သတင္း

မ်က္ကပ္မွန္ တပ္တဲ့အခါ သတိထားသင့္တဲ့ အခ်က္မ်ား

(Zawgyi)
မ်က္ကပ္မွန္ တပ္တဲ့အခါ သတိထားသင့္တဲ့ အခ်က္မ်ား

မ်က္ကပ္မွန္ကို အျမင္အာ႐ုံ ခ်ိဳ႕ယြင္းမႈေၾကာင့္ မ်က္မွန္တပ္ရသူေတြ မတပ္ခ်င္တဲ့အခါ တပ္ၾကရသလို အခုေနာက္ပိုင္းမွာဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႔ အလွသက္သက္ တပ္ဆင္လာၾကတာမ်ိဳးလည္း ရွိလာၿပီ ျဖစ္ပါတယ္။

မ်က္လုံးဟာ ခႏၶာကိုယ္ရဲ႕ အေရးအႀကီးဆုံး အစိတ္အပိုင္းတခု ျဖစ္တာနဲ႔အညီ မ်က္ကပ္မွန္ဟာဆိုရင္လည္း မ်က္လုံးနဲ႔ တိုက္႐ိုက္ ထိေတြ႕တပ္ဆင္ရတာ ျဖစ္တာေၾကာင့္ မ်က္ကပ္မွန္တပ္တဲ့အခါ သတိထားရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မ်က္ကပ္မွန္ကို သန႔္စင္တဲ့ မ်က္ကပ္မွန္ေဆးရည္နဲ႔ တျခားေသာ မ်က္ကပ္မွန္နဲ႔ သက္ဆိုင္တဲ့ပစၥည္းေတြကို ဆရာဝန္ၫႊန္ၾကားမႈနဲ႔ အသုံးျပဳျခင္းကသာ အေကာင္းဆုံးျဖစ္ပါတယ္။ အလွတပ္ဆင္တာမ်ိဳး ဆိုရင္ေတာင္ မ်က္ကပ္မွန္နဲ႔ ဆက္စပ္တဲ့ ပစၥည္းေတြကို ဆရာဝန္ၫႊန္ၾကားတဲ့ အမ်ိဳးအစားနဲ႔ တံဆိပ္ကိုသာ ေ႐ြးခ်ယ္သုံးစြဲသင့္ပါတယ္။

(၂) မ်က္လုံးနားမွာ လိမ္းျခယ္ရတဲ့ eye makeup ေတြကို မ်က္ကပ္မွန္တပ္ၿပီးမွသာ လိမ္းျခယ္သင့္ပါတယ္။ ေနာက္ထပ္ သတိျပဳရမွာ တခုကေတာ့ eye makeup ေတြကို သုံးလနဲ႔အထက္ သက္တမ္းေက်ာ္ေနၿပီဆိုရင္ အသုံးမျပဳသင့္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ မ်က္လုံးတဝိုက္ လိမ္းျခယ္ရတာျဖစ္တာေၾကာင့္ ဘက္တီးရီးယားေတြ အလြယ္တကူဝင္ေရာက္ႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

(၃) မ်က္ကပ္မွန္ တပ္ဆင္ၿပီး အိပ္ရာဝင္ျခင္းဟာ မ်က္ၾကည္လႊာကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး မ်က္လုံးေတြဟာ ေအာက္ဆီဂ်င္ အျပည့္အဝ မရရွိျခင္းေၾကာင့္ မ်က္လုံးေအာင့္တာမ်ိဳးနဲ႔ အျမင္အာ႐ုံ ထိခိုက္တာမ်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။

(၄) မ်က္ကပ္မွန္တပ္ၿပီး ေရကူးတာမ်ိဳးနဲ႔ ေရခ်ိဳးတဲ့အခါ မ်က္ကပ္မွန္ မျဖဳတ္ဘဲ ေရခ်ိဳးျခင္းတို႔ဟာ ေရထဲမွာပါဝင္တဲ့ Acanthamoeba ေၾကာင့္ မ်က္လုံးကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး မ်က္စိနာတာ၊ မ်က္လုံးနီျမန္း ေရာင္ရမ္းတာမ်ိဳးေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။

(၅) မ်က္ကပ္မွန္ တပ္ေတာ့မယ္ဆိုရင္ အေရးအႀကီးဆုံးကေတာ့ လက္ကိုေသခ်ာစြာ သန႔္ရွင္းေအာင္ေဆးေၾကာဖို႔ပဲျဖစ္ၿပီး လက္ေဆးၿပီးၿပီဆိုရင္လည္း ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးမွ မ်က္ကပ္မွန္ကို ကိုင္တြယ္အသုံးျပဳသင့္ပါတယ္။ မ်က္ကပ္မွန္ ထည့္သိမ္းတဲ့ ဘူးကိုလည္း ေသခ်ာစြာ ပုံမွန္ေဆးေၾကာေပးဖို႔ လိုအပ္သလို မ်က္ကပ္မွန္ကိုလည္း မ်က္ကပ္မွန္ေဆးရည္နဲ႔ ပုံမွန္ေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။

Ref : listaka.com
Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition
https://burma.irrawaddy.com/lifestyle/health/2018/11/05/173979.html

(Unicode)
မျက်ကပ်မှန် တပ်တဲ့အခါ သတိထားသင့်တဲ့ အချက်များ

မျက်ကပ်မှန်ကို အမြင်အာရုံ ချို့ယွင်းမှုကြောင့် မျက်မှန်တပ်ရသူတွေ မတပ်ချင်တဲ့အခါ တပ်ကြရသလို အခုနောက်ပိုင်းမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ အလှသက်သက် တပ်ဆင်လာကြတာမျိုးလည်း ရှိလာပြီ ဖြစ်ပါတယ်။

မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်တာနဲ့အညီ မျက်ကပ်မှန်ဟာဆိုရင်လည်း မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့တပ်ဆင်ရတာ ဖြစ်တာကြောင့် မျက်ကပ်မှန်တပ်တဲ့အခါ သတိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်ကပ်မှန်ကို သန့်စင်တဲ့ မျက်ကပ်မှန်ဆေးရည်နဲ့ တခြားသော မျက်ကပ်မှန်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို ဆရာဝန်ညွှန်ကြားမှုနဲ့ အသုံးပြုခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ အလှတပ်ဆင်တာမျိုး ဆိုရင်တောင် မျက်ကပ်မှန်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို ဆရာဝန်ညွှန်ကြားတဲ့ အမျိုးအစားနဲ့ တံဆိပ်ကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။

(၂) မျက်လုံးနားမှာ လိမ်းခြယ်ရတဲ့ eye makeup တွေကို မျက်ကပ်မှန်တပ်ပြီးမှသာ လိမ်းခြယ်သင့်ပါတယ်။ နောက်ထပ် သတိပြုရမှာ တခုကတော့ eye makeup တွေကို သုံးလနဲ့အထက် သက်တမ်းကျော်နေပြီဆိုရင် အသုံးမပြုသင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ မျက်လုံးတဝိုက် လိမ်းခြယ်ရတာဖြစ်တာကြောင့် ဘက်တီးရီးယားတွေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

(၃) မျက်ကပ်မှန် တပ်ဆင်ပြီး အိပ်ရာဝင်ခြင်းဟာ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေနိုင်ပြီး မျက်လုံးတွေဟာ အောက်ဆီဂျင် အပြည့်အဝ မရရှိခြင်းကြောင့် မျက်လုံးအောင့်တာမျိုးနဲ့ အမြင်အာရုံ ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) မျက်ကပ်မှန်တပ်ပြီး ရေကူးတာမျိုးနဲ့ ရေချိုးတဲ့အခါ မျက်ကပ်မှန် မဖြုတ်ဘဲ ရေချိုးခြင်းတို့ဟာ ရေထဲမှာပါဝင်တဲ့ Acanthamoeba ကြောင့် မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်ပြီး မျက်စိနာတာ၊ မျက်လုံးနီမြန်း ရောင်ရမ်းတာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

(၅) မျက်ကပ်မှန် တပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ လက်ကိုသေချာစွာ သန့်ရှင်းအောင်ဆေးကြောဖို့ပဲဖြစ်ပြီး လက်ဆေးပြီးပြီဆိုရင်လည်း ခြောက်သွေ့အောင် သုတ်ပြီးမှ မျက်ကပ်မှန်ကို ကိုင်တွယ်အသုံးပြုသင့်ပါတယ်။ မျက်ကပ်မှန် ထည့်သိမ်းတဲ့ ဘူးကိုလည်း သေချာစွာ ပုံမှန်ဆေးကြောပေးဖို့ လိုအပ်သလို မျက်ကပ်မှန်ကိုလည်း မျက်ကပ်မှန်ဆေးရည်နဲ့ ပုံမှန်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

Ref : listaka.com
Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition
https://burma.irrawaddy.com/lifestyle/health/2018/11/05/173979.html

Leave a Reply

Your email address will not be published. Required fields are marked *