သတင္း

နာနတ္ရြက္၏ ေဆးစြမ္းထက္ပံုမ်ား

(Zawgyi)

နာနတ္တစ္႐ြက္ ေဆးစြမ္းထက္

ကေလးၿမိဳ႕တြင္ အစိုးရတာဝန္ ထမ္းေဆာင္စဥ္ ျဖစ္၏။ တာဝန္အရ ေစာ္ဘြားေရရွင္ဆိုေသာ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာ႐ြာေလးတြင္ (၃)လၾကာ ေနထိုင္ခဲ့ရာ ခ်င္းအမ်ိဳးသမီးမ်ား မီးယပ္ ေသြးခ်ဳပ္ျခင္း၊ မီးယပ္ငုတ္ျခင္ းျဖစ္သည္ႏွင့္ နာနတ္႐ြက္ကို ထုေထာင္းၿပီး သတၱဳရည္ကို ေသာက္ၾကသည္ကို ေလ့လာမွတ္သားဖူးသည္။

ထိုေဒသရွိ ခ်င္းလူမ်ိဳးမ်ားသည္ နာနတ္သီးကို စီးပြားျဖစ္စိုက္ၾကၿပီး အားကိုးဖြယ္ရာ ေဆး႐ြက္ကဲ့သို႔ နာနတ္႐ြက္ကို တန္ဖိုးထားၾကသည္။ အမ်ိဳးသမီးမ်ား မီးယပ္ေသြးကို မွန္ကန္ေစသည္ဟုလည္းဆိုပါသည္။ နာနတ္ပင္ဟာ ေဆးဖက္ဝင္ပါသည္။ ယေန႔ေခတ္ ကာလမွာ နာနတ္သီးရဲ႕ ေဆးစြမ္းထက္ျမက္ပုံကို သိပၸံနည္းက် သုေတသနျပဳေနၾကတဲ့ သတင္းမ်ားလည္း ရွိေနပါသည္။ တိုင္းရင္းေဆးဖက္ဝင္တဲ့ နာနတ္သီးက နာနတ္႐ြက္ေလးတစ္႐ြက္နဲ႔တင္ လူအမ်ားအတြက္ ေဆးအသုံးဝင္ပုံေလးကို တင္ျပလိုပါသည္။ လြယ္လြယ္ကူကူနဲ႔ လိုသူတိုင္းအသုံးျပဳႏိုင္ေစရန္ ရည္႐ြယ္ပါသည္။

(၁) နာနတ္႐ြက္(၁)႐ြက္ကို ထုေထာင္းၿပီး ညႇစ္ရည္(သတၱဳရည္) ဟင္းခပ္ဇြန္း(၁)ဇြန္းကို သၾကားထည့္ၿပီး ေသာက္ေပးပါက ႀကိဳ႕ထိုးျခင္းေပ်ာက္ကင္းေစပါသည္။

(၂) ဒါတင္မကပါဘူး။ အမ်ိဳးသမီးမ်ား မီးယပ္ ေသြးခ်ဳပ္ျခင္း၊ မီးယပ္ငုတ္ျခင္းကို ဖယ္ရွားေပးကာ မီးယပ္ေသြးကိုမွန္ကန္ေစပါသည္။

(၃) ကေလးေတြအတြက္ အ႐ြက္ညႇစ္ရည္ကို လက္ဖက္ရည္ဇြန္း(၂)ဇြန္းေလာက္တိုက္ေပးပါက ဝမ္းတြင္းကသန္ေကာင္ေတြကို ေသေစပါသည္။

(၄) အလွအပ က်န္းမာေရးအတြက္ လူအေတာ္မ်ားမ်ား စိတ္ညစ္ၾကရတဲ့ ဦးေခါင္းကသန္း၊ ေဗာက္၊ အနာအဆာမ်ားကို ေခါင္းေလ်ာ္ရည္ထဲ နာနတ္႐ြက္ ထုေခ်ေရာစပ္ၿပီး ေလွ်ာ္ေပးလိုက္ျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။စမ္းသပ္ၿပီးလည္း ေလွ်ာ္ဖူးပါသည္။ ဒါျပင့္ ဆံပင္ကိုလည္း ေပ်ာ့ေပ်ာင္းေစပါသည္။

(၅) ေနာက္တစ္ခ်က္ကေတာ့ ဇက္ေၾကာတက္သူေတြ၊ အေညာင္းအညာသမားေတြ ညအိပ္ရာဝင္ခ်ိန္ နာနတ္႐ြက္ကိုထုေခ်ကာ ဆားနဲ႔ ေရာၿပီးေျခေထာက္ကို ပြတ္ေပးပါ။ ၿပီးမွေရေလာင္းပါ။ အံဖြယ္ အပူေတြထြက္လို႔ အေညာင္းအညာဇက္ေၾကာတက္တာေတြ သက္သာေပ်ာက္ကင္းသြားမွာ ျဖစ္ပါေတာ့သည္။ နာနတ္႐ြက္ေလး(၁)႐ြက္ကို တန္ဖိုးရွိရွိ အက်ိဳးသိစြာသုံးႏိုင္ၾကပါေစ….

စာကိုး-

အိမ္တြင္းတိုင္းရင္းေဆးသမားေတာ္

လိုသူယူသုံးေစတနာအၿပဳံးျဖင့္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

နာနတ်တစ်ရွက် ဆေးစွမ်းထက်

ကလေးမြို့တွင် အစိုးရတာဝန် ထမ်းဆောင်စဉ် ဖြစ်၏။ တာဝန်အရ စော်ဘွားရေရှင်ဆိုသော ချင်းလူမျိုးများ နေထိုင်ရာရွာလေးတွင် (၃)လကြာ နေထိုင်ခဲ့ရာ ချင်းအမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊ မီးယပ်ငုတ်ခြင် းဖြစ်သည်နှင့် နာနတ်ရွက်ကို ထုထောင်းပြီး သတ္တုရည်ကို သောက်ကြသည်ကို လေ့လာမှတ်သားဖူးသည်။

ထိုဒေသရှိ ချင်းလူမျိုးများသည် နာနတ်သီးကို စီးပွားဖြစ်စိုက်ကြပြီး အားကိုးဖွယ်ရာ ဆေးရွက်ကဲ့သို့ နာနတ်ရွက်ကို တန်ဖိုးထားကြသည်။ အမျိုးသမီးများ မီးယပ်သွေးကို မှန်ကန်စေသည်ဟုလည်းဆိုပါသည်။ နာနတ်ပင်ဟာ ဆေးဖက်ဝင်ပါသည်။ ယနေ့ခေတ် ကာလမှာ နာနတ်သီးရဲ့ ဆေးစွမ်းထက်မြက်ပုံကို သိပ္ပံနည်းကျ သုတေသနပြုနေကြတဲ့ သတင်းများလည်း ရှိနေပါသည်။ တိုင်းရင်းဆေးဖက်ဝင်တဲ့ နာနတ်သီးက နာနတ်ရွက်လေးတစ်ရွက်နဲ့တင် လူအများအတွက် ဆေးအသုံးဝင်ပုံလေးကို တင်ပြလိုပါသည်။ လွယ်လွယ်ကူကူနဲ့ လိုသူတိုင်းအသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

(၁) နာနတ်ရွက်(၁)ရွက်ကို ထုထောင်းပြီး ညှစ်ရည်(သတ္တုရည်) ဟင်းခပ်ဇွန်း(၁)ဇွန်းကို သကြားထည့်ပြီး သောက်ပေးပါက ကြို့ထိုးခြင်းပျောက်ကင်းစေပါသည်။

(၂) ဒါတင်မကပါဘူး။ အမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊ မီးယပ်ငုတ်ခြင်းကို ဖယ်ရှားပေးကာ မီးယပ်သွေးကိုမှန်ကန်စေပါသည်။

(၃) ကလေးတွေအတွက် အရွက်ညှစ်ရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက်တိုက်ပေးပါက ဝမ်းတွင်းကသန်ကောင်တွေကို သေစေပါသည်။

(၄) အလှအပ ကျန်းမာရေးအတွက် လူအတော်များများ စိတ်ညစ်ကြရတဲ့ ဦးခေါင်းကသန်း၊ ဗောက်၊ အနာအဆာများကို ခေါင်းလျော်ရည်ထဲ နာနတ်ရွက် ထုချေရောစပ်ပြီး လျှော်ပေးလိုက်ခြင်းဖြင့် ပျောက်ကင်းစေပါသည်။စမ်းသပ်ပြီးလည်း လျှော်ဖူးပါသည်။ ဒါပြင့် ဆံပင်ကိုလည်း ပျော့ပျောင်းစေပါသည်။

(၅) နောက်တစ်ချက်ကတော့ ဇက်ကြောတက်သူတွေ၊ အညောင်းအညာသမားတွေ ညအိပ်ရာဝင်ချိန် နာနတ်ရွက်ကိုထုချေကာ ဆားနဲ့ ရောပြီးခြေထောက်ကို ပွတ်ပေးပါ။ ပြီးမှရေလောင်းပါ။ အံဖွယ် အပူတွေထွက်လို့ အညောင်းအညာဇက်ကြောတက်တာတွေ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတော့သည်။ နာနတ်ရွက်လေး(၁)ရွက်ကို တန်ဖိုးရှိရှိ အကျိုးသိစွာသုံးနိုင်ကြပါစေ….

စာကိုး-

အိမ်တွင်းတိုင်းရင်းဆေးသမားတော်

လိုသူယူသုံးစေတနာအပြုံးဖြင့်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *