သတင္း

သတိမထားမိေသာ သင့္မီးဖိုေခ်ာင္ႏွင့္ အႏၲရာယ္မ်ား

(Zawgyi)
သင္သတိမထားမိေသာ သင့္မီးဖိုေခ်ာင္ႏွင့္ အႏၲရာယ္မ်ား

မီးဖိုခန္းမွာ အသား၊ငါးေတြကို ျပင္ဆင္ဖို႕ ေနရာေသးေသးေလး တစ္ေနရာ ထားသင့္ပါတယ္။ ဒါမွ အသားငါးေတြမွာ ပါလာတဲ့ ေရာဂါပိုးမႊားေတြကို ေနရာအမ်ားႀကီး ထပ္မျပန္႕သြားေအာင္ တစ္ေနရာထဲမွာပဲ တစ္ခါလွီးျဖတ္ၿပီးတုိင္း အဲ့ဒီေနရာေသးေသးေလးကို ေသေသခ်ာခ်ာ သန္႕ရွင္းေရး လုပ္ႏိုင္မွာပါ။

အသားလွီးတဲ့ ေနရာမွာ အသံုးျပဳတဲ့ ဓါး၊ စဥ္းလွီတံုး၊ အသားထည္႕တဲ့ ဘူးေတြနဲ႕၊ ဟင္းသီးဟင္းရြက္ သစ္သီး၀လံေတြ လွီးတဲ့ေနရာမွာ သံုးတဲ့ဓါး၊ စဥ္းလွီတံုး၊ ဘူးေတြကို သပ္သပ္ခြဲထားသင့္ပါတယ္။ ဥပမာ- အသား၊ ငါးအတြက္ အနီေရာင္၊ ဟင္းသီးဟင္းရြက္ သစ္သီး၀လံေတြ အတြက္ အစိမ္းေရာင္ စတာေတြ ခြဲထားတာမ်ိုး လုပ္သင့္ပါတယ္။

ေနာက္တစ္ခုကေတာ့ အသားေတြကို ခ်က္ျပဳတ္ဖို႕ မစီစဥ္ခင္မွာ ေစ်းက ၀ယ္လာၿပီးတာနဲ႕ ေရမ်ားမ်ားနဲ႕ ေသခ်ာေဆးပါ။ ကၽြန္ေတာ္တို႕ ျမန္မာ အိမ္ရွင္မေတြ စိတ္ထဲမွာက ေရအမ်ားႀကီးေဆးလိုက္ရင္ အသားကအရသာ မရွိေတာ့ဘူးလို႕ယူဆၾကၿပီး ေရေတာင္ သိပ္မေဆးခ်င္ၾကဘူး။ အျဖစ္ဆိုရံုေလးေဆးၿပီး လံုးခ်က္တာမ်ိဳးေတြ လုပ္ပါတယ္။ တကယ္ေတာ့ အဲ့ဒါကမဟုတ္ပါဘူး။ အရသာပိုင္းေတာ့ ကၽြန္ေတာ္သတိမထားမိေပမယ့္ အာဟာရတန္ဖိုးကေတာ့ မက်သြားပါဘူး။ ဒါေၾကာင့္ ေရမ်ားမ်ားနဲ႕ ေဆးေၾကာေပးပါ။

ေရခဲေသတၱာထဲ ထည္႕မယ္ဆိုရင္လည္း အသားစိမ္း၊ ငါးစိမ္းေတြကို ေသခ်ာေဆးေၾကာၿပီး ဘူးနဲ႕ သပ္သပ္စီ ထည္႕ထားဖို႕လိုပါတယ္။ ကၽြန္ေတာ္ ေတြ႕ရပါတယ္ ေစ်းက၀ယ္လာတာနဲ႕ မအားေသးေတာ့ ၀ယ္လာတဲ့ အထုပ္အတိုင္း ေရခဲေသတၱာထဲ တန္းထည္႕လိုက္ၾကပါတယ္။ အဲ့လိုမလုပ္ပဲ မအားေသးဘူးဆုိရင္ အသားထုပ္ကို အျပင္မွာပဲ ေရခဲ၊ ေရခဲေရစိမ္ထားတာဟာ မလိုလားအပ္တဲ့ ဘက္တီးရီးယားပိုးမႊားေတြ ေပါက္ပြားမႈကို ကာကြယ္ေပးပါတယ္။

ခ်က္ျပဳတ္ၿပီး အစားအစာမ်ား၊ ဟင္းသီးဟင္းရြက္ သစ္သီးမ်ားနဲ႕ အသင့္စား အစားအစာမ်ားကို အသားစိမ္း၊ ငါးစိမ္းမ်ားနဲ႕ တစ္ထပ္တည္း ထည္႕တာမ်ိဳး မလုပ္သင့္ပါဘူး။

ႏို႕ ႏွင့္ ႏို႕ထြက္ ပစၥည္းမ်ားကိုလည္း အသားငါးမ်ား ထားတဲ့ အထပ္မွာ ေရာထားတာမ်ိဳး မလုပ္သင့္ပါဘူး။ ႏြားႏို႕ဟာ ဘက္တီးရီးယား ပိုးမႊားေတြ အလြယ္တကူ ေပါက္ႏိုင္တဲ့ အစားအစာ တစ္ခုျဖစ္တဲ့အတြက္ ေသခ်ာသိမ္းဆည္းဖို႕လုိပါတယ္။ ထို႕အျပင္ ေသာက္မယ္ဆိုၿပီး အဖံုးဖြင့္ၿပီးတာနဲ႕ တစ္ခါတည္း ကုန္ေအာင္ ေသာက္ႏိုင္တာကေတာ့ အေကာင္းဆံုးပါ။ တစ္ခါေလာက္ေသာက္ၿပီး က်န္တဲ့ ႏြားႏို႕ေတြကို ႏွစ္ရက္ သံုးရက္ေလာက္ ေရခဲေသတၱာထဲ ထည္႕ၿပီး ဆက္ေသာက္ေနတာမ်ိဳး မလုပ္သင့္ပါဘူး။

ေနာက္တစ္ခု သတိေပးခ်င္တာကေတာ့ ေရခဲေသတၱာထဲမွာ ထည္႕ထားတဲ့ အစားအစာေတြ ဘယ္ေလာက္ၾကာေနၿပီလဲဆိုတာကို သတိထားဖို႕ပါ။ မ်ားေသာအားျဖင့္ ေရခဲေသတၱာထဲ ထည္႕ထားတာပဲဆိုၿပီး အမႈမဲ့ အမွတ္မဲ့ေနေနတတ္ၾကပါတယ္။ ဒါဟာ ေတာ္ေတာ္ေလး အႏၱရာယ္မ်ားပါတယ္။ သက္တမ္းဘယ္ေလာက္ က်န္ေသးးလဲ ၾကည္႕သင့္သည္႕အျပင္ စစ၀ယ္တုန္းက အေရာင္၊အဆင္း၊အနံ႕၊ အရသာ နဲ႕ လတ္တေလာျဖစ္ေနတဲ့ အေရာင္၊ အဆင္း၊ အနံ႕၊ အရသာကို သတိတရနဲ႕ ယွဥ္ၾကည္႕ေပးဖို႕ မေမ့ပါနဲ႕။

ေနာက္ဆံုးအေနနဲ႕ ေျပာခ်င္တာကေတာ့ ဟင္းေတြကို ထပ္ခါထပ္ခါ ေႏႊးစားတာမ်ိဳးကို ေရွာင္ပါ။ ကုန္ႏိုင္သေလာက္ ခ်က္ၿပီးစားတာ အသင့္ေတာ္ဆံုးပါ။ တခ်ိဳ႕ေသာ ဟင္းလ်ာေတြက ခဏခဏ ေႏႊးစားရင္ nitrate လို႕ေခၚတဲ့ ဓာတုပစၥည္းတစ္ခု ထြက္လာၿပီး ကင္ဆာ ေရာဂါျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီလို အႏၱရာယ္ ကာကြယ္ဖို႕အတြက္ကေတာ့ ဟင္းေတြကို ကုန္ႏိုင္သေလာက္ ခ်က္စားၿပီး တတ္နိုင္သေလာက္ ထပ္ခါထပ္ခါ ျပန္ျပန္ေႏႊးစားတာမ်ိဳးကို အထူး ဂရုျပဳေရွာင္ရွားေပးပါ။

Credit: ေဒါက္တာ ညီညီေက်ာ္ @Dr. Nutrition

(Unicode)
သင်သတိမထားမိသော သင့်မီးဖိုချောင်နှင့် အန္တရာယ်များ

မီးဖိုခန်းမှာ အသား၊ ငါးတွေကို ပြင်ဆင်ဖို့ နေရာသေးသေးလေး တစ်နေရာ ထားသင့်ပါတယ်။ ဒါမှ အသားငါးတွေမှာ ပါလာတဲ့ ရောဂါပိုးမွှားတွေကို နေရာအများကြီး ထပ်မပြန့်သွားအောင် တစ်နေရာထဲမှာပဲ တစ်ခါလှီးဖြတ်ပြီးတိုင်း အဲ့ဒီနေရာသေးသေးလေးကို သေသေချာချာ သန့်ရှင်းရေး လုပ်နိုင်မှာပါ။

အသားလှီးတဲ့ နေရာမှာ အသုံးပြုတဲ့ ဓါး၊ စဉ်းလှီတုံး၊ အသားထည့်တဲ့ ဘူးတွေနဲ့၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ လှီးတဲ့နေရာမှာ သုံးတဲ့ဓါး၊ စဉ်းလှီတုံး၊ ဘူးတွေကို သပ်သပ်ခွဲထားသင့်ပါတယ်။ ဥပမာ- အသား၊ ငါးအတွက် အနီရောင်၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ အတွက် အစိမ်းရောင် စတာတွေ ခွဲထားတာမျိုး လုပ်သင့်ပါတယ်။

နောက်တစ်ခုကတော့ အသားတွေကို ချက်ပြုတ်ဖို့ မစီစဉ်ခင်မှာ ဈေးက ဝယ်လာပြီးတာနဲ့ ရေများများနဲ့ သေချာဆေးပါ။ ကျွန်တော်တို့ မြန်မာ အိမ်ရှင်မတွေ စိတ်ထဲမှာက ရေအများကြီးဆေးလိုက်ရင် အသားကအရသာ မရှိတော့ဘူးလို့ယူဆကြပြီး ရေတောင် သိပ်မဆေးချင်ကြဘူး။ အဖြစ်ဆိုရုံလေးဆေးပြီး လုံးချက်တာမျိုးတွေ လုပ်ပါတယ်။ တကယ်တော့ အဲ့ဒါကမဟုတ်ပါဘူး။ အရသာပိုင်းတော့ ကျွန်တော်သတိမထားမိပေမယ့် အာဟာရတန်ဖိုးကတော့ မကျသွားပါဘူး။ ဒါကြောင့် ရေများများနဲ့ ဆေးကြောပေးပါ။

ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရင်လည်း အသားစိမ်း၊ ငါးစိမ်းတွေကို သေချာဆေးကြောပြီး ဘူးနဲ့ သပ်သပ်စီ ထည့်ထားဖို့လိုပါတယ်။ ကျွန်တော် တွေ့ရပါတယ် ဈေးကဝယ်လာတာနဲ့ မအားသေးတော့ ဝယ်လာတဲ့ အထုပ်အတိုင်း ရေခဲသေတ္တာထဲ တန်းထည့်လိုက်ကြပါတယ်။ အဲ့လိုမလုပ်ပဲ မအားသေးဘူးဆိုရင် အသားထုပ်ကို အပြင်မှာပဲ ရေခဲ၊ ရေခဲရေစိမ်ထားတာဟာ မလိုလားအပ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားမှုကို ကာကွယ်ပေးပါတယ်။

ချက်ပြုတ်ပြီး အစားအစာများ၊ ဟင်းသီးဟင်းရွက် သစ်သီးများနဲ့ အသင့်စား အစားအစာများကို အသားစိမ်း၊ ငါးစိမ်းများနဲ့ တစ်ထပ်တည်း ထည့်တာမျိုး မလုပ်သင့်ပါဘူး။

နို့ နှင့် နို့ထွက် ပစ္စည်းများကိုလည်း အသားငါးများ ထားတဲ့ အထပ်မှာ ရောထားတာမျိုး မလုပ်သင့်ပါဘူး။ နွားနို့ဟာ ဘက်တီးရီးယား ပိုးမွှားတွေ အလွယ်တကူ ပေါက်နိုင်တဲ့ အစားအစာ တစ်ခုဖြစ်တဲ့အတွက် သေချာသိမ်းဆည်းဖို့လိုပါတယ်။ ထို့အပြင် သောက်မယ်ဆိုပြီး အဖုံးဖွင့်ပြီးတာနဲ့ တစ်ခါတည်း ကုန်အောင် သောက်နိုင်တာကတော့ အကောင်းဆုံးပါ။ တစ်ခါလောက်သောက်ပြီး ကျန်တဲ့ နွားနို့တွေကို နှစ်ရက် သုံးရက်လောက် ရေခဲသေတ္တာထဲ ထည့်ပြီး ဆက်သောက်နေတာမျိုး မလုပ်သင့်ပါဘူး။

နောက်တစ်ခု သတိပေးချင်တာကတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ အစားအစာတွေ ဘယ်လောက်ကြာနေပြီလဲဆိုတာကို သတိထားဖို့ပါ။ များသောအားဖြင့် ရေခဲသေတ္တာထဲ ထည့်ထားတာပဲဆိုပြီး အမှုမဲ့ အမှတ်မဲ့နေနေတတ်ကြပါတယ်။ ဒါဟာ တော်တော်လေး အန္တရာယ်များပါတယ်။ သက်တမ်းဘယ်လောက် ကျန်သေးးလဲ ကြည့်သင့်သည့်အပြင် စစဝယ်တုန်းက အရောင်၊အဆင်း၊အနံ့၊ အရသာ နဲ့ လတ်တလောဖြစ်နေတဲ့ အရောင်၊ အဆင်း၊ အနံ့၊ အရသာကို သတိတရနဲ့ ယှဉ်ကြည့်ပေးဖို့ မမေ့ပါနဲ့။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဟင်းတွေကို ထပ်ခါထပ်ခါ နွှေးစားတာမျိုးကို ရှောင်ပါ။ ကုန်နိုင်သလောက် ချက်ပြီးစားတာ အသင့်တော်ဆုံးပါ။ တချို့သော ဟင်းလျာတွေက ခဏခဏ နွှေးစားရင် nitrate လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခု ထွက်လာပြီး ကင်ဆာ ရောဂါဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို အန္တရာယ် ကာကွယ်ဖို့အတွက်ကတော့ ဟင်းတွေကို ကုန်နိုင်သလောက် ချက်စားပြီး တတ်နိုင်သလောက် ထပ်ခါထပ်ခါ ပြန်ပြန်နွှေးစားတာမျိုးကို အထူး ဂရုပြုရှောင်ရှားပေးပါ။

Credit: ဒေါက်တာ ညီညီကျော် @Dr. Nutrition

Leave a Reply

Your email address will not be published. Required fields are marked *