူကို အစြဲကင္းကင္းနဲ႔ သြားလိုရာ သြားႏိုင္ေစရန္ျဖစ္ပါတယ္။ ငါတို႔ နဲ႔မင္း ပ်က္ၿပီ။ သြားလိုရာ သြားႏိုင္ၿပီဆိုတဲ့ သေဘာေပါ့။ ဒီေခတ္လြဲမွားစြာက်င့္သုံးေနတာက မင္းနဲ႔ငါ ကိစၥျပတ္ၿပီ ဆိုၿပီးေရအိုးခြဲတယ္။ ၿပီးေတာ့ ဝိညာဥ္ျပန္ေခၚတဲ့အေနနဲ႔ ပန္းတစ္ပြင့္ ျပန္ယူလာတယ္။ ေသသူကို မ်က္စိလယ္ေအာင္လုပ္တဲ့ အျဖစ္ပါ။ ခုနကပဲ ငါ့ကိုျပတ္ၿပီဆိုၿပီးအိုးခြဲတယ္။ ခုအိမ္ျပန္လိုက္ခဲ့ဖို႔ ျပန္ေခၚတယ္။ စိတ္ႀကီးတဲ့သူဆိုရင္ ျပန္လိုက္မွာ မဟုတ္ဘူး။

ဗဟုသုတ အေနျဖင့္သာ..တင္ျပျခင္းျဖစ္ပါသည္။

Source : H.H

Credit – သီဟ

(Unicode)

အသုဘပို့တဲ့နေ့မှာ ဘာကြောင့်အိုးခွဲတာလဲ…?

ကာသီတိုင်း၊ အဿက ဘုရင်မှာ အင်မတန်လှပတဲ့ ဥပရီအမည်ရှိတဲ့ မိဖုရားကြီးရှိတယ်၊ မိဖုရားဟာ အလှအပနဲ့ပဲအချိန်ကုန်လေ့ရှိပြီး၊ ဥယာဉ်တော်ထဲ လှည့်လည်စဉ် အမှတ်မထင် ဆုံးပါးသွားခဲ့တယ်။ ဘုရင်ကြီး ဖြေမဆည်နိုင်တာကြောင့် မိဖုရားကိုမမြုပ်ပဲ ဆေးစိမ်ပြီး ကျကျနန သိမ်းထားခဲ့တယ်။

ထမင်းချိန် ထမင်းဘေးနားထားပေးပြီး၊ ရေဆာရင် သောက်ဖို့ ရေအိုးတစ်လုံးပါ အနားမှာ ထားစေတယ်။ ဘုရင်ဟာ တိုင်းရေးပြည်ရာတွေမှာ စိတ်မဝင်စားတော့ပဲ မိဖုရားကြီး ရုပ်အလောင်းနားသာ ရောက်ရောက်လာပြီး အလွမ်းဖြေနေလေ့ရှိတယ်။ ဘုရားလောင်းရသေ့က ဘုရင့်ဥယာဉ်တော်မှာ လာသီတင်းသုံးပြီး၊ ဥပရီမိဖုရားကြီးနဲ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ဖို့မင်းတို့ဘုရင်ကို သွားလျောက်ချေလို့ ဥယာဉ်မှုးကို ခိုင်းပါတယ်။

ဘုရင်ရောက်တယ်ဆိုရင်ပဲ ဥပရီမိဖုရားကို ဖိတ်ပါတယ်၊ မကြာပါဘူး ချေးပိုးထိုးနှစ်ကောင်ထွက်လာတယ်။ ရှေ့ကထွက်လာတာ ဥပရီမိဖုရားကြီးဆိုတာကို ဘုရင်လက်မခံနိုင်ပါဘူး။ ရသေ့ကြီးက မာဂတ စကားနားလည်အောင် လုပ်ပေးပြီး အမေးအဖြေ လုပ်ပါတယ်။

*ကျွန်မဟာ အရင်ဘဝက ဥပရီမိဘုရားကြီးပါ အလှအပနဲ့အချိန်တွေကုန်ပြီး ကုသိုလ်မပြုခဲ့တာကြောင့် ဒီဘဝမှာ ချီးပိုးထိုးဖြစ်ရတာပါဘုရား *နောက်ကပါလာတာ ဘယ်သူတုန်း *တပည့်တော်မရဲ့ ယ္ခုဘဝလင်ပါဘုရား *အတိတ်ဘဝက အဿကဘုရင်နဲ့ ဒီဘဝလင် ဘယ်သူ့ပိုချစ်လဲ *အတိတ်မှာ မည်သို့ပင်ကောင်းစားစေခဲ့ကာမူ ပစ္စုပ္ပန်ချမ်းသာကိုမမှီပါဘူးဘုရား၊ ယ္ခုဘဝလင်ကို ဘယ်လောက်ချစ်သလဲဆိုရင် အတိတ်ဘဝလင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ခြေဆေးပေးချင်ပါတယ်။

ဒီလောက်နဲ့တင် အဿကဘုရင်ဟာ မိဖုရားထားတဲ့ နေရာကို ပြန်ပြေးပြီး အလောင်းကို မြေမြုပ်၊ အလောင်းထားတဲ့နေရာ ရေဆေးချ၊ ရေအိုးကို သူကိုယ်တိုင်မ တံစက်မြိတ်ကို ထွက်ပြီး၊ ဒီနေ့ကစလို့ မင်းနဲ့ငါ ပြတ်ပြီဟေ့လို့ ကြွေးကြော်ပြီး ပေါက်ခွဲပြစ်လိုက်တယ်။ အလောင်းထားတဲ့ နေရာမှာရှိတဲ့ ကြမ်း ၇ ချောင်းကိုလဲ ခွာစေတယ်။ ရေအိုးခွဲတဲ့ ဓလေ့ကို ယ္ခုတိုင်ကျင့်သုံးနေကြပေမဲ့ ကြမ်းခွာတဲ့ ဓလေ့တော့ ပျောက်သွားပြီ သစ်ဈေးကြီးလို့။

နောက်ပိုင်း အိုးခွဲတဲ့ အဓိပ္ပယ်က သေသူကို အစွဲကင်းကင်းနဲ့ သွားလိုရာ သွားနိုင်စေရန်ဖြစ်ပါတယ်။ ငါတို့ နဲ့မင်း ပျက်ပြီ။ သွားလိုရာ သွားနိုင်ပြီဆိုတဲ့ သဘောပေါ့။ ဒီခေတ်လွဲမှားစွာကျင့်သုံးနေတာက မင်းနဲ့ငါ ကိစ္စပြတ်ပြီ ဆိုပြီးရေအိုးခွဲတယ်။ ပြီးတော့ ဝိညာဉ်ပြန်ခေါ်တဲ့အနေနဲ့ ပန်းတစ်ပွင့် ပြန်ယူလာတယ်။ သေသူကို မျက်စိလယ်အောင်လုပ်တဲ့ အဖြစ်ပါ။ခုနကပဲ ငါ့ကိုပြတ်ပြီဆိုပြီးအိုးခွဲတယ်။ ခုအိမ်ပြန်လိုက်ခဲ့ဖို့ ပြန်ခေါ်တယ်။ စိတ်ကြီးတဲ့သူဆိုရင် ပြန်လိုက်မှာ မဟုတ်ဘူး။

ဗဟုသုတ အနေဖြင့်သာ..တင်ပြခြင်းဖြစ်ပါသည်။

Source : H.H

Credit – သီဟ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top