(Zawgyi)
Gym သြားရက်ိဳး နပ္ရဲ႕လား
==================
==================
>> Gym သြားၿပီး ေလ့က်င့္ခန္း ပင္ပင္ပန္းပန္း ျပဳလုပ္သမွ်ဟာ အက်ိဳးထူးရဲ႕လား?
ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ အက်ိဳးထူးေစႏိုင္ရန္ အားအင္ျဖည့္တင္းေပးဖို႔ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္ျခင္းဟာလည္း လိုအပ္ပါတယ္။ ဒါေၾကာင့္ Gym သြားတဲ့အခါ အေကာင္းဆံုးေသာ အက်ိဳးရလဒ္ ရရွိႏိုင္ေအာင္ ေအာက္ပါနည္းလမ္းမ်ားကို လုက္နာေဆာင္ရြက္ၾကည့္လိုက္ပါ။
• ေလ့က်င့္ခန္း မလုပ္ခင္
1. လံုေလာက္စြာ အိပ္ပါ။
ေလ့က်င့္ခန္း မလုပ္မီေရာ၊ လုပ္ၿပီးတဲ့အခါမွာပါ ေကာင္းေကာင္းအိပ္ေပးဖို႔ အေရးႀကီးပါတယ္။ က်န္းမာဖို႔အတြက္ အိပ္ေရးဝ အားျပည့္ေနမွ ျဖစ္မွာပါ။
2. ေရမ်ားမ်ား (မ်ားမ်ား) ေသာက္ပါ။
ေရမ်ားမ်ား ေသာက္ျခင္းဟာ က်န္းမာေရးအတြက္ အေရးႀကီးမွန္း သိၾကပါတယ္။ ေလ့က်င့္ခန္း ျပဳလုပ္ရာမွာလည္း ထြက္သြားတဲ့ ေခြၽးပမာဏကို ျဖည့္တင္းဖို႔ ေရမ်ားမ်ား လိုပါတယ္။ ဒါ့အျပင္ ေရဓာတ္ ျဖည့္တင္းထားမွ အားအင္ျပည့္ဝႏိုင္မွာပါ။
3. အဆာေျပစားပါ။
ေလ့က်င့္ခန္းမလုပ္ခင္ စားကို စားရမယ္လို႔ မဆိုလိုေပမယ့္ ဗိုက္ဆာေနရင္ေတာ့ အဆာေျပမုန္႔တစ္ခုခု စားၿပီးမွ လုပ္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔ ခြန္အား လိုအပ္ပါတယ္။
4. အနီေရာင္ဝတ္ပါ။
႐ူးေၾကာင္ေၾကာင္ႏိုင္တယ္ ထင္ရေပမယ့္ အနီဝတ္ၿပီး ေလ့က်င့္ခန္း ျပဳလုပ္တဲ့အခါ ခြန္အားျပည့္ၿပီး ယံုၾကည္မႈ ပိုတိုးေနတဲ့အတြက္ ပိုအက်ိဳးထူးတယ္လို႔ ဆိုၾကပါတယ္။
5. ေသြးပူေလ့က်င့္ခန္း လုပ္ပါ။
ေလ့က်င့္ခန္းလုပ္ခ်ိန္ဟာ 10 မိနစ္ေလာက္သာ ျဖစ္ရင္ေတာင္ ေသြးပူေလ့က်င့္ခန္း လုပ္တာကို လံုးဝမေက်ာ္သြားပါနဲ႔။ အေၾကာေလွ်ာ့ ေသြးပူေလ့က်င့္ခန္းလုပ္ျခင္းဟာ ကိုယ္အပူခ်ိန္ကို တက္ေစႏိုင္ၿပီး လႈပ္ရွားမႈမ်ားကို ပိုမိုျမန္ဆန္ သြက္လက္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ေလ့က်င့္ခန္း လုပ္တဲ့အခါ ထိခိုက္အနာတရ မျဖစ္ရေအာင္လည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။
• ေလ့က်င့္ခန္း လုပ္ၿပီးခ်ိန္
6. အေၾကာေလွ်ာ့ပါ။
ေလ့က်င့္ခန္း လုပ္ၿပီးတဲ့အခါ ခႏၶာကိုယ္ကို ေလ့က်င့္ခန္း မလုပ္မီကအတိုင္း ျပန္လည္ေအးသြား၊ ေပ်ာ့ေျပာင္းသြားေစရန္ အေၾကာ ေလွ်ာ့သင့္ပါတယ္။ အေၾကာ ေလွ်ာ့ေပးျခင္းျဖင့္ နာက်င္ကိုက္ခဲမႈေတြကိုလည္း သက္သာေစႏိုင္ၿပီး ခႏၶာကိုယ္ ျပန္လည္ဖြဲ႕စည္း တည္ေဆာက္မႈကို ျမန္ဆန္ေစပါတယ္။
7. တစ္ခုခု စားပါ။
ေလ့က်င့္ခန္း လုပ္ၿပီးခ်ိန္မွာေတာ့ တစ္ခုခု စားေပးသင့္ပါတယ္။ ဒါမွသာ ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏိုင္ၿပီး လိုအပ္တဲ့အာဟာရဓာတ္ကို ရရွိေစႏိုင္ပါတယ္။
8. ေရေအးေအးေလး ခ်ိဳးပါ။
ေလ့က်င့္ခန္းလုပ္ၿပီး ေရေအးေအးေလး ခ်ိဳးျခင္းျဖင့္ နာက်င္မႈေတြကို သက္သာေစႏိုင္ၿပီး ခႏၶာကိုယ္ကို သက္သာေစႏိုင္ပါတယ္။
ေသြးပူေလ့က်င့္ခန္းလုပ္ၿပီးမွ ေလ့က်င့္ခန္းလုပ္ကာ အေၾကာေလွ်ာ့၊ ေရခ်ိဳး၊ ခႏၶာကိုယ္ကို ျပန္လည္ေအးျမေစျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္ျခင္းကို ပိုမိုအားျဖည့္ေစႏိုင္တဲ့အတြက္ Gym သြားရက်ိဳး နပ္ေစမွာပါ။
(Unicode)
Gym သွားရကျိုး နပ်ရဲ့လား
==================
==================
Gym သွားပြီး လေ့ကျင့်ခန်း ပင်ပင်ပန်းပန်း ပြုလုပ်သမျှဟာ အကျိုးထူးရဲ့လား?
လေ့ကျင့်ခန်းလုပ်ချိန်မှာ အကျိုးထူးစေနိုင်ရန် အားအင်ဖြည့်တင်းပေးဖို့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ခြင်းဟာလည်း လိုအပ်ပါတယ်။ ဒါကြောင့် Gym သွားတဲ့အခါ အကောင်းဆုံးသော အကျိုးရလဒ် ရရှိနိုင်အောင် အောက်ပါနည်းလမ်းများကို လုက်နာဆောင်ရွက်ကြည့်လိုက်ပါ။
• လေ့ကျင့်ခန်း မလုပ်ခင်
1. လုံလောက်စွာ အိပ်ပါ။
လေ့ကျင့်ခန်း မလုပ်မီရော၊ လုပ်ပြီးတဲ့အခါမှာပါ ကောင်းကောင်းအိပ်ပေးဖို့ အရေးကြီးပါတယ်။ ကျန်းမာဖို့အတွက် အိပ်ရေးဝ အားပြည့်နေမှ ဖြစ်မှာပါ။
2. ရေများများ (များများ) သောက်ပါ။
ရေများများ သောက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးမှန်း သိကြပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာလည်း ထွက်သွားတဲ့ ချွေးပမာဏကို ဖြည့်တင်းဖို့ ရေများများ လိုပါတယ်။ ဒါ့အပြင် ရေဓာတ် ဖြည့်တင်းထားမှ အားအင်ပြည့်ဝနိုင်မှာပါ။
3. အဆာပြေစားပါ။
လေ့ကျင့်ခန်းမလုပ်ခင် စားကို စားရမယ်လို့ မဆိုလိုပေမယ့် ဗိုက်ဆာနေရင်တော့ အဆာပြေမုန့်တစ်ခုခု စားပြီးမှ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ခွန်အား လိုအပ်ပါတယ်။
4. အနီရောင်ဝတ်ပါ။
ရူးကြောင်ကြောင်နိုင်တယ် ထင်ရပေမယ့် အနီဝတ်ပြီး လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခွန်အားပြည့်ပြီး ယုံကြည်မှု ပိုတိုးနေတဲ့အတွက် ပိုအကျိုးထူးတယ်လို့ ဆိုကြပါတယ်။
5. သွေးပူလေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ချိန်ဟာ 10 မိနစ်လောက်သာ ဖြစ်ရင်တောင် သွေးပူလေ့ကျင့်ခန်း လုပ်တာကို လုံးဝမကျော်သွားပါနဲ့။ အကြောလျှော့ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အပူချိန်ကို တက်စေနိုင်ပြီး လှုပ်ရှားမှုများကို ပိုမိုမြန်ဆန် သွက်လက်စေနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ထိခိုက်အနာတရ မဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
• လေ့ကျင့်ခန်း လုပ်ပြီးချိန်
6. အကြောလျှော့ပါ။
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း မလုပ်မီကအတိုင်း ပြန်လည်အေးသွား၊ ပျော့ပြောင်းသွားစေရန် အကြော လျှော့သင့်ပါတယ်။ အကြော လျှော့ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို မြန်ဆန်စေပါတယ်။
7. တစ်ခုခု စားပါ။
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာတော့ တစ်ခုခု စားပေးသင့်ပါတယ်။ ဒါမှသာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိစေနိုင်ပါတယ်။
8. ရေအေးအေးလေး ချိုးပါ။
လေ့ကျင့်ခန်းလုပ်ပြီး ရေအေးအေးလေး ချိုးခြင်းဖြင့် နာကျင်မှုတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကို သက်သာစေနိုင်ပါတယ်။
သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ လေ့ကျင့်ခန်းလုပ်ကာ အကြောလျှော့၊ ရေချိုး၊ ခန္ဓာကိုယ်ကို ပြန်လည်အေးမြစေခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကို ပိုမိုအားဖြည့်စေနိုင်တဲ့အတွက် Gym သွားရကျိုး နပ်စေမှာပါ။
Dr. Mya Phoo Ngon
===========
DrMyanmar
Leave a Reply