သတင္း

လမ္းေခ်ာ္ၿပီး ကားလည္ထြက္သြားရင္ ဘယ္လိုလုပ္ရမလဲ

(Zawgyi)
ေဘးကင္းကင္းနဲ႔ ကားေမာင္းႏိုင္ဖို႔

ေမာင္းရင္ အေရးႀကီးဆုံးကေတာ့ သတိႀကီးႀကီးထားဖို႔ပါပဲ။ အသက္ေတြနဲ႔ရင္းရတာ ျဖစ္တဲ့အတြက္ သတိမမူဘဲလုပ္မိမယ္ဆိုရင္ မေတာ္တဆမႈတစ္ခုက စကၠန႔္ပိုင္းေလးေတြအတြင္း ျဖစ္ပြားၿပီး အသက္ေတြ ဆုံးရႈံးသြားႏိုင္လို႔ပါ။ ဒါေၾကာင့္ ကားေမာင္းမယ္ဆိုရင္ ဘာေတြကို သတိထားလုပ္ ေဆာင္သင့္တယ္၊ ဘယ္လိုေတြ ေမာင္းႏွင္သင့္လဲဆိုတာနဲ႔ပတ္သက္ၿပီး တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။

သုံးစကၠန႔္ စည္းမ်ဥ္း

ကားေမာင္းရာမွာ ေဘးကင္းဖို႔အတြက္ ႏိုင္ငံတကာယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရးအဖြဲ႕ေတြက စစ္တမ္းေကာက္ၿပီး စည္းမ်ဥ္းစည္းကမ္းေတြ ထုတ္ျပန္တာေတြ လုပ္ေလ့ရွိပါတယ္။ အဲဒီအထဲကမွ သုံးစကၠန႔္စည္းမ်ဥ္းေလးက စည္းမ်ဥ္းေကာင္းေလး ျဖစ္ပါတယ္။

ဘယ္လိုစည္းမ်ဥ္းေလးလဲဆိုေတာ့ ေရွ႕ကားက မီးပြိဳင့္မွာစထြက္တဲ့အခါ ေနာက္ကားအေနနဲ႔ သုံးစကၠန႔္ ၾကာၿပီးမွ ေနာက္မွ လိုက္ထြက္ရမယ္ဆိုတဲ့ စည္းမ်ဥ္းေလးပါ။ မိုးတြင္းလို မိုး႐ြာေနတဲ့အခ်ိန္ ဒါမွမဟုတ္ ညဘက္ေတြဆိုရင္ ေနာက္ကယာဥ္အေနနဲ႔ ေျခာက္စကၠန႔္ အထိခြာၿပီးမွ ေမာင္းဖို႔နဲ႔ မိုးသည္းေနခ်ိန္၊ ျမဴထေနခ်ိန္၊ ႏွင္းက်ေနခ်ိန္ေတြမွာဆိုရင္ ေနာက္ကယာဥ္ေတြ အေနနဲ႔ ကိုးစကၠန႔္အထိ ေစာင့္ၿပီးမွထြက္ခြာဖို႔ သတိေပးထားပါတယ္။ ဒါေပမဲ့ ဒီစည္းမ်ဥ္းေလးက ျမန္မာႏိုင္ငံက မီးပြိဳင့္ေတြမွာ အဲလိုလုပ္မယ္ဆိုရင္ေတာ့ ေနာက္ကားေတြက ဟြန္းသံေတြနဲ႔ အဆဲခံရမွာေတာ့ က်ိန္းေသပါတယ္။ ဒါေပမဲ့ ဒီစည္းမ်ဥ္းေလးေၾကာင့္ လူေပါင္းမ်ားစြာရဲ႕အသက္ကို ကယ္တင္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရွ႕ကယာဥ္က ႐ုတ္တရက္ဘရိတ္အုပ္လိုက္ခ်ိန္ေတြမွာ ဒီစည္းမ်ဥ္းကို လိုက္နာတဲ့ ေနာက္ကယာဥ္အေနနဲ႔ ေရွ႕ကယာဥ္ကိုဝင္မတိုက္ႏိုင္ပါဘူး။

လမ္းေခ်ာ္တတ္တဲ့အခ်ိန္မ်ား

ေနာက္ထပ္ေဘးကင္းကင္းနဲ႔ ယာဥ္ေမာင္းႏိုင္ ဖို႔အတြက္ ေတြ႕ရွိခ်က္တစ္ခုရွိပါေသးတယ္။ အဲဒါ ကေတာ့ …

ေဘးကင္းကင္းနဲ႔ ကားေမာင္းႏိုင္ဖို႔အတြက္ သုံးစကၠန႔္ စည္းမ်ဥ္း 2

ေရစိုေနတဲ့လမ္းေတြေပၚမွာ ေမာင္းႏွင္ေနတဲ့အခ်ိန္မွာ ရပ္ဖို႔အတြက္အခ်ိန္ဟာ ေျခာက္ေသြ႕ေနတဲ့လမ္းေပၚမွာ ေမာင္းတဲ့အခ်ိန္ထက္ ႏွစ္ဆအထိၾကာႏိုင္တယ္ဆိုတာပါပဲ။ ရပ္တန႔္ဖို႔ေတာင္ ဒီေလာက္ၾကာတယ္ဆို ေရစိုေနတဲ့လမ္းေပၚ အရွိန္မ်ားမ်ားနဲ႔ ေမာင္းေနတဲ့အခ်ိန္ေတြမွာ ႐ုတ္တရက္ေတြ႕ႀကဳံလာမယ့္ အႏၲရာယ္ေတြကို ေရွာင္ရွားႏိုင္ေျခအလြန္နည္းပါးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အႏၲရာယ္အလြန္မ်ားတဲ့အတြက္ အရွိန္ေလွ်ာ့ေမာင္းတာ အေကာင္းဆုံးပါပဲ။ အဲဒီလိုပဲ ႏွင္းေတြက်ေနတဲ့ လမ္းေတြေပၚမွာ ေမာင္းမယ္ဆိုရင္လည္း အရွိန္ကိုေလွ်ာ့ၿပီး သတိႀကီးႀကီးနဲ႔ ေမာင္းဖို႔လိုပါတယ္။ အဲဒီအခ်ိန္ေတြမွာ စဥ္းစားဖို႔ အခ်ိန္၊ အကြာအေဝး၊ ျမင္ကြင္း၊ အရွိန္ေလွ်ာ့ႏိုင္ဖို႔အတြက္ ကားကို အသင့္အတင့္ပဲေမာင္းဖို႔လိုပါတယ္။

လမ္းေခ်ာ္ၿပီး ကားလည္ထြက္သြားရင္ ဘယ္လိုလုပ္ရမလဲ

အေပၚကေျပာခဲ့သလို စိုစြတ္ေနတဲ့လမ္းေတြမွာ ေမာင္းမယ္ဆိုရင္ အခုေျပာမယ့္ လမ္းေခ်ာ္ၿပီး လည္ထြက္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ အဲဒီအခ်ိန္ေတြမွာ ဘာလုပ္ရမလဲ၊ ဒါက အရမ္းအေရးႀကီးတဲ့အခ်က္ ျဖစ္ပါတယ္။ ဒီလိုမေတာ္တဆျဖစ္တာမ်ိဳးက အခန႔္ မသင့္ရင္ အသက္ေတြ ဆုံးရႈံးသြားရႏိုင္ပါတယ္။ လမ္း ေခ်ာ္ထြက္သြားရင္ ဘာေတြလုပ္ရမလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္..

(၁)သတိမလြတ္ပါနဲ႔(သို႔မဟုတ္) စိုးရိမ္စိတ္မႀကီးပါနဲ႔

ကိုယ့္ယာဥ္ကို ျပန္လည္တည့္မတ္ေအာင္လုပ္ ဖို႔အတြက္ ကိုယ္ကိုတိုင္က ပထမဦးစြာတည္ၿငိမ္ေနဖို႔ လိုပါတယ္။ ႐ုတ္တရက္ျဖစ္စဥ္ျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕တည္ၿငိမ္မႈကို ၁၀၀ ရာခိုင္ႏႈန္းမထိန္းခ်ဳပ္ႏိုင္ရင္ေတာင္ အနိမ့္ဆုံး အေနနဲ႔ ၇၀ ရာခိုင္ႏႈန္းေလာက္ေတာ့ တည္ၿငိမ္ေနရင္ အဆင္ေျပႏိုင္ပါတယ္။ ဒီလိုတည္ၿငိမ္ဖို႔ ႀကိဳးစားတဲ့အခါမွာ သတိလြတ္ေနလို႔မရသလို စိုးရိမ္စိတ္လည္း အရမ္းမႀကီးဖို႔လိုပါတယ္။ ကိုယ့္အသက္ဆုံးရႈံး ရေတာ့မယ္ဆိုတဲ့အေတြးမ်ိဳးကိုလည္း မေတြးလိုက္ပါနဲ႔။ ဒါဆို ေၾကာက္စိတ္ပိုဝင္ၿပီး အႏၲရာယ္ပိုျဖစ္ေစႏိုင္ လို႔ပါ။ လမ္းေခ်ာ္ၿပီး ကားလည္ထြက္သြားတဲ့အခ်ိန္မွာ အေရးႀကီးဆုံးအခ်က္က သတိမလြတ္ပါနဲ႔ (သို႔မဟုတ္) စိုးရိမ္စိတ္မႀကီးပါနဲ႔လို႔ပဲ ေျပာပါရေစ။

(၂)လီဗာကို လႊတ္လိုက္ပါ

ဒီလိုကိုယ့္စိတ္ကို စကၠန႔္ပိုင္းအတြင္း ထိန္းခ်ဳပ္ လိုက္ႏိုင္ၿပီဆိုတာနဲ႔ အရင္ဆုံးလုပ္ဖို႔လိုတာက လီဗာ ကို လႊတ္လိုက္ဖို႔ပါ။ ေၾကာက္အားလန႔္အားႀကီးၿပီး လီဗာႀကီးကို ဖိနင္းမိမေနပါေစနဲ႔။ လီဗာကို လႊတ္လိုက္ ႏိုင္ၿပီဆိုတာနဲ႔ ပထမအဆင့္ကို ေက်ာ္ျဖတ္လိုက္ႏိုင္ ပါၿပီ။

(၃)ဘရိတ္ကို မိေအာင္နင္းပါ

ဒါက ဒုတိယအဆင့္ပါ။ လီဗာကို လႊတ္လိုက္ ၿပီးၿပီဆိုတာနဲ႔ ဘရိတ္ကို အားရွိသေလာက္သာ နင္း လိုက္ပါေတာ့။

(၄)စတီယာရင္ကို ဘယ္လိုထိန္းခ်ဳပ္မလဲ

ဒါကလည္း အေရးႀကီးဆုံးအခ်က္ထဲက ပါဝင္ၿပီး ေနာက္ဆုံးလုပ္ရမယ့္ အရာတစ္ခုပါ။ စတီယာရင္ကို ေခ်ာ္သြားတဲ့လမ္းေၾကာင္းအတိုင္း လိုက္လွည့္ပါ။ ဒါဆို ကားအရွိန္ေလ်ာ့တာနဲ႔ သူ႔အလိုလိုရပ္သြားပါလိမ့္မယ္။ ဒါေပမဲ့ အေပၚကေဖာ္ျပခဲ့တာေတြက အေရးေပၚလုပ္ရမယ့္ အရာေတြပါ။ လမ္းေခ်ာ္ထြက္ သြားတဲ့အခ်ိန္ အေရွ႕မွာ အတားအဆီးေတြ ရွိေနမယ္ဆိုရင္ေတာ့ အဲဒီအခ်က္ေတြ လုပ္လိုက္ရမွာ မဟုတ္ပါဘူး။ အဲလိုျဖစ္ရင္ေတာ့ ခါးပတ္ပတ္ ထားရင္ေတာ့ ေလအိတ္ပြင့္လာႏိုင္တဲ့အတြက္ အသက္အႏၲရာယ္ကို ေမွ်ာ္လင့္ခ်က္ရွိႏိုင္ေပမယ့္ ခါးပတ္ပတ္မထားရင္ေတာ့ ေမွ်ာ္လင့္ခ်က္နည္းပါတယ္။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကေတာ့ ခါးပတ္ပတ္ကားေမာင္းၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ခါးပတ္ပတ္ကားေမာင္းဖို႔ ကမ္ပိန္းေတြလုပ္ၿပီး တိုက္တြန္းေနၾကပါၿပီ။ အစိုးရကလည္း ခါးပတ္မပတ္တဲ့သူေတြအတြက္ ဒဏ္ေငြသုံးေသာင္း သတ္မွတ္ထားပါတယ္။ ခါးပတ္ပတ္ဖို႔ကိုေတာ့ အလ်ဥ္းသင့္လို႔ ေျပာျပေပးခဲ့တာပါ။ ေဘးကင္းကင္းကား ေမာင္းႏွင္ဖို႔အတြက္ ဆက္ၾကည့္လိုက္ရေအာင္။

စတီယာရင္ကပ္သြားျခင္း

စတီယာရင္ကပ္သြားတယ္ဆိုတာ ကိုယ္ေမာင္း ေနတဲ့ကားဟာ ေကြ႕တဲ့အခါ ေကြ႕မလာဘဲ တည့္တည့္ ဆက္ေမာင္းသြားတာကို ဆိုလိုတာပါ။ ဒါဆို အႏၲရာယ္အမ်ားႀကီးရွိပါတယ္။ ကားကိုဆက္မေမာင္းပါနဲ႔ေတာ့ ေရာက္တဲ့ေနရာမွာ ရပ္လိုက္ပါေတာ့။ သင္သိတဲ့ ကားဝပ္ေရွာ့တစ္ခုခုက မကၠင္းနစ္သမားတစ္ေယာက္ေယာက္ကို ေခၚလိုက္ပါေတာ့။ ဒီျပႆနာကို ေျဖရွင္းၿပီးမွ ဆက္ေမာင္းဖို႔ တိုက္တြန္းလိုက္ပါရေစ။ ဒီလို စတီယာရင္ကပ္တာေတြက ဘယ္လိုေၾကာင့္ျဖစ္ရတာလဲ။

(၁)သင္ေကြ႕သေလာက္ စတီယာရင္လိုက္မေကြ႕ျခင္း

ဒါက စတီယာရင္ကပ္သြားျခင္းရဲ႕ အစလို႔ ဆိုရပါမယ္။ ကားက ကိုယ္ေကြ႕သေလာက္ မေကြ႕ဘဲ ျဖစ္ေနတယ္ဆိုရင္လည္း ျပႆနာတစ္ခုပါပဲ။ ဝပ္ေရွာ့ ေျပးသြားလိုက္တာ ေကာင္းပါတယ္။ ဒါဟာ ေရွ႕ဘီးမွာ ေကာင္းေကာင္းထိန္းခ်ဳပ္မႈ မရတဲ့အခ်ိန္ေတြမွာ ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္ရျခင္းက …

-ေကြ႕တဲ့အခါမွာ အရွိန္တင္ထားျခင္း

-လ်င္ျမန္စြာ ေကြ႕လိုက္ျခင္း

-ကားေအာက္ပိုင္းနိမ့္ဆင္းမႈအေျခအေနမ်ား

-ကားတည္ေဆာက္ပုံေတြေၾကာင့္ ျဖစ္တတ္ပါတယ္။

ဘယ္လိုကာကြယ္မလဲ

ဒီလိုေတြျဖစ္ၿပီဆိုရင္ ဘယ္လိုေတြကာကြယ္ ၾကမလဲ။ အေျဖေတြေတာ့ရွိပါတယ္။

(၁)ကိုယ့္ရဲ႕ကားကို သတ္မွတ္အရွိန္အတိုင္း ေမာင္းႏွင္ပါ။ ဥပမာ-ရန္ကုန္ၿမိဳ႕ထဲမွာ ေမာင္းမယ္ ဆိုရင္ ၁ နာရီကို မိုင္ ၃၀ ပဲ ေမာင္းရမယ္ဆိုတဲ့ ကန႔္သတ္ ခ်က္မ်ိဳးနဲ႔ ေမာင္းႏွင္ပါ။

(၂) တာယာက သတ္မွတ္ကာလအတြင္းသာ သုံးစြဲပါ။ တာယာတစ္လုံးကို ပန္းမရွိေတာ့တဲ့အထိ သုံးမယ္ဆိုရင္ လမ္းေခ်ာ္တတ္သလို ေလေပါင္ခ်ိန္ မမွန္တဲ့တာယာ၊ ပုံစံမမွန္(ဥပမာ-တာယာတစ္ေနရာ ရာမွာ ဖုထြက္ေနတာမ်ိဳး)ေတာ့တဲ့ တာယာမ်ိဳးေတြကို သုံးမယ္ဆိုရင္လည္း စတီယာရင္ကကိုယ္ေကြ႕သ ေလာက္မေကြ႕တာမ်ိဳး၊ စတီယာတိုင္ကပ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဘယ္လိုျပန္ျပင္ရမလဲ

ဒီလို႐ုတ္တရက္ျဖစ္ၿပီဆိုရင္

-လီဗာကို အရင္လႊတ္လိုက္ပါ။

-ဘရိတ္ကို နင္းပါ။

-စတီယာတိုင္ကို အတည့္အတိုင္းထား လိုက္ပါ။

ကားေနာက္ဖင္ အျပင္ထြက္ျခင္း

အေကြ႕ေတြမွာ ေရွ႕ဘီးေတြရဲ႕ ခ်ိဳးေကြႏိုင္မႈ အဆုံးထိမေရာက္ခင္ ေနာက္ဘီးေတြရဲ႕ ေကြ႕ႏိုင္စြမ္း ကုန္သြားတဲ့အခါ ကားေနာက္ပိုင္း လည္ထြက္လာျခင္းကို ဆိုလိုပါတယ္။ အတိုဆုံးေျပာရမယ္ဆိုရင္ ေနာက္ဘီးေပၚမွာ ထိန္းခ်ဳပ္မႈမရွိေတာ့တဲ့အခါ အဲဒီလို မ်ိဳးျဖစ္တတ္ပါတယ္။

အေၾကာင္းအရင္း

ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းေတြကေတာ့ ငါးခ်က္ေလာက္ရွိပါတယ္။

-အရွိန္နဲ႔ ေကြ႕ ျခင္း၊(ဘီးေခ်ာ္ျခင္း)

-လ်င္ျမန္စြာေကြ႕ ျခင္း၊

-ကားေအာက္ပိုင္းနိမ့္သည့္ အေျခအေနမ်ား၊

-လမ္းေကြ႕တစ္ဝက္တြင္ ဘီးေခ်ာ္သြားျခင္း၊

-ကားတည္ေဆာက္ပုံေတြေၾကာင့္ပဲျဖစ္ပါတယ္။

ဒါေတြကေတာ့ ကားကို ေဘးကင္းကင္း ေမာင္းႏွင္ဖို႔အတြက္ ေဖာ္ျပေပးခဲ့တာပဲျဖစ္ပါတယ္။ အထက္က ေျပာခဲ့တဲ့အထဲမွာ ကားေမာင္းသူတစ္ေယာက္ အေနနဲ႔ အေရးတႀကီးသတိေပးထားတာက သတိႀကီးႀကီး ကားေမာင္းဖို႔အျပင္ ေနာက္ထပ္ အေရးႀကီးတာ တစ္ခုရွိပါေသးတယ္။ ဒါကေတာ့ စိတ္ရွည္ရွည္ထားတတ္ဖို႔နဲ႔ ရန္ကုန္လို ကားအလြန္က်ပ္တဲ့ ၿမိဳ႕ထဲမွာ ေမာင္းမယ့္သူေတြအတြက္ ယာဥ္အႏၲရာယ္ကင္းရွင္း ေစဖို႔အတြက္ဆိုရင္ စိတ္ရွည္သည္းခံမွသာ ျဖစ္ပါမယ္။ ရန္ကုန္ၿမိဳ႕က ကားေမာင္းသမားေတြအတြက္ ကြၽန္ေတာ္တို႔ ၿမိဳ႕တြင္းခရီးသည္တင္ကားေတြရဲ႕ ယာဥ္ေမာင္းေတြရဲ႕ အနီးမွာ ခ်ိတ္ထား၊ ကပ္ထားတတ္တဲ့ စာသားတစ္ခုလည္း ရွိပါတယ္။ အဲဒါကေတာ့ စိတ္ရွည္သည္းခံ လမ္းေၾကာင္းမွန္ဆိုတဲ့ ေဆာင္ပုဒ္ေလးကို လက္ကိုင္ထားၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။

ဟိန္းျမတ္စိုး

Reference-Ford Myanmar

Credit – The Voice

http://thevoicemyanmar.com/auto-mobile/28185-bay

(Unicode)

ဘေးကင်းကင်းနဲ့ ကားမောင်းနိုင်ဖို့

မောင်းရင် အရေးကြီးဆုံးကတော့ သတိကြီးကြီးထားဖို့ပါပဲ။ အသက်တွေနဲ့ရင်းရတာ ဖြစ်တဲ့အတွက် သတိမမူဘဲလုပ်မိမယ်ဆိုရင် မတော်တဆမှုတစ်ခုက စက္ကန့်ပိုင်းလေးတွေအတွင်း ဖြစ်ပွားပြီး အသက်တွေ ဆုံးရှုံးသွားနိုင်လို့ပါ။ ဒါကြောင့် ကားမောင်းမယ်ဆိုရင် ဘာတွေကို သတိထားလုပ် ဆောင်သင့်တယ်၊ ဘယ်လိုတွေ မောင်းနှင်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

သုံးစက္ကန့် စည်းမျဉ်း

ကားမောင်းရာမှာ ဘေးကင်းဖို့အတွက် နိုင်ငံတကာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့တွေက စစ်တမ်းကောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်တာတွေ လုပ်လေ့ရှိပါတယ်။ အဲဒီအထဲကမှ သုံးစက္ကန့်စည်းမျဉ်းလေးက စည်းမျဉ်းကောင်းလေး ဖြစ်ပါတယ်။

ဘယ်လိုစည်းမျဉ်းလေးလဲဆိုတော့ ရှေ့ကားက မီးပွိုင့်မှာစထွက်တဲ့အခါ နောက်ကားအနေနဲ့ သုံးစက္ကန့် ကြာပြီးမှ နောက်မှ လိုက်ထွက်ရမယ်ဆိုတဲ့ စည်းမျဉ်းလေးပါ။ မိုးတွင်းလို မိုးရွာနေတဲ့အချိန် ဒါမှမဟုတ် ညဘက်တွေဆိုရင် နောက်ကယာဉ်အနေနဲ့ ခြောက်စက္ကန့် အထိခွာပြီးမှ မောင်းဖို့နဲ့ မိုးသည်းနေချိန်၊ မြူထနေချိန်၊ နှင်းကျနေချိန်တွေမှာဆိုရင် နောက်ကယာဉ်တွေ အနေနဲ့ ကိုးစက္ကန့်အထိ စောင့်ပြီးမှထွက်ခွာဖို့ သတိပေးထားပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းလေးက မြန်မာနိုင်ငံက မီးပွိုင့်တွေမှာ အဲလိုလုပ်မယ်ဆိုရင်တော့ နောက်ကားတွေက ဟွန်းသံတွေနဲ့ အဆဲခံရမှာတော့ ကျိန်းသေပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းလေးကြောင့် လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ကယာဉ်က ရုတ်တရက်ဘရိတ်အုပ်လိုက်ချိန်တွေမှာ ဒီစည်းမျဉ်းကို လိုက်နာတဲ့ နောက်ကယာဉ်အနေနဲ့ ရှေ့ကယာဉ်ကိုဝင်မတိုက်နိုင်ပါဘူး။

လမ်းချော်တတ်တဲ့အချိန်များ

နောက်ထပ်ဘေးကင်းကင်းနဲ့ ယာဉ်မောင်းနိုင် ဖို့အတွက် တွေ့ရှိချက်တစ်ခုရှိပါသေးတယ်။ အဲဒါ ကတော့ …

ဘေးကင်းကင်းနဲ့ ကားမောင်းနိုင်ဖို့အတွက် သုံးစက္ကန့် စည်းမျဉ်း 2

ရေစိုနေတဲ့လမ်းတွေပေါ်မှာ မောင်းနှင်နေတဲ့အချိန်မှာ ရပ်ဖို့အတွက်အချိန်ဟာ ခြောက်သွေ့နေတဲ့လမ်းပေါ်မှာ မောင်းတဲ့အချိန်ထက် နှစ်ဆအထိကြာနိုင်တယ်ဆိုတာပါပဲ။ ရပ်တန့်ဖို့တောင် ဒီလောက်ကြာတယ်ဆို ရေစိုနေတဲ့လမ်းပေါ် အရှိန်များများနဲ့ မောင်းနေတဲ့အချိန်တွေမှာ ရုတ်တရက်တွေ့ကြုံလာမယ့် အန္တရာယ်တွေကို ရှောင်ရှားနိုင်ခြေအလွန်နည်းပါးမှာဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်အလွန်များတဲ့အတွက် အရှိန်လျှော့မောင်းတာ အကောင်းဆုံးပါပဲ။ အဲဒီလိုပဲ နှင်းတွေကျနေတဲ့ လမ်းတွေပေါ်မှာ မောင်းမယ်ဆိုရင်လည်း အရှိန်ကိုလျှော့ပြီး သတိကြီးကြီးနဲ့ မောင်းဖို့လိုပါတယ်။ အဲဒီအချိန်တွေမှာ စဉ်းစားဖို့ အချိန်၊ အကွာအဝေး၊ မြင်ကွင်း၊ အရှိန်လျှော့နိုင်ဖို့အတွက် ကားကို အသင့်အတင့်ပဲမောင်းဖို့လိုပါတယ်။

လမ်းချော်ပြီး ကားလည်ထွက်သွားရင် ဘယ်လိုလုပ်ရမလဲ

အပေါ်ကပြောခဲ့သလို စိုစွတ်နေတဲ့လမ်းတွေမှာ မောင်းမယ်ဆိုရင် အခုပြောမယ့် လမ်းချော်ပြီး လည်ထွက်သွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအချိန်တွေမှာ ဘာလုပ်ရမလဲ၊ ဒါက အရမ်းအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ဒီလိုမတော်တဆဖြစ်တာမျိုးက အခန့် မသင့်ရင် အသက်တွေ ဆုံးရှုံးသွားရနိုင်ပါတယ်။ လမ်း ချော်ထွက်သွားရင် ဘာတွေလုပ်ရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်..

(၁)သတိမလွတ်ပါနဲ့(သို့မဟုတ်) စိုးရိမ်စိတ်မကြီးပါနဲ့

ကိုယ့်ယာဉ်ကို ပြန်လည်တည့်မတ်အောင်လုပ် ဖို့အတွက် ကိုယ်ကိုတိုင်က ပထမဦးစွာတည်ငြိမ်နေဖို့ လိုပါတယ်။ ရုတ်တရက်ဖြစ်စဉ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့တည်ငြိမ်မှုကို ၁၀၀ ရာခိုင်နှုန်းမထိန်းချုပ်နိုင်ရင်တောင် အနိမ့်ဆုံး အနေနဲ့ ၇၀ ရာခိုင်နှုန်းလောက်တော့ တည်ငြိမ်နေရင် အဆင်ပြေနိုင်ပါတယ်။ ဒီလိုတည်ငြိမ်ဖို့ ကြိုးစားတဲ့အခါမှာ သတိလွတ်နေလို့မရသလို စိုးရိမ်စိတ်လည်း အရမ်းမကြီးဖို့လိုပါတယ်။ ကိုယ့်အသက်ဆုံးရှုံး ရတော့မယ်ဆိုတဲ့အတွေးမျိုးကိုလည်း မတွေးလိုက်ပါနဲ့။ ဒါဆို ကြောက်စိတ်ပိုဝင်ပြီး အန္တရာယ်ပိုဖြစ်စေနိုင် လို့ပါ။ လမ်းချော်ပြီး ကားလည်ထွက်သွားတဲ့အချိန်မှာ အရေးကြီးဆုံးအချက်က သတိမလွတ်ပါနဲ့ (သို့မဟုတ်) စိုးရိမ်စိတ်မကြီးပါနဲ့လို့ပဲ ပြောပါရစေ။

(၂)လီဗာကို လွှတ်လိုက်ပါ

ဒီလိုကိုယ့်စိတ်ကို စက္ကန့်ပိုင်းအတွင်း ထိန်းချုပ် လိုက်နိုင်ပြီဆိုတာနဲ့ အရင်ဆုံးလုပ်ဖို့လိုတာက လီဗာ ကို လွှတ်လိုက်ဖို့ပါ။ ကြောက်အားလန့်အားကြီးပြီး လီဗာကြီးကို ဖိနင်းမိမနေပါစေနဲ့။ လီဗာကို လွှတ်လိုက် နိုင်ပြီဆိုတာနဲ့ ပထမအဆင့်ကို ကျော်ဖြတ်လိုက်နိုင် ပါပြီ။

(၃)ဘရိတ်ကို မိအောင်နင်းပါ

ဒါက ဒုတိယအဆင့်ပါ။ လီဗာကို လွှတ်လိုက် ပြီးပြီဆိုတာနဲ့ ဘရိတ်ကို အားရှိသလောက်သာ နင်း လိုက်ပါတော့။

(၄)စတီယာရင်ကို ဘယ်လိုထိန်းချုပ်မလဲ

ဒါကလည်း အရေးကြီးဆုံးအချက်ထဲက ပါဝင်ပြီး နောက်ဆုံးလုပ်ရမယ့် အရာတစ်ခုပါ။ စတီယာရင်ကို ချော်သွားတဲ့လမ်းကြောင်းအတိုင်း လိုက်လှည့်ပါ။ ဒါဆို ကားအရှိန်လျော့တာနဲ့ သူ့အလိုလိုရပ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အပေါ်ကဖော်ပြခဲ့တာတွေက အရေးပေါ်လုပ်ရမယ့် အရာတွေပါ။ လမ်းချော်ထွက် သွားတဲ့အချိန် အရှေ့မှာ အတားအဆီးတွေ ရှိနေမယ်ဆိုရင်တော့ အဲဒီအချက်တွေ လုပ်လိုက်ရမှာ မဟုတ်ပါဘူး။ အဲလိုဖြစ်ရင်တော့ ခါးပတ်ပတ် ထားရင်တော့ လေအိတ်ပွင့်လာနိုင်တဲ့အတွက် အသက်အန္တရာယ်ကို မျှော်လင့်ချက်ရှိနိုင်ပေမယ့် ခါးပတ်ပတ်မထားရင်တော့ မျှော်လင့်ချက်နည်းပါတယ်။ နိုင်ငံတော်တော်များများကတော့ ခါးပတ်ပတ်ကားမောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ခါးပတ်ပတ်ကားမောင်းဖို့ ကမ်ပိန်းတွေလုပ်ပြီး တိုက်တွန်းနေကြပါပြီ။ အစိုးရကလည်း ခါးပတ်မပတ်တဲ့သူတွေအတွက် ဒဏ်ငွေသုံးသောင်း သတ်မှတ်ထားပါတယ်။ ခါးပတ်ပတ်ဖို့ကိုတော့ အလျဉ်းသင့်လို့ ပြောပြပေးခဲ့တာပါ။ ဘေးကင်းကင်းကား မောင်းနှင်ဖို့အတွက် ဆက်ကြည့်လိုက်ရအောင်။

စတီယာရင်ကပ်သွားခြင်း

စတီယာရင်ကပ်သွားတယ်ဆိုတာ ကိုယ်မောင်း နေတဲ့ကားဟာ ကွေ့တဲ့အခါ ကွေ့မလာဘဲ တည့်တည့် ဆက်မောင်းသွားတာကို ဆိုလိုတာပါ။ ဒါဆို အန္တရာယ်အများကြီးရှိပါတယ်။ ကားကိုဆက်မမောင်းပါနဲ့တော့ ရောက်တဲ့နေရာမှာ ရပ်လိုက်ပါတော့။ သင်သိတဲ့ ကားဝပ်ရှော့တစ်ခုခုက မက္ကင်းနစ်သမားတစ်ယောက်ယောက်ကို ခေါ်လိုက်ပါတော့။ ဒီပြဿနာကို ဖြေရှင်းပြီးမှ ဆက်မောင်းဖို့ တိုက်တွန်းလိုက်ပါရစေ။ ဒီလို စတီယာရင်ကပ်တာတွေက ဘယ်လိုကြောင့်ဖြစ်ရတာလဲ။

(၁)သင်ကွေ့သလောက် စတီယာရင်လိုက်မကွေ့ခြင်း

ဒါက စတီယာရင်ကပ်သွားခြင်းရဲ့ အစလို့ ဆိုရပါမယ်။ ကားက ကိုယ်ကွေ့သလောက် မကွေ့ဘဲ ဖြစ်နေတယ်ဆိုရင်လည်း ပြဿနာတစ်ခုပါပဲ။ ဝပ်ရှော့ ပြေးသွားလိုက်တာ ကောင်းပါတယ်။ ဒါဟာ ရှေ့ဘီးမှာ ကောင်းကောင်းထိန်းချုပ်မှု မရတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက …

-ကွေ့တဲ့အခါမှာ အရှိန်တင်ထားခြင်း

-လျင်မြန်စွာ ကွေ့လိုက်ခြင်း

-ကားအောက်ပိုင်းနိမ့်ဆင်းမှုအခြေအနေများ

-ကားတည်ဆောက်ပုံတွေကြောင့် ဖြစ်တတ် ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ဒီလိုတွေဖြစ်ပြီဆိုရင် ဘယ်လိုတွေကာကွယ် ကြမလဲ။ အဖြေတွေတော့ရှိပါတယ်။

(၁)ကိုယ့်ရဲ့ကားကို သတ်မှတ်အရှိန်အတိုင်း မောင်းနှင်ပါ။ ဥပမာ-ရန်ကုန်မြို့ထဲမှာ မောင်းမယ် ဆိုရင် ၁ နာရီကို မိုင် ၃၀ ပဲ မောင်းရမယ်ဆိုတဲ့ ကန့်သတ် ချက်မျိုးနဲ့ မောင်းနှင်ပါ။

(၂) တာယာက သတ်မှတ်ကာလအတွင်းသာ သုံးစွဲပါ။ တာယာတစ်လုံးကို ပန်းမရှိတော့တဲ့အထိ သုံးမယ်ဆိုရင် လမ်းချော်တတ်သလို လေပေါင်ချိန် မမှန်တဲ့တာယာ၊ ပုံစံမမှန်(ဥပမာ-တာယာတစ်နေရာ ရာမှာ ဖုထွက်နေတာမျိုး)တော့တဲ့ တာယာမျိုးတွေကို သုံးမယ်ဆိုရင်လည်း စတီယာရင်ကကိုယ်ကွေ့သ လောက်မကွေ့တာမျိုး၊ စတီယာတိုင်ကပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဘယ်လိုပြန်ပြင်ရမလဲ

ဒီလိုရုတ်တရက်ဖြစ်ပြီဆိုရင်

-လီဗာကို အရင်လွှတ်လိုက်ပါ။

-ဘရိတ်ကို နင်းပါ။

-စတီယာတိုင်ကို အတည့်အတိုင်းထား လိုက်ပါ။

ကားနောက်ဖင် အပြင်ထွက်ခြင်း

အကွေ့တွေမှာ ရှေ့ဘီးတွေရဲ့ ချိုးကွေနိုင်မှု အဆုံးထိမရောက်ခင် နောက်ဘီးတွေရဲ့ ကွေ့နိုင်စွမ်း ကုန်သွားတဲ့အခါ ကားနောက်ပိုင်း လည်ထွက်လာခြင်းကို ဆိုလိုပါတယ်။ အတိုဆုံးပြောရမယ်ဆိုရင် နောက်ဘီးပေါ်မှာ ထိန်းချုပ်မှုမရှိတော့တဲ့အခါ အဲဒီလို မျိုးဖြစ်တတ်ပါတယ်။

အကြောင်းအရင်း

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ ငါးချက်လောက်ရှိပါတယ်။

-အရှိန်နဲ့ ကွေ့ ခြင်း၊(ဘီးချော်ခြင်း)

-လျင်မြန်စွာကွေ့ ခြင်း၊

-ကားအောက်ပိုင်းနိမ့်သည့် အခြေအနေများ၊

-လမ်းကွေ့တစ်ဝက်တွင် ဘီးချော်သွားခြင်း၊

-ကားတည်ဆောက်ပုံတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါတွေကတော့ ကားကို ဘေးကင်းကင်း မောင်းနှင်ဖို့အတွက် ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့အထဲမှာ ကားမောင်းသူတစ်ယောက် အနေနဲ့ အရေးတကြီးသတိပေးထားတာက သတိကြီးကြီး ကားမောင်းဖို့အပြင် နောက်ထပ် အရေးကြီးတာ တစ်ခုရှိပါသေးတယ်။ ဒါကတော့ စိတ်ရှည်ရှည်ထားတတ်ဖို့နဲ့ ရန်ကုန်လို ကားအလွန်ကျပ်တဲ့ မြို့ထဲမှာ မောင်းမယ့်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်း စေဖို့အတွက်ဆိုရင် စိတ်ရှည်သည်းခံမှသာ ဖြစ်ပါမယ်။ ရန်ကုန်မြို့က ကားမောင်းသမားတွေအတွက် ကျွန်တော်တို့ မြို့တွင်းခရီးသည်တင်ကားတွေရဲ့ ယာဉ်မောင်းတွေရဲ့ အနီးမှာ ချိတ်ထား၊ ကပ်ထားတတ်တဲ့ စာသားတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ဟိန်းမြတ်စိုး

Reference-Ford Myanmar

Credit – The Voice

http://thevoicemyanmar.com/auto-mobile/28185-bay

Leave a Reply

Your email address will not be published. Required fields are marked *