သတင္း

မြေအမျိုးအစားများ၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံရာဇဝင် လျှောက်ထားခြင်းအကြောင်း သိထားသင့်သည့် အချက်များ။

(Unicode)

မြေအမျိုးအစားများ၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံရာဇဝင် လျှောက်ထားခြင်းနှင့် ပက်သက်၍ သိထားသင့်သည့် အချက်များ။

( က ) မြန်မာမင်းလက်ထက် မြေလေးမျိုး

ရှေးမြန်မာမင်းလက်ထက်တွင် ရှင်ဘုရင်သည် လယ်ယာမြေတို့၏အရှင် ဖြစ်သည်။ ထိုခေတ်က မြေ အမျိုးအစားများကို အောက်ပါအတိုင်း လေးမျိုး ခွဲခြားထားပါသည်။

( ၁ ) အရာတော်မြေ ( နိုင်ငံပိုင်မြေ ) ( Royal Land )

( ၂ ) ဘိုးဘပိုင်မြေ ( ခ ) အမှုထမ်းမြေ ( Offical Land )

( ၃ ) လယ်ဝယ်ထား ပိုင်ဆိုင်ခွင့်ရှိသောမြေ ( Land holder right )

( 4 ) ဝတ္ထကမြေ ( ဿသနာ့မြေ ) ဟူ၍ဖြစ်ပါသည်။

( ခ ) မူလမြေပိုင်ရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မဟာပထဝီမြေကြီးအားလုံး၏ မူလပိုင်ရှင်မှာ နိုင်ငံတော်ဖြစ် သည်။

( ဂ ) မြို့

မြို့ဆိုသည်မှာ မြူနီစီပယ်အက်ဥပဒေအရ မြို့အဖြစ် တည်ထောင်ထားသော ဧရိယာနယ်မြေဒေသကို ခေါ်ပါသည်။

( ဃ ) ကျေးရွာ

၁၉၀၇ ခုနှစ်၊ ကျေးရွာများ အက်ဥပဒေအရ ဖွဲ့စည်း၍ လူအများ စုပေါင်းနေထိုင်ကြသော ဧရိယာနယ်မြေ ဒေသများ ဖြစ်ပါသည်။

( င ) မြို့နှင့် ကျေးရွာများတွင် အကျုံးမဝင်သော မြေများ

အောက်မြန်မာနိုင်ငံ မြို့ရွာနှင့် ကျေးရွာများ အက်ဥပဒေပုဒ်မ ၃ ( ၂ ) ( ၃ ) တို့အရ မြို့နှင့် ကျေးရွာမြေ တွင် အကျုံးမဝင်သောမြေများမှာ –

( ၁ ) မြစ်၊ ချောင်း၊ ရေကန်၊ တာတမံ၊ လမ်းမြေ၊ သဘာဝရေစီးကြောင်း

( ၂ ) တပ်မြေ

( ၃ ) ဘုရား၊ ကျောင်း၊ ကန် စသော ဿသနာရေးဆိုင်ရာ အသုံးပြုသော မြေ

( ၄ ) အင်းအိုင်မြေများ စသည်တို့ဖြစ်ပါသည်။

( စ ) မြေအမျိုးမျိုး

( ၁ ) မြို့မြေ

မြို့အဖြစ် သတ်မှတ်ထားသော ဒေသများတွင် မြို့တွင်မြေများကို အခွန်အရာရှိက ယာယီလိုင်စင် ထုတ်ပေးခြင်း၊ အငှားချထားခြင်း၊ ငှားရမ်းခ သတ်မှတ်ပေးသည့်မြေ ဖြစ်ပါသည်။

( ၂ ) လယ်ယာမြေ

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုး သောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ ဟုသော်လည်းကောင်း ၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုလိုသည်။ ယင်း စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်။ [ ပုဒ်မ-၃( က ) ]

( ၃ ) လယ်မြေ

လယ်မြေဆိုသည်မှာ သဘာဝအရ သော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်း ကောင်း စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိကစိုက်ပျိုးသော မြေကို ဆိုလိုသည်။ ပုဒ်မ-၃(ခ) (3B) မှတ်ချက် ။ ။ လယ်ယာမြေဥပဒေအသစ်ကို ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ( ၁၁ ) ဖြင့် ၃၀.၈.၂၀၁၂ ရက်နေ့တွင် ပြဌာန်းပါသည်။ )

လယ်ယာမြေကို အခြားနည်းအသုံးပြုခြင်း ( ပုဒ်မ-၃၀ )

အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ –

( က ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။

( ခ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းပြု လုပ်နိုင်သည်။ ထိုသို့ပြုလုပ်က သတ်မှတ်တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခ ပေးဆောင်ရ၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာရုံးတွင် မှတ်ပုံတင်ရမည်။ ( ပုဒ်မ -၁၂ )

သို့ရာတွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားသား ပါဝင် သည့် အဖွဲ့အစည်းကိုမျှ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း မပြုရ။ ( ပုဒ်မ -၁၄ )

( ၄ ) မြေပိုင်မြေ

၁၈၆၀ ခုနှစ်၌ ရန်ကုန်မြို့အား မြို့ကွက်များရိုက်၍ Town works fund အတွက် ရောင်းချ၍ ဝယ်ယူသူ များအား land Holder Right ရရှိသည့်မြေများ ဖြစ်ပါသည်။ ( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ်ခွင့် ရှိပါသည်။ )

( ၅ ) ဘိုးဘွားပိုင်မြေ

အောက်မြန်မာနိုင်ငံနှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ ၄ ( ၁၀ ) အရ ဘိုးဘွားမိဘများလက်ထက် ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသောမြေမျိုး ဖြစ်သည်။

( ၆ ) မြေငှားဂရန်မြေ ( မြေငှားစာချုပ်ရမြေ )

အင်္ဂလိပ်အစိုးရလက်ထက်က အစိုးရထံမှ မြေမဝယ်ယူနိုင်သောသူများအား မြေငှားခ သတ်မှတ်၍ စည်း ကမ်းချက်ဖြင့် နှစ်တို ( ၃လ ၊၁နှစ် ၊ ၅ နှစ် ) နှင့် နှစ်ရှည် ( ၃၀၊ ၆၀ ၊ ၉၀ ) နှစ်ကာလအပိုင်းအခြား သတ်မှတ်၍ အငှားချထားသည့်မြေမျိုးဖြစ်ပါသည်။ ၎င်းအပြင် စကွာတာမြေ၊ ရွာမြေ စသည်တို့မှ ပြောင်းလဲလာနိုင်သော မြေများ ပါဝင်ပါသည်။( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ်နိုင်သည်။ )

မြေငှားဂရန်ရရှိသူ၏ အခွင့်အရေး

မူလမြေငှားဂရန်အခွင့်အရေးရရှိပြီး မြေငှားဂရန်စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် မြေကို လက်ဝယ် ထားရှိသူသည် မြေငှားဂရန် သက်တမ်းကုန်ဆုံးသောမြေသည် ( Reversionary Right ) အရ အလိုအလျောက် မူလချထားပေးသော ပိုင်ရှင် ( အစိုးရ ) လက်ဝယ်သို့ ပြန်လည်ရောက်ရှိပါသည်။ ၎င်းမြေကို နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ ( land at the disposal of government ) အဖြစ် မှတ်ယူရမည်။ ၎င်းမြေကို ပြန်လည်အပ်နှံရန် တာဝန်ရှိသည်။ နိုင်ငံတော်မှ ယင်းမြေကို အများပြည်သူအကျိုးအတွက် သိမ်းယူနိုင်သလို မြေငှားဂရန် ထပ်မံထုတ်ပေးနိုင်ပါသည်။ မူလမြေငှားဂရန်ရရှိသူသည် မြေငှားဂရန် သက်တမ်းကုန်ဆုံး နေပြီ ဖြစ်၍ ဂရန်သစ်ထုတ်ပေးရန် အခွင့်အရေးတစ်ရပ်အဖြစ် ဥပဒေအရ တောင်းဆိုခွင့်မရှိပါ။

( ၇ ) ပါမစ်မြေ ( ချထားမြေ )

မြေငှားစာချုပ်မရှိသော်လည်း မစည်ကားသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် အိမ်ဆောက်လုပ် နေထိုင်ခွင့်ချထားပေးသောမြေမျိုး ဖြစ်ပါသည်။ တစ်ချိန်ချိန်တွင် မြေငှားဂရန် ထုတ်ပေးပါသည်။ ( ရောင်း/ပေါင်/ လွှဲပြောင်းနိုင်ခွင့် ရှိပါသည်။ )

( ၈ ) လိုင်စင်မြေ

အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ ၄ ( ၇ ) အရ စည်းကမ်းချက် ( ၁နှစ်၊ ၃ နှစ် စသည်ဖြင့် ) ဖြင့် ယာယီသုံးစွဲခွင့်ပေးသည့်မြေ ဖြစ်သည်။ လွှဲပြောင်းခွင့်မရှိပါ။ လိုင်စင် ( သို့ ) ပါမစ်ရသူက နှစ်တိုနှစ်ရှည် မြေငှားဂရန် လျှောက်ထားပါက မြေငှားစာချုပ်ထုတ်ပေးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ။ လိုင် စင်ရထားသူသည် လိုင်စင်အခွင့်အရေးထက် ပိုတောင်းခွင့်မရှိပါ။

လိုင်စင် ( သို့ ) ပါမစ်ရသူ၏အခွင့်အရေး

၁- လိုင်စင်ရထားသူဟုဆိုရာတွင် လိုင်စင်ရသူနှင့် လိုင်စင်ရသူထံမှ တရားဥပဒေနှင့်အညီ ဆက်ခံသူများ လည်း ပါဝင်ပါသည်။

၂- လက်ရှိကိုယ်တိုင်နေထိုင်ခြင်းအပေါ် မြေငှားစာချုပ်ပေးရန် ဦးစားပေးစဉ်းစားပါသည်။

( ၉ ) ကျုးကျော်မြေ

အစိုးရမြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သည့်မြေ ဖြစ်သည်။

( ၁၀ ) စနစ်တကျ ကျူးလွန်မြေ

စနစ်တကျ မြို့ရပ်ကွက်ရိုက်ထားသော အိမ်ယာမြေကွက်၌ ကျူးလွန်ခြင်းပြေစာဖြင့်စည်းကြပ်ကောက်ခံ သောမြေ ဖြစ်သည်။

( ၁၁ ) ဂရန်ရှိ မြေပိုင်မြေ

ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ ) ကဲ့သို့မြေမျိုး ဖြစ်ပါသည်။

( ၁၂ ) အခွန်လွတ်ဿသနာ့ဂရန်မြေ

ဘာသာ၊ သာသနာအတွက် ချထားပေးသောမြေ ဖြစ်ပါသည်။ သာသနာမြေ သို့မဟုတ် ဝတ္တုကံမြေသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်များ၏ ကိလေသာရန်ကို ငြိမ်းအေးအောင် အားထုတ်ကျင့်ကြံရာ အောင်မြေဖြစ်သည်။

သာသနာ့မြေအမျိုးအစားများ

ရှေးမြန်မာမင်းများသည် အစဉ်အဆက်ကပင် သာသနာ့မြေ ( ဝတ္တုကံမြေ ) သုံးမျိုး ခွဲခြားထားပါသည်။

( ၁ ) သရီယဓတ်တော်များပူဇော်သည့် ဘုရား၊ စေတီ၊ ပုထိုး ဝတ္တုကံမြေ

( ၂ ) ပိဋကတ်ပေစာများထားရှိသည့် ပိဋကဝတ္တုကံမြေ။

( ၃ ) သံဃာတော်များအသုံးပြုရန် ရည်ရွယ်လှူဒါန်းသည့် သံဃာ့ဝတ္တုကံမြေ စသည်တို့ဖြစ်ပါသည်။

( ၁၃ ) သိမ်ဂရန်မြေ

ရန်ကုန်စည်ပင်သာယာ နည်းဥပဒေ ( ၁၇ ) တွင် သိမ်ဂရန် လူပုဂ္ဂိုလ်ကသာ လျှောက်ထားနိုင်သည့် အချက်မှအပ အခြားသတ်မှတ်ချက်မရှိပါ။

( ၁၄ ) စကွာတာမြေ

အင်္ဂလိပ်အစိုးရလက်ထက်က မြေငှားရမ်းခ မပေးနိုင်၍ ဂရန်မြေ မရသူများအား မပြောပလောက်သော မြေငှားခ ထမ်းဆောင်စေ၍ နေထိုင်ခွင့်ပေးထားသောမြေ ဖြစ်ပါသည်။ ၎င်းအပြင် ဂရန်သက်ကုန်၊ စည်းကမ်း ချိုးဖောက်၍ ဂရန်ဖျက်သိမ်းခံရသော်လည်း မြေပါ်၌ ဆက်လက်နေထိုင်စေပြီး စကွာတာကျုးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုး ဖြစ်သည်။ ဂရန်လျှောက်ထားနိုင်ပါသည်။ ( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ် ခွင့်မရှိပါ ) ။

(အညွှန်း- ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ ) ၊ စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွှန် ၊စာ ၈၅ မှ ၈၈ အထိ) ။

Credit-DVB Law Lab

(Zawgyi)

ေျမအမ်ိဳးအစားမ်ား၊ ဂရန္ေလွ်ာက္ထားျခင္း၊ ေျမပုံရာဇဝင္ ေလွ်ာက္ထားျခင္းႏွင့္ ပက္သက္၍ သိထားသင့္သည့္ အခ်က္မ်ား။

( က ) ျမန္မာမင္းလက္ထက္ ေျမေလးမ်ိဳး

ေရွးျမန္မာမင္းလက္ထက္တြင္ ရွင္ဘုရင္သည္ လယ္ယာေျမတို႔၏အရွင္ ျဖစ္သည္။ ထိုေခတ္က ေျမ အမ်ိဳးအစားမ်ားကို ေအာက္ပါအတိုင္း ေလးမ်ိဳး ခြဲျခားထားပါသည္။

( ၁ ) အရာေတာ္ေျမ ( ႏိုင္ငံပိုင္ေျမ ) ( Royal Land )

( ၂ ) ဘိုးဘပိုင္ေျမ ( ခ ) အမႈထမ္းေျမ ( Offical Land )

( ၃ ) လယ္ဝယ္ထား ပိုင္ဆိုင္ခြင့္ရွိေသာေျမ ( Land holder right )

( 4 ) ဝတၳကေျမ ( ႆသနာ့ေျမ ) ဟူ၍ျဖစ္ပါသည္။

( ခ ) မူလေျမပိုင္ရွင္

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြင္းရွိ မဟာပထဝီေျမႀကီးအားလုံး၏ မူလပိုင္ရွင္မွာ ႏိုင္ငံေတာ္ျဖစ္ သည္။

( ဂ ) ၿမိဳ႕

ၿမိဳ႕ဆိုသည္မွာ ျမဴနီစီပယ္အက္ဥပေဒအရ ၿမိဳ႕အျဖစ္ တည္ေထာင္ထားေသာ ဧရိယာနယ္ေျမေဒသကို ေခၚပါသည္။

( ဃ ) ေက်း႐ြာ

၁၉၀၇ ခုႏွစ္၊ ေက်း႐ြာမ်ား အက္ဥပေဒအရ ဖြဲ႕စည္း၍ လူအမ်ား စုေပါင္းေနထိုင္ၾကေသာ ဧရိယာနယ္ေျမ ေဒသမ်ား ျဖစ္ပါသည္။

( င ) ၿမိဳ႕ႏွင့္ ေက်း႐ြာမ်ားတြင္ အက်ဳံးမဝင္ေသာ ေျမမ်ား

ေအာက္ျမန္မာႏိုင္ငံ ၿမိဳ႕႐ြာႏွင့္ ေက်း႐ြာမ်ား အက္ဥပေဒပုဒ္မ ၃ ( ၂ ) ( ၃ ) တို႔အရ ၿမိဳ႕ႏွင့္ ေက်း႐ြာေျမ တြင္ အက်ဳံးမဝင္ေသာေျမမ်ားမွာ –

( ၁ ) ျမစ္၊ ေခ်ာင္း၊ ေရကန္၊ တာတမံ၊ လမ္းေျမ၊ သဘာဝေရစီးေၾကာင္း

( ၂ ) တပ္ေျမ

( ၃ ) ဘုရား၊ ေက်ာင္း၊ ကန္ စေသာ ႆသနာေရးဆိုင္ရာ အသုံးျပဳေသာ ေျမ

( ၄ ) အင္းအိုင္ေျမမ်ား စသည္တို႔ျဖစ္ပါသည္။

( စ ) ေျမအမ်ိဳးမ်ိဳး

( ၁ ) ၿမိဳ႕ေျမ

ၿမိဳ႕အျဖစ္ သတ္မွတ္ထားေသာ ေဒသမ်ားတြင္ ၿမိဳ႕တြင္ေျမမ်ားကို အခြန္အရာရွိက ယာယီလိုင္စင္ ထုတ္ေပးျခင္း၊ အငွားခ်ထားျခင္း၊ ငွားရမ္းခ သတ္မွတ္ေပးသည့္ေျမ ျဖစ္ပါသည္။

( ၂ ) လယ္ယာေျမ

လယ္ယာေျမဆိုသည္မွာ လယ္ေျမ၊ ယာေျမ၊ ကိုင္းကြၽန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္ရွည္ပင္စိုက္ပ်ိဳး ေသာေျမ၊ ဓနိေျမ၊ ဥယ်ာဥ္ေျမဟုေသာ္လည္းေကာင္း၊ ဟင္းသီးဟင္း႐ြက္၊ ပန္းမန္စိုက္ပ်ိဳးသည့္ ၿခံေျမ ဟုေသာ္လည္းေကာင္း ၊ ေျမႏုကြၽန္းေျမဟုေသာ္လည္းေကာင္း သတ္မွတ္သည့္ ေျမမ်ားကို ဆိုလိုသည္။ ယင္း စကားရပ္တြင္ ၿမိဳ႕နယ္နိမိတ္၊ ေက်း႐ြာနယ္နိမိတ္အတြင္းရွိ လူေနအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အအုံႏွင့္ ပရဝဏ္မ်ား၊ အမ်ားပိုင္ဆိုင္၍ စိုက္ပ်ိဳးေရးအတြက္ အသုံးမျပဳေသာေျမမ်ား မပါဝင္။ [ ပုဒ္မ-၃( က ) ]

( ၃ ) လယ္ေျမ

လယ္ေျမဆိုသည္မွာ သဘာဝအရ ေသာ္လည္းေကာင္း၊ လူတို႔ဖန္တီးေသာ နည္းလမ္းအရ ေသာ္လည္း ေကာင္း စိုက္ပ်ိဳးေရ ရယူၿပီး ေရထိန္းသိမ္းႏိုင္ေစရန္ ေဆာင္႐ြက္ထားသည့္ စပါးသီးႏွံ အဓိကစိုက္ပ်ိဳးေသာ ေျမကို ဆိုလိုသည္။ ပုဒ္မ-၃(ခ) (3B) ( မွတ္ခ်က္ ။ ။ လယ္ယာေျမဥပေဒအသစ္ကို ျပည္ေထာင္စု လႊတ္ေတာ္ဥပေဒ အမွတ္ ( ၁၁ ) ျဖင့္ ၃၀.၈.၂၀၁၂ ရက္ေန႔တြင္ ျပဌာန္းပါသည္။ )

လယ္ယာေျမကို အျခားနည္းအသုံးျပဳျခင္း ( ပုဒ္မ-၃၀ )

အမ်ားျပည္သူအက်ိဳးငွာ လယ္ယာေျမကို အျခားနည္းျဖင့္ အသုံးျပဳရန္ ေလွ်ာက္ထားခ်က္ႏွင့္ စပ္လ်ဥ္း၍ –

( က ) ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕သည္ လယ္ေျမကို အျခားနည္းျဖင့္ အသုံးျပဳႏိုင္ေရးအတြက္ တိုင္းေဒ သႀကီး သို႔မဟုတ္ ျပည္နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ျဖင့္ ခြင့္ျပဳႏိုင္သည္။

( ခ ) သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕သည္ လယ္ေျမမွတစ္ပါး လယ္ယာေျမ ကို အျခားနည္းျဖင့္ အသုံးျပဳႏိုင္ေရးအတြက္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ျဖင့္ ခြင့္ျပဳႏိုင္သည္။

လယ္ယာေျမလုပ္ပိုင္ခြင့္

လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းျပဳ လုပ္ႏိုင္သည္။ ထိုသို႔ျပဳလုပ္က သတ္မွတ္တံဆိပ္ေခါင္းခြန္ႏွင့္ မွတ္ပုံတင္ခ ေပးေဆာင္ရ၍ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာ႐ုံးတြင္ မွတ္ပုံတင္ရမည္။ ( ပုဒ္မ -၁၂ )

သို႔ရာတြင္ ႏိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္မရွိဘဲ မည္သည့္ႏိုင္ငံျခားသားမ်ား သို႔မဟုတ္ ႏိုင္ငံျခားသား ပါဝင္ သည့္ အဖြဲ႕အစည္းကိုမွ် ေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း မျပဳရ။ ( ပုဒ္မ -၁၄ )

( ၄ ) ေျမပိုင္ေျမ

၁၈၆၀ ခုႏွစ္၌ ရန္ကုန္ၿမိဳ႕အား ၿမိဳ႕ကြက္မ်ား႐ိုက္၍ Town works fund အတြက္ ေရာင္းခ်၍ ဝယ္ယူသူ မ်ားအား land Holder Right ရရွိသည့္ေျမမ်ား ျဖစ္ပါသည္။ ( ေရာင္း/ေပါင္/လႊဲေျပာင္း/ ခြဲစိတ္ခြင့္ ရွိပါသည္။ )

( ၅ ) ဘိုးဘြားပိုင္ေျမ

ေအာက္ျမန္မာႏိုင္ငံႏွင့္ ေက်း႐ြာေျမမ်ားအက္ဥပေဒ ပုဒ္မ ၄ ( ၁၀ ) အရ ဘိုးဘြားမိဘမ်ားလက္ထက္ ကပင္ ဓားမဦးခ် ပိုင္ဆိုင္လာ၍ လႊဲေျပာင္းဆက္ခံခြင့္ရွိေသာေျမမ်ိဳး ျဖစ္သည္။

( ၆ ) ေျမငွားဂရန္ေျမ ( ေျမငွားစာခ်ဳပ္ရေျမ )

အဂၤလိပ္အစိုးရလက္ထက္က အစိုးရထံမွ ေျမမဝယ္ယူႏိုင္ေသာသူမ်ားအား ေျမငွားခ သတ္မွတ္၍ စည္း ကမ္းခ်က္ျဖင့္ ႏွစ္တို ( ၃လ ၊၁ႏွစ္ ၊ ၅ ႏွစ္ ) ႏွင့္ ႏွစ္ရွည္ ( ၃၀၊ ၆၀ ၊ ၉၀ ) ႏွစ္ကာလအပိုင္းအျခား သတ္မွတ္၍ အငွားခ်ထားသည့္ေျမမ်ိဳးျဖစ္ပါသည္။ ၎အျပင္ စကြာတာေျမ၊ ႐ြာေျမ စသည္တို႔မွ ေျပာင္းလဲလာႏိုင္ေသာ ေျမမ်ား ပါဝင္ပါသည္။( ေရာင္း/ေပါင္/လႊဲေျပာင္း/ ခြဲစိတ္ႏိုင္သည္။ )

ေျမငွားဂရန္ရရွိသူ၏ အခြင့္အေရး

မူလေျမငွားဂရန္အခြင့္အေရးရရွိၿပီး ေျမငွားဂရန္စာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီးေနာက္ ေျမကို လက္ဝယ္ ထားရွိသူသည္ ေျမငွားဂရန္ သက္တမ္းကုန္ဆုံးေသာေျမသည္ ( Reversionary Right ) အရ အလိုအေလ်ာက္ မူလခ်ထားေပးေသာ ပိုင္ရွင္ ( အစိုးရ ) လက္ဝယ္သို႔ ျပန္လည္ေရာက္ရွိပါသည္။ ၎ေျမကို ႏိုင္ငံေတာ္က စီမံခန႔္ခြဲပိုင္ခြင့္ရွိသည့္ ေျမ ( land at the disposal of government ) အျဖစ္ မွတ္ယူရမည္။ ၎ေျမကို ျပန္လည္အပ္ႏွံရန္ တာဝန္ရွိသည္။ ႏိုင္ငံေတာ္မွ ယင္းေျမကို အမ်ားျပည္သူအက်ိဳးအတြက္ သိမ္းယူႏိုင္သလို ေျမငွားဂရန္ ထပ္မံထုတ္ေပးႏိုင္ပါသည္။ မူလေျမငွားဂရန္ရရွိသူသည္ ေျမငွားဂရန္ သက္တမ္းကုန္ဆုံး ေနၿပီ ျဖစ္၍ ဂရန္သစ္ထုတ္ေပးရန္ အခြင့္အေရးတစ္ရပ္အျဖစ္ ဥပေဒအရ ေတာင္းဆိုခြင့္မရွိပါ။

( ၇ ) ပါမစ္ေျမ ( ခ်ထားေျမ )

ေျမငွားစာခ်ဳပ္မရွိေသာ္လည္း မစည္ကားေသးသည့္ ေနရာမ်ားတြင္ စည္းကမ္းခ်က္ျဖင့္ အိမ္ေဆာက္လုပ္ ေနထိုင္ခြင့္ခ်ထားေပးေသာေျမမ်ိဳး ျဖစ္ပါသည္။ တစ္ခ်ိန္ခ်ိန္တြင္ ေျမငွားဂရန္ ထုတ္ေပးပါသည္။ ( ေရာင္း/ေပါင္/ လႊဲေျပာင္းႏိုင္ခြင့္ ရွိပါသည္။ )

( ၈ ) လိုင္စင္ေျမ

ေအာက္ျမန္မာႏိုင္ငံ ၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ားအက္ဥပေဒ ပုဒ္မ ၄ ( ၇ ) အရ စည္းကမ္းခ်က္ ( ၁ႏွစ္၊ ၃ ႏွစ္ စသည္ျဖင့္ ) ျဖင့္ ယာယီသုံးစြဲခြင့္ေပးသည့္ေျမ ျဖစ္သည္။ လႊဲေျပာင္းခြင့္မရွိပါ။ လိုင္စင္ ( သို႔ ) ပါမစ္ရသူက ႏွစ္တိုႏွစ္ရွည္ ေျမငွားဂရန္ ေလွ်ာက္ထားပါက ေျမငွားစာခ်ဳပ္ထုတ္ေပးရမည္ဟု ဥပေဒျပဌာန္းခ်က္မရွိပါ။ လိုင္ စင္ရထားသူသည္ လိုင္စင္အခြင့္အေရးထက္ ပိုေတာင္းခြင့္မရွိပါ။

လိုင္စင္ ( သို႔ ) ပါမစ္ရသူ၏အခြင့္အေရး

၁- လိုင္စင္ရထားသူဟုဆိုရာတြင္ လိုင္စင္ရသူႏွင့္ လိုင္စင္ရသူထံမွ တရားဥပေဒႏွင့္အညီ ဆက္ခံသူမ်ား လည္း ပါဝင္ပါသည္။

၂- လက္ရွိကိုယ္တိုင္ေနထိုင္ျခင္းအေပၚ ေျမငွားစာခ်ဳပ္ေပးရန္ ဦးစားေပးစဥ္းစားပါသည္။

( ၉ ) က်ဳးေက်ာ္ေျမ

အစိုးရေျမေပၚတြင္ ခြင့္ျပဳခ်က္တစ္စုံတစ္ရာမရွိဘဲ ဝင္ေရာက္က်ဴးေက်ာ္ေနထိုင္သည့္ေျမ ျဖစ္သည္။

( ၁၀ ) စနစ္တက် က်ဴးလြန္ေျမ

စနစ္တက် ၿမိဳ႕ရပ္ကြက္႐ိုက္ထားေသာ အိမ္ယာေျမကြက္၌ က်ဴးလြန္ျခင္းေျပစာျဖင့္စည္းၾကပ္ေကာက္ခံ ေသာေျမ ျဖစ္သည္။

( ၁၁ ) ဂရန္ရွိ ေျမပိုင္ေျမ

ဘိုးဘြားပိုင္ေျမ ( ေျမပိုင္ေျမ ) ကဲ့သို႔ေျမမ်ိဳး ျဖစ္ပါသည္။

( ၁၂ ) အခြန္လြတ္ႆသနာ့ဂရန္ေျမ

ဘာသာ၊ သာသနာအတြက္ ခ်ထားေပးေသာေျမ ျဖစ္ပါသည္။ သာသနာေျမ သို႔မဟုတ္ ဝတၱဳကံေျမသည္ ဘုရားရွင္ႏွင့္တကြ ရဟန္းသံဃာေတာ္မ်ား၏ ကိေလသာရန္ကို ၿငိမ္းေအးေအာင္ အားထုတ္က်င့္ႀကံရာ ေအာင္ေျမျဖစ္သည္။

သာသနာ့ေျမအမ်ိဳးအစားမ်ား

ေရွးျမန္မာမင္းမ်ားသည္ အစဥ္အဆက္ကပင္ သာသနာ့ေျမ ( ဝတၱဳကံေျမ ) သုံးမ်ိဳး ခြဲျခားထားပါသည္။

( ၁ ) သရီယဓတ္ေတာ္မ်ားပူေဇာ္သည့္ ဘုရား၊ ေစတီ၊ ပုထိုး ဝတၱဳကံေျမ

( ၂ ) ပိဋကတ္ေပစာမ်ားထားရွိသည့္ ပိဋကဝတၱဳကံေျမ။

( ၃ ) သံဃာေတာ္မ်ားအသုံးျပဳရန္ ရည္႐ြယ္လႉဒါန္းသည့္ သံဃာ့ဝတၱဳကံေျမ စသည္တို႔ျဖစ္ပါသည္။

( ၁၃ ) သိမ္ဂရန္ေျမ

ရန္ကုန္စည္ပင္သာယာ နည္းဥပေဒ ( ၁၇ ) တြင္ သိမ္ဂရန္ လူပုဂၢိဳလ္ကသာ ေလွ်ာက္ထားႏိုင္သည့္ အခ်က္မွအပ အျခားသတ္မွတ္ခ်က္မရွိပါ။

( ၁၄ ) စကြာတာေျမ

အဂၤလိပ္အစိုးရလက္ထက္က ေျမငွားရမ္းခ မေပးႏိုင္၍ ဂရန္ေျမ မရသူမ်ားအား မေျပာပေလာက္ေသာ ေျမငွားခ ထမ္းေဆာင္ေစ၍ ေနထိုင္ခြင့္ေပးထားေသာေျမ ျဖစ္ပါသည္။ ၎အျပင္ ဂရန္သက္ကုန္၊ စည္းကမ္း ခ်ိဳးေဖာက္၍ ဂရန္ဖ်က္သိမ္းခံရေသာ္လည္း ေျမပၚ၌ ဆက္လက္ေနထိုင္ေစၿပီး စကြာတာက်ဳးလြန္ျခင္းေျပစာျဖင့္ စည္းၾကပ္ေကာက္ခံေသာ ေျမမ်ိဳး ျဖစ္သည္။ ဂရန္ေလွ်ာက္ထားႏိုင္ပါသည္။ ( ေရာင္း/ေပါင္/လႊဲေျပာင္း/ ခြဲစိတ္ ခြင့္မရွိပါ ) ။

(အၫႊန္း- ဦးျမင့္လြင္ (တရားလႊတ္ေတာ္ေရွ႕ေန ) ၊ စာခ်ဳပ္စာတမ္းအမ်ိဳးမ်ိဳးခ်ဳပ္ဆိုနည္းလမ္းၫႊန္ ၊စာ ၈၅ မွ ၈၈ အထိ) ။

Credit-DVB Law Lab

Leave a Reply

Your email address will not be published. Required fields are marked *