သတင္း

ပိုးေလးဖက္နာ၊ ေသြးေလးဖက္နာအေၾကာင္း သိေကာင္းစရာႏွင့္ ေရာဂါလကၡဏာမ်ား

(Zawgyi)

ပိုးေလးဖက္နာ၊ ေသြးေလးဖက္နာ အေၾကာင္းသိေကာင္းစရာ

ပိုးေလးဖက္နာ (Rhematic fever) နဲ႔ ေသြးေလးဖက္နာ ( Rhematoid arthritis (RA) ဆိုၿပီး ေလးဖက္နာေရာဂါမွာ ႏွစ္မ်ိဳးရွိပါတယ္။

ပိုးေလးဖက္နာကို အရင္ေျပာျပပါမယ္။

ပိုးေလးဖက္နာေရာဂါ ဆိုတာမွာ G.A Haemolytic Strepto cocci ေခၚ ဘက္တီးရီးယား ပိုးေၾကာင့္ ျဖစ္ပြားတဲ့ ေရာဂါျဖစ္ပါတယ္။ ေက်ာင္းသားေက်ာင္းသူ အ႐ြယ္မ်ားတြင္ ႏွလုံးေရာဂါ ျဖစ္ေစႏိုင္သည့္ အဓိက အေၾကာင္းရင္းဟာ ေလးဖက္နာေရာဂါ ျဖစ္ပါတယ္။ အဓိက ေရာဂါsymptoms ေတြကေတာ့

၁။ အဆစ္အျမစ္ ကိုက္ခဲေရာင္ရမ္းျခင္း(Arthritis)

၂။ ႏွလုံးေရာင္ရမ္း ရင္ဘတ္ေအာင့္ျခင္း၊ ရင္တုန္ျခင္း(Carditis)

၃။ အေၾကာဆြဲျခင္း (Chlorea)

၄။ လက္၊ ညိဳ႕သက်ည္းႏွင့္ ေက်ာ႐ိုးတစ္ေလွ်ာက္ အေရျပားေအာက္တြင္ အက်ိတ္ငယ္ကေလးမ်ား ထြက္ျခင္း( Subcutaneous nodule)

၅။ အေရျပားေပၚတြင္ အနီေရာင္အကြက္ငယ္မ်ား ထြက္ျခင္း( Erythema marginatum)

၆။ ေသြးေဖာက္စစ္လွ်င္ ESR တက္ေနျခင္း

၇။ ႏွလုံးစက္ (ECG) ျဖင့္စမ္းၾကည့္လွ်င္ Prolog P.R interval ျဖစ္ေနျခင္းတို႔ပဲ ျဖစ္ပါတယ္။ ေလးဖက္နာေရာဂါသည္ လည္ေခ်ာင္းနာျခင္း၊ အာသီးေရာင္ရမ္းျခင္း တို႔မွ အစျပဳတတ္ေသာေၾကာင့္ လည္ေခ်ာင္းနာလာပါက နီးစပ္ရာ ေဆးခန္း၊ ေဆး႐ုံသို႔ သြားျပသ၊ စစ္ေဆး ကုသမႈခံယူသင့္ပါတယ္။ ဒါကေတာ့ ပိုးေလးဖက္နာအေၾကာင္းပါ။

အခုကေတာ့ ေသြးေလးဖက္နာ (Rhematoid Arthritis (RA) ) အေၾကာင္းကို ေျပာပါမယ္။ ေသြးေလးဖက္နာေရာဂါဟာ နာတာရွည္ အဆစ္ေရာဂါမ်ားထဲတြင္ အျဖစ္မ်ားဆုံးေရာဂါ ျဖစ္ပါတယ္။ ဒီေရာဂါဟာ အဆစ္မ်ားကို ပ်က္စီးကာ ေကာက္ေကြး ပုံပ်က္ေစသည့္အျပင္ ေနာက္ေနာင္ လမ္းမေလွ်ာက္ႏိုင္ဘဲ အိပ္ယာေပၚလဲသည္အထိ ျဖစ္ေစႏိုင္ပါတယ္။ ေရာဂါရွိေၾကာင္း ဘယ္လိုသိႏိုင္မလဲ။

၁။ နံနက္အိပ္ယာထ လက္ဆစ္မ်ား တစ္နာရီထက္ ပိုၿပီး ေတာင့္တင္းျခင္း။

၂။ အဆစ္(၃)ခုႏွင့္အထက္ ေရာင္ရမ္းနာက်င္ျခင္း။

၃။ လက္ဆစ္မ်ား ေရာင္ရမ္းနာက်င္ျခင္း။

၄။ ဘယ္ညာတစ္ၿပိဳင္နက္ ျဖစ္ျခင္း။

၅။ အေရျပားေအာက္တြင္ အက်ိတ္အဖုေလးမ်ား ထြက္ျခင္း။

၆။ ေသြးစစ္ၾကည့္ရာတြင္ ေရာဂါျဖစ္ေစေသာ ဓာတ္တစ္ခု (Rhematoid Factor) ေတြ႕ရျခင္း။

၇။ ဓာတ္မွန္တြင္ အ႐ိုးစားေနေၾကာင္း ေတြ႕ရျခင္း။

၈။ အနည္းဆုံး(၆)ပတ္ၾကာ ျဖစ္ပြားရမည္။

အထက္ပါအခ်က္မ်ားအနက္ (၄)ခ်က္ႏွင့္ အထက္ရွိပါက (RA) ေရာဂါရွိေနတယ္လို႔ ယူဆရပါတယ္။

ေရာဂါ သက္သာေပ်ာက္ကင္းမႈကို ဟန႔္တားေသာ အခ်က္မ်ား

၁။ အသက္ႀကီးမွ ေရာဂါစတင္ျဖစ္ျခင္း။

၂။ အမ်ိဳးသမီးျဖစ္ျခင္း။

၃။ နာက်င္ေသာ အဆစ္ အေရအတြက္မ်ားျခင္း။

၄။ အဆစ္နာက်င္ေရာင္ရမ္းျခင္းကို ကုသထိန္းသိမ္းမႈ အားနည္းျခင္း။

သတိျပဳဖို႔အခ်က္ကေတာ့ * ေသြးေၾကာင့္ျဖစ္ေသာ ေလးဖက္နာ ေရာဂါ (RA) ဟာ နာတာရွည္ေရာဂါ ျဖစ္ပါတယ္။ ဒီေလာက္ဆို ေလးဖက္နာေရာဂါနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ ဗဟုသုတရမယ္လို႔ ထင္ပါတယ္။

( ေဒါက္တာခ်စ္စိုး (ေဆးပညာဌာန) ရဲ႕ SSC ေဆး႐ုံမွ လက္ကမ္းစာေစာင္မွ ေရးသားထားပါတယ္။)

KZL

Credit – Lamin Maung Blog

(Unicode)

” ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ အကြောင်းသိကောင်းစရာ ”

ပိုးလေးဖက်နာ (Rhematic fever) နဲ့ သွေးလေးဖက်နာ ( Rhematoid arthritis (RA) ဆိုပြီး လေးဖက်နာရောဂါမှာ နှစ်မျိုးရှိပါတယ်။

ပိုးလေးဖက်နာကို အရင်ပြောပြပါမယ်။

ပိုးလေးဖက်နာရောဂါ ဆိုတာမှာ G.A Haemolytic Strepto cocci ခေါ် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူ အရွယ်များတွင် နှလုံးရောဂါ ဖြစ်စေနိုင်သည့် အဓိက အကြောင်းရင်းဟာ လေးဖက်နာရောဂါ ဖြစ်ပါတယ်။ အဓိက ရောဂါsymptoms တွေကတော့

၁။ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း(Arthritis)

၂။ နှလုံးရောင်ရမ်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း(Carditis)

၃။ အကြောဆွဲခြင်း (Chlorea)

၄။ လက်၊ ညို့သကျည်းနှင့် ကျောရိုးတစ်လျှောက် အရေပြားအောက်တွင် အကျိတ်ငယ်ကလေးများ ထွက်ခြင်း( Subcutaneous nodule)

၅။ အရေပြားပေါ်တွင် အနီရောင်အကွက်ငယ်များ ထွက်ခြင်း( Erythema marginatum)

၆။ သွေးဖောက်စစ်လျှင် ESR တက်နေခြင်း

၇။ နှလုံးစက် (ECG) ဖြင့်စမ်းကြည့်လျှင် Prolog P.R interval ဖြစ်နေခြင်းတို့ပဲ ဖြစ်ပါတယ်။ လေးဖက်နာရောဂါသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ရမ်းခြင်း တို့မှ အစပြုတတ်သောကြောင့် လည်ချောင်းနာလာပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားပြသ၊ စစ်ဆေး ကုသမှုခံယူသင့်ပါတယ်။ ဒါကတော့ ပိုးလေးဖက်နာအကြောင်းပါ။

အခုကတော့ သွေးလေးဖက်နာ (Rhematoid Arthritis (RA) ) အကြောင်းကို ပြောပါမယ်။ သွေးလေးဖက်နာရောဂါဟာ နာတာရှည် အဆစ်ရောဂါများထဲတွင် အဖြစ်များဆုံးရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ အဆစ်များကို ပျက်စီးကာ ကောက်ကွေး ပုံပျက်စေသည့်အပြင် နောက်နောင် လမ်းမလျှောက်နိုင်ဘဲ အိပ်ယာပေါ်လဲသည်အထိ ဖြစ်စေနိုင်ပါတယ်။ ရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ။

၁။ နံနက်အိပ်ယာထ လက်ဆစ်များ တစ်နာရီထက် ပိုပြီး တောင့်တင်းခြင်း။

၂။ အဆစ်(၃)ခုနှင့်အထက် ရောင်ရမ်းနာကျင်ခြင်း။

၃။ လက်ဆစ်များ ရောင်ရမ်းနာကျင်ခြင်း။

၄။ ဘယ်ညာတစ်ပြိုင်နက် ဖြစ်ခြင်း။

၅။ အရေပြားအောက်တွင် အကျိတ်အဖုလေးများ ထွက်ခြင်း။

၆။ သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓာတ်တစ်ခု (Rhematoid Factor) တွေ့ရခြင်း။

၇။ ဓာတ်မှန်တွင် အရိုးစားနေကြောင်း တွေ့ရခြင်း။

၈။ အနည်းဆုံး(၆)ပတ်ကြာ ဖြစ်ပွားရမည်။

အထက်ပါအချက်များအနက် (၄)ချက်နှင့် အထက်ရှိပါက (RA) ရောဂါရှိနေတယ်လို့ ယူဆရပါတယ်။

ရောဂါ သက်သာပျောက်ကင်းမှုကို ဟန့်တားသော အချက်များ

၁။ အသက်ကြီးမှ ရောဂါစတင်ဖြစ်ခြင်း။

၂။ အမျိုးသမီးဖြစ်ခြင်း။

၃။ နာကျင်သော အဆစ် အရေအတွက်များခြင်း။

၄။ အဆစ်နာကျင်ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း။

သတိပြုဖို့အချက်ကတော့ * သွေးကြောင့်ဖြစ်သော လေးဖက်နာ ရောဂါ (RA)ဟာ နာတာရှည်ရောဂါ ဖြစ်ပါတယ်။ ဒီလောက်ဆို လေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး တော်တော် ဗဟုသုတရမယ်လို့ ထင်ပါတယ်။

( ဒေါက်တာချစ်စိုး (ဆေးပညာဌာန)ရဲ့ SSC ဆေးရုံမှ လက်ကမ်းစာစောင်မှ ရေးသားထားပါတယ်။)

KZL

Credit – Lamin Maung Blog

Leave a Reply

Your email address will not be published. Required fields are marked *