သတင္း

သမင္ျဖဴေရာဂါအတြက္ ကိုယ္ေတြ႕ေပ်ာက္ ေဆးနည္း

(Zawgyi)
လူေတာမတိုးဝံ့ေသာ သမင္ျဖဴအတြက္ ေဆးနည္း

၂၀၀၅ ခုႏွစ္က လားရႈိးမွာေနစဥ္ ဘယ္ကေနဘယ္လို ျဖစ္လာမွန္းမသိဘဲ သမင္ျဖဴ အေရျပားေရာဂါ က်ေနာ္ျဖစ္လာတယ္ ။ ျဖစ္ရတဲ့အေၾကာင္းဘယ္လိုဆိုတာ အစရွာမရဘူး။ အစားမွားျခင္းက စတာဘဲလို႔သုံးသပ္မိတယ္။ အနာကေလးမေပါက္လိုက္နဲ႔ ေပ်ာက္တာနဲ႔ သမင္ျဖဴျဖစ္ေနခဲ့တယ္။ ေျခကလက္ကေန အကြက္ကေလးေတြစျဖစလာၿပီး မ်က္ႏွာႏႈတ္ခမ္းေလးေတြပါကူးလာတယ္။ ေဆးေတြလည္းစုံေနၿပီ မေပ်ာက္ဘူး။ ဘယ္ဆရာမွမတတ္ႏိုင္ဘူး။ အျပင္ထြက္ရင္ အကြက္ေလးေတြကို သနပ္ခါးလူးၿပီး ထြက္ရတယ္။ သူငယ္ခ်င္း မိတ္ေဆြေတြလည္း စုတ္တသပ္သပ္နဲ႔စိတ္မေကာင္းၾကဘူး။ မႏၲေလးကိုဆင္းေတာ့ မမႀကီးက က်ေနာ့္အျဖစ္ကိုျမင္ၿပီး ငါ့ေမာင္ဘဝေတာ့သြားပါၿပီဆိုၿပိး ငိုပါတယ္။ က်ေနာ္ကေတာ့ စိတ္ဓာတ္မက်ပါဘူး။ အနာသိရင္ ေဆးရွိပါတယ္။ မမရယ္ ငိုမေနပါနဲ႔လို႔ ႏွစ္သိမ့္လိုက္ပါတယ္။ ဒါနဲ႔ မျဖစ္ေတာ့ဘူး၊ ကိုယ့္ေရာဂါကိုယ္ ကုမွဘဲဆိုၿပိး ေဆနည္းေတြရွာတယ္။ ျဖစ္ႏိုင္တဲ့ေဆးနည္းေတြအတိုင္း ေဆးေတြဝယ္တယ္။

က်ေနာ္ဝယ္တဲ့အထဲမွာ ေထာပါတ္၊ ကန႔္ခ်ဳပ္နီ၊ ဆားပုတ္ေတြလည္းပါတယ္။ ကန႔္ခ်ဳပ္နီကို လား႐ိုးေဈးႀကီးအတြင္းက ပရေဆးဆိုင္မွာဝယ္ေတာ့ ပိုင္ရွင္က ရွိေသးလား မသိဘူးဆိုၿပီး ရွာေပးတယ္။ ကံေကာင္းေထာက္မစြာနဲ႔ တစ္ဆုပ္စာေလာက္ရတယ္ အလကားေပးလိုက္တာပါ။ ဒါနဲ႔အိမ္ေရာက္ေတာ့ ဘယ္ေဆးနဲ႔စကုၾကည့္မလဲလို႔ေတြးတယ္။ စိတ္ကစြဲေနတယ္ ကန႔္ခ်ဳပ္နီ အင္းငါ့ေရာဂါကအျဖဴ အျဖဴကို အနီျဖစ္ေစဖို႔ ကန႔္ခ်ဳပ္နီနဲ႔ကုမယ္လို႔ အေတြးဝင္လိုက္မိတယ္။ ဝမ္းသန႔္ဖို႔ ထမင္းရည္ကို ဆားပုတ္နဲ႔ေန႔တိုင္းေသာက္မယ္၊ အသားငါးေရွာင္မယ္။ ဒီလိုေတြးၿပိး စကုပါတယ္။

ကန႔္ခ်ဳပ္နီေလးေတြကို မိန္းမက စိတ္ရွည္လက္ရွည္ ေသြးေပးတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကန႔္ခ်ဳပ္နီအ႐ိုးေလးေတြက ကန႔္ေကာ္႐ိုးေလးေတြလို ေသးေသးေလးေတြျဖစ္ေနလို႔၊ ေသြးၿပီးသား ကန႔္ခ်ဳပ္နီေလးေတြကို သမင္ျဖဴကြက္ေလးေတြအေပၚလိမ္းေပးတယ္။ ထမင္းရည္ကို ခြက္ႀကီးနဲ႔ ငွဲ႔ေပးထားတယ္။ မနက္အစာမစားခင္ ဆားပုတ္နဲ႔ေရာၿပီးအဝေသာက္တယ္။ က်န္တာကို ေန႔လည္ထပ္ေသာက္တယ္၊ အသီးအႏွံေတြကိုဘဲ အားျပဳစားတယ္။

တစ္ပါတ္ေလာက္ေနေတာ့ ထူးျခားလာတယ္။ အျဖဴကြက္ေလးေတြထဲ အညိဳစက္ကေလးေတြဝင္လာတယ္ အားတက္လာတယ္။ ၁၅ ရက္ေလာက္က်ေတာ့သိသာသြားၿပီ။ အျဖဴကြက္ေတြေလ်ာ့နည္းသြားၿပီ။ တစ္လေလာက္က်ေတာ့ လုံးဝအရွင္းေပ်ာက္ကုန္တယ္။ အံ့ၾသစရာေကာင္းလိုက္တာ ကိုယ္ေရာဂါ ကိုယ္ကိုယ္တိုင္ကုၿပီးေပ်ာက္တာ ဝမ္းသာလိုက္တာဗ်ာ။

တကယ့္လက္ေတြ႕ဘဲ။ မိတ္ေဆြတစ္ေယာက္လည္းျဖစ္လို႔ လုပ္ေပးလိုက္တယ္။ ခုေတာ့ေပ်ာက္ၿပီ။ သူကေတာ့ ေျခေထာက္ကစျဖစ္တာ၊ တစ္ကိုယ္လုံးသမားေတာ့ က်ေနာ္မေပးဘူးေသးဘူး။

မွ်ေဝေပးလိုက္ပါ။ ဒီေဆးနည္းေလးကို-

၁။ ကန႔္ခ်ဳပ္နီ

၂။ ဆားပုတ္ႏွင့္ထမင္းရည္

၃။ အသားေရွာင္။ ဒါေလးပါဘဲ။ ကန႔္ခ်ဳပ္နီက အရက္နဲ႔ေသာက္တတ္ရင္ မတည့္ပါဘူး။သတိထားပါ။

Credit – Moe Htet Yan

အားလုံးက်န္းမာ ခ်မ္းသာၾကပါေစ။

Via – Sai Min Thant

(Unicode)

လူတောမတိုးဝံ့သော သမင်ဖြူအတွက် ဆေးနည်း

၂၀၀၅ ခုနှစ်က လားရှိုးမှာနေစဉ် ဘယ်ကနေဘယ်လို ဖြစ်လာမှန်းမသိဘဲ သမင်ဖြူ အရေပြားရောဂါ ကျနော်ဖြစ်လာတယ် ။ ဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာ အစရှာမရဘူး။ အစားမှားခြင်းက စတာဘဲလို့သုံးသပ်မိတယ်။ အနာကလေးမပေါက်လိုက်နဲ့ ပျောက်တာနဲ့ သမင်ဖြူဖြစ်နေခဲ့တယ်။ ခြေကလက်ကနေ အကွက်ကလေးတွေစဖြစလာပြီး မျက်နှာနှုတ်ခမ်းလေးတွေပါကူးလာတယ်။ ဆေးတွေလည်းစုံနေပြီ မပျောက်ဘူး။ ဘယ်ဆရာမှမတတ်နိုင်ဘူး။ အပြင်ထွက်ရင် အကွက်လေးတွေကို သနပ်ခါးလူးပြီး ထွက်ရတယ်။ သူငယ်ချင်း မိတ်ဆွေတွေလည်း စုတ်တသပ်သပ်နဲ့စိတ်မကောင်းကြဘူး။ မန္တလေးကိုဆင်းတော့ မမကြီးက ကျနော့်အဖြစ်ကိုမြင်ပြီး ငါ့မောင်ဘဝတော့သွားပါပြီဆိုပြိး ငိုပါတယ်။ ကျနော်ကတော့ စိတ်ဓာတ်မကျပါဘူး။ အနာသိရင် ဆေးရှိပါတယ်။ မမရယ် ငိုမနေပါနဲ့လို့ နှစ်သိမ့်လိုက်ပါတယ်။ ဒါနဲ့ မဖြစ်တော့ဘူး၊ ကိုယ့်ရောဂါကိုယ် ကုမှဘဲဆိုပြိး ဆေနည်းတွေရှာတယ်။ ဖြစ်နိုင်တဲ့ဆေးနည်းတွေအတိုင်း ဆေးတွေဝယ်တယ်။

ကျနော်ဝယ်တဲ့အထဲမှာ ထောပါတ်၊ ကန့်ချုပ်နီ၊ ဆားပုတ်တွေလည်းပါတယ်။ ကန့်ချုပ်နီကို လားရိုးဈေးကြီးအတွင်းက ပရဆေးဆိုင်မှာဝယ်တော့ ပိုင်ရှင်က ရှိသေးလား မသိဘူးဆိုပြီး ရှာပေးတယ်။ ကံကောင်းထောက်မစွာနဲ့ တစ်ဆုပ်စာလောက်ရတယ် အလကားပေးလိုက်တာပါ။ ဒါနဲ့အိမ်ရောက်တော့ ဘယ်ဆေးနဲ့စကုကြည့်မလဲလို့တွေးတယ်။ စိတ်ကစွဲနေတယ် ကန့်ချုပ်နီ အင်းငါ့ရောဂါကအဖြူ အဖြူကို အနီဖြစ်စေဖို့ ကန့်ချုပ်နီနဲ့ကုမယ်လို့ အတွေးဝင်လိုက်မိတယ်။ ဝမ်းသန့်ဖို့ ထမင်းရည်ကို ဆားပုတ်နဲ့နေ့တိုင်းသောက်မယ်၊ အသားငါးရှောင်မယ်။ ဒီလိုတွေးပြိး စကုပါတယ်။

ကန့်ချုပ်နီလေးတွေကို မိန်းမက စိတ်ရှည်လက်ရှည် သွေးပေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကန့်ချုပ်နီအရိုးလေးတွေက ကန့်ကော်ရိုးလေးတွေလို သေးသေးလေးတွေဖြစ်နေလို့၊ သွေးပြီးသား ကန့်ချုပ်နီလေးတွေကို သမင်ဖြူကွက်လေးတွေအပေါ်လိမ်းပေးတယ်။ ထမင်းရည်ကို ခွက်ကြီးနဲ့ ငှဲ့ပေးထားတယ်။ မနက်အစာမစားခင် ဆားပုတ်နဲ့ရောပြီးအဝသောက်တယ်။ ကျန်တာကို နေ့လည်ထပ်သောက်တယ်၊ အသီးအနှံတွေကိုဘဲ အားပြုစားတယ်။

တစ်ပါတ်လောက်နေတော့ ထူးခြားလာတယ်။ အဖြူကွက်လေးတွေထဲ အညိုစက်ကလေးတွေဝင်လာတယ် အားတက်လာတယ်။ ၁၅ ရက်လောက်ကျတော့သိသာသွားပြီ။ အဖြူကွက်တွေလျော့နည်းသွားပြီ။ တစ်လလောက်ကျတော့ လုံးဝအရှင်းပျောက်ကုန်တယ်။ အံ့သြစရာကောင်းလိုက်တာ ကိုယ်ရောဂါ ကိုယ်ကိုယ်တိုင်ကုပြီးပျောက်တာ ဝမ်းသာလိုက်တာဗျာ။

တကယ့်လက်တွေ့ဘဲ။ မိတ်ဆွေတစ်ယောက်လည်းဖြစ်လို့ လုပ်ပေးလိုက်တယ်။ ခုတော့ပျောက်ပြီ။ သူကတော့ ခြေထောက်ကစဖြစ်တာ၊ တစ်ကိုယ်လုံးသမားတော့ ကျနော်မပေးဘူးသေးဘူး။

မျှဝေပေးလိုက်ပါ။ ဒီဆေးနည်းလေးကို-

၁။ ကန့်ချုပ်နီ

၂။ ဆားပုတ်နှင့်ထမင်းရည်

၃။ အသားရှောင်။ ဒါလေးပါဘဲ။ ကန့်ချုပ်နီက အရက်နဲ့သောက်တတ်ရင် မတည့်ပါဘူး။သတိထားပါ။

Credit – Moe Htet Yan

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

Via – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *