သတင္း

ငွက္ေပ်ာသီးခြံရဲ႕ လူသိနညး္ေသာ အစြမ္းမ်ား

(Zawgyi)
အလြယ္တကူရႏိုင္တဲ့ ငွက္ေပ်ာသီးခြံက ဘာအက်ိဳးေတြ ထူးပါသလဲ

ၾကားရတာ ထူးဆန္းသြားလား။ ငွက္ေပ်ာသီးက အာဟာရဓာတ္ေပါင္းမ်ားစြာနဲ႔ ကာဗိုဟိုက္ဒရိတ္ေတြႂကြယ္ဝတဲ့အသီးတစ္မ်ိဳးပါ။ သူ႔မွာ ဗီတာမင္ B6၊ B12 ၊မဂၢနီဆီယမ္နဲ႔ ပိုတက္စီယမ္ပါဝင္မႈမ်ားပါတယ္။ အဲဒီငွက္ေပ်ာသီးကို စားၿပီးရင္ေတာ့ အခြံကိုလႊင့္ပစ္ၾကတာပဲေလ။ အခုေတာ့ အမႈိက္အျဖစ္သတ္မွတ္ၾကတဲ့ ငွက္ေပ်ာခြံရဲ႕ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ အသုံးဝင္ပုံေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) သြားကို ျဖဴစင္ေတာက္ပေစတယ္

ငွက္ေပ်ာခြံနဲ႔ ေန႔တိုင္း တစ္မိနစ္ေလာက္သြားတိုက္ေပးပါ။ တစ္ပတ္ေလာက္ၾကာရင္ ပုလဲလုံးေလးေတြစီထားသလို သြားေတြျဖဴစင္ေတာက္ပလာမွာပါ။

(၂) ႂကြက္ႏို႔သတ္ႏိုင္တယ္

ငွက္ေပ်ာခြံနဲ႔ ႂကြက္ႏို႔သတ္လို႔ရသလို ေနာက္ထပ္လည္းမျဖစ္လာေအာင္ အျမစ္ျပတ္ေစတယ္လို႔ သိရပါတယ္။ ႂကြက္ႏို႔ရွိတဲ့ေနရာမွာ ငွက္ေပ်ာခြံနဲ႔ပြတ္ေပးတာ ဒါမွမဟုတ္ တစ္ညေလာက္ ကပ္စည္းထားေပးတာမ်ိဳး လုပ္႐ုံပါပဲ။

(၃) စားလို႔လည္းရတယ္

ငွက္ေပ်ာခြံကိုစားလို႔ရပါတယ္။ ငွက္ေပ်ာခြံနဲ႔ခ်က္တဲ့ အိႏၵိယဟင္းခ်က္နည္းေတြရွိပါတယ္။ ၾကက္သားကိုႏူးအိေစဖို႔လည္း သုံးၾကတယ္လို႔သိရပါတယ္။

(၄) ဝက္ၿခံေပ်ာက္တယ္

ငွက္ေပ်ာခြံနဲ႔ မ်က္ႏွာနဲ႔ခႏၶာကိုယ္ကို တစ္ေန႔ ၅ မိနစ္ေလာက္ ႏွိပ္နယ္ေပးရင္ ဝက္ၿခံေပ်ာက္ပါတယ္တဲ့။ တစ္ပတ္ေလာက္ဆို ရလဒ္သိသာႏိုင္တယ္လို႔ဆိုပါတယ္။

(၅) အေရးအေၾကာင္းေတြေလ်ာ့ေစတယ္

ငွက္ေပ်ာခြံက အေရျပားကို ေရဓာတ္ျဖည့္တင္းေပးႏိုင္ပါတယ္။ ငွက္ေပ်ာခြံကိုႀကိတ္ၿပီး ၾကက္ဥအႏွစ္ထည့္ပါ။ ေမႊၿပီးရတဲ့အႏွစ္ကို မ်က္ႏွာမွာလိမ္း၊ ၅ မိနစ္ေနရင္ မ်က္ႏွာသစ္ပါ။

(၆) အကိုက္အခဲေပ်ာက္ေစတယ္

ငွက္ေပ်ာခြံကို နာက်င္ကိုက္ခဲေနတဲ့ေနရာေပၚ တင္ထား၊ကပ္ထားေပးပါ။ မိနစ္ ၃၀ ၾကာတဲ့အခါနာက်င္ကိုက္ခဲမႈသက္သာလာပါလိမ့္မယ္။ အဆီတစ္မ်ိဳးမ်ိဳးနဲ႔ေရာၿပီး လိမ္းကပ္ေပးရင္လည္း ရပါတယ္။

(၇) ဆိုရီေရးစစ္အေရျပားျပႆနာကို ကုသႏိုင္တယ္

ဆိုရီေရးစစ္အေရျပားနာေပၚ ငွက္ေပ်ာခြံကပ္ထားေပးပါ။ သူက အစိုဓာတ္ကိုထိန္းေပးတဲ့အာနိသင္ရွိတဲ့အျပင္ ယားယံမႈကိုလည္း သက္သာေစပါတယ္။ အေရျပားနာေတြကို အက်က္ျမန္ေစၿပီး အျမန္ဆုံးသက္သာေစမွာပါ။

(၈) ၾကမ္းပိုးကိုက္အနာေတြကို ကုသႏိုင္တယ္

ျခင္ကိုက္၊ ၾကမ္းပိုးကိုက္ခံရတဲ့ေနရာကို ငွက္ေပ်ာခြံနဲ႔ႏွိပ္ပြတ္ေပးပါ။ နာက်င္မႈနဲ႔ အယားသက္သာေစပါလိမ့္မယ္။

(၉) ဖိနပ္တိုက္လို႔ရတယ္

ဖိနပ္၊ လည္သာနဲ႔ ေငြထည္ေတြကို ငွက္ေပ်ာခြံနဲ႔ပြတ္တိုက္ေပးရင္ ပိုမိုေတာက္ပလာေစပါတယ္။

(၁၀) ခရမ္းလြန္ကာကြယ္တယ္

ငွက္ေပ်ာခြံက မ်က္စိကို ခရမ္းလြန္ေရာင္ျခည္အႏၲရာယ္ကေန ကာကြယ္ေပးႏိုင္ပါတယ္။ ငွက္ေပ်ာခြံကို ေနပူခဏျပၿပီး မ်က္ခြံေပၚမွာ ပြတ္ေပးပါ။ ေရတိမ္ျဖစ္လာႏိုင္ေျခကို ေလ်ာ့နည္းေစပါလိမ့္မယ္။

အေရးႀကီးတာက –

ငွက္ေပ်ာသီးက ေဆးမထိထားတဲ့ လတ္ဆတ္တဲ့အသီး ျဖစ္ရပါမယ္။

ငွက္ေပ်ာသီးကိုအခြံႏႊာယူၿပီး အသားကို ဒီအတိုင္းအၾကာႀကီး မထားပါနဲ႔။ ခြာၿပီးရင္ခ်က္ခ်င္းစားပါ။ အခြံကိုလည္း အလားတူပဲ ခြာၿပီးတာနဲ႔ ခ်က္ခ်င္းသုံးပါ။

ငွက္ေပ်ာသီးကို ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာပဲ ထားပါ။

အခြံေတြကို ေရခဲေသတၱာထဲ ဘယ္ေတာ့မွ မထည့္ထားပါနဲ႔။

ငွက္ေပ်ာခြံကို သုံးၿပီးရင္ လမ္းေပၚ၊ လူမ်ားတဲ့ေနရာေတြမွာ မစြန႔္ပစ္ပါနဲ႔။ အမႈိက္ပုံးထဲ စနစ္တက်စြန႔္ပါ။

Ref: Stylecraz

Yun Sandi (MyanmarNote)

Credit : Yun Sandi (MyanmarNote)

(Unicode)
အလွယ်တကူရနိုင်တဲ့ ငှက်ပျောသီးခွံက ဘာအကျိုးတွေ ထူးပါသလဲ

ကြားရတာ ထူးဆန်းသွားလား။ ငှက်ပျောသီးက အာဟာရဓာတ်ပေါင်းများစွာနဲ့ ကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ သူ့မှာ ဗီတာမင် B6၊ B12 ၊မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ အဲဒီငှက်ပျောသီးကို စားပြီးရင်တော့ အခွံကိုလွှင့်ပစ်ကြတာပဲလေ။ အခုတော့ အမှိုက်အဖြစ်သတ်မှတ်ကြတဲ့ ငှက်ပျောခွံရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

(၁) သွားကို ဖြူစင်တောက်ပစေတယ်

ငှက်ပျောခွံနဲ့ နေ့တိုင်း တစ်မိနစ်လောက်သွားတိုက်ပေးပါ။ တစ်ပတ်လောက်ကြာရင် ပုလဲလုံးလေးတွေစီထားသလို သွားတွေဖြူစင်တောက်ပလာမှာပါ။

(၂) ကြွက်နို့သတ်နိုင်တယ်

ငှက်ပျောခွံနဲ့ ကြွက်နို့သတ်လို့ရသလို နောက်ထပ်လည်းမဖြစ်လာအောင် အမြစ်ပြတ်စေတယ်လို့ သိရပါတယ်။ ကြွက်နို့ရှိတဲ့နေရာမှာ ငှက်ပျောခွံနဲ့ပွတ်ပေးတာ ဒါမှမဟုတ် တစ်ညလောက် ကပ်စည်းထားပေးတာမျိုး လုပ်ရုံပါပဲ။

(၃) စားလို့လည်းရတယ်

ငှက်ပျောခွံကိုစားလို့ရပါတယ်။ ငှက်ပျောခွံနဲ့ချက်တဲ့ အိန္ဒိယဟင်းချက်နည်းတွေရှိပါတယ်။ ကြက်သားကိုနူးအိစေဖို့လည်း သုံးကြတယ်လို့သိရပါတယ်။

(၄) ဝက်ခြံပျောက်တယ်

ငှက်ပျောခွံနဲ့ မျက်နှာနဲ့ခန္ဓာကိုယ်ကို တစ်နေ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် ဝက်ခြံပျောက်ပါတယ်တဲ့။ တစ်ပတ်လောက်ဆို ရလဒ်သိသာနိုင်တယ်လို့ဆိုပါတယ်။

(၅) အရေးအကြောင်းတွေလျော့စေတယ်

ငှက်ပျောခွံက အရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံကိုကြိတ်ပြီး ကြက်ဥအနှစ်ထည့်ပါ။ မွှေပြီးရတဲ့အနှစ်ကို မျက်နှာမှာလိမ်း၊ ၅ မိနစ်နေရင် မျက်နှာသစ်ပါ။

(၆) အကိုက်အခဲပျောက်စေတယ်

ငှက်ပျောခွံကို နာကျင်ကိုက်ခဲနေတဲ့နေရာပေါ် တင်ထား၊ကပ်ထားပေးပါ။ မိနစ် ၃၀ ကြာတဲ့အခါနာကျင်ကိုက်ခဲမှုသက်သာလာပါလိမ့်မယ်။ အဆီတစ်မျိုးမျိုးနဲ့ရောပြီး လိမ်းကပ်ပေးရင်လည်း ရပါတယ်။

(၇) ဆိုရီရေးစစ်အရေပြားပြဿနာကို ကုသနိုင်တယ်

ဆိုရီရေးစစ်အရေပြားနာပေါ် ငှက်ပျောခွံကပ်ထားပေးပါ။ သူက အစိုဓာတ်ကိုထိန်းပေးတဲ့အာနိသင်ရှိတဲ့အပြင် ယားယံမှုကိုလည်း သက်သာစေပါတယ်။ အရေပြားနာတွေကို အကျက်မြန်စေပြီး အမြန်ဆုံးသက်သာစေမှာပါ။

(၈) ကြမ်းပိုးကိုက်အနာတွေကို ကုသနိုင်တယ်

ခြင်ကိုက်၊ ကြမ်းပိုးကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံနဲ့နှိပ်ပွတ်ပေးပါ။ နာကျင်မှုနဲ့ အယားသက်သာစေပါလိမ့်မယ်။

(၉) ဖိနပ်တိုက်လို့ရတယ်

ဖိနပ်၊ လည်သာနဲ့ ငွေထည်တွေကို ငှက်ပျောခွံနဲ့ပွတ်တိုက်ပေးရင် ပိုမိုတောက်ပလာစေပါတယ်။

(၁၀) ခရမ်းလွန်ကာကွယ်တယ်

ငှက်ပျောခွံက မျက်စိကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောခွံကို နေပူခဏပြပြီး မျက်ခွံပေါ်မှာ ပွတ်ပေးပါ။ ရေတိမ်ဖြစ်လာနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။

အရေးကြီးတာက –

ငှက်ပျောသီးက ဆေးမထိထားတဲ့ လတ်ဆတ်တဲ့အသီး ဖြစ်ရပါမယ်။

ငှက်ပျောသီးကိုအခွံနွှာယူပြီး အသားကို ဒီအတိုင်းအကြာကြီး မထားပါနဲ့။ ခွာပြီးရင်ချက်ချင်းစားပါ။ အခွံကိုလည်း အလားတူပဲ ခွာပြီးတာနဲ့ ချက်ချင်းသုံးပါ။

ငှက်ပျောသီးကို အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာပဲ ထားပါ။

အခွံတွေကို ရေခဲသေတ္တာထဲ ဘယ်တော့မှ မထည့်ထားပါနဲ့။

ငှက်ပျောခွံကို သုံးပြီးရင် လမ်းပေါ်၊ လူများတဲ့နေရာတွေမှာ မစွန့်ပစ်ပါနဲ့။ အမှိုက်ပုံးထဲ စနစ်တကျစွန့်ပါ။

Ref: Stylecraz

Yun Sandi (MyanmarNote)

Credit : Yun Sandi (MyanmarNote)

Leave a Reply

Your email address will not be published. Required fields are marked *