သတင်း

ခါးပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာများ

ခါးပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာများ

လူတွေမှာက အသက်ရှည်ရန် အတွက် အားနှစ်မျိုး လိုအပ်ပါတယ်။ ထိုနှစ်မျိုးက သွေးအားနဲ့ လေအားဖြစ်ပါတယ်။ ဓာတ်သဘောဆိုရင်တော့ သွေးဓာတ်သည် အာပေါဓာတ်ဖြစ်ပြီး၊ လေသည် ဝါယောဓာတ်ဖြစ်ပါတယ်။ လေဓာတ်နဲ့ သွေးဓာတ်အတွက် အခါးစားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုအခါးဓာတ်တွေ စားပေးရမလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။

၁။ ကြက်ဟင်းခါးသီး

——————- 

ကြက်ဟင်းခါးသီးက သွေးကိုသန့်စင်စေပါတယ်။ သွေးအဆိပ်တတ်ခြင်းနှင့် အသားများ ယားယံခြင်းအတွက် ကြက်ဟင်းခါးသီးသတ္တုရည်နဲ့ သံပုရာရည်ကို ဆတူရောကာ ရေဆာတိုင်း သောက်သုံးပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးကို မှန်မှန်စားပေးခြင်းဖြင့် ခွန်အားကို တိုးစေပြီး သက်လုံလည်း ကောင်းစေပါတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်တို့လည်းပေါကြွယ်ဝစွာ ပါရှိတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ရိုးရာပရဆေးများတွင် ကြက်ဟင်းခါးသီးကို ဝမ်းနှုတ်ဆေးအဖြစ် ဖော်စပ်လေ့ ရှိကြပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးကို စားပေးသင့်ပါတယ်။

၂။ ကြောင်လျှာသီး

———————

ကြောင်လျှာသီး၊ ကြောင်လျှာပွင့် ၊ ကြောင်လျှာရွက်တို့က အခါးဓာတ်ရှိပေမယ့် အားလုံးက ဆေးဖက်ဝင်ပါတယ်။ တစ်ပင်တည်းပေမယ့် သုံးမျိုးလုံးမှာ ပူစပ်ခါးတဲ့ အရသာတွေ ရှိပေမယ့် ကြောင်လျှာရွက်ကို သုပ်စားခြင်းကနားလေးခြင်းကို သက်သာစေနိုင်ပါတယ်။  ကြောင်လျှာသီးဓာတ်စာအသီးကိုပြုတ်၊ ဖုတ်စားပါကစားပါက လည်ချောင်းတွင် အပူဖုပေါက်ခြင်း ပျောက် သည်။ကြက်သားနှင့်ချက်စားပါက ပန်းနာရောဂါပျောက်ကင်းသည်။ငါးရံနှင့်ချက်စားပါကကာလ၀မ်းရောဂါပျောက်သည်။အားကို ဖြစ်စေပြီး အစာမကျေရောဂါ၊ ၀မ်းပျက်ရော ဂါကိုပျောက်ကင်း သည်။ ပုဇွန်ဖြင့်ချက်စားပါက နှလုံးတုန်၊ရင်တုန်ရောဂါကိုပျောက်ကင်းသည်။ငါးသလောက်ဖြင့်ချက်စားပါက အဖေါကိုကျ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို ပျောက်စေ သည်။ ငါးမြွေထိုးဖြင့်ချက်စားပါကဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်းနှင့် လိပ်ခေါင်းရောဂါကို ပျောက်ကင်းစေသည်။



၃။ တမာရွက်

————–

တမာပင်ကလည်း တစ်ပင်လုံးကို ဆေးစွမ်းထက်တာဖြစ်ပါတယ်။ တမာဆီ၊ တမာခေါက်၊ တမာစေ့၊ တမာသီး၊တမာရွက်နဲ့တမာပွင့်တွေ အားလုံးက ဆေးဖက်ဝင်ပါတယ်။ တိုင်းရင်းဆေးအဖြစ် အသုံးများကြပြီး  မျက်စိရောဂါ၊ လိပ်ခေါင်းရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အရေးပြားရောဂါ၊ အဖျားကျစေပြီး၊ ဝမ်းကိုက်ခြင်း၊ သွေးတိုးနဲ့ ဆီးချိုရောဂါတို့ကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ တမာရွက်ကိုတော့ ငပိရည်နဲ့ တို့စရာအဖြစ် အစားများကြပါတယ်။

၎။ ခွေးတောက်ရွက်

——————

ခွေးတောက်ရွက်က ပူခါးမျိုးဖြစ်ပါတယ်။ လူကြီးတွေမှာက အညောင်းများသည့် ပါဒရက်ရောဂါ အမျိုးမျိုးကို နိုင်ပါတယ်။ ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့် ရောချက်၍ ရှေးက ဆရာကြီးတွေက ဓာတ်စာပေးသည်ကိုပြောပြကြပါတယ်။ ခွေးတောက်ရွက်က အညောင်းအညာ အကိုက်အခဲတွေကိုလည်းသက်သာစေနိုင်ပါတယ်။



၅။ မယ်ဇလီဖူး

——————

မယ်ဇလီဖူးကို သုပ်စားတာ များကြပါတယ်။ တန်ဆောင်မုန်းလပြည့်ကျစားရင် ဆေးဖက်ဝင်တယ် (သို့) ဆေးပေါင်းခတယ်ဆိုပြီး စားကြပါတယ်။ မယ်ဇလီဖူးကိုသုပ်စားခြင်းက ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး အူမကြီးနဲ့ အသည်းကို လည်း ကောင်းစေနိုင်ပါတယ်။ ပါးစပ်အတွင်း အပူနာဖြစ်ခြင်းက မယ်ဇလီရွက်ကို ပြုသောက်ပေးပါကသက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေနိုင်တဲ့ အပြင် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက အရွက်ကိုချေပြီး အုံပေးပါ။ မယ်ဇလီဖူးက ကိုယ်ထဲရှိ မကောင်းတဲ့ အဆီတွေကိုလည် လောင်ကျွမ်းစေနိုင်ပါတယ်။

ခါးပေမယ့် ဓာတ်စာအဖြစ်စာသုံးကြပါတယ်။ လေမသက်အနေခက်၊ လေမစုန်ငွေကုန်ဆိုပြီးတော့ ရှေးလူကြီးတွေက ပြောခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် လေက အရေးကြီးဆုံးလည်းဖြစ်ပါတယ်။ လေလည်ခြင်းကရှက်စရာလို့ ယူဆကြသော်လည်း လေလည်တဲ့ လူကြီးတွေကျန်းမာကြတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် လူကြီးတွေ များများ စားကြရပေမယ့် လူငယ်တွေလဲ စားသုံးပေးသင့်ကြောင့် တိုက်တွန်းလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *