ဗဟုတုသ

ဒီအခ်က္ ရွစ္ခ်က္ ျဖစ္ေပၚေနရင္ သင့္အသည္းမွာ ျပႆနာရွိေနပါျပီ။

(Zawgyi)

သင့္အသည္းမွာ ျပႆနာ ရွိေနၿပီလို႔ သိႏိုင္မယ့္ အခ်က္ ၈ ခ်က္

အသည္းဟာ လူ႔ခႏၶာကိုယ္အတြင္းက အႀကီးစား အဂၤါတခုလည္း ျဖစ္ပါတယ္။ သင္ မဆင္မျခင္ စားသုံးလိုက္တဲ့ အစာေတြက သင့္အသည္းကို ထိခိုက္ႏိုင္ေစပါတယ္။ က်န္းမာတဲ့ စားေသာက္ပုံကသာ သင့္အသည္းကို က်န္းမာေစၿပီး အဆိပ္အေတာက္ ျဖစ္ေစတဲ့ အစားအစာေတြကို စားသုံးတာ မ်ားတဲ့အခါ သင့္အသည္းက ဘာေတြျဖစ္လာသလဲဆိုတာ ေျပာျပေပးပါမယ္။

(၁) ရင္ဘတ္ နာလာတယ္

သင့္အသည္းမွာ အညစ္အေၾကး၊ အဆိပ္ေတြ ျပည့္လာတဲ့အခါ အသည္းက နာလာပါလိမ့္မယ္။ အသည္းက ဝမ္းဗိုက္ အေပၚပိုင္းမွာ ရွိပါတယ္။ အထူးသျဖင့္ အစာအိမ္နဲ႔ ရင္ညႇပ္႐ိုးၾကားမွာ ရွိတာကို ပုံပါအတိုင္း ေတြ႕ရပါလိမ့္မယ္။ အဲဒီ့ေနရာက ျပင္းျပင္းထန္ထန္ နာက်င္ေနၿပီဆိုရင္ သင့္အသည္းမွာ ျပႆနာရွိေနပါၿပီ။

(၂) ေျခက်င္းဝတ္နဲ႔ ေျခေထာက္ ေရာင္ရမ္းလာတယ္

အသည္းနဲ႔ ပတ္သက္ၿပီး ျဖစ္လာတဲ့ အေျခအေနကို လ်စ္လ်ဴရႈ ထားလိုက္မယ္ဆိုရင္ ေနာက္ဆက္တြဲ အေနနဲ႔ Portal Hypertension ကို ျဖစ္လာေစပါတယ္။ ဒီအရာက ေျခေထာက္ေတြေ ရာင္လာေစၿပီး နာက်င္မႈကိုေတာ့မခံစားရဘူးလို႔ ဆိုပါတယ္။

(၃) ဝိတ္တက္လာမယ္

ပထမဆုံး သတိျပဳမိႏိုင္မယ့္ အခ်က္ကေတာ့ ကိုယ္အေလးခ်ိန္ပါပဲ။ အစားေတြ အမ်ားႀကီး မစားဘဲနဲ႔ ဝလာတယ္ဆိုရင္ သင့္အသည္းမွာ အဆိပ္အေတာက္ေတြ မ်ားေနလို႔ ျဖစ္ႏိုင္တဲ့အတြက္ အသည္းကို သန႔္စင္ေပးမဲ့ Detox ဆိုတာမ်ိဳးနဲ႔ ဝိတ္ျပန္ခ်ႏိုင္ပါတယ္။

(၄) Allergy (ဓာတ္မတည့္၍ ယားယံမႈ)

Allergy ျဖစ္တာဟာ ေသြးထဲမွာ မသန႔္တဲ့အရာေတြ ဝင္ေရာက္ေနတဲ့အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ Allergy ခဏခဏ ျဖစ္တတ္တယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

(၅) မ်က္လုံးဝါျခင္း

အေရျပားနဲ႔ မ်က္လုံးေတြ ဝါေနတာဟာလည္း သင့္အသည္းက်န္းမာေရးနဲ႔ ဆက္စပ္ေနပါတယ္။ ပုံမွန္ မဟုတ္တဲ့ မ်က္လုံးအဝါေတြဟာ သင့္မွာ Jaundice ကို ခံစားေနရၿပီလို႔ ေဖာ္ျပေနပါတယ္။ Juandice ဆိုတာ ဖ်ားနာျခင္း မဟုတ္ဘဲ သင့္အသည္း ထိခိုက္ပ်က္စီးေနတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။

(၆) ပင္ပန္းႏြမ္းနယ္ေနျခင္း

သင္ဟာ အနည္းဆုံး ၆ လတိုင္တိုင္ ပင္ပန္းႏြမ္းနယ္ျခင္းကို ခံစားေနရၿပီဆိုရင္ မေပါ့ဆသင့္ပါဘူး။ သင့္အသည္းက က်န္းမာေနတဲ့အခါ ခႏၶာကိုယ္ကလိုအပ္တဲ့ စြမ္းအင္အတြက္ Glucose ထုတ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Glucose အျပည့္အဝ မရတဲ့ ခႏၶာကိုယ္က အၿမဲလိုလို ပင္ပန္းေနတာ ျဖစ္ပါတယ္။

(၇) ေအာ့အန္ျခင္း

အသည္းက အဆိပ္အေတာက္ေတြကို မေခ်ဖ်က္ႏိုင္ေတာ့တဲ့အခါ သင္ဟာ မအီမသာနဲ႔ ေအာ့အန္ခ်င္သလို အၿမဲ ခံစားရပါလိမ့္မယ္။

(၈) ကိုလက္စထေရာ ျမင့္တက္လာမယ္

သင့္ကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္ၿပီး ကိုလက္စထေရာ ျမင့္တက္လာတဲ့အခါ အမွန္ပဲ အသည္းမွာ ျပႆနာ ရွိေနႏိုင္ပါတယ္။

ဒါဆိုရင္ အသည္းက သင့္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အေရးပါ အရာေရာက္တဲ့အတြက္ သင့္အသည္းကို မထိခိုက္ေစရေအာင္ အစားအေသာက္ေတြ ဆင္ျခင္စားဖို႔ အႀကံျပဳလိုက္ပါတယ္။

Ref ; www.providr.com

Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

သင့်အသည်းမှာ ပြဿနာ ရှိနေပြီလို့ သိနိုင်မယ့် အချက် ၈ ချက်

အသည်းဟာ လူ့ခန္ဓာကိုယ်အတွင်းက အကြီးစား အင်္ဂါတခုလည်း ဖြစ်ပါတယ်။ သင် မဆင်မခြင် စားသုံးလိုက်တဲ့ အစာတွေက သင့်အသည်းကို ထိခိုက်နိုင်စေပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံကသာ သင့်အသည်းကို ကျန်းမာစေပြီး အဆိပ်အတောက် ဖြစ်စေတဲ့ အစားအစာတွေကို စားသုံးတာ များတဲ့အခါ သင့်အသည်းက ဘာတွေဖြစ်လာသလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ရင်ဘတ် နာလာတယ်

သင့်အသည်းမှာ အညစ်အကြေး၊ အဆိပ်တွေ ပြည့်လာတဲ့အခါ အသည်းက နာလာပါလိမ့်မယ်။ အသည်းက ဝမ်းဗိုက် အပေါ်ပိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ ရင်ညှပ်ရိုးကြားမှာ ရှိတာကို ပုံပါအတိုင်း တွေ့ရပါလိမ့်မယ်။ အဲဒီ့နေရာက ပြင်းပြင်းထန်ထန် နာကျင်နေပြီဆိုရင် သင့်အသည်းမှာ ပြဿနာရှိနေပါပြီ။

(၂) ခြေကျင်းဝတ်နဲ့ ခြေထောက် ရောင်ရမ်းလာတယ်

အသည်းနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ အခြေအနေကို လျစ်လျူရှု ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ Portal Hypertension ကို ဖြစ်လာစေပါတယ်။ ဒီအရာက ခြေထောက်တွေေ ရာင်လာစေပြီး နာကျင်မှုကိုတော့မခံစားရဘူးလို့ ဆိုပါတယ်။

(၃) ဝိတ်တက်လာမယ်

ပထမဆုံး သတိပြုမိနိုင်မယ့် အချက်ကတော့ ကိုယ်အလေးချိန်ပါပဲ။ အစားတွေ အများကြီး မစားဘဲနဲ့ ဝလာတယ်ဆိုရင် သင့်အသည်းမှာ အဆိပ်အတောက်တွေ များနေလို့ ဖြစ်နိုင်တဲ့အတွက် အသည်းကို သန့်စင်ပေးမဲ့ Detox ဆိုတာမျိုးနဲ့ ဝိတ်ပြန်ချနိုင်ပါတယ်။

(၄) Allergy (ဓာတ်မတည့်၍ ယားယံမှု)

Allergy ဖြစ်တာဟာ သွေးထဲမှာ မသန့်တဲ့အရာတွေ ဝင်ရောက်နေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Allergy ခဏခဏ ဖြစ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၅) မျက်လုံးဝါခြင်း

အရေပြားနဲ့ မျက်လုံးတွေ ဝါနေတာဟာလည်း သင့်အသည်းကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန် မဟုတ်တဲ့ မျက်လုံးအဝါတွေဟာ သင့်မှာ Jaundice ကို ခံစားနေရပြီလို့ ဖော်ပြနေပါတယ်။ Juandice ဆိုတာ ဖျားနာခြင်း မဟုတ်ဘဲ သင့်အသည်း ထိခိုက်ပျက်စီးနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

(၆) ပင်ပန်းနွမ်းနယ်နေခြင်း

သင်ဟာ အနည်းဆုံး ၆ လတိုင်တိုင် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ သင့်အသည်းက ကျန်းမာနေတဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်အတွက် Glucose ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Glucose အပြည့်အဝ မရတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ပင်ပန်းနေတာ ဖြစ်ပါတယ်။

(၇) အော့အန်ခြင်း

အသည်းက အဆိပ်အတောက်တွေကို မချေဖျက်နိုင်တော့တဲ့အခါ သင်ဟာ မအီမသာနဲ့ အော့အန်ချင်သလို အမြဲ ခံစားရပါလိမ့်မယ်။

(၈) ကိုလက်စထရော မြင့်တက်လာမယ်

သင့်ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ကိုလက်စထရော မြင့်တက်လာတဲ့အခါ အမှန်ပဲ အသည်းမှာ ပြဿနာ ရှိနေနိုင်ပါတယ်။

ဒါဆိုရင် အသည်းက သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့အတွက် သင့်အသည်းကို မထိခိုက်စေရအောင် အစားအသောက်တွေ ဆင်ခြင်စားဖို့ အကြံပြုလိုက်ပါတယ်။

Ref ; www.providr.com

Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *