သတင္း

အိႏၵိယလုပ္ငန္းရွင္ႀကီး ၀န္ထမ္း၆၀၀ကို ဒီပါ၀လီလက္ေဆာင္အျဖစ္ ကားတစ္စီးစီေပး

(Zawgyi)

အိႏၵိယလုပ္ငန္းရွင္ႀကီး ၀န္ထမ္း၆၀၀ကို ဒီပါ၀လီလက္ေဆာင္အျဖစ္ ကားတစ္စီးစီေပး

အိႏၵိယႏိုင္ငံက စိန္အေရာင္းအဝယ္ ကုမၸဏီပိုင္ရွင္ ရီခရစ္သွ်နားဟာ ဝန္ထမ္း ၆၀၀ ကို တစ္ေယာက္လွ်င္ ကားတစ္စီးစီ ဒီပါဝလီ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့ပါတယ္။ အဆိုပါ လက္ေဆာင္ေပးအပ္ပြဲ အခမ္းအနားကို ဂူဂ်ာရတ္ျပည္နယ္ ဆူရတ္က ကြင္းျပင္တစ္ခုမွာ အခမ္းအနား ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ နာရန္ျဒာ မိုဒီကိုယ္တိုင္က အဆိုပါအခမ္းအနားျဖစ္ေျမာက္ေရးအတြက္ ဝိုင္းဝန္းကူညီေပးခဲ့တယ္လို႔ သတင္းမ်ားက ေရးသားေနၾကပါတယ္။ မြန္ျမတ္ေသာတရားက မေကာင္းဆိုး႐ြားကို အႏိုင္ရခဲ့တယ္လို႔ ဟိႏၵဴေတြက ယုံၾကည္ၾကတဲ့ ဒီပါဝလီ ပြဲေတာ္ကာလမွာ အိႏၵိယသားေတြဟာ လက္ေဆာင္ေတြ ေပးၾကေလ့ရွိပါတယ္။ လက္ေဆာင္ေပးပြဲကို ဝန္ႀကီးခ်ဳပ္မိုဒီကိုယ္တိုင္ ဗီဒီယိုသတင္းစကား ေပးပို႔ခဲ့ပါတယ္။ အခ်ိဳ႕ေသာဝန္ထမ္းေတြကို နယူးေဒလီမွာ ကားေသာ့ေတြ ေပးခဲ့ပါတယ္။ ကားအစီး ၆၀၀ဟာ ေဒၚလာ ၂သန္းေလာက္ တန္ေၾကးရွိပါသတဲ့။

စိန္ကုမၸဏီဟာ ဝန္ထမ္းေတြကို လက္ေဆာင္ေပးတဲ့ေနရာမွာ နာမည္ႀကီးၿပီးေတာ့ ၂၀၁၆ တုန္းကလည္း ဝန္ထမ္းေတြကို တိုက္ခန္းတစ္ခန္းစီ ေပးခဲ့ပါေသးတယ္။

Credit – The Voice

http://thevoicemyanmar.com/relax/27712-erd

(Unicode)
အိန္ဒိယလုပ်ငန်းရှင်ကြီး ဝန်ထမ်း၆၀၀ကို ဒီပါဝလီလက်ဆောင်အဖြစ် ကားတစ်စီးစီပေး
အိန္ဒိယနိုင်ငံက စိန်အရောင်းအဝယ် ကုမ္ပဏီပိုင်ရှင် ရီခရစ်သျှနားဟာ ဝန်ထမ်း ၆၀၀ ကို တစ်ယောက်လျှင် ကားတစ်စီးစီ ဒီပါဝလီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ အဆိုပါ လက်ဆောင်ပေးအပ်ပွဲ အခမ်းအနားကို ဂူဂျာရတ်ပြည်နယ် ဆူရတ်က ကွင်းပြင်တစ်ခုမှာ အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီကိုယ်တိုင်က အဆိုပါအခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ သတင်းများက ရေးသားနေကြပါတယ်။ မွန်မြတ်သောတရားက မကောင်းဆိုးရွားကို အနိုင်ရခဲ့တယ်လို့ ဟိန္ဒူတွေက ယုံကြည်ကြတဲ့ ဒီပါဝလီ ပွဲတော်ကာလမှာ အိန္ဒိယသားတွေဟာ လက်ဆောင်တွေ ပေးကြလေ့ရှိပါတယ်။ လက်ဆောင်ပေးပွဲကို ဝန်ကြီးချုပ်မိုဒီကိုယ်တိုင် ဗီဒီယိုသတင်းစကား ပေးပို့ခဲ့ပါတယ်။ အချို့သောဝန်ထမ်းတွေကို နယူးဒေလီမှာ ကားသော့တွေ ပေးခဲ့ပါတယ်။ ကားအစီး ၆၀၀ဟာ ဒေါ်လာ ၂သန်းလောက် တန်ကြေးရှိပါသတဲ့။

စိန်ကုမ္ပဏီဟာ ဝန်ထမ်းတွေကို လက်ဆောင်ပေးတဲ့နေရာမှာ နာမည်ကြီးပြီးတော့ ၂၀၁၆ တုန်းကလည်း ဝန်ထမ်းတွေကို တိုက်ခန်းတစ်ခန်းစီ ပေးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *