သတင္း

ဖုန္းမွား ဆက္မိရာကေန စြဲလမ္းခ်စ္ႀကိဳက္သြားတဲ့ ၂၈ႏွစ္ အမ်ိဳးသားနဲ႔ ၈၂ႏွစ္ အဘြားအိုတို႔ ခ်စ္ႀကိဳက္သြားၾကပုံ အျပည့္အစုံ

ZawGyiျဖင့္ဖတ္ရန္
အခ်စ္မွာ အသက္အ႐ႊယ္ကန႔္သတ္ခ်က္ေတြ မရွိဘူးဆိုတာကို သက္ေသျပသြားခဲ့တဲ့ စုံတြဲတစ္တြဲ ထြက္ေပၚလို႔လာခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ ဒီလိုအသက္ကြာဟတဲ့ လူအခ်င္းခ်င္း လက္တြဲၾကၿပီဆိုရင္ အက်ိဳးလိုလို႔ ေညာင္ေရသြန္းၾကတယ္ထင္ေပမယ့္ သူတို႔ႏွစ္ဦးကေတာ့ အခ်စ္ကိုပဲအေျခခံၿပီး တစ္ဘဝလုံးအတြက္ လက္တြဲခဲ့လိုက္တာျဖစ္ေၾကာင္းကို သက္ေသျပႏိုင္ခဲ့သူေတြျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးကေတာ့ အသက္ ၂၈ႏွစ္အ႐ႊယ္ Sofian Loho Dandel နဲ႔ အသက္ ၈၂ႏွစ္အ႐ႊယ္ Martha Potu တို႔ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး စတင္ဆုံစည္းခဲ့ပုံကေတာ့ ဇာတ္လမ္းဆန္ပါတယ္။ Martha က လူတစ္ေယာက္ဆီ ဖုန္းေခၚတဲ့အခ်ိန္မွာ Sofian ဆီကို ဖုန္းမွားဝင္သြားရာကေန သူတို႔ရဲ႕ဆုံစည္းမႈ စတင္ခဲ့တာျဖစ္ပါတယ္။ ဖုန္းမွာဝင္သြားခဲ့တာဆိုေပမယ့္ ႏွစ္ဦးလုံးက ဖုန္းမခ်လိုက္ပဲ စကားေတြဆက္ေျပာျဖစ္ရာကေန တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိသြားခဲ့ၾကပါေတာ့တယ္။
ဒီလိုနဲ႔ သူတို႔ႏွစ္ဦးလုံးဟာ ေန႔စဥ္ဖုန္းေျပာဆိုမႈေတြ ျပဳလုပ္လာခဲ့ၾကၿပီး အခ်ိန္ေတြၾကာလာတဲ့အခါမွာေတာ့ စကားသံနဲ႔ပဲ အခ်င္းခ်င္းသံေယာဇဥ္ ျဖစ္လာပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ဦးလုံး အျပင္မွာေတြ႕ၿပီး သူတို႔ရဲ႕ဆက္ဆံေရးကို ျမႇင့္တင္ဖို႔ဆုံးျဖတ္လိုက္ၾကပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာက သူတို႔ႏွစ္ဦး အျပန္အလွန္ စကားေတြအမ်ားႀကီး ေျပာဆိုျဖစ္ခဲ့ေပမယ့္ Sofian က Martha ရဲ႕ အသက္ကို လုံးဝမေမးခဲ့မိပါဘူး။ ဒီေမ့ေလ်ာ့မႈဟာ သူတို႔ႏွစ္ဦး ဆုံေတြ႕တဲ့အခ်ိန္မွာ အံၾသမႈေတြ ျဖစ္သြားေစခဲ့ရပါတယ္။
တကယ္ဆုံေတြ႕တဲ့အခ်ိန္မွာလည္း သူသံေယာဇဥ္ျဖစ္ေနတဲ့ Martha က သူနဲ႔ ၅၄ႏွစ္ေလာက္ အသက္ကြာျခားေနသူျဖစ္ေနမွန္း သိလိုက္ရလို႔ Sofian တစ္ေယာက္ အရမ္းကိုအံၾသမွင္သက္သြားခဲ့ပါတယ္။ ဒါေပမယ့္ သူက Martha အေပၚကို တကယ္ေမတၱာသက္ဝင္ေနသလို Martha ကလည္း Sofian ကို ခ်စ္မိေနတာေၾကာင့္ သူတို႔ရဲ႕ဘဝႏွစ္ခုကို ေပါင္းဖက္လိုက္ၾကဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ အသက္ေတြကြာဟေပမယ့္ ခ်စ္ျခင္းေမတၱာတရားကိုသာ ဦးစားေပးခဲ့ၾကတဲ့ သူတို႔အတြဲဟာ အခုဆိုရင္ အင္တာနက္ေပၚမွာ လူစိတ္ဝင္စားျခင္းကို အေတာ္ေလးခံေနရၿပီး မီဒီယာမ်ားအတြက္လည္း အင္တာဗ်ဳးအစီအစဥ္ေတြပါ လိုက္လံေျဖဆိုေနရလ်က္ ရွိေနပါတယ္ခင္ဗ်ာ။
Credit, .thithtoolwin
Unicodeဖြင့်ဖတ်ရန်

ဖုန်းမှား ဆက်မိရာကနေ စွဲလမ်းချစ်ကြိုက်သွားတဲ့ ၂၈နှစ် အမျိုးသားနဲ့ ၈၂နှစ် အဘွားအိုတို့ ချစ်ကြိုက်သွားကြပုံ အပြည့်အစုံ
အချစ်မှာ အသက်အရွှယ်ကန့်သတ်ချက်တွေ မရှိဘူးဆိုတာကို သက်သေပြသွားခဲ့တဲ့ စုံတွဲတစ်တွဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ တချို့ကတော့ ဒီလိုအသက်ကွာဟတဲ့ လူအချင်းချင်း လက်တွဲကြပြီဆိုရင် အကျိုးလိုလို့ ညောင်ရေသွန်းကြတယ်ထင်ပေမယ့် သူတို့နှစ်ဦးကတော့ အချစ်ကိုပဲအခြေခံပြီး တစ်ဘဝလုံးအတွက် လက်တွဲခဲ့လိုက်တာဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့သူတွေဖြစ်ပါတယ်။
သူတို့နှစ်ဦးကတော့ အသက် ၂၈နှစ်အရွှယ် Sofian Loho Dandel နဲ့ အသက် ၈၂နှစ်အရွှယ် Martha Potu တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦး စတင်ဆုံစည်းခဲ့ပုံကတော့ ဇာတ်လမ်းဆန်ပါတယ်။ Martha က လူတစ်ယောက်ဆီ ဖုန်းခေါ်တဲ့အချိန်မှာ Sofian ဆီကို ဖုန်းမှားဝင်သွားရာကနေ သူတို့ရဲ့ဆုံစည်းမှု စတင်ခဲ့တာဖြစ်ပါတယ်။ ဖုန်းမှာဝင်သွားခဲ့တာဆိုပေမယ့် နှစ်ဦးလုံးက ဖုန်းမချလိုက်ပဲ စကားတွေဆက်ပြောဖြစ်ရာကနေ တစ်ယောက်အကြောင်းတစ်ယောက် သိသွားခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦးလုံးဟာ နေ့စဉ်ဖုန်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့ကြပြီး အချိန်တွေကြာလာတဲ့အခါမှာတော့ စကားသံနဲ့ပဲ အချင်းချင်းသံယောဇဉ် ဖြစ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလုံး အပြင်မှာတွေ့ပြီး သူတို့ရဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက သူတို့နှစ်ဦး အပြန်အလှန် စကားတွေအများကြီး ပြောဆိုဖြစ်ခဲ့ပေမယ့် Sofian က Martha ရဲ့ အသက်ကို လုံးဝမမေးခဲ့မိပါဘူး။ ဒီမေ့လျော့မှုဟာ သူတို့နှစ်ဦး ဆုံတွေ့တဲ့အချိန်မှာ အံသြမှုတွေ ဖြစ်သွားစေခဲ့ရပါတယ်။
တကယ်ဆုံတွေ့တဲ့အချိန်မှာလည်း သူသံယောဇဉ်ဖြစ်နေတဲ့ Martha က သူနဲ့ ၅၄နှစ်လောက် အသက်ကွာခြားနေသူဖြစ်နေမှန်း သိလိုက်ရလို့ Sofian တစ်ယောက် အရမ်းကိုအံသြမှင်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူက Martha အပေါ်ကို တကယ်မေတ္တာသက်ဝင်နေသလို Martha ကလည်း Sofian ကို ချစ်မိနေတာကြောင့် သူတို့ရဲ့ဘဝနှစ်ခုကို ပေါင်းဖက်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အသက်တွေကွာဟပေမယ့် ချစ်ခြင်းမေတ္တာတရားကိုသာ ဦးစားပေးခဲ့ကြတဲ့ သူတို့အတွဲဟာ အခုဆိုရင် အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားခြင်းကို အတော်လေးခံနေရပြီး မီဒီယာများအတွက်လည်း အင်တာဗျုးအစီအစဉ်တွေပါ လိုက်လံဖြေဆိုနေရလျက် ရှိနေပါတယ်ခင်ဗျာ။
Credit, .thithtoolwin

Leave a Reply

Your email address will not be published. Required fields are marked *