သတင္း

အဆစ္အျမစ္ေရာင္တတ္တဲ့သူေတြ ဒါေတြ ေရွာင္စားပါ။ အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ။

(Zawgyi)

အဆစ္အျမစ္ေရာင္တတ္တဲ့သူေတြ ဒါေတြ ေရွာင္စားပါ

အဆစ္အျမစ္ေတြေရာင္ရမ္းနာက်င္ၿပီး လမ္းေတာင္ မေလွ်ာက္ႏိုင္တဲ့သူေတြရွိၾကမွာပါ။ ထိခိုက္မိလို႔ပဲ ျဖစ္ျဖစ္၊ ေရာဂါအခံတစ္ခုခုေၾကာင့္ပဲျဖစ္ျဖစ္ လမ္းေတာင္ေကာင္းေကာင္း မေလွ်ာက္ႏိုင္တဲ့ အဆစ္အျမစ္ေတြ ကိုက္ခဲတဲ့ ေဝဒနာကို လူတိုင္း မခံစားခ်င္ၾကပါဘူး။

ဒီလို နာက်င္လြန္းတဲ့ အဆစ္အျမစ္ကိုက္ ေဝဒနာသက္သာေအာင္ ေဆးေတြေသာက္၊ ေလ့က်င့္ခန္းေတြ လုပ္ေနေပမယ့္ အရမ္းႀကီး မသက္သာတဲ့အခါမွာေတာ့ ကိုယ့္စားေနတဲ့အစားအေသာက္ေတြကို ထည့္စဥ္းစားဖို႔လိုလာပါၿပီ။ အဆစ္အျမစ္ ေရာင္တာကို ပိုဆိုးေစတဲ့ အစားအေသာက္ေတြကို စားေနမိလားေပ့ါ ။

အဆစ္အျမစ္ကိုက္ျခင္းကို ပိုဆိုးေစတဲ့ အစားအေသာက္ေတြက ဘာေတြလဲ

Gluten ဓာတ္မ်ားတဲ့ အစားအေသာက္ေတြကို အစာအိမ္က ၿဖိဳခြဲလိုက္တဲ့အခါ inflammatory response လို႔ေခၚတဲ့ ေရာင္ရမ္းကို အားေပးတဲ့ ဓာတ္ေတြ၊ ထြက္လာပါတယ္။ အထူးသျဖင့္အစာ အိမ္စုပ္ယူအားေကာင္းတဲ့ လူေတြမွာဆို ဒီဓာတ္ေတြဟာ ခုခံအားကို လႈံ႕ေဆာ္ၿပီး ေရာင္ရမ္းျခင္းကို ပိုျဖစ္ေစတတ္တာေၾကာင့္ အဆစ္အျမစ္ကိုက္ခဲတဲ့သူေတြ Gluten ဓာတ္မ်ားတဲ့ အစား အေသာက္ေတြကို ေရွာင္သင့္ပါတယ္။ ( ဂ်ဳံ၊ ဘာလီ)

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြမွာ casein လို႔ေခၚတဲ့ပ႐ိုတင္းဓာတ္တစ္မ်ိဳးပါၿပီး အဲဒီ့ ဓာတ္ဟာ အဆစ္အျမစ္နဲ႔ တစ္ရႉးေတြ ေရာင္ရမ္းတာကို ပိုဆိုးေစလို႔ အဆစ္အျမစ္ေရာင္ရမ္းတဲ့သူေတြ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ေရွာင္သင့္ပါတယ္။

ေျပာင္းဖူးဆီ

ေျပာင္းဖူးဆီလိုမ်ိဳး အိုမီဂါ 6 ႂကြယ္ဝတဲ့ ဘယ္အစားအေသာက္မဆို ေရာင္ရမ္းျခင္းကို အားေပးတဲ့အတြက္ ေျပာင္းဖူးဆီ၊ ေနၾကာဆီ၊ ကန္ႏိုလာဆီ၊ ပဲပိစပ္ဆီေတြ ကို ေရွာင္စားသင့္ပါတယ္။

ဆီေၾက္ာမုန႔္ေတြ၊ တာရွည္ခံေအာင္လုပ္ထားတဲ့ အစားအေသာက္ေတြ။

ဆီေၾကာ္မုန႔္ေတြ နဲ႔ တာရွည္ခံေအာင္ လုပ္ထားတဲ့ အစားအေသာက္ေတြ ေလွ်ာ့စားတဲ့အခါ ကိုယ္တြင္းေရာင္ရမ္းျခင္းေတြ ေလ်ာ့က်သြားမယ့္အျပင္ ေသြးေၾကာေတြကို က်န္းမာေစလို႔ လုံေလာက္တဲ့ ေအာက္ဆီဂ်င္ေတြ အျပည့္အဝရကာ က်န္းမာေစပါတယ္။

ဆား

အငန္ဓာတ္ျပင္းျပင္းနဲ႔ အရသာမႈန႔္ေတြ အမ်ားႀကီးထည့္ထားတဲ့ အစားအေသာက္ေတြဟာ စားလို႔ေတာ့ေကာင္းေပမယ့္ အဆစ္အျမစ္ေရာင္ရမ္းျခင္းျဖစ္ေနတဲ့သူေတြကိုေတာ့ သူတို႔က ဒုကၡေပးပါတယ္။

ဒါေၾကာင့္ ေရာင္ရမ္းျခင္းကို အားေပးတဲ့ အငန္ဓာတ္နဲ႔ အရသာမႈန႔္ေတြကို ေလွ်ာ့စားဖို႔ လိုပါတယ္။ အသင့္စားသေရစာမုန႔္ေတြ၊ စားေသာက္ဆိုင္က စားေကာင္းေအာင္ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြေပါ့။

သၾကား

သၾကားဟာ cytokine လို႔ေခၚတဲ့ ေရာင္ရမ္းျခင္းကို အားေပးတဲ့ ဓာတ္တစ္မ်ိဳး ထုတ္ေပးတဲ့ အတြက္ေၾကာင့္ အဆစ္အျမစ္ေရာင္တဲ့သူေတြ အခ်ိဳေလွ်ာ့စားသင့္ပါတယ္။

ျပဳျပင္ထားတဲ့ ကာဘိုဟိုက္ဒရိတ္

ဂ်ဳံမႈန႔္၊ အာလူးနဲ႔ ျဖဴေအာင္ ခြၽတ္ထားတဲ့ ဆန္တို႔ဟာ glycemic index မ်ားတဲ့ အစားအေသာက္ေတြ ျဖစ္တာေၾကာင့္ အဝလြန္ျခင္း၊ ဆီးခ်ိဳနဲ႔ ႏွလုံးေရာဂါတို႔ကို ျဖစ္ေစတဲ့အျပင္ ေရာင္ရမ္းျခင္းကိုလည္း အားေပးတဲ့အစားအေသာက္ေတြပါ။

အရက္နဲ႔ ေဆးလိပ္

ထုံးစံအတိုင္း က်န္းမာေရးအတြက္ ဘာေကာင္းက်ိဳးမွ မေပးတဲ့ ဒီ အရက္နဲ႔ ေဆးလိပ္ဟာ ေရာင္ရမ္းျခင္းကို ပိုဆိုးေစတဲ့အျပင္ အျခား က်န္းမာေရး ျပႆနာေတြကိုပါ ျဖစ္ေစတာေၾကာင့္ ေရွာင္သင္တဲ့ ထိပ္ဆုံးက အရာေတြပါ။

Credit-Hellosayarwon

(Unicode)

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ

အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။

ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။

အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ

Gluten ဓာတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓာတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာ အိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓာတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို ပိုဖြစ်စေတတ်တာကြောင့် အဆစ်အမြစ်ကိုက်ခဲတဲ့သူတွေ Gluten ဓာတ်များတဲ့ အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ ( ဂျုံ၊ ဘာလီ)

နို့နဲ့နို့ထွက်ပစ္စည်းတွေ

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ casein လို့ခေါ်တဲ့ပရိုတင်းဓာတ်တစ်မျိုးပါပြီး အဲဒီ့ ဓာတ်ဟာ အဆစ်အမြစ်နဲ့ တစ်ရှူးတွေ ရောင်ရမ်းတာကို ပိုဆိုးစေလို့ အဆစ်အမြစ်ရောင်ရမ်းတဲ့သူတွေ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

ပြောင်းဖူးဆီ

ပြောင်းဖူးဆီလိုမျိုး အိုမီဂါ 6 ကြွယ်ဝတဲ့ ဘယ်အစားအသောက်မဆို ရောင်ရမ်းခြင်းကို အားပေးတဲ့အတွက် ပြောင်းဖူးဆီ၊ နေကြာဆီ၊ ကန်နိုလာဆီ၊ ပဲပိစပ်ဆီတွေ ကို ရှောင်စားသင့်ပါတယ်။

ဆီေြက်ာမုန့်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေ။

ဆီကြော်မုန့်တွေ နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ လျှော့စားတဲ့အခါ ကိုယ်တွင်းရောင်ရမ်းခြင်းတွေ လျော့ကျသွားမယ့်အပြင် သွေးကြောတွေကို ကျန်းမာစေလို့ လုံလောက်တဲ့ အောက်ဆီဂျင်တွေ အပြည့်အဝရကာ ကျန်းမာစေပါတယ်။

ဆား

အငန်ဓာတ်ပြင်းပြင်းနဲ့ အရသာမှုန့်တွေ အများကြီးထည့်ထားတဲ့ အစားအသောက်တွေဟာ စားလို့တော့ကောင်းပေမယ့် အဆစ်အမြစ်ရောင်ရမ်းခြင်းဖြစ်နေတဲ့သူတွေကိုတော့ သူတို့က ဒုက္ခပေးပါတယ်။

ဒါကြောင့် ရောင်ရမ်းခြင်းကို အားပေးတဲ့ အငန်ဓာတ်နဲ့ အရသာမှုန့်တွေကို လျှော့စားဖို့ လိုပါတယ်။ ။ အသင့်စားသရေစာမုန့်တွေ၊ စားသောက်ဆိုင်က စားကောင်းအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေပေါ့။

သကြား

သကြားဟာ cytokine လို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓာတ်တစ်မျိုး ထုတ်ပေးတဲ့ အတွက်ကြောင့် အဆစ်အမြစ်ရောင်တဲ့သူတွေ အချိုလျှော့စားသင့်ပါတယ်။

ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်

ဂျုံမှုန့်၊ အာလူးနဲ့ ဖြူအောင် ချွတ်ထားတဲ့ ဆန်တို့ဟာ glycemic index များတဲ့အစားအသောက်တွေ ဖြစ်တာကြောင့် အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း အားပေးတဲ့အစားအသောက်တွေပါ ။ ။

အရက်နဲ့ ဆေးလိပ်

ထုံးစံအတိုင်း ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဒီ အရက်နဲ့ ဆေးလိပ်ဟာ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့အပြင် အခြား ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေတာကြောင့် ရှောင်သင်တဲ့ ထိပ်ဆုံးက အရာတွေပါ

Credit-Hellosayarwon

Leave a Reply

Your email address will not be published. Required fields are marked *