သတင္း

ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံမ်ားအေၾကာင္း ဗဟုသုတ

ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံမ်ား

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ၊ ေအာက္တိုဘာလက အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF – International Monetary Fund ) က ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံေတြရဲ႕စာရင္းကို ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ အဲဒီစာရင္းဟာ တဦးခ်င္းဝင္ေငြရရွိမႈေပၚ အေျခခံၿပီး ထုတ္ျပန္ ေၾကညာခဲ့တာပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပမယ့္ႏိုင္ငံေတြကေတာ့ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံေတြပဲ ျဖစ္ပါတယ္။

(၁) Yemen

Yemen ႏိုင္ငံဟာ အာေရဗ်ကြၽန္းဆြယ္မွာ အဆင္းရဲဆုံးႏိုင္ငံပါ။ အသက္ ၁၈ ႏွစ္ နဲ႔ ၂၄ ၾကား လူငယ္တဝက္ေလာက္က အလုပ္အကိုင္ အခြင့္အလမ္း မရၾကပါဘူး။ ေရနံခ်မ္းသာတဲ့ႏိုင္ငံ ျဖစ္ေပမယ့္ ႏိုင္ငံေရး မၿငိမ္သက္မႈေတြေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈေတြက သိသိသာသာကိုပဲ ေလ်ာ့က်ခဲ့ရပါတယ္။

ျပည္တြင္းစစ္ျဖစ္ေနတဲ့အတြက္ေၾကာင့္လည္း ႏိုင္ငံအာဏာပိုင္ေတြက ႏိုင္ငံျခားသားခရီး သည္ေတြကို လာေရာက္လည္ပတ္ခြင့္ ပိတ္ပင္ထားပါတယ္။ Yemen ႏိုင္ငံဟာ ေရနံအျပင္ ငါး၊ စက်င္ေက်ာက္၊ ေက်ာက္မီးေသြး၊ ေ႐ႊ၊ နီကယ္၊ ခဲ နဲ႔ ေၾကးနီအစရွိတာေတြ ေပါႂကြယ္ဝတဲ့ ႏိုင္ငံတႏိုင္ငံပါ။

ႏိုင္ငံရဲ႕ေပါႂကြယ္ဝတဲ့ တြင္းထြက္ပစၥည္းေတြေၾကာင့္ ႏိုင္ငံသားေတြဟာ ႂကြယ္ဝ ခ်မ္းသာသင့္ေပမယ့္ ႏိုင္ငံေရးမၿငိမ္သက္မႈေတြေၾကာင့္ ဆင္းရဲတြင္းနက္ေနတဲ့ ႏိုင္ငံတႏိုင္ငံပဲ ျဖစ္ပါတယ္။

(၂) The Gambia

Gambia ႏိုင္ငံဟာ အာဖရိကရဲ႕ ႏိုင္ငံငယ္ေလးတႏိုင္ငံျဖစ္ေပမယ့္ လူဦးေရ ၁ ဒႆမ ၈သန္း ရွိၿပီး ႏိုင္ငံဧရိယာ ကေတာ့ ၁၀၆၈၉ စတုရန္းကီလိုမီတာ ရွိပါတယ္။ Gambia ႏိုင္ငံရဲ႕ အဓိကစီးပြား ေရးလုပ္ငန္းေတြကေတာ့ စိုက္ပ်ိဳးေရး ၊ ခရီးသြားလာေရးနဲ႔ တံငါလုပ္ငန္းပါ။ Gambia ႏိုင္ငံဟာ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။

(၃) Sierra Leone

Sierra Leone ႏိုင္ငံဟာ ကမာၻေပၚမွာ စိန္ထုတ္လုပ္မႈလုပ္ငန္းကို အႀကီးအက်ယ္ လုပ္ကိုင္ေနတဲ့ ႏိုင္ငံပါပဲ။ ဒါေပမဲ့ ၁၉၉၁ – ၂၀၀၁ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္မွာ လူအမ်ားအျပား ေသဆုံးခဲ့ ရပါတယ္။ ဒီစစ္ပြဲရဲ႕ရလာဒ္ကေတာ့ ႏိုင္ငံသားေတြဟာ ဆင္းရဲတြင္းထဲ ေရာက္သြားရတာပါ။

ႏိုင္ငံသား ၅၀၀၀၀၀ ေလာက္ကလည္း အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ Guinea နဲ႔ Liberia ကို ေျပာင္းေ႐ႊ႕ သြားခဲ့ၾကပါတယ္။ အ႐ြယ္ေရာက္ၿပီးသူေတြရဲ႕ ၆၆ရာခိုင္ႏႈန္းကလည္း စာမတတ္သူ ေတြ ျဖစ္ၾကၿပီး က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကလည္း ညံ့ဖ်င္းပါတယ္။ Sierra Leone ႏိုင္ငံဟာ ေမြးကင္းစကေလးေသဆုံးမႈမ်ားျပားၿပီး ကမာၻေပၚမွာ သက္တမ္း အတိုဆုံးႏိုင္ငံေတြထဲ ပါဝင္ပါတယ္။

(၄) Mozambique

၂၀၁၈ ခုႏွစ္အတြက္ ေနာက္ထပ္ အဆင္းရဲဆုံးႏိုင္ငံကေတာ့ Mozambique ႏိုင္ငံပါ။ ၁၆ ႏွစ္ ၾကာျဖစ္ပြားခဲ့ရတဲ့ျပည္တြင္းစစ္က ႏိုင္ငံစီးပြားေရးအားလုံးနီးပါးကို ဖ်က္ဆီးလိုက္ပါတယ္။ Mozambique ႏိုင္ငံဟာ သယံဇာတႂကြယ္ဝတဲ့ႏိုင္ငံျဖစ္ေပမယ့္ ႏိုင္ငံကိုခ်မ္းသားေအာင္လုပ္မေပး ႏိုင္တဲ့အျပင္ ျပည္ပအေထာက္အပံ့ကို အလြန္အမင္း မွီခိုေနရပါတယ္။

Mozambique ႏိုင္ငံဟာ အာဖရိကမွာ ေက်ာက္မီးေသြးနဲ႔ သဘာဝတြင္းထြက္ပစၥည္းေတြ ေပါႂကြယ္ဝတဲ့ႏိုင္ငံျဖစ္ပါပဲ။ Mozambique ႏိုင္ငံကထြက္တဲ့ လွ်ပ္စစ္ကိုသာ ထုတ္လုပ္ႏိုင္ခဲ့မယ္ဆိုရင္ ႏိုင္ငံတြင္းမွာသာမက ေတာင္အာဖရိကနဲ႔ ဇင္ဘာေဘြႏိုင္ငံကိုပါ ေပးႏိုင္တဲ့ အေနအထားပါ။

ႏိုင္ငံလူဦးေရရဲ႕ ၂၈ ဒႆမ ၈ ေလာက္ဟာ ၿမိဳ႕ ျပေတြမွာေနထိုင္ၾကၿပီး လူဦးေရ တဝက္ေလာက္ကေတာ့ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အငတ္ေဘး ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ အလုပ္လက္မဲ့ျပႆနာေတြေၾကာင့္ ရာဇဝတ္မႈ ျမင့္တက္ေနတဲ့ ႏိုင္ငံတႏိုင္ငံပါပဲ။

(၅) Democratic Republic of Congo

Congo ႏိုင္ငံဟာ လူဦးေရ သန္းေပါင္း ၇၀ ေက်ာ္ရွိၿပီး ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံေတြရဲ႕ စာရင္းမွာ ပါဝင္ပါတယ္။ ေရအရင္းအျမစ္၊ သစ္ေတာနဲ႔ သားငါးေပါႂကြယ္ဝေပမယ့္ ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံစာရင္းထဲ ပါဝင္ေနပါေသးတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲဆိုေတာ့ စီးပြားေရးနဲ႔ ႏိုင္ငံေရး မၿငိမ္သက္မႈေတြေၾကာင့္ပါ။ ဆက္လက္ ျဖစ္ပြား ေနတဲ့တိုက္ပြဲေတြေၾကာင့္လည္း လူ႔အသက္ေပါင္းမ်ားစြာ ေသေၾက ပ်က္စီးေနရဆဲပါ။ Congo ႏိုင္ငံရဲ႕ ပွ်မ္းမွ်လူ႔သက္တမ္းကေတာ့ ၄၈ ႏွစ္ျဖစ္ပါတယ္။ လူေပါင္းမ်ားစြာဟာ ေရာဂါျဖစ္ပြားေနၿပီး ေဆးဝါးလည္း မလုံေလာက္ႏိုင္ပါ။

လူအမ်ားစုက ငတ္မြတ္ေနၾကၿပီး ၿမိဳ႕သားတဝက္နီးပါးကေတာ့ တေန႔မွတႀကိမ္သာ စားေသာက္ၾကရပါတယ္။ ဒါေၾကာင့္လည္း လူသားစားတဲ့အေလ့အထက Congo ႏိုင္ငံမွာ က်ယ္ျပန႔္ လာေနပါတယ္။

Ref : legit.ng

Credit – ညီညီသူ (ဧရာဝတီ), The Irrawaddy – Burmese Edition

Source – https://burma.irrawaddy.com/lifestyle/trend/2019/01/11/179843.html

(Unicode)

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၊ အောက်တိုဘာလက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF – International Monetary Fund ) က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေရဲ့စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းဟာ တဦးချင်းဝင်ငွေရရှိမှုပေါ် အခြေခံပြီး ထုတ်ပြန် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့်နိုင်ငံတွေကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။

(၁) Yemen

Yemen နိုင်ငံဟာ အာရေဗျကျွန်းဆွယ်မှာ အဆင်းရဲဆုံးနိုင်ငံပါ။ အသက် ၁၈ နှစ် နဲ့ ၂၄ ကြား လူငယ်တဝက်လောက်က အလုပ်အကိုင် အခွင့်အလမ်း မရကြပါဘူး။ ရေနံချမ်းသာတဲ့နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတွေက သိသိသာသာကိုပဲ လျော့ကျခဲ့ရပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်လည်း နိုင်ငံအာဏာပိုင်တွေက နိုင်ငံခြားသားခရီး သည်တွေကို လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ Yemen နိုင်ငံဟာ ရေနံအပြင် ငါး၊ စကျင်ကျောက်၊ ကျောက်မီးသွေး၊ ရွှေ၊ နီကယ်၊ ခဲ နဲ့ ကြေးနီအစရှိတာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံပါ။

နိုင်ငံရဲ့ပေါကြွယ်ဝတဲ့ တွင်းထွက်ပစ္စည်းတွေကြောင့် နိုင်ငံသားတွေဟာ ကြွယ်ဝ ချမ်းသာသင့်ပေမယ့် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။

(၂) The Gambia

Gambia နိုင်ငံဟာ အာဖရိကရဲ့ နိုင်ငံငယ်လေးတနိုင်ငံဖြစ်ပေမယ့် လူဦးရေ ၁ ဒဿမ ၈သန်း ရှိပြီး နိုင်ငံဧရိယာ ကတော့ ၁၀၆၈၉ စတုရန်းကီလိုမီတာ ရှိပါတယ်။ Gambia နိုင်ငံရဲ့ အဓိကစီးပွား ရေးလုပ်ငန်းတွေကတော့ စိုက်ပျိုးရေး ၊ ခရီးသွားလာရေးနဲ့ တံငါလုပ်ငန်းပါ။ Gambia နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

(၃) Sierra Leone

Sierra Leone နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိန်ထုတ်လုပ်မှုလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ ၁၉၉၁ – ၂၀၀၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ လူအများအပြား သေဆုံးခဲ့ ရပါတယ်။ ဒီစစ်ပွဲရဲ့ရလာဒ်ကတော့ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းထဲ ရောက်သွားရတာပါ။

နိုင်ငံသား ၅၀၀၀၀၀ လောက်ကလည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ Guinea နဲ့ Liberia ကို ပြောင်းရွှေ့ သွားခဲ့ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၆၆ရာခိုင်နှုန်းကလည်း စာမတတ်သူ တွေ ဖြစ်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ညံ့ဖျင်းပါတယ်။ Sierra Leone နိုင်ငံဟာ မွေးကင်းစကလေးသေဆုံးမှုများပြားပြီး ကမ္ဘာပေါ်မှာ သက်တမ်း အတိုဆုံးနိုင်ငံတွေထဲ ပါဝင်ပါတယ်။

(၄) Mozambique

၂၀၁၈ ခုနှစ်အတွက် နောက်ထပ် အဆင်းရဲဆုံးနိုင်ငံကတော့ Mozambique နိုင်ငံပါ။ ၁၆ နှစ် ကြာဖြစ်ပွားခဲ့ရတဲ့ပြည်တွင်းစစ်က နိုင်ငံစီးပွားရေးအားလုံးနီးပါးကို ဖျက်ဆီးလိုက်ပါတယ်။ Mozambique နိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမယ့် နိုင်ငံကိုချမ်းသားအောင်လုပ်မပေး နိုင်တဲ့အပြင် ပြည်ပအထောက်အပံ့ကို အလွန်အမင်း မှီခိုနေရပါတယ်။

Mozambique နိုင်ငံဟာ အာဖရိကမှာ ကျောက်မီးသွေးနဲ့ သဘာဝတွင်းထွက်ပစ္စည်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါပဲ။ Mozambique နိုင်ငံကထွက်တဲ့ လျှပ်စစ်ကိုသာ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံတွင်းမှာသာမက တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံကိုပါ ပေးနိုင်တဲ့ အနေအထားပါ။

နိုင်ငံလူဦးရေရဲ့ ၂၈ ဒဿမ ၈ လောက်ဟာ မြို့ ပြတွေမှာနေထိုင်ကြပြီး လူဦးရေ တဝက်လောက်ကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အငတ်ဘေး ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်လက်မဲ့ပြဿနာတွေကြောင့် ရာဇဝတ်မှု မြင့်တက်နေတဲ့ နိုင်ငံတနိုင်ငံပါပဲ။

(၅) Democratic Republic of Congo

Congo နိုင်ငံဟာ လူဦးရေ သန်းပေါင်း ၇၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေရဲ့ စာရင်းမှာ ပါဝင်ပါတယ်။ ရေအရင်းအမြစ်၊ သစ်တောနဲ့ သားငါးပေါကြွယ်ဝပေမယ့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ပါဝင်နေပါသေးတယ်။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ စီးပွားရေးနဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့်ပါ။ ဆက်လက် ဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့်လည်း လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီးနေရဆဲပါ။ Congo နိုင်ငံရဲ့ ပျှမ်းမျှလူ့သက်တမ်းကတော့ ၄၈ နှစ်ဖြစ်ပါတယ်။ လူပေါင်းများစွာဟာ ရောဂါဖြစ်ပွားနေပြီး ဆေးဝါးလည်း မလုံလောက်နိုင်ပါ။

လူအများစုက ငတ်မွတ်နေကြပြီး မြို့သားတဝက်နီးပါးကတော့ တနေ့မှတကြိမ်သာ စားသောက်ကြရပါတယ်။ ဒါကြောင့်လည်း လူသားစားတဲ့အလေ့အထက Congo နိုင်ငံမှာ ကျယ်ပြန့် လာနေပါတယ်။

Ref : legit.ng

Credit – ညီညီသူ (ဧရာဝတီ), The Irrawaddy – Burmese Edition

Source – https://burma.irrawaddy.com/lifestyle/trend/2019/01/11/179843.html

Leave a Reply

Your email address will not be published. Required fields are marked *