ကိုလက်စထရောကို လျှော့ကျစေနိုင်တဲ့ စောင်းလျားသီ

ကိုလက်စထရောကို လျှော့ကျစေနိုင်တဲ့ စောင်းလျားသီ

ကိုလက်စထရောကို လျှော့ကျစေနိုင်တဲ့ စောင်းလျားသီး

စောင်းလျားသီးက ကြယ်ပုံသဏ္ဍာန်ရှိပါတယ်။ ဒီအသီးကို မြန်မာအခေါ်က စောင်းလျားသီးလို့ ခေါ်ပြီး Star Fruit လို့လည်း ခေါ်ကြပါတယ်။ စောင်းလျားသီး (သို့) Star Fruit က အစိမ်းရောင်၊ အဝါရောင်တို့ရှိပြီး ချိုချိုချဉ်

ချဉ် အရသာလေး ရှိပါတယ်။ ဒီအသီးမှာ ကယ်လိုရီမပါတဲ့အသီးဖြစ်ပြီး antioxidant ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင် B, C ဖောလစ်အက်ဆစ်နဲ့ အခြားသော ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုလက်စထရောကျစေနိုင် တဲ့ အပြင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကိုပြောပြလိုက်ပါတယ်နော်။

၁။ ကိုလက်စထရော လျော့ကျစေခြင်း

စောင်းလျားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဖိုင်ဘာဓာတ်များစွာ ပါဝင်ပါတယ်။ ဖိုင်ဘာဓာတ် ကြွယ်ဝခြင်းက

မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းက လေဖြတ်

ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါဖောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စောင်းလျားသီးစားခြင်းဖြင့်

မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို ခြေဖျက်လိုက်ကြရအောင်နော်။

၂။ သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း

စောင်းလျားသီးမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် သွေးဖိအားတက်တာကို အကောင်းဆုံး လျှော့ကျ

စေနိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဆဲလ်တွေနဲ့ သွေးတွေအတွက် အရေးပါတဲ့ ဓာတ်ဖြစ်တာကြောင့် နေ့စဉ်

စားသုံးပေးမယ်ဆိုပါက  သွေးဖိအားတိုးခြင်းကြောင့်ဖြစ်တဲ့ သွေးတိုးခြင်း၊ လေဖြတ်ခြင်းတွေကိုပါ ထိန်းထားပေး

နိုင်ပါတယ်။

၃။  နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း

စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူတစ်ယောက်မှာ နေ့စဉ် မဂ္ဂနီဆီယမ်ဓာတ်က

၃၀၀ – ၄၀၀ ဂရမ်ထိ လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ပါက အိပ်မပျော်ခြင်း၊ ကြွက်တတ်ခြင်းတွေ ဖြစ်

နိုင်ပါတယ်။ စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ဓာတ်များစွာ ပါဝင်တာကြောင့် နေ့စဉ်စားပေးသင့်ပါတယ်

၎။ သန္ဓေသားအတွက် ကျန်းမာဖွံ့ဖြိုးစေခြင်း

စောင်းလျားသီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားခြင်းက နေ့စဉ်ဝမ်းမှန်စေနိုင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့

ကာဗိုလ်ဟိုက်ဒရိုက်ကြွယ်ဝစွာ ပါဝင်တာကြောင့် သန္ဓေသားလေးကို ကျန်းမာစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်

အကူဖြစ်စေနိုင်ပါတယ်။

၅။ အမြင်အာရုံ ပိုမိုကောင်းမွန်စေခြင်း

စောင်းလျားသီးမှာ ဗီတာမင် အေကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်စိ ကျန်းမာရေးကို အထောက်အကူဖြစ်စေ

နိုင်ပါတယ်။ မျက်လုံးအာဟာရကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် မျက်လုံးကနေ ရောဂါကူးစက်တတ်တဲ့ မျက်လုံးနီခြင်း

တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top