သတင္း

ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး

(Zawgyi)

ေဆးေသာက္ရင္ ေဆးနဲ႔မနီးသင့္တဲ့
အစားအေသာက္ (၅) မ်ိဳး
==========================

ေဆးေသာက္မယ္ဆို အစာစားၿပီးမွေသာက္ၾကေနာ္လို႔ေျပာၾကတယ္။ တခ်ိဳ႕ေဆးေတြက မစားခင္ေသာက္ရတာရွိသလို အစာတခုခုခံၿပီးမွ ေသာက္သင့္တာေတြရွိပါတယ္။ အစာနဲ႔ဘယ္ႏွနာရီျခားပါလို႔ ဆရာဝန္ကၫႊန္ၾကားလိုက္တယ္ဆိုရင္ လိုက္နာဖို႔လိုပါတယ္။ ကိုယ္စားလိုက္၊ေသာက္လိုက္တဲ့အရာေတြက ေဆးဝါးေတြရဲ႕အာနိသင္အေပၚ သက္ေရာက္မႈေတြရွိလို႔ပါပဲ။

ဒါ့ေၾကာင့္ ေဆးဝါးေတြနဲ႔ ဓာတ္ျပဳသက္ေရာက္မႈရွိႏိုင္တဲ့ အစားအေသာက္ေတြအေၾကာင္းကို ေျပာျပခ်င္ပါတယ္။

(၁) ဂရိတ္ဖ႐ုသီး

အခ်ဥ္ဓာတ္ပါတဲ့အရည္႐ႊမ္းသီးျဖစ္တဲ့ ဂရိတ္ဖ႐ုသီးက သိပ္မခ်ဥ္ဘူးဆိုေပမယ့္ အူလမ္းေၾကာင္းအတြင္း ေရာက္လာတဲ့ေဆးဝါးေတြကို ဆဲလ္ေတြရဲ႕ စုပ္ယူႏိုင္စြမ္းနဲ႔ေ႐ြ႕လ်ားႏိုင္စြမ္းကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဂရိတ္ဖ႐ုသီးေၾကာင့္ ဒီလိုျဖစ္ေစႏိုင္တာ ေဆးအမ်ိဳးေပါင္း ၅၀ ေက်ာ္ရွိပါတယ္။

(၂) ႏြားႏို႔

ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ အားလည္းျဖစ္ေအာင္ ေရအစား ႏြားႏို႔ေလးနဲ႔ ေဆးေသာက္လိုက္တယ္ဆိုတာမ်ိဳး မလုပ္ရပါဘူး။ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြဟာ ပဋိဇီဝေဆးေတြကို ခႏၶာကိုယ္ရဲ႕စုပ္ယူႏိုင္စြမ္းအေပၚ အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။ ႏြားႏို႔မွာပါတဲ့ ကယ္လ္စီယမ္နဲ႔မဂၢနီဆီယမ္တို႔လို သတၱဳဓာတ္ေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ပဋိဇီဝေဆးေတြေသာက္မယ္ဆို ႏြားႏို႔နဲ႔ ေဝးဖို႔ ဂ႐ုစိုက္ပါ။

(၃) ေခ်ာကလက္

ေခ်ာကလက္ဟာ စိတ္ကိုတည္ၿငိမ္ေစတဲ့ေဆး ဒါမွမဟုတ္ အိပ္ေပ်ာ္ေစတဲ့ေဆးေတြကို အာနိသင္ေလ်ာ့နည္းေစႏိုင္ပါတယ္။ သူက စိတ္ကိုလန္းဆန္းေစတဲ့ေဆးေတြအတြက္ အာနိသင္ပိုေကာင္းေစဖို႔ အေထာက္အကူျပဳႏိုင္တာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က စိတ္က်ေရာဂါအတြက္ ေဆးေသာက္ေနရတဲ့သူေတြမွာဆို အဲဒီေဆးနဲ႔ေခ်ာကလက္ကို တြဲမိတဲ့အခါ အႏၲရာယ္အဆင့္ထိ ေသြးေပါင္တက္ေစႏိုင္ပါတယ္။

(၄) အရက္၊ဘီယာ

အရက္၊ဘီယာနဲ႔ အယ္လ္ကိုေဟာပါသမွ်ေတြဟာ ေဆးဝါးေတြကို အာနိသင္ေလ်ာ့ေစ၊ ပ်က္ျပယ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ေသြးေပါင္က်ေဆးနဲ႔ ႏွလုံးေဆးေတြအတြက္ ပိုဆိုးပါတယ္။ တခ်ိဳ႕ေဆးေတြကိုေတာ့ ရွိသင့္တာထက္ အားပိုျပင္းေစတာ ဒါမွမဟုတ္ အႏၲရာယ္ရွိတဲ့ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။

(၅) ေကာ္ဖီ

ေကာ္ဖီက စိတ္ေရာဂါအတြက္ေသာက္သုံးရတဲ့ေဆးေတြကို အာနိသင္ေလ်ာ့ေစေပမယ့္ တျခားေဆးေတြအတြက္ေတာ့ အာနိသင္ေရာ၊ေဘးထြက္ဆိုးက်ိဳးေတြပါ ပိုတိုးေစႏိုင္ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္ကို သံဓာတ္စုပ္ယူဖို႔ခက္ခဲေစႏိုင္ပါတယ္။

အေကာင္းဆုံးကေတာ့ ဆရာဝန္ၫႊန္ၾကားလိုက္တဲ့အတိုင္း ေသာက္သုံးပါ။

ဆရာဝန္က ေဆးေပးလိုက္တယ္ဆို ဒီတိုင္းပဲေသာက္လိုက္တာမ်ားပါတယ္။ ေသာက္သင့္တဲ့အခ်ိန္မမွန္တာ၊ အစားနဲ႔နီးသင့္တာ ေဝးသင့္တာေတြ မသိတာတို႔ေၾကာင့္ ေဆးအာနိသင္ကို ေလ်ာ့နည္းေစပါတယ္။

(Unicode)

ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့
အစားအသောက် (၅) မျိုး
==========================

ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင်သောက်ရတာရှိသလို အစာတခုခုခံပြီးမှ သောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊သောက်လိုက်တဲ့အရာတွေက ဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှုတွေရှိလို့ပါပဲ။

ဒါ့ကြောင့် ဆေးဝါးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြချင်ပါတယ်။

(၁) ဂရိတ်ဖရုသီး

အချဉ်ဓာတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်း ရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ရွေ့လျားနိုင်စွမ်းကို ပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာ ဆေးအမျိုးပေါင်း ၅၀ ကျော်ရှိပါတယ်။

(၂) နွားနို့

နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေသောက်မယ်ဆို နွားနို့နဲ့ ဝေးဖို့ ဂရုစိုက်ပါ။

(၃) ချောကလက်

ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ နောက်တစ်ချက်က စိတ်ကျရောဂါအတွက် ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိ သွေးပေါင်တက်စေနိုင်ပါတယ်။

(၄) အရက်၊ဘီယာ

အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာ ဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။ တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

(၅) ကော်ဖီ

ကော်ဖီက စိတ်ရောဂါအတွက်သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေအတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူဖို့ခက်ခဲစေနိုင်ပါတယ်။

အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း သောက်သုံးပါ။

ဆရာဝန်က ဆေးပေးလိုက်တယ်ဆို ဒီတိုင်းပဲသောက်လိုက်တာများပါတယ်။ သောက်သင့်တဲ့အချိန်မမှန်တာ၊ အစားနဲ့နီးသင့်တာ ဝေးသင့်တာတွေ မသိတာတို့ကြောင့် ဆေးအာနိသင်ကို လျော့နည်းစေပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Leave a Reply

Your email address will not be published. Required fields are marked *