သတင္း

သတိထားစရာ အသည္းေရာင္ အသားဝါေရာဂါ

(Zawgyi)

သတိထားစရာ အသည္းေရာင္ အသားဝါေရာဂါ

အသည္းဟာ ကိုယ္ခႏၶာမွာ အႀကီးဆုံးအဂၤါတစ္ခု ျဖစ္သလို မရွိမျဖစ္ အေရးပါအရာေရာက္တဲ့ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ အသည္းဟာ –

-အစာေခ်ရာမွာ အေရးပါတဲ့ သည္းေျခရည္ကို ထုတ္လုပ္ေပးပါတယ္။

-ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ အသားဓာတ္နဲ႔ ေသြးခဲပစၥည္းေတြ ထုတ္လုပ္ေပးပါတယ္။

-ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးၿပီး အခ်ိဳဓာတ္ကို စုေဆာင္းေပးထားပါတယ္။

-အစာအိမ္နဲ႔အူကို လက္တြဲၿပီး အစာေခ်ဖ်က္ေပးပါတယ္။

-ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို သိမ္းဆည္းေပးပါတယ္။

-ေသြးထဲကေန အရက္အပါအဝင္ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။

အသည္း ေရာင္လာတဲ့အခါ ပုံမွန္အလုပ္ မလုပ္ႏိုင္ေတာ့ဘဲ ၾကာလာရင္ အသည္းေျခာက္ေရာဂါနဲ႔ အသည္းကင္ဆာေရာဂါေတြပါ ျဖစ္လာႏိုင္ပါတယ္။ အသည္းေရာင္ေစတဲ့အဓိက အေၾကာင္းရင္းကေတာ့ ဗိုင္းရပ္စ္ပိုးပဲ ျဖစ္ပါတယ္။ ေဆးေတြ၊ အရက္ေတြကလည္း အသည္းေရာင္ေစႏိုင္ပါတယ္။ တစ္ခါတေလ ခုခံအားစနစ္ ကေမာက္ကမျဖစ္ၿပီး ပုံမွန္အသည္းဆဲလ္ေတြကို မွားယြင္းတိုက္ခိုက္ႏိုင္ပါေသးတယ္။ ဒီလိုအသည္းေရာင္ျခင္းဟာ ရံဖန္ရံခါ သူ႔အလိုလို ေပ်ာက္သြားတတ္သလို မေပ်ာက္သူေတြမွာ ေဆးေတြနဲ႔ ကုသရပါမယ္။ တစ္ခါတေလ တစ္သက္လုံးလည္း အသည္းေရာင္ေနတတ္ပါတယ္။

လတ္တေလာ အသည္းေရာင္ျခင္းနဲ႔ နာတာရွည္ အသည္းေရာင္ျခင္း

လတ္တေလာ အသည္းေရာင္ျခင္းဟာ အေပ်ာ့စားျဖစ္ႏိုင္သလို အျပင္းစားလည္း ျဖစ္ႏိုင္ပါတယ္။ အသည္းေရာင္ အသားဝါပိုး A နဲ႔ E ဟာ နာတာရွည္ အသည္းေရာင္ျခင္းကို မျဖစ္ေစႏိုင္ပါဘူး။ အသည္းေရာင္ အသားဝါပိုး B, C, D ကေတာ့ လတ္တေလာ အသည္းေရာင္ျခင္းေရာ၊ နာတာရွည္ အသည္းေရာင္ျခင္းပါ ျဖစ္ေစႏိုင္ပါတယ္။ နာတာရွည္ အသည္းေရာင္ အသားဝါ B နဲ႔ C ကိုေတာ့ အထူးေၾကာက္ရပါတယ္။

အသည္းေရာင္ အသားဝါေရာဂါ အမ်ိဳးအစားမ်ား

အသည္းေရာင္ အသားဝါ ဗိုင္းရပ္စ္ပိုး (၅) မ်ိဳး ရွိပါတယ္။

-အသည္းေရာင္ အသားဝါ A ပိုး

လူ႔အညစ္အေၾကးနဲ႔ ထိေတြ႕မိတဲ့ အစားအေသာက္ေတြကတစ္ဆင့္ အသည္းေရာင္ အသားဝါ A ပိုး ကူးစက္တတ္ၿပီး အရမ္းႀကီး စိုးရိမ္စရာမလိုပါဘူး။

-အသည္းေရာင္ အသားဝါ B ပိုး

အသည္းေရာင္ အသားဝါ B ပိုးဟာ အေမကေန ကေလးကို ေမြးေနစဥ္ သို႔မဟုတ္ ေမြးၿပီးေနာက္ပိုင္း ကူးႏိုင္သလို လိင္ဆက္ဆံရာမွတစ္ဆင့္၊ ေသြးမွတစ္ဆင့္၊ မသန႔္တဲ့အပ္ေတြကတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ အသည္းေျခာက္ေရာဂါနဲ႔ အသည္းကင္ဆာေတြအထိ ျဖစ္ႏိုင္ပါတယ္။

-အသည္းေရာင္ အသားဝါ C ပိုး

အျဖစ္မ်ားဆုံး အသည္းေရာင္ အသားဝါ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ေသြးေတြ၊ အပ္ေတြကေန ကူးစက္ႏိုင္ေပမယ့္ အေၾကာင္းရင္းကို ေသခ်ာအတိအက် မသိရွိရေသးပါဘူး။ C ပိုးဟာ အသည္းလည္း ေျခာက္ေစႏိုင္ပါတယ္။ ခုခံအားက် ကူးစက္ေရာဂါ HIV ေရာဂါပိုးရွိသူေတြရဲ႕ ၂၅% ခန႔္နဲ႔ ေဆးသမား HIV ေရာဂါသည္ေတြရဲ႕ ၉၀% ခန႔္မွာ အသည္းေရာင္အသားဝါCပိုးကို ေတြ႕ရတတ္ၿပီး HIV နဲ႔ တြဲတဲ့အခါ ပိုဆိုးႏိုင္ပါတယ္။

-အသည္းေရာင္ အသားဝါ D ပိုး

အသည္းေရာင္ အသားဝါ B ပိုးရွိသူ ေဆးသမားေတြမွာ တြဲဖက္ေတြ႕ရွိရပါတယ္။ D ပိုးဟာ B ပိုးရွိမွ ကူးစက္ႏိုင္ၿပီး B ပိုးလိုပဲ ကူးစက္တတ္ပါတယ္။ B ပိုး ရွိသူေတြမွာ D ပိုး တြဲျဖစ္ပါက ေရာဂါပိုၿပီးျပင္းထန္တတ္ပါတယ္။

-အသည္းေရာင္အသားဝါ E ပိုး

A ပိုးလိုပဲ E ပိုးဟာ သန႔္ရွင္းမႈ နည္းပါးတဲ့ႏိုင္ငံေတြမွာ ပိုျဖစ္တတ္ပါတယ္။

အက်ဥ္းခ်ဳပ္

အသည္းေရာင္လာတဲ့အခါ အသည္းေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ ဗိုင္းရပ္စ္ပိုးေၾကာင့္ အျဖစ္မ်ားပါတယ္။ အသည္းေရာင္ အသားဝါ (၅) မ်ိဳးရွိၿပီး A နဲ႔ E ဟာ မသန႔္ရွင္းတဲ့ အစားအေသာက္၊ ေရ၊ အညစ္အေၾကးေတြကေနတစ္ဆင့္ ကူးစက္ကာ B, C, D ပိုးေတြဟာ ေသြးေတြ၊ ကိုယ္တြင္း အရည္ေတြကေနတစ္ဆင့္ ကူးစက္တတ္ပါတယ္။အသည္းေရာင္ အသားဝါ A နဲ႔ B ကို ကာကြယ္ေဆးနဲ႔ ကာကြယ္ႏိုင္ေပမယ့္ အသည္းေရာင္ အသားဝါ C, D, E ေရာဂါေတြမွာေတာ့ ကာကြယ္ေဆး မရွိေသးပါဘူး။ ဒါ့အျပင္ B, C, D ပိုးေတြဟာ အသည္းေျခာက္ျခင္းနဲ႔ ကင္ဆာေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

Credit – Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

သတိထားစရာ အသည်းရောင် အသားဝါရောဂါ

အသည်းဟာ ကိုယ်ခန္ဓာမှာ အကြီးဆုံးအင်္ဂါတစ်ခု ဖြစ်သလို မရှိမဖြစ် အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသည်းဟာ –

-အစာချေရာမှာ အရေးပါတဲ့ သည်းခြေရည်ကို ထုတ်လုပ်ပေးပါတယ်။

-ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အသားဓာတ်နဲ့ သွေးခဲပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။

-သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အချိုဓာတ်ကို စုဆောင်းပေးထားပါတယ်။

-အစာအိမ်နဲ့အူကို လက်တွဲပြီး အစာချေဖျက်ပေးပါတယ်။

-ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သိမ်းဆည်းပေးပါတယ်။

-သွေးထဲကနေ အရက်အပါအဝင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အသည်း ရောင်လာတဲ့အခါ ပုံမှန်အလုပ် မလုပ်နိုင်တော့ဘဲ ကြာလာရင် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ အသည်းရောင်စေတဲ့အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ ဆေးတွေ၊ အရက်တွေကလည်း အသည်းရောင်စေနိုင်ပါတယ်။ တစ်ခါတလေ ခုခံအားစနစ် ကမောက်ကမဖြစ်ပြီး ပုံမှန်အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်နိုင်ပါသေးတယ်။ ဒီလိုအသည်းရောင်ခြင်းဟာ ရံဖန်ရံခါ သူ့အလိုလို ပျောက်သွားတတ်သလို မပျောက်သူတွေမှာ ဆေးတွေနဲ့ ကုသရပါမယ်။ တစ်ခါတလေ တစ်သက်လုံးလည်း အသည်းရောင်နေတတ်ပါတယ်။

လတ်တလော အသည်းရောင်ခြင်းနဲ့ နာတာရှည် အသည်းရောင်ခြင်း

လတ်တလော အသည်းရောင်ခြင်းဟာ အပျော့စားဖြစ်နိုင်သလို အပြင်းစားလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင် အသားဝါပိုး A နဲ့ E ဟာ နာတာရှည် အသည်းရောင်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ အသည်းရောင် အသားဝါပိုး B, C, D ကတော့ လတ်တလော အသည်းရောင်ခြင်းရော၊ နာတာရှည် အသည်းရောင်ခြင်းပါ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အသည်းရောင် အသားဝါ B နဲ့ C ကိုတော့ အထူးကြောက်ရပါတယ်။

အသည်းရောင် အသားဝါရောဂါ အမျိုးအစားများ

အသည်းရောင် အသားဝါ ဗိုင်းရပ်စ်ပိုး (၅) မျိုး ရှိပါတယ်။

-အသည်းရောင် အသားဝါ A ပိုး

လူ့အညစ်အကြေးနဲ့ ထိတွေ့မိတဲ့ အစားအသောက်တွေကတစ်ဆင့် အသည်းရောင် အသားဝါ A ပိုး ကူးစက်တတ်ပြီး အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။

-အသည်းရောင် အသားဝါ B ပိုး

အသည်းရောင် အသားဝါ B ပိုးဟာ အမေကနေ ကလေးကို မွေးနေစဉ် သို့မဟုတ် မွေးပြီးနောက်ပိုင်း ကူးနိုင်သလို လိင်ဆက်ဆံရာမှတစ်ဆင့်၊ သွေးမှတစ်ဆင့်၊ မသန့်တဲ့အပ်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။

-အသည်းရောင် အသားဝါ C ပိုး

အဖြစ်များဆုံး အသည်းရောင် အသားဝါ ရောဂါတစ်မျိုးဖြစ်ပြီး သွေးတွေ၊ အပ်တွေကနေ ကူးစက်နိုင်ပေမယ့် အကြောင်းရင်းကို သေချာအတိအကျ မသိရှိရသေးပါဘူး။ C ပိုးဟာ အသည်းလည်း ခြောက်စေနိုင်ပါတယ်။ ခုခံအားကျ ကူးစက်ရောဂါ HIV ရောဂါပိုးရှိသူတွေရဲ့ ၂၅% ခန့်နဲ့ ဆေးသမား HIV ရောဂါသည်တွေရဲ့ ၉၀% ခန့်မှာ အသည်းရောင်အသားဝါCပိုးကို တွေ့ရတတ်ပြီး HIV နဲ့ တွဲတဲ့အခါ ပိုဆိုးနိုင်ပါတယ်။

-အသည်းရောင် အသားဝါ D ပိုး

အသည်းရောင် အသားဝါ B ပိုးရှိသူ ဆေးသမားတွေမှာ တွဲဖက်တွေ့ရှိရပါတယ်။ D ပိုးဟာ B ပိုးရှိမှ ကူးစက်နိုင်ပြီး B ပိုးလိုပဲ ကူးစက်တတ်ပါတယ်။ B ပိုး ရှိသူတွေမှာ D ပိုး တွဲဖြစ်ပါက ရောဂါပိုပြီးပြင်းထန်တတ်ပါတယ်။

-အသည်းရောင်အသားဝါ E ပိုး

A ပိုးလိုပဲ E ပိုးဟာ သန့်ရှင်းမှု နည်းပါးတဲ့နိုင်ငံတွေမှာ ပိုဖြစ်တတ်ပါတယ်။

အကျဉ်းချုပ်

အသည်းရောင်လာတဲ့အခါ အသည်းကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။ အသည်းရောင် အသားဝါ (၅) မျိုးရှိပြီး A နဲ့ E ဟာ မသန့်ရှင်းတဲ့ အစားအသောက်၊ ရေ၊ အညစ်အကြေးတွေကနေတစ်ဆင့် ကူးစက်ကာ B, C, D ပိုးတွေဟာ သွေးတွေ၊ ကိုယ်တွင်း အရည်တွေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။အသည်းရောင် အသားဝါ A နဲ့ B ကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပေမယ့် အသည်းရောင် အသားဝါ C, D, E ရောဂါတွေမှာတော့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါ့အပြင် B, C, D ပိုးတွေဟာ အသည်းခြောက်ခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

Credit – Dr. Mya Phoo Ngon (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *