သတင္း

(၁၀)ႏွစ္ ေလာက္စြဲေနတဲ့ ဆီးေရာဂါကိုေတာင္ ေပ်ာက္ေစတဲ့ ၿဗဳံးေမႊးပင္

(Zawgyi)

(၁၀)ႏွစ္ ေလာက္စြဲေနတဲ့ ဆီးေရာဂါကိုေတာင္ ေပ်ာက္ေစတဲ့ ၿဗဳံးေမႊးပင္


(၁၀)ႏွစ္စြဲေနေသာ ဆီးေရာဂါေပ်ာက္ေဆး။ ဦးေလးတင္ ဆီးေရာဂါျဖစ္ေနသည္မွာ (၆)ႏွစ္ပင္ ရွိၿပီျဖစ္သည္။ ဆီးသြားတိုင္း မ်က္ရည္က်ရေအာင္ ခက္ခဲေနခဲ့သည္ကို လူမသိဟု ဆိုပါသည္။ ဆီးေက်ာက္တည္သည္လည္းမဟုတ္ ဆီးခ်ိဳ ေသြးခ်ိဳမ်ိဳးလည္း မျဖစ္။ ဆီးသြားခ်င္ေသာ္လည္း ဆီးက နည္းနည္းမွ်သာ။ ဆီးေအာင့္၊ ဆီးပူ၊ ဆီးက်င္သည္လည္းျဖစ္သည္။ ၿဗဳံးေမႊးပင္ေၾကာင့္ ဆီးေရာဂါ အရွင္းေပ်ာက္ကင္းခဲ့သည္ဟု ဆိုပါသည္။

က်ိဳကၡမီ အရွင္ဣႏၵာစကၠ၏ အေထြေထြေဆးနည္းေက်ာ္မ်ားစာအုပ္တြင္-

မူရင္းအတိုင္း တင္ျပရပါလွ်င္ ၿဗဳံးေမႊးပင္ကို ႏုတ္၍ ပၪၥ(၅)ပါးကို ထန္းလ်က္ခဲ ၃ခဲ (သို႔) ၅ခဲျဖင့္ ၃ခြက္၁ခြက္တင္ ျပဳတ္ၿပီး ေသာက္ျခင္းျဖစ္သည္။ နံက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လက္ဖက္ရည္ၾကမ္း ပန္းကန္(၂) လုံးမွ် ေသာက္ရန္ျဖစ္ပါသည္။ထိုသို႔ေသာက္ျခင္းျဖင့္ (၁၀)ႏွစ္စြဲေသာ ဆီးေရာဂါ ေပ်ာက္၏ဟု ဆိုပါသည္။

ျဗဳန္းေမႊးပင္-

လက္တင္ဘာသာျဖင့္ Lycupus Europaeus ျဖစ္သည္။ အပင္သည္ ေျဖာင့္မတ္ၿပီး အျမစ္သည္ ေျမသို႔ပ်ံ႕ႏွံ႔ကာထြက္သည္။ အ႐ြက္သည္ ေခြးသြားစိတ္ရွိသည္။

ဂုဏ္ႏွင့္စြမ္းရည္-

ခါးပူၿပီး ေသြးကို စင္ၾကယ္ေစသည္။ သလိပ္ႏွင့္ေလကို ဝမ္းသက္ျခင္းႏွင့္အတူ က်ဆင္းေစသည္။ ဆီႏွင့္လိမ္းေသာ အယားေပ်ာက္ကင္းသည္။ ေလႏွင့္စပ္ေသာေရာဂါ၊ ႏူနာေရာဂါ၊ ယားယံျခင္းကို ေပ်ာက္ကင္းေစသည္။ ယင္းအ႐ြက္ကို ႀကိတ္၍ အနာမ်ားတြင္ အုံေပးပါလွ်င္ ျပည္မ်ားစင္ၾကယ္ၿပီး အသားႏုတက္လြယ္သည္။ ဆီးေရာဂါေၾကာင့္စိတ္ညစ္ေနရသည့္ ေဝဒနာရွင္မ်ာ းေဘးထြက္ဆိုးက်ိဳးမရွိေသာ ၿဗဳံးေမႊးပင္ကို ထန္းလ်က္ေလးျဖင့္ ျပဳတ္က်ိဳၿပီး ေသာက္ျခင္းျဖင့္ ဆီးေရာဂါ အျမန္ေပ်ာက္ကင္းေစရန္ တင္ျပလိုက္ပါသည္။

က်မ္းကိုး

အရွင္နာဂသိန္ပုံျပေဆးအဘိဓာန္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

(၁၀)နှစ် လောက်စွဲနေတဲ့ ဆီးရောဂါကိုတောင် ပျောက်စေတဲ့ ဗြုံးမွှေးပင်

(၁၀)နှစ်စွဲနေသော ဆီးရောဂါပျောက်ဆေး။ ဦးလေးတင် ဆီးရောဂါဖြစ်နေသည်မှာ (၆)နှစ်ပင် ရှိပြီဖြစ်သည်။ ဆီးသွားတိုင်း မျက်ရည်ကျရအောင် ခက်ခဲနေခဲ့သည်ကို လူမသိဟု ဆိုပါသည်။ ဆီးကျောက်တည်သည်လည်းမဟုတ် ဆီးချို သွေးချိုမျိုးလည်း မဖြစ်။ ဆီးသွားချင်သော်လည်း ဆီးက နည်းနည်းမျှသာ။ ဆီးအောင့်၊ ဆီးပူ၊ ဆီးကျင်သည်လည်းဖြစ်သည်။ ဗြုံးမွှေးပင်ကြောင့် ဆီးရောဂါ အရှင်းပျောက်ကင်းခဲ့သည်ဟု ဆိုပါသည်။

ကျိုက္ခမီ အရှင်ဣန္ဒာစက္က၏ အထွေထွေဆေးနည်းကျော်များစာအုပ်တွင်-

မူရင်းအတိုင်း တင်ပြရပါလျှင် ဗြုံးမွှေးပင်ကို နုတ်၍ ပဉ္စ(၅)ပါးကို ထန်းလျက်ခဲ ၃ခဲ (သို့) ၅ခဲဖြင့် ၃ခွက်၁ခွက်တင် ပြုတ်ပြီး သောက်ခြင်းဖြစ်သည်။ နံက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည်ကြမ်း ပန်းကန်(၂) လုံးမျှ သောက်ရန်ဖြစ်ပါသည်။ထိုသို့သောက်ခြင်းဖြင့် (၁၀)နှစ်စွဲသော ဆီးရောဂါ ပျောက်၏ဟု ဆိုပါသည်။

ဗြုန်းမွှေးပင်-

လက်တင်ဘာသာဖြင့် Lycupus Europaeus ဖြစ်သည်။ အပင်သည် ဖြောင့်မတ်ပြီး အမြစ်သည် မြေသို့ပျံ့နှံ့ကာထွက်သည်။ အရွက်သည် ခွေးသွားစိတ်ရှိသည်။

ဂုဏ်နှင့်စွမ်းရည်-

ခါးပူပြီး သွေးကို စင်ကြယ်စေသည်။ သလိပ်နှင့်လေကို ဝမ်းသက်ခြင်းနှင့်အတူ ကျဆင်းစေသည်။ ဆီနှင့်လိမ်းသော အယားပျောက်ကင်းသည်။ လေနှင့်စပ်သောရောဂါ၊ နူနာရောဂါ၊ ယားယံခြင်းကို ပျောက်ကင်းစေသည်။ ယင်းအရွက်ကို ကြိတ်၍ အနာများတွင် အုံပေးပါလျှင် ပြည်များစင်ကြယ်ပြီး အသားနုတက်လွယ်သည်။ ဆီးရောဂါကြောင့်စိတ်ညစ်နေရသည့် ဝေဒနာရှင်မျာ းဘေးထွက်ဆိုးကျိုးမရှိသော ဗြုံးမွှေးပင်ကို ထန်းလျက်လေးဖြင့် ပြုတ်ကျိုပြီး သောက်ခြင်းဖြင့် ဆီးရောဂါ အမြန်ပျောက်ကင်းစေရန် တင်ပြလိုက်ပါသည်။

ကျမ်းကိုး

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *