သတင္း

မုဒိမ္းသမားမ်ားကို အရက္စက္ဆုံး ျပစ္ဒဏ္ေပးသည့္ ႏိုင္ငံမ်ား

(Zawgyi)
မုဒိမ္းသမားမ်ားကို အရက္စက္ဆုံး ျပစ္ဒဏ္ေပးသည့္ ႏိုင္ငံမ်ား

“မုဒိမ္းမႈ”ဆိုတာ “လူသားတေယာက္ က်ဴးလြန္ႏိုင္တဲ့ တပါးသူ ထိခိုက္အနာက်င္ရဆုံး ရာဇဝတ္မႈတခု”လို႔ ယူဆၾကပါတယ္။ မုဒိမ္းက်င့္ခံရသူေတြသာ လူမႈအသိုက္အဝန္းမွာ အထင္ေသးခံ ႏွိမ္ခ်ခံရၿပီးေတာ့ သူတို႔ရဲ႕အျပစ္ မဟုတ္ရပါဘဲ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာဒဏ္ခ်က္ေတြကို ခံစားၾကရပါတယ္။ လူမႈအသိုက္အဝန္းက မုဒိမ္းမႈ က်ဴးလြန္ခံရသူေတြရဲ႕ဘဝကို အရွင္လတ္လတ္ ငရဲက်ေနေအာင္ ေျပာင္းလဲေပးလိုက္ပါတယ္။

သားေကာင္ ျဖစ္ၾကရသူေတြထဲမွာ ေဖ်ာက္ဖ်က္လို႔ မရေတာ့တဲ့ ႐ုပ္ပိုင္းဆိုင္ရာ၊ ခံစားခ်က္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာေတြ ျဖစ္ေစလို႔ အက်ိဳးဆက္က ေၾကာက္ဖို႔ေကာင္းပါတယ္။ ဒါဆိုရင္ ျပစ္မႈက်ဴးလြန္တဲ့ တရားခံေတြအတြက္၊ မုဒိမ္းက်င့္ ခံခဲ့ရသူေတြရဲ႕ စိတ္ဝိညာဥ္ကို တစစီ ကြဲေၾကသြားေစတဲ့ မေကာင္းဆိုးဝါးေတြကို ဘယ္လို ဒဏ္ခတ္သင့္သလဲ။

ကမာၻတဝန္းက အသီးသီးေသာ အစိုးရေတြဆီမွာ သူတို႔ႏိုင္ငံသားေတြအတြက္ သူတို႔ႏိုင္ငံဟာ လုံၿခဳံတဲ့ ေနရာတခု ျဖစ္ေစဖို႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ က်ဴးလြန္သူေတြကို ျပင္းထန္တဲ့ ဥပေဒေတြနဲ႔ စီရင္ပါတယ္။ ထိုကဲ့သို႔ေသာ ရာဇဝတ္မႈကို က်ဴးလြန္ပါက ရာဇဝတ္ေဘး ေျပးမလြတ္ေၾကာင္း ခိုင္မာေစဖို႔ လုပ္ေဆာင္ၾကပါတယ္။ တခ်ိဳ႕ အျပစ္ေပးမႈေတြက တရားခံေတြအတြက္ ေၾကာက္စရာေကာင္းေအာင္ ရက္စက္လြန္းပါတယ္။ ကမာၻတဝန္းမွ ႏိုင္ငံအသီးသီးရဲ႕ အရက္စက္ဆုံး မုဒိမ္းမႈ ျပစ္ဒဏ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တ႐ုတ္

တ႐ုတ္ႏိုင္ငံမွာေတာ့ မုဒိမ္းသမားေတြကို ေသဒဏ္ေပးၿပီး ဥပေဒအရ အျပစ္ေပးပါတယ္။ တခ်ိဳ႕ အေျခအေနေတြမွာဆိုရင္ မုဒိမ္းသမားေတြဟာ သူတို႔ရဲ႕ လိင္အဂၤါေတြကို ျဖတ္ေတာက္ခံရၿပီး အျပစ္ေပးခံရပါတယ္။

(၂) အီရန္

အီရန္ႏိုင္ငံမွာေတာ့ မုဒိမ္းသမားေတြကို လူျမင္ကြင္းမွာ ႀကိဳးေပး ကြပ္မ်က္တာ၊ ဒါမွမဟုတ္ ေသနတ္နဲ႔ ပစ္သတ္ပါတယ္။ တခါတေလမွာေတာ့ မုဒိန္းက်င့္ခံရသူရဲ႕ ခြင့္ျပဳခ်က္နဲ႔ တရားခံဟာ ေသဒဏ္ကေန လြတ္ေျမာက္ႏိုင္ေပမယ့္ ႀကိမ္ဒဏ္ ၁၀၀ ဒါမွမဟုတ္ ေထာက္ဒဏ္ တသက္တကြၽန္း က်ခံေလ့ရွိပါတယ္။

(၃) နယ္သာလန္

ကာယကံရွင္ရဲ႕သေဘာတူညီခ်က္ မပါဘဲ အနမ္းခ်င္း ဖလွယ္တာ အပါအဝင္ ဘယ္လိုမ်ိဳး လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကိုမဆို နယ္သာလန္ႏိုင္ငံမွာေတာ့ မုဒိမ္းမႈလို႔ သတ္မွတ္ပါတယ္။ မုဒိမ္းသမားကိုေတာ့ က်ဴးလြန္တဲ့ အသက္အ႐ြယ္ေပၚ မူတည္ၿပီး ေထာင္ဒဏ္ ၄ ႏွစ္ကေန ၁၅ ႏွစ္အထိ အျပစ္ေပးေလ့ရွိပါတယ္။ ျပည့္တန္ဆာေတြအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အေရးတယူ မရွိေပမယ့္ နယ္သာလန္ႏိုင္ငံမွာေတာ့ ျပည့္တန္ဆာ တဦးကို လိင္ပိုင္းဆိုင္ရာ အႏိုင့္အထက္ ျပဳက်င့္မယ္ဆိုရင္ ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံရ ႏိုင္ပါတယ္။

(၄) ျပင္သစ္

ျပင္သစ္ႏိုင္ငံမွာေတာ့ မုဒိမ္းက်င့္ခံရသူ ရရွိတဲ့ဒဏ္ရာ ျပင္းထန္မႈအေပၚ မူတည္ၿပီး ေထာင္ဒဏ္ ႏွစ္ ၃၀ ဒါမွမဟုတ္ ေထာင္ဒဏ္ တသက္တကြၽန္းအထိ ေထာင္ဒဏ္ တိုးႏိုင္တဲ့ ညႇင္းပမ္း ႏွိပ္စက္ျခင္းနဲ႔အတူ မုဒိန္းသမားကို ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ အျပစ္ေပးေလ့ရွိပါတယ္။

(၅) ေျမာက္ကိုရီးယား

အယူသီးတဲ့ စစ္အာဏာရွင္ အုပ္ခ်ဳပ္တဲ့ ေျမာက္ကိုရီးယားမွာဆိုရင္ မုဒိမ္းမႈလိုမ်ိဳး ရာဇဝတ္မႈအတြက္ သက္ညႇာမႈဆိုတာ မရွိပါဘူး။ မုဒိမ္းသမားကို လူျမင္ကြင္းမွာ ဦးေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ၿပီး မုဒိမ္းက်င့္ခံရသူေတြကို တရားမွ်တမႈ ျပန္လည္ေဆာင္က်ဥ္းေပးေလ့ရွိပါတယ္။

(၆) ႐ုရွား

႐ုရွားႏိုင္ငံမွာဆိုရင္ ျပစ္မႈက်ဴးလြန္သူဟာ က်ဴးလြန္ခံရသူ ရရွိခဲ့တဲ့ နာက်င္ထိခိုက္မႈ အေပၚမူတည္ၿပီး ေထာင္ဒဏ္ ႏွစ္ ၃ဝ အထိ တိုးျမႇင့္သြားႏိုင္တဲ့ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ေလ့ရွိပါတယ္။

(၇) အာဖဂန္နစၥတန္

အာဖရန္နစၥတန္ ႏိုင္ငံမွာေတာ့ မုဒိမ္းသမားကို ေလးရက္အတြင္း ဦးေခါင္း ေသနတ္နဲ႔ပစ္ၿပီး မုဒိမ္းက်င့္ခံခဲ့ရသူေတြ အတြက္ တရားမွ်တမႈကို ျပန္ေပးေလ့ရွိပါတယ္။

(၈) ေနာ္ေဝ

ေနာ္ေဝႏိုင္ငံမွာဆိုရင္ မုဒိမ္းသမားကို မုဒိမ္းက်င့္ခံရသူရဲ႕ ထိခိုက္မႈ အတိမ္အနက္အေပၚ မူတည္ၿပီး ၄ ႏွစ္ကေန ၁၅ ႏွစ္ အထိ ဖမ္းဆီးထိန္းသိမ္း အျပစ္ေပးပါတယ္။

(၉) အေမရိကန္

အေမရိကန္ႏိုင္ငံမွာေတာ့ ျပည္နယ္ ဥပေဒနဲ႔ ဖက္ဒရယ္ ဥပေဒဆိုၿပီး ဥပေဒ ၂ မ်ိဳးရွိပါတယ္။ တကယ္လို႔မ်ား မုဒိမ္းမႈက ဖက္ဒရယ္ဥပေဒနဲ႔ စီရင္မယ္ဆိုရင္ မုဒိမ္းသမားဟာ ဒဏ္ေငြ သို႔မဟုတ္ ေထာင္ဒဏ္ တသက္တကြၽန္း က်ခံရႏိုင္ပါတယ္။ ျပည္နယ္ဥပေဒနဲ႔ စီရင္မယ္ဆိုရင္ေတာ့ ျပည္နယ္ တခုနဲ႔တခုနဲ႔ မုဒိမ္းမႈအေပၚ အျပစ္ေပးမႈ ကြဲျပားပါတယ္။

(၁၀) အိႏၵိယ

အိႏၵိယႏိုင္ငံကေတာ့ ၂ဝ၁၃ ခုႏွစ္မွာ မုဒိမ္းမႈ တိုက္ဖ်က္ေရးဥပေဒကို အတည္ျပဳခဲ့ၿပီးေနာက္ မုဒိမ္းမႈကို အျပစ္ေပးတဲ့ ဥပေဒေတြက ပိုမိုခိုင္မာလာပါတယ္။ မုဒိမ္းသမားကို ေထာင္ဒဏ္ ၇ ႏွစ္ကေန ၁၄ ႏွစ္အထိ ခ်မွတ္ပါတယ္။ အရွားပါးဆုံး မုဒိမ္းမႈမွာဆိုရင္ မုဒိမ္းေကာင္ကို ေသတဲ့အထိ ႀကိဳးေပး ကြပ္မ်က္ပါတယ္။

(၁၁) ေဆာ္ဒီအာေရးဗီးယား

တကယ္လို႔မ်ား လူတဦးဟာ မုဒိမ္းမႈ က်ဴးလြန္ခဲ့မယ္ဆိုရင္ သူဟာ စီရင္ခ်က္ခ်ၿပီး ရက္အနည္းငယ္အတြင္း လူျမင္ကြင္းမွာ ကြပ္မ်က္ ခံရေလ့ရွိပါတယ္။

(၁၂) အီဂ်စ္

အီဂ်စ္ႏိုင္ငံမွာေတာ့ ဒီလိုမ်ိဳး အျပစ္ထိုက္တန္တဲ့ ရာဇဝတ္မႈရဲ႕ အက်ိဳးဆက္ကို လူေတြ သိရွိေစဖို႔ လူျမင္ကြင္းမွာ မုဒိမ္းေကာင္ကို ႀကိဳးေပးကြပ္မ်က္ပါတယ္။

(၁၃) အစၥေရး

အစၥေရးႏိုင္ငံမွာေတာ့ မုဒိမ္းသမားကို ေထာက္ဒဏ္ အနည္းဆုံး ၄ ႏွစ္နဲ႔ အမ်ားဆုံး ၁၆ ႏွစ္အထိ ခ်မွတ္ပါတယ္။

(၁၄) ယူေအအီး

ယူေအအီးႏိုင္ငံမွာေတာ့ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႔ မုဒိမ္းမႈအတြက္ အျပစ္ဒဏ္ကေတာ့ ႀကိဳးေပး ကြပ္မ်က္တာ ျဖစ္ပါတယ္။ အသနားခံလို႔ မရဘဲ မုဒိမ္းမႈ က်ဴးလြန္ပါက ၇ ရက္အတြင္း ေသရမည္သာ ျဖစ္ပါတယ္။

(၁၅) ဂရိ

ဂရိႏိုင္ငံမွာေတာ့ မုဒိမ္းသမားဟာ ေထာင္ခ်ခံရပါတယ္။ ဒါေတြကေတာ့ ကမာၻတဝန္းက မုဒိမ္းမႈကို အရက္စက္ဆုံး အျပစ္ေပးမႈေတြပဲ ျဖစ္ပါတယ္။

Ref ; wittyfeed

Credit – မစ္ကီ, The Irrawaddy – Burmese Edition

(Unicode)
မုဒိမ်းသမားများကို အရက်စက်ဆုံး ပြစ်ဒဏ်ပေးသည့် နိုင်ငံများ

“မုဒိမ်းမှု”ဆိုတာ “လူသားတယောက် ကျူးလွန်နိုင်တဲ့ တပါးသူ ထိခိုက်အနာကျင်ရဆုံး ရာဇဝတ်မှုတခု”လို့ ယူဆကြပါတယ်။ မုဒိမ်းကျင့်ခံရသူတွေသာ လူမှုအသိုက်အဝန်းမှာ အထင်သေးခံ နှိမ်ချခံရပြီးတော့ သူတို့ရဲ့အပြစ် မဟုတ်ရပါဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ခံစားကြရပါတယ်။ လူမှုအသိုက်အဝန်းက မုဒိမ်းမှု ကျူးလွန်ခံရသူတွေရဲ့ဘဝကို အရှင်လတ်လတ် ငရဲကျနေအောင် ပြောင်းလဲပေးလိုက်ပါတယ်။

သားကောင် ဖြစ်ကြရသူတွေထဲမှာ ဖျောက်ဖျက်လို့ မရတော့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်စေလို့ အကျိုးဆက်က ကြောက်ဖို့ကောင်းပါတယ်။ ဒါဆိုရင် ပြစ်မှုကျူးလွန်တဲ့ တရားခံတွေအတွက်၊ မုဒိမ်းကျင့် ခံခဲ့ရသူတွေရဲ့ စိတ်ဝိညာဉ်ကို တစစီ ကွဲကြေသွားစေတဲ့ မကောင်းဆိုးဝါးတွေကို ဘယ်လို ဒဏ်ခတ်သင့်သလဲ။

ကမ္ဘာတဝန်းက အသီးသီးသော အစိုးရတွေဆီမှာ သူတို့နိုင်ငံသားတွေအတွက် သူတို့နိုင်ငံဟာ လုံခြုံတဲ့ နေရာတခု ဖြစ်စေဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ စီရင်ပါတယ်။ ထိုကဲ့သို့သော ရာဇဝတ်မှုကို ကျူးလွန်ပါက ရာဇဝတ်ဘေး ပြေးမလွတ်ကြောင်း ခိုင်မာစေဖို့ လုပ်ဆောင်ကြပါတယ်။ တချို့ အပြစ်ပေးမှုတွေက တရားခံတွေအတွက် ကြောက်စရာကောင်းအောင် ရက်စက်လွန်းပါတယ်။ ကမ္ဘာတဝန်းမှ နိုင်ငံအသီးသီးရဲ့ အရက်စက်ဆုံး မုဒိမ်းမှု ပြစ်ဒဏ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တရုတ်

တရုတ်နိုင်ငံမှာတော့ မုဒိမ်းသမားတွေကို သေဒဏ်ပေးပြီး ဥပဒေအရ အပြစ်ပေးပါတယ်။ တချို့ အခြေအနေတွေမှာဆိုရင် မုဒိမ်းသမားတွေဟာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ဖြတ်တောက်ခံရပြီး အပြစ်ပေးခံရပါတယ်။

(၂) အီရန်

အီရန်နိုင်ငံမှာတော့ မုဒိမ်းသမားတွေကို လူမြင်ကွင်းမှာ ကြိုးပေး ကွပ်မျက်တာ၊ ဒါမှမဟုတ် သေနတ်နဲ့ ပစ်သတ်ပါတယ်။ တခါတလေမှာတော့ မုဒိန်းကျင့်ခံရသူရဲ့ ခွင့်ပြုချက်နဲ့ တရားခံဟာ သေဒဏ်ကနေ လွတ်မြောက်နိုင်ပေမယ့် ကြိမ်ဒဏ် ၁၀၀ ဒါမှမဟုတ် ထောက်ဒဏ် တသက်တကျွန်း ကျခံလေ့ရှိပါတယ်။

(၃) နယ်သာလန်

ကာယကံရှင်ရဲ့သဘောတူညီချက် မပါဘဲ အနမ်းချင်း ဖလှယ်တာ အပါအဝင် ဘယ်လိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုမဆို နယ်သာလန်နိုင်ငံမှာတော့ မုဒိမ်းမှုလို့ သတ်မှတ်ပါတယ်။ မုဒိမ်းသမားကိုတော့ ကျူးလွန်တဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးလေ့ရှိပါတယ်။ ပြည့်တန်ဆာတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်များများမှာ အရေးတယူ မရှိပေမယ့် နယ်သာလန်နိုင်ငံမှာတော့ ပြည့်တန်ဆာ တဦးကို လိင်ပိုင်းဆိုင်ရာ အနိုင့်အထက် ပြုကျင့်မယ်ဆိုရင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ နိုင်ပါတယ်။

(၄) ပြင်သစ်

ပြင်သစ်နိုင်ငံမှာတော့ မုဒိမ်းကျင့်ခံရသူ ရရှိတဲ့ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်ပြီး ထောင်ဒဏ် နှစ် ၃၀ ဒါမှမဟုတ် ထောင်ဒဏ် တသက်တကျွန်းအထိ ထောင်ဒဏ် တိုးနိုင်တဲ့ ညှင်းပမ်း နှိပ်စက်ခြင်းနဲ့အတူ မုဒိန်းသမားကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် အပြစ်ပေးလေ့ရှိပါတယ်။

(၅) မြောက်ကိုရီးယား

အယူသီးတဲ့ စစ်အာဏာရှင် အုပ်ချုပ်တဲ့ မြောက်ကိုရီးယားမှာဆိုရင် မုဒိမ်းမှုလိုမျိုး ရာဇဝတ်မှုအတွက် သက်ညှာမှုဆိုတာ မရှိပါဘူး။ မုဒိမ်းသမားကို လူမြင်ကွင်းမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ပြီး မုဒိမ်းကျင့်ခံရသူတွေကို တရားမျှတမှု ပြန်လည်ဆောင်ကျဉ်းပေးလေ့ရှိပါတယ်။

(၆) ရုရှား

ရုရှားနိုင်ငံမှာဆိုရင် ပြစ်မှုကျူးလွန်သူဟာ ကျူးလွန်ခံရသူ ရရှိခဲ့တဲ့ နာကျင်ထိခိုက်မှု အပေါ်မူတည်ပြီး ထောင်ဒဏ် နှစ် ၃ဝ အထိ တိုးမြှင့်သွားနိုင်တဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လေ့ရှိပါတယ်။

(၇) အာဖဂန်နစ္စတန်

အာဖရန်နစ္စတန် နိုင်ငံမှာတော့ မုဒိမ်းသမားကို လေးရက်အတွင်း ဦးခေါင်း သေနတ်နဲ့ပစ်ပြီး မုဒိမ်းကျင့်ခံခဲ့ရသူတွေ အတွက် တရားမျှတမှုကို ပြန်ပေးလေ့ရှိပါတယ်။

(၈) နော်ဝေ

နော်ဝေနိုင်ငံမှာဆိုရင် မုဒိမ်းသမားကို မုဒိမ်းကျင့်ခံရသူရဲ့ ထိခိုက်မှု အတိမ်အနက်အပေါ် မူတည်ပြီး ၄ နှစ်ကနေ ၁၅ နှစ် အထိ ဖမ်းဆီးထိန်းသိမ်း အပြစ်ပေးပါတယ်။

(၉) အမေရိကန်

အမေရိကန်နိုင်ငံမှာတော့ ပြည်နယ် ဥပဒေနဲ့ ဖက်ဒရယ် ဥပဒေဆိုပြီး ဥပဒေ ၂ မျိုးရှိပါတယ်။ တကယ်လို့များ မုဒိမ်းမှုက ဖက်ဒရယ်ဥပဒေနဲ့ စီရင်မယ်ဆိုရင် မုဒိမ်းသမားဟာ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ပါတယ်။ ပြည်နယ်ဥပဒေနဲ့ စီရင်မယ်ဆိုရင်တော့ ပြည်နယ် တခုနဲ့တခုနဲ့ မုဒိမ်းမှုအပေါ် အပြစ်ပေးမှု ကွဲပြားပါတယ်။

(၁၀) အိန္ဒိယ

အိန္ဒိယနိုင်ငံကတော့ ၂ဝ၁၃ ခုနှစ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုခဲ့ပြီးနောက် မုဒိမ်းမှုကို အပြစ်ပေးတဲ့ ဥပဒေတွေက ပိုမိုခိုင်မာလာပါတယ်။ မုဒိမ်းသမားကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၄ နှစ်အထိ ချမှတ်ပါတယ်။ အရှားပါးဆုံး မုဒိမ်းမှုမှာဆိုရင် မုဒိမ်းကောင်ကို သေတဲ့အထိ ကြိုးပေး ကွပ်မျက်ပါတယ်။

(၁၁) ဆော်ဒီအာရေးဗီးယား

တကယ်လို့များ လူတဦးဟာ မုဒိမ်းမှု ကျူးလွန်ခဲ့မယ်ဆိုရင် သူဟာ စီရင်ချက်ချပြီး ရက်အနည်းငယ်အတွင်း လူမြင်ကွင်းမှာ ကွပ်မျက် ခံရလေ့ရှိပါတယ်။

(၁၂) အီဂျစ်

အီဂျစ်နိုင်ငံမှာတော့ ဒီလိုမျိုး အပြစ်ထိုက်တန်တဲ့ ရာဇဝတ်မှုရဲ့ အကျိုးဆက်ကို လူတွေ သိရှိစေဖို့ လူမြင်ကွင်းမှာ မုဒိမ်းကောင်ကို ကြိုးပေးကွပ်မျက်ပါတယ်။

(၁၃) အစ္စရေး

အစ္စရေးနိုင်ငံမှာတော့ မုဒိမ်းသမားကို ထောက်ဒဏ် အနည်းဆုံး ၄ နှစ်နဲ့ အများဆုံး ၁၆ နှစ်အထိ ချမှတ်ပါတယ်။

(၁၄) ယူအေအီး

ယူအေအီးနိုင်ငံမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ မုဒိမ်းမှုအတွက် အပြစ်ဒဏ်ကတော့ ကြိုးပေး ကွပ်မျက်တာ ဖြစ်ပါတယ်။ အသနားခံလို့ မရဘဲ မုဒိမ်းမှု ကျူးလွန်ပါက ၇ ရက်အတွင်း သေရမည်သာ ဖြစ်ပါတယ်။

(၁၅) ဂရိ

ဂရိနိုင်ငံမှာတော့ မုဒိမ်းသမားဟာ ထောင်ချခံရပါတယ်။ ဒါတွေကတော့ ကမ္ဘာတဝန်းက မုဒိမ်းမှုကို အရက်စက်ဆုံး အပြစ်ပေးမှုတွေပဲ ဖြစ်ပါတယ်။

Ref ; wittyfeed

Credit – မစ်ကီ, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *