ဗဟုတုသ

သေျပသီး၏ မွတ္ဖြယ္ေဆးအသံုး

(Zawgyi)

သေျပသီး၏ မွတ္ဖြယ္ေဆးအသံုး

(၀ါဆို၀ါေခါင္ ေရေတြၾကီးလို႔သေျပသီးမွည္႔ ေကာက္စို႔ေလဆိုေသာ ကဗ်ာေလးပင္ သတိရမိေတာ့၏။

၀မ္းတြင္းသို႔ ေရႊမွဳန္႔၊ ေၾကးမွဳန္႔၊ သံမွဳန္႕၊ ေျမျဖဴမွဳန္႔၊ ေျမၾကီးမွဳန္႔၊ ဆံပင္ေမႊးမ်ား စသည္တို႔ ၀င္ေရာက္၍ ၀မ္းဗိုက္ေအာင့္ျခင္း၊ ထိုးျခင္း ျဖစ္ပါကသေျပသီးကို သတိရၾကပါ။

(၁) သေျပသီးမွည့္ခ်ိန္တြင္ သေျပသီးမွည့္(၁၀)လံုးကို ဆားျဖင့္တို႔စားျခင္းအား (၇)ရက္မွ်ျပဳလုပ္ျပီး(၇)ရက္ျပည့္လွ်င္ မန္က်ည္းေဖ်ာ္ရည္ ေသာက္ေပးရသည္။ ၀မ္းတြင္းရွိ အမွဳန္႔၊ အမႊားမ်ား၊ ဆံပင္ေထြးမ်ား အညစ္အေၾကးႏွင့္အတူ ပါသြားေတာ့သည္။

(၂) သေျပေခါက္ကို အမွဳန္႔လုပ္ျပီး ေန႔စဥ္တစ္ေန႔ ေကာ္ဖီဇြန္း(၁)ဇြန္း (၁)လတိတိစားျပီး ၀မ္းနုတ္ေပး၍လည္း မလိုလားအပ္ေသာ အမွဳန္႔မ်ား၊ ဆံပင္ခ်ည္ေထြးမ်ား က်ေစပါသည္။

ဆံပင္ညွပ္သမားဆရာတစ္ဦးေျပာျပေသာ နည္းျဖစ္ပါသည္။ ဆံပင္ညွပ္ျခင္းျဖင့္ အသက္ေမြး၀မ္းျပဳရာက ၀မ္းတြင္းသို႔ ဆံပင္စမ်ား ၀င္သည္မ်ားလာကာ ဗိုက္ေအာင့္သည္ဆို၍ ေဆးအမ်ိဳးမ်ိဳး ေသာက္ေသာ္လည္း မေပ်ာက္ကင္းနိုင္ခဲ႔ပါ။ ေနာက္ဆံုးသေျပသီးမွည့္ ေဆးနည္းျဖင့္ အညစ္အေၾကးႏွင့္္အတူ ဆံပင္ေထြးမ်ား က်သြားသည္ဟုဆိုပါသည္။ နကၡတၱေရာင္ျခည္မဂၢဇင္းမွရေသာ ေဆးနည္းျဖစ္သည္ဟု ဆိုပါသည္။

သေျပသီး

၂၀၀ရခုႏွစ္က အိႏၵိယနိုင္ငံထုတ္ေဆးပညာဂ်ာနယ္တြင္ သေျပသီးမွည့္သည့္ ရင္သားကင္ဆာ မျဖစ္ပြားေစေအာင္ ကာကြယ္ေပးနိုင္သည့္အျပင္၊ ရင္သားကင္ဆာေ၀ဒနာရွင္တို႔ သေျပသီးစားသံုးျခင္းျဖင့္ ကင္ဆာဆဲလ္မ်ား မျပန္႔ပြားေအာင္ ထိန္းထားနိုင္သည္ဆိုပါသည္။

၂၀၀၉ခုႏွစ္တြင္လည္း အေမရိကန္ျပည္ေထာင္စု ေဆး၀ါးတကၠသိုလ္မွ သေျပသီးကို ဓာတ္ခဲြစမ္းသပ္ခဲ႔ရာ သေျပသီးသည္ ရင္သားကင္ဆာမျဖစ္ပြားေအာင္ ထိိထိေရာက္ေရာက္ကာကြယ္ေပးနိုင္ေၾကာင္း အေျဖထြက္ရွိပါသည္။

ဦးေရျပားေဘာက္ထျခင္း

သေျပသီးသတၱဳရည္ကို လိမ္းေပးပါက ေဘာက္ထဦး ေရျပားမွဳိစဲြျခင္း ေရာဂါေပ်ာက္ကင္းေစသည္။

ဆီးလြန္ေရာဂါႏွင့္သေျပသီး

သေျပသီးတြင္ ခ်ိဳဖန္ေသာအရသာရွိသည္။ သေျပသီးခ်ိန္တြင္ သေျပသီးမွည့္ကို စားေပးျခင္း၊ သေျပေခါက္ကို အမွဳန္႔ျပဳျပီး ေန႔စဥ္ လက္ဖက္စားဇြန္း(၁)ဇြန္း နံက္ညစား ေပးျခင္းျဖင့္လည္း ဆီးလြန္ေရာဂါကို သက္သာေပ်ာက္ ကင္းေစပါသည္။

သေျပေစ႔

ဆီးခ်ိဳေရာဂါအတြက္ အပင္တြင္ ေဆးစြမ္းအၾကီးဆံုးက သေျပသီးမွည့္၏ အေစ႔ျဖစ္ပါသည္။ ထိုအေစ႔ကို စနစ္တက် အေျခာက္လွန္း အမွဳန္႔ျပဳျပီး ေန႔စဥ္လက္ဖက္စားဇြန္း(၁) ဇြန္းႏွဳန္း နံနက္ညေသာက္ေပးပါကဆီးခ်ိဳ တကယ္ေပ်ာက္သည္ဆိုပါသည္။

အိႏိၵယေဆးက်မ္းမ်ားတြင္ သေျပရြက္ျပဳတ္ရည္ကို အသည္းအားေဆးအျဖစ္ တိုက္ေၾကြးသည့္အျပင္ မွက္၊ ျခင္တို႔ မကိုက္ေစရန္ သေျပရြက္ကို ကိုယ္ခႏၶာတြင္ ပြတ္တိုက္လိမ္း က်ံၾကသည္။

သေျပပင္ႏွင့္ပတ္သက္ေသာ မ်ားစြာေသာေဆးအသံုးတို႔ ရွိေနပါေသးသည္။ (အစာမေၾကသူမ်ား၊ ကိုယ္၀န္ေဆာင္သူမ်ားႏွင့္ မတည့္ပါ။ ေဆးဖက္၀င္သည္ဆိုေသာ္လည္း လြန္လြန္ကြ်ံကြ်ံ မစားသံုးသင့္ပါ။)

Credit – ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode)

သပြေသီး၏ မှတ်ဖွယ်ဆေးအသုံး

(ဝါဆိုဝါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်စို့လေဆိုသော ကဗျာလေးပင်သတိရမိတော့၏။

ဝမ်းတွင်းသို့ ရွှေမှုန့်၊ ကြေးမှုန့်၊ သံမှုန့်၊ မြေဖြူမှုန့်၊ မြေကြီးမှုန့်၊ ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်း၊ ထိုးခြင်း ဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့်တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့်၊ အမွှားများ၊ ဆံပင်ထွေးများ အညစ်အကြေးနှင့်အတူ ပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ဝမ်းနုတ်ပေး၍လည်း မလိုလားအပ်သော အမှုန့်များ၊ ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါသည်။ ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာကဝမ်း တွင်းသို့ ဆံပင်စများဝင်သည်များလာကာ ဗိုက်အောင့်သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့််အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။

သပြေသီး

၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။

ဦးရေပြားဘောက်ထခြင်း

သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီး

သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန်တွင် သပြေသီးမှည့်ကို စားပေးခြင်း၊ သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့

ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။ ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက်သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ် တိုက်ကြွေးသည့်အပြင် မှက်၊ ခြင်တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံးတို့ ရှိနေပါသေးသည်။ (အစာမကြေသူများ၊ ကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါ။ ဆေးဖက်ဝင်သည်ဆိုသော်လည်း လွန်လွန်ကျွံကျွံ မစားသုံးသင့်ပါ။)

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *