ထမင်းပေါင်းအိုးနှင့် အိမ်တွင်းဖြစ် ကိတ်မုန့်လုပ်နည်း။

(Unicode)

အိမ်တွင်းဖြစ် ထမင်းပေါင်းအိုးနှင့် ကိတ်မုန့်လုပ်နည်း

အိမ်တွင်းဖြစ် ထမင်းပေါင်းအိုးကိတ်မုန့်

ပါဝင်ပစ္စည်း-

၁။ ဂျုံ (ဆန်ချိန်ခွက်တစ်ခွက်)

၂။ သကြား (ဆန်ချိန်ခွက်တစ်ဝက်)

၃။ နွားနို့ (ဆန်ချိန်ခွက်တစ်ဝက်)

၄။ ဆီ (ဆန်ချိန်ခွက်၃ပုံတစ်ပုံ)

၅။ ရှာလကာရည် (၃စက်)

၆။ ကြက်ဥ (၅လုံး)

ပြုလုပ်ပုံအဆင့်ဆင့်-

၁။ ဇလုံသန့်သန့်၂လုံး အဆင့်သင့်လုပ်ထားပါ။ ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီး ဇလုံတစ်ခုချင်းစီ ထည့်ထားပါ။

၂။ ကြက်ဥအနှစ်ဇလုံထဲကို ဂျုံ၊ ဆီ၊ နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေ မရှိအောင် နှယ်ထားပါ။

၃။ cream ရိုက်စက်မရှိတဲ့သူတွေအတွက် ကြက်ဥအကာဇလုံထဲကို ရှာလကာရည်ထည့်ပြီး ခေါက်ပါ။ (သကြားကို ၃ပုံခွဲထားပါ) အမြုပ်ထွက်လာရင် သကြားကို တစ်ပုံထည့်ပါ။ အဆက်မပျက် ခေါက်ပေးရပါမည်။ အမြုပ်လေးတွေသေးပြီး ဖြူဖြူလေးတွေဖြစ်ရင် သကြားနောက်တစ်ပုံ ထည့်ပါ။ အမြုပ်လေးတွေပျောက်ပြီး ဖြူဝင်းလာပြီဆိုရင်သကြား နောက်ဆုံးတစ်ပုံထည့်ပြီး ဆက်ခေါက်ပါ။ cream ရသည့်ထိခေါက်ပါ။

Cream ဖြစ်မဖြစ်ကို ဝါးတူတစ်ချောင်းကို အလယ်မှာစိုက်ကြည့်ပါ။ လဲမကျရင်cream ရပါပြီ။ Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်း ပြုလုပ်လို့ရပါတယ်။ creamရိုက်တာ ၁၀မိနစ်ကြာပါတယ်။

၄။ ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ။ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက် ဖြေးဖြေးနှယ်ပါ။ လုံးဝမမွှေမိပါစေနဲ့နော်)

၅။ ထမင်းပေါင်းအိုး အောက်ခြေကို ဆီသုပ်ထားပါ။ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲကိုလောင်းချလိုက်ပါ။ ပြီးရင် အိုးကို ၅/၆ချက်လောက် မပြီးချလိုက်ပါ။ လေခိုလေးတွေ မရှိအောင်ပါ။

၆။ ရိုးရိုးထမင်းပေါင်းအိုးဆိုရင် ၃/၄ခါလောက် နှိပ်ပေးရပါမယ်။ (တစ်ခါနှိပ်ရင်၃မိနစ်လောက် ပြန်ပြန်တက်သွားပါတယ်၊ မိနစ်၂၀ခြား တစ်ခါနှိပ်ပေးပါ။ တက်သွားပြီး ချက်ချင်းပြန်နှိပ်မရလို့နော။ အဖုံးလုံးဝမဖွင့်ပါနဲ့။

လေထွက်ပေါ်ကို အဝတ်လေးနဲ့ အုပ်ထားပါ။ နောက်ဆုံးရလာတဲ့ထိ အပေါ်ယံလေးက နည်းနည်းလေး စိုနေတတ်ပါတယ်။ ၃ခေါက်လောက်နှိပ်ပေးပြီးရင် ပြောင်းပြန်လှန်ပြီး တစ်ခါထပ်နှိပ်ပေးပါ။ အဲ့လိုဆိုရပါပြီ။

Digital ပေါင်းအိုးဆိုရင် ထမင်းချက်သလိုချက်ပြီး ခလုပ်တတ်သွားရင် ၁၅မိနှစ်ထားပြီးမှ အဖုံးဖွင့်ပေးပါ။ တစချို့Digitalပေါင်းအိုးလဲ ရိုးရိုးပေါင်းအိုလို ခဏလေးနဲ့ ခလုပ်ပြန်ပြန် တက်သွားတတ်ပါတယ်နော။ သတိထားစောင့်ကြည့်ရပါမယ်။ ထမင်းပေါင်းအိုးနဲ့ မလုပ်ချင်ရင်လဲ ပေါက်စီပေါင်းတဲ့ အိုးလိုမျိုး ရေကိုအောက်ကထည့်ပြီး အပေါ်ကနေ ပေါင်းလို့ရ။ မုန့်နှစ်ကို ရေမဝင်အောင် အဖုံးလုံအောင် ဖုံးထားရပါမည်။ အောက်ခြေက ရေနဲ့မထိအောင်သတိထားပါနော။

Credit-Mar Jorie

(Zawgyi)

အိမ္တြင္းျဖစ္ ထမင္းေပါင္းအိုးႏွင့္ ကိတ္မုန႔္လုပ္နည္း

အိမ္တြင္းျဖစ္ ထမင္းေပါင္းအိုးကိတ္မုန႔္

ပါဝင္ပစၥည္း-

၁။ ဂ်ဳံ (ဆန္ခ်ိန္ခြက္တစ္ခြက္)

၂။ သၾကား (ဆန္ခ်ိန္ခြက္တစ္ဝက္)

၃။ ႏြားႏို႔ (ဆန္ခ်ိန္ခြက္တစ္ဝက္)

၄။ ဆီ (ဆန္ခ်ိန္ခြက္၃ပုံတစ္ပုံ)

၅။ ရွာလကာရည္ (၃စက္)

၆။ ၾကက္ဥ (၅လုံး)

ျပဳလုပ္ပုံအဆင့္ဆင့္-

၁။ ဇလုံသန႔္သန႔္၂လုံး အဆင့္သင့္လုပ္ထားပါ။ ၾကက္ဥ၅လုံးကို အကာအႏွစ္ခြဲၿပီး ဇလုံတစ္ခုခ်င္းစီ ထည့္ထားပါ။

၂။ ၾကက္ဥအႏွစ္ဇလုံထဲကို ဂ်ဳံ၊ ဆီ၊ ႏြားႏို႔ ေရာထည့္ၿပီး ဂ်ဳံလုံးေလးေတြ မရွိေအာင္ ႏွယ္ထားပါ။

၃။ cream ႐ိုက္စက္မရွိတဲ့သူေတြအတြက္ ၾကက္ဥအကာဇလုံထဲကို ရွာလကာရည္ထည့္ၿပီး ေခါက္ပါ။ (သၾကားကို ၃ပုံခြဲထားပါ) အျမဳပ္ထြက္လာရင္ သၾကားကို တစ္ပုံထည့္ပါ။ အဆက္မပ်က္ ေခါက္ေပးရပါမည္။ အျမဳပ္ေလးေတြေသးၿပီး ျဖဴျဖဴေလးေတြျဖစ္ရင္ သၾကားေနာက္တစ္ပုံ ထည့္ပါ။ အျမဳပ္ေလးေတြေပ်ာက္ၿပီး ျဖဴဝင္းလာၿပီဆိုရင္သၾကား ေနာက္ဆုံးတစ္ပုံထည့္ၿပီး ဆက္ေခါက္ပါ။ cream ရသည့္ထိေခါက္ပါ။

Cream ျဖစ္မျဖစ္ကို ဝါးတူတစ္ေခ်ာင္းကို အလယ္မွာစိုက္ၾကည့္ပါ။ လဲမက်ရင္cream ရပါၿပီ။ Cream ႐ိုက္စက္ရွိရင္လဲ အေပၚကအခ်ိဳးအတိုင္း ျပဳလုပ္လို႔ရပါတယ္။ cream႐ိုက္တာ ၁၀မိနစ္ၾကာပါတယ္။

၄။ ႐ိုက္ထားတဲ့ cream ကို ဂ်ဳံႏွယ္ထားတဲ့ ဇလုံထဲကို ၃ခါခြဲၿပီး ေရာႏွယ္ေပးပါ။ (ႏွယ္တဲ့ေနရာမွာ ဇြန္းျဖင့္အေပၚေအာက္ ေျဖးေျဖးႏွယ္ပါ။ လုံးဝမေမႊမိပါေစနဲ႔ေနာ္)

၅။ ထမင္းေပါင္းအိုး ေအာက္ေျခကို ဆီသုပ္ထားပါ။ ႏွယ္ထားတဲ့အႏွစ္ကို အေပၚကေန ထမင္းေပါင္းအိုးထဲကိုေလာင္းခ်လိုက္ပါ။ ၿပီးရင္ အိုးကို ၅/၆ခ်က္ေလာက္ မၿပီးခ်လိုက္ပါ။ ေလခိုေလးေတြ မရွိေအာင္ပါ။

၆။ ႐ိုး႐ိုးထမင္းေပါင္းအိုးဆိုရင္ ၃/၄ခါေလာက္ ႏွိပ္ေပးရပါမယ္။ (တစ္ခါႏွိပ္ရင္၃မိနစ္ေလာက္ ျပန္ျပန္တက္သြားပါတယ္၊ မိနစ္၂၀ျခား တစ္ခါႏွိပ္ေပးပါ။ တက္သြားၿပီး ခ်က္ခ်င္းျပန္ႏွိပ္မရလို႔ေနာ။ အဖုံးလုံးဝမဖြင့္ပါနဲ႔။

ေလထြက္ေပၚကို အဝတ္ေလးနဲ႔ အုပ္ထားပါ။ ေနာက္ဆုံးရလာတဲ့ထိ အေပၚယံေလးက နည္းနည္းေလး စိုေနတတ္ပါတယ္။ ၃ေခါက္ေလာက္ႏွိပ္ေပးၿပီးရင္ ေျပာင္းျပန္လွန္ၿပီး တစ္ခါထပ္ႏွိပ္ေပးပါ။ အဲ့လိုဆိုရပါၿပီ။

Digital ေပါင္းအိုးဆိုရင္ ထမင္းခ်က္သလိုခ်က္ၿပီး ခလုပ္တတ္သြားရင္ ၁၅မိႏွစ္ထားၿပီးမွ အဖုံးဖြင့္ေပးပါ။ တစခ်ိဳ႕Digitalေပါင္းအိုးလဲ ႐ိုး႐ိုးေပါင္းအိုလို ခဏေလးနဲ႔ ခလုပ္ျပန္ျပန္ တက္သြားတတ္ပါတယ္ေနာ။ သတိထားေစာင့္ၾကည့္ရပါမယ္။ ထမင္းေပါင္းအိုးနဲ႔ မလုပ္ခ်င္ရင္လဲ ေပါက္စီေပါင္းတဲ့ အိုးလိုမ်ိဳး ေရကိုေအာက္ကထည့္ၿပီး အေပၚကေန ေပါင္းလို႔ရ။ မုန႔္ႏွစ္ကို ေရမဝင္ေအာင္ အဖုံးလုံေအာင္ ဖုံးထားရပါမည္။ ေအာက္ေျခက ေရနဲ႔မထိေအာင္သတိထားပါေနာ။

Credit-Mar Jorie

Comments

Leave a Reply

Your email address will not be published. Required fields are marked *