(Zawgyi)
ဗန္ဒါ႐ြက္ အံ့ဖြယ္ေဆးဘက္ဝင္ပုံ အမ်ိဳးမ်ိဳး
ေျမျပန႔္ေဒသ ပူအိုက္တဲ့ရာသီဥတုအတြက္ေတာ့ ျမန္ျမန္နဲ႔လြယ္လြယ္ အရိပ္ရလို႔ တခ်ိဴ႕က မိမိအိမ္ၿခံဝင္းမွာ အရိပ္ရေအာင္ စိုက္ၾကတယ္။ ေနရာတိုင္းမွာလည္း အေလ့က် ေပါက္ပါတယ္။သို႔ေသာ္ ဗန္ဒါပင္ရဲ႕ အစြမ္းကိုေတာ့ သိသူ နည္းပါးပါတယ္။
ဗန္ဒါ႐ြက္အရင့္ကို ၃ခြက္၁ခြက္တင္ က်ိဴ ပီးေသာက္ေပးျခင္းျဖင့္ အစာအိမ္ေလနာ၊ အစာအိမ္ေအာင့္၊ အစာအဆိပ္သင့္၊ ဝမ္းေဖာဝမ္းေရာင္၊ ကိုက္ခဲနာက်င္တာေတြ လက္ေတြ႕ေပ်ာက္တဲ့ေဆးပါ။ ဆန္ျပဳတ္က်ိဴ ေသာက္ေနရသူ အစာအိမ္သမားေတြအတြက္ သဘာဝက ေပးတဲ့ေဆးျဖစ္တယ္။ ဆီးဝမ္းေသြးေလ မကြဲ အထက္ေလဆန္ျဖစ္ေနရင္ က်ိဴေသာက္ ေပ်ာက္တဲ့ေဆးလည္းျဖစ္တယ္။
တခ်ိဴ႕က ဗန္ဒါ႐ြက္ကို ေနရိပ္မွာ လွန္းပီး အမႈန႔္လုပ္ပီး လ်က္ဆားလ်က္သလို စားၾကပါတယ္။အမႈန႔္လုပ္ေသာက္ႏိူင္ရင္ ပိုေကာင္းတယ္။ က်ေနာ္ အရင္က အစာအိမ္ေရာဂါေဝဒနာကို အလူးအလိမ့္ခံစားခဲ့ရတယ္။ ဆန္ျပဳတ္ကို လခ်ီေသာက္ရတယ္။ ဆန္ျပဳတ္ေသာက္တိုင္း မ်က္ရည္က်ခဲ့ရတယ္။ ေဆး႐ုံမွာ ၁လေက်ာ္၂လနီးပါး တက္ေရာက္ကုသဖူးတယ္။ စိတ္ဓာတ္ေတြလည္း က်ခဲ့တယ္။ ငါဒီေရာဂါနဲ႔ ေသရေတာ့မယ္ဆိုတဲ့ အသိနဲ႔ပါ။
ေသမယ့္ေသရင္ေတာင္ ကိုယ္စားခ်င္တာ စားပီး ေသခ်င္တယ္။ က်ေနာ္စိတ္ညစ္ညစ္နဲ႔ ဖုန္းၾကည့္တယ္။ အစာအိမ္နဲ႔ပတ္သက္ပီး ေဆးေတာ့ရွိရမယ္ေပါ့ဗ်ာ…လိုင္းေပၚရွာတယ္။ကံေကာင္းလို႔ ေထာက္မစြာနဲ႔ ဗန္ဒါ႐ြက္ရဲ႕ အစြမ္းသတၱိကို ျမည္းစမ္းခြင့္ရခဲ့တယ္။
ခ်က္ခ်င္းပဲ လိုက္ရွာခူးတယ္။ အပင္ကမေဝးပါဘူး။ ကိုယ့္အနီးအးနာမွာပဲ အဆင္သင့္ ရွိေနခဲ့တယ္။ ၁၀႐ြက္ေလာက္ က်ိဴေသာက္လိုက္တယ္ ဆိုရင္ပဲ နာက်င္ကိုက္ခဲေနတာေတြတျဖည္းျဖည္း သက္သာလာတယ္။ ေသာက္ပီးမၾကာဘူး။ ဗိုကိဆာလာတယ္။ ၾကာဇံဟင္းခါး ၂ပြဲဆက္တိုက္ ေသာက္လိုက္တယ္။ ဗန္ဒါ႐ြက္ျပဳတ္ ထပ္ေသာက္တယ္။ ထမင္းစားတယ္။ ယူပစ္လိုက္သလိုပဲ လုံးဝေကာင္းသြားတယ္။ ဘာမွစားလို႔မရတဲ့လူက စားခ်င္တာစားလို႔ရသြားၿပီ။
အခုလည္းအိမ္ကသမီး ေက်ာက္ကပ္ေရာင္လို႔ ဗိုက္ႀကီးေဖာင္းကားေနတာ ဗန္ဒါ ႐ြက္၂ရက္ တေန႔၂ခြက္ပဲ တိုက္လိုက္တယ္။ ဒီေန႔၃ရက္ေျမႇာက္ေန႔မွာပဲ ဗိုက္ႀကီးေဖာင္းကားေနတာ လုံးဝေလ်ာ့သြားလို႔ သမီးလည္း သက္ေတာင့္သက္သာျဖစ္ပီး အရမ္းေပ်ာ္ေနပါတယ္။
ဒူးနာခါးနာေတြအတြက္ အ႐ြက္ မႏုမရင့္ကို မီးနဲနဲျပပီး စည္းထား ၾကပ္ထုတ္ထိုးထားေပးရင္လည္း သက္သာေပ်ာက္ကင္းပါတယ္။ ဗန္ဒါေစ့ကေတာ့ ႏွလုံး ဆီးခ်ိဴ ေသြးခ်ိဴ ေရာဂါ သည္ေတြအတြက္ အထူးေကာင္းလို႔ စားေပးသင့္ပါတယ္။
Credit-Original Uploader
(Unicode)
ဗန်ဒါရွက် အံ့ဖွယ်ဆေးဘက်ဝင်ပုံ အမျိုးမျိုး
မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့လွယ်လွယ် အရိပ်ရလို့ တချိူ့က မိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။သို့သော် ဗန်ဒါပင်ရဲ့ အစွမ်းကိုတော့ သိသူ နည်းပါးပါတယ်။
ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင် ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊ အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝက ပေးတဲ့ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။
တချိူ့က ဗန်ဒါရွက်ကို နေရိပ်မှာ လှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။အမှုန့်လုပ်သောက်နိူင်ရင် ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။ စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။
သေမယ့်သေရင်တောင် ကိုယ်စားချင်တာ စားပီး သေချင်တယ်။ ကျနော်စိတ်ညစ်ညစ်နဲ့ ဖုန်းကြည့်တယ်။ အစာအိမ်နဲ့ပတ်သက်ပီး ဆေးတော့ရှိရမယ်ပေါ့ဗျာ…လိုင်းပေါ်ရှာတယ်။ကံကောင်းလို့ ထောက်မစွာနဲ့ ဗန်ဒါရွက်ရဲ့ အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။
ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့် ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ် ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေတဖြည်းဖြည်း သက်သာလာတယ်။ သောက်ပီးမကြာဘူး။ ဗိုကိဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ရသွားပြီ။
အခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြှောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။
ဒူးနာခါးနာတွေအတွက် အရွက် မနုမရင့်ကို မီးနဲနဲပြပီး စည်းထား ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး ဆီးချိူ သွေးချိူ ရောဂါ သည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။
Credit-Original Uploader
Leave a Reply