သတင္း

ေသြးေလးဖက္နာအေၾကာင္း ဗဟုသုတ

(Zawgyi)
ေသြးေလးဖက္နာအေၾကာင္း သိေကာင္းစရာ

အခုေျပာမယ့္ ေလးဖက္နာကေတာ့ ပိုးေၾကာင့္ျဖစ္တဲ့ ေလးဖက္နာ မဟုတ္ပါဘူး။ ေသြးေၾကာင့္ ျဖစ္တာ၊ ပိုးသတ္ေဆးေတြ စားလုိ႔ မေပ်ာက္ပါဘူး။ ေသြးကို ျပန္ၿပီးသန္႔ေပးတဲ့ ေဆးစားရပါမယ္။

ေသြးေလးဖက္နာဟာ ၾကာရင္၊ မကုသရင္ အဆစ္အေကာက္ေကြးသြားတက္ပါတယ္။ ခႏၲာကိုယ္ထဲမွာ ေျပင္ကေရာဂါပိုးမႊားေတြ ၀င္လာရင္ ခုခံဓာတ္ရွိပါတယ္။ ဒီခုခံဓာတ္က တစ္ခါတေလမွာ မ်က္စိလည္ၿပီးေတာ့၊ ပိုးကိုမတိုက္ဘဲ ကုိယ့္ပစၥည္း ကိုယ္ျပန္တုိက္တာရွိတယ္။ အဲဒီအခါမွာ ထြက္လာတဲ့ဓာတ္ကို RHEUMATOID FACTOR (RF) လုိ႔ေခၚပါတယ္။ အဲဒီဓာတ္က အ႐ုိးအဆစ္ေတြကို တို္က္ခိုက္တဲ့အခါ ေသြးေလးဖက္နာျဖစ္ပြားရပါတယ္။

အရြယ္မေရြး၊ က်ားမ မေရြးျဖစ္ႏုိင္ပါတယ္။ အသက္ (၃၀)မွ (၅၀)ၾကား အျဖစ္မ်ားပါတယ္။ မိဘမ်ိဳး႐ိုးထဲမွာ ျဖစ္ဖူးတဲ့ လူရွိရင္လည္း ျဖစ္ႏုိင္ေခ်ရွိပါတယ္။ ကင္ဆာေရာဂါလုိပဲ ကံဆုိးတဲ့လူေတြမွာ ျဖစ္တယ္လို႔ ေျပာႏုိင္ပါတယ္။ လူ ၁၀၀ မွာ ၁ ေယာက္ ႏႈန္းေလာက္ ျဖစ္ပြားပါတယ္။

အဓိကလကၡဏာကေတာ့ အဆစ္နာတာပဲ။ အဆစ္တစ္ဆစ္တည္း မဟုတ္ဘဲ ေလးခုေလာက္နာပါတယ္။ ဒူးအဆစ္တစ္ခု ပဲ နာတယ္ဆိုရင္ေတာ့ အ႐ိုးက်ီးေပါင္း ျဖစ္ဖို႔မ်ားပါတယ္။ အဆစ္ဟာနာ႐ံုတင္မကဘဲ ေရာင္ရမ္းေနမယ္။ ေဖာင္းေနမယ္ဆုိရင္ စမ္းသပ္စစ္ေဆးရပါမယ္။

ေနာက္တစ္ခုကေတာ့ နာတဲ့အဆစ္ကို လက္ၫႇိဳးနဲ႔ လက္မၾကားမွာ ဖ်စ္ၫႇစ္ၾကည့္လုိက္လုိ႔ ပိုမနာဘူး ဆုိရင္ ကိစၥမရွိဘူး။ မခံႏုိင္ေအာင္ နာတယ္ဆုိရင္ေတာ့ ေသြးေလးဖက္နာ ျဖစ္ႏုိင္ေခ်ပိုမ်ားပါတယ္။ တတိယတစ္ခ်က္ကေတာ့ အဆစ္နာတာက လႈပ္လုိက္ရွားလုိက္ရင္ ပိုမနာဘဲ သက္သာၿပီး၊ မနက္ေစာေစာမွာ တစ္နာရီေက်ာ္ နာေနတာပါပဲ။ အဲဒီလိုလူမ်ိဳးကို ေသြးေဖာက္စစ္ရပါမယ္။

(RF) RHEUMATOID FACTOR လို႔ေခၚတဲ့ ေလးဖက္နာဓာတ္ကို ေတြ႕ရပါမယ္။ ဓာတ္မွန္႐ိုက္ၾကည့္ရင္ အ႐ိုး ေတြစားေနတာကိုလည္း ေတြ႕ရပါမယ္။ အျခားေရာဂါေတြလို သိပ္ၿပီး ႐ႈပ္ေထြးတဲ့ စမ္းသပ္မႈေတြ မလုိပါဘူး။ လူနာကို လက္ေတြ႕ စမ္းသပ္စစ္ေဆးျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ ေသြးထဲမွာ (RF) ရွာေဖြျခင္းတုိ္႔ျဖင့္ ေရာဂါဟုတ္မဟုတ္ သိႏုိင္ပါတယ္။ တစ္ကမာၻလံုးမွာ လည္း အတူတူပါပဲ။

ေလးဖက္နာဟာ အဓိကသံုးမ်ိဳးရွိပါတယ္။
အဆစ္နာတုိင္း ေလးဖက္နာဆိုၿပီး ပင္နီဆလင္ေတြေသာက္ၿပီး ေနာက္ပိုင္း အဆစ္ေကာက္ေကြးသြားတာေတြ အမ်ားႀကီးေတြ႕ရပါတယ္။ ေလးဖက္နာမွ ပိုးေလးဖက္နာ (RHEUMATIC ARTHRITIS)၊ ေသြးေလး ဖက္နာ (RHEUMATOID ARTHRITIS) SLE (SYSTEMIC LUPUS ERYTHEMATOSUS) ဆိုၿပီး သံုးမ်ိဳးရွိပါတယ္။ အဲ့ဒီေရာဂါသံုးခုရဲ႕ ေနာက္ဆက္တြဲ ႐ႈပ္ေထြးမႈေတြ မတူၾကပါဘူး။ ပိုးေၾကာင့္ျဖစ္ေသာ ေလးဖက္နာ ေနာက္ဆက္တြဲ ႐ႈပ္ေထြးမႈ အျဖစ္ ႏွလံုးအဆို႔ရွင္ ပ်က္စီးတာတုိ႔လုိ ေရာဂါေတြျဖစ္ႏုိင္ၿပီး၊ေသြးေလးဖက္နာရဲ႕ ႐ႈပ္ေထြးမႈက အဆစ္ေတြ ေကာက္ေကြးသြား တက္ၿပီး အိပ္ရာေပၚ လဲသြားႏုိင္ပါတယ္။

အေရျပားေလးဖက္နာက်ေတာ့ ေက်ာက္ကပ္ပ်က္စီးသြားႏုိင္ပါတယ္။ အဆစ္နာတယ္ ဆိုၿပီး ကိုယ္ဟာကုိယ္ ထင္ရာကုရင္ ေရာဂါနဲ႔ ေဆးမကိုက္ညီပါက အနာကသက္သာေပမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို မကာ ကြယ္ႏုိင္တဲ့အတြက္ အဆစ္သံုးခု အထက္ေရာင္တယ္ဆိုရင္ ကၽြမ္းက်င္မႈဆိုင္ရာ ဆရာ၀န္နဲ႔ ေစာေစာ စီစီး ကုသဖို႔ လုိအပ္ ေၾကာင္း မွာၾကားခ်င္ပါတယ္။

Credit – Mg Mandalay စာႀကည့္ခန္း

(Unicode)
သွေးလေးဖက်နာအကြောင်း သိကောင်းစရာ

အခုပြောမယ့် လေးဖက်နာကတော့ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာ မဟုတ်ပါဘူး။ သွေးကြောင့် ဖြစ်တာ၊ ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။

သွေးလေးဖက်နာဟာ ကြာရင်၊ မကုသရင် အဆစ်အကောက်ကွေးသွားတက်ပါတယ်။ ခန္တာကိုယ်ထဲမှာ ပြေင်ကရောဂါပိုးမွှားတွေ ဝင်လာရင် ခုခံဓာတ်ရှိပါတယ်။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ဓာတ်ကို RHEUMATOID FACTOR (RF) လို့ခေါ်ပါတယ်။ အဲဒီဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ သွေးလေးဖက်နာဖြစ်ပွားရပါတယ်။

အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ အသက် (၃၀)မှ (၅၀)ကြား အဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ လူရှိရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ကင်ဆာရောဂါလိုပဲ ကံဆိုးတဲ့လူတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လူ ၁၀၀ မှာ ၁ ယောက် နှုန်းလောက် ဖြစ်ပွားပါတယ်။

အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခုပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။

နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူးဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။ တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော် နာနေတာပါပဲ။ အဲဒီလိုလူမျိုးကို သွေးဖောက်စစ်ရပါမယ်။

(RF) RHEUMATOID FACTOR လို့ခေါ်တဲ့ လေးဖက်နာဓာတ်ကို တွေ့ရပါမယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် အရိုး တွေစားနေတာကိုလည်း တွေ့ရပါမယ်။ အခြားရောဂါတွေလို သိပ်ပြီး ရှုပ်ထွေးတဲ့ စမ်းသပ်မှုတွေ မလိုပါဘူး။ လူနာကို လက်တွေ့ စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးထဲမှာ (RF) ရှာဖွေခြင်းတို့်ဖြင့် ရောဂါဟုတ်မဟုတ် သိနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း အတူတူပါပဲ။

လေးဖက်နာဟာ အဓိကသုံးမျိုးရှိပါတယ်-
အဆစ်နာတိုင်း လေးဖက်နာဆိုပြီး ပင်နီဆလင်တွေသောက်ပြီး နောက်ပိုင်း အဆစ်ကောက်ကွေးသွားတာတွေ အများကြီးတွေ့ရပါတယ်။ လေးဖက်နာမှ ပိုးလေးဖက်နာ (RHEUMATIC ARTHRITIS)၊ သွေးလေး ဖက်နာ (RHEUMATOID ARTHRITIS) SLE (SYSTEMIC LUPUS ERYTHEMATOSUS) ဆိုပြီး သုံးမျိုးရှိပါတယ်။ အဲ့ဒီရောဂါသုံးခုရဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မတူကြပါဘူး။ ပိုးကြောင့်ဖြစ်သော လေးဖက်နာ နောက်ဆက်တွဲ ရှုပ်ထွေးမှုအဖြစ် နှလုံးအဆို့ရှင် ပျက်စီးတာတို့လို ရောဂါတွေဖြစ်နိုင်ပြီး၊သွေးလေးဖက်နာရဲ့ ရှုပ်ထွေးမှုက အဆစ်တွေ ကောက်ကွေးသွားတက်ပြီး အိပ်ရာပေါ် လဲသွားနိုင်ပါတယ်။

အရေပြားလေးဖက်နာကျတော့ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။ အဆစ်နာတယ်ဆိုပြီး ကိုယ်ဟာကိုယ် ထင်ရာကုရင် ရောဂါနဲ့ ဆေးမကိုက်ညီပါက အနာက သက်သာပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မကာကွယ်နိုင်တဲ့အတွက် အဆစ်သုံးခုအထက် ရောင်တယ်ဆိုရင် ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန်နဲ့ စောစော စီစီး ကုသဖို့ လိုအပ် ကြောင်း မှာကြားချင်ပါတယ်။

Credit – Mg Mandalay စာကြည့်ခန်း

Leave a Reply

Your email address will not be published. Required fields are marked *