လက္တကမ္းက တ႐ုတ္စကားပန္း၏ အံ့ဖြယ္မ်ား

လက္တကမ္းက တ႐ုတ္စကားပန္း၏ အံ့ဖြယ္မ်ား

(Zawgyi)

လက္တကမ္းက တ႐ုတ္စကားပန္း၏ အံ့ဖြယ္မ်ား

အသည္းအဆီဖုံးေရာဂါကို သက္သာေစၿပီး ေလးဖက္နာ၊ နားအူ၊ နားေလးကို ေပ်ာက္ပါသည္။ အနီပြင့္ကို သုတ္စားရင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို သက္သာေစပါသည္။ တ႐ုတ္စကားပင္၏ မ်ိဳးရင္းမွာ ဆယ့္ႏွစ္ရာသီ မ်ိဳးရင္းျဖစ္သည္။အလြန္ေအးေသာ ေတာင္ေပၚေဒသမွအပ ျမန္မာျပည္အႏွံ႔ ေပါက္ေရာက္သည္။

တ႐ုတ္စကားပြင့္ ၂ မ်ိဳးရွိသည္ – အျဖဴပြင့္ႏွင့္ အဝါပြင့္ ျဖစ္သည္။ ႐ြက္ခြၽန္ႏွင့္ ႐ြက္ဝိုင္းျဖစ္သည္။ ႐ြက္ဝိုင္းကို အေက်ာ္နံ႔သာပင္ဟု ေခၚၾကသည္။

အေစး၊ အပြင့္၊ အ႐ြက္၊ အေခါက္၊ အျမစ္တို႔ကို အသုံးျပဳႏိုင္သည္။ စပ္ ခါး ဖန္ ၍ ပူေသာ သတၱိရွိသည္။ ဆီး႐ႊင္ေစသည္။သလိပ္ကိုေၾကေစသည္။ ႏူနာ၊ အနာေပါက္၊ ဝမ္းဗိုက္ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။

ေဆးအသုံျပဳပုံ-

-အေစးႏွင့္ အေခါက္

(၁) တ႐ုတ္စကားေခါက္ကို ျပဳတ္၍ ဆားအနည္းငယ္ ထည့္ေသာက္ပါက ငွက္ဖ်ားေပ်ာက္ကင္းသက္သာေစသည္။ တ႐ုတ္စကားေခါက္ကို ၃ ခြက္ ၁ခြက္တင္က်ိဳၿပီး ဆားအနည္းငယ္နဲ႔ တိုက္ပါက ငွက္ဖ်ား အျမစ္ျပတ္သည္။

(၂) အေစး အေခါက္ ကိုင္းမွထြက္ေသာ ႏို႔ႏွစ္ေရာင္ အေစးကို ဝမ္းႏုတ္ေဆးအျဖစ္သုံးသည္။ ႏို႔ႏွစ္ေရာင္အေစးသည္ ဝမ္းဗိုက္ေရာင္ေရာဂါ ဝမ္းဗိုက္ထိုးေအာင့္ ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။

-အပြင့္ႏွင့္ အ႐ြက္

(၁) အ႐ြက္ကို စားျခင္းျဖင့္၎ မုန႔္ႏွစ္ျဖင့္ေက်ာ္၍လည္း စားၾကသည္။ အပြင့္ကို ျပဳတ္တို႔ၾကသည္။ အ႐ြက္အပြင့္ကိုမန္က်ည္းရည္ႏွင့္ ျပဳတ္၍ သနပ္လက္သုပ္ လုပ္စားျခင္းျဖင့္ ဆီး၊ ဝမ္းကို ႐ႊင္ေစ၍ သလိပ္ ေလကိုေၾကေစသည္။

(၂) အပြင့္ကို မေျခာက္လွန္းၿပီး ေရေႏြးခပ္ေသာက္ၾကသည္။ ေရေႏြးေဖ်ာၿပီး သုပ္စားသည္။ ထိုသို႔ပုံမွန္စားပါက ေလးဖက္နာ၊ ႏွလုံးေရာဂါ၊ ဆီးခ်ိဳႏွင့္ အေမာေဖာက္ျခင္းကို ကာကြယ္တားဆီးႏိုင္ပါသည္။

(၃)ပၪၥငါးပါး ႐ုကၡမူဆားခ်က္ၿပီး ေန႔စဥ္လက္ဖက္စားဇြန္း တစ္ဝက္ စားေပးပါက ဆီးခ်ိဳ သက္သာေပ်ာက္ကင္းေစသည္။

Credit-ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္ )

တ႐ုတ္စကားျမစ္နဲ႔ ေလဖ်ဥ္းေရာဂါ

ေလဖ်ဥ္းေရာဂါအတြက္ က်ား/မ မေ႐ြးေဆး

၁။ တ႐ုတ္စကားျမစ္ ၂၅ က်ပ္သားကို ထုေထာင္းၿပီး အရည္ညႇစ္ယူပါ။

၂။ ထန္းလ်က္ ၂၅ က်ပ္သား

၃။ ဇာတိဖိုလ္သီးအဆံ ၁ က်ပ္သား

၄။ ေႂကြပုပ္မီးသင္းအမူန႔္ ၁ က်ပ္သား

၅။ စမုန္မ်ိဳးငါးပါး တမူးသားဆီ ၅ မူးသား

အထက္ပါေဆးမည္ ၅ မ်ိဳးကို ေျမအိုးသစ္တြင္ ေရ တစ္ပိသာႏွင့္ တစ္ဝက္ရေအာင္ က်ိဳပါ။ ေအးလွ်င္ ပုလင္းထဲတြင္ ထည့္သိပ္ထားပါ။ မနက္ လက္ဖက္ရည္ၾကမ္း ပုဂံလုံးတစ္ဝက္၊ တစ္ေန႔တစ္ႀကိမ္ေသာက္ေပးပါ။ က်င္ႀကီးနဲ႔အတူ ဝါဝါေရမ်ား သက္ဆင္းလာလိမ့္မည္။ ၇ ရက္ခန႔္ ေန႔စဥ္ေသာက္လွ်င္ ကိုယ္ေဖာကိုယ္ေရာင္ က်လာပါလိမ့္မည္။

Credit-ယမင္းျဖဴ

(Unicode)

လက်တကမ်းက တရုတ်စကားပန်း၏ အံ့ဖွယ်များ

အသည်းအဆီဖုံးရောဂါကို သက်သာစေပြီး လေးဖက်နာ၊ နားအူ၊ နားလေးကို ပျောက်ပါသည်။ အနီပွင့်ကို သုတ်စားရင် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေပါသည်။ တရုတ်စကားပင်၏ မျိုးရင်းမှာ ဆယ့်နှစ်ရာသီ မျိုးရင်းဖြစ်သည်။အလွန်အေးသော တောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ ပေါက်ရောက်သည်။

တရုတ်စကားပွင့် ၂ မျိုးရှိသည် – အဖြူပွင့်နှင့် အဝါပွင့် ဖြစ်သည်။ ရွက်ချွန်နှင့် ရွက်ဝိုင်းဖြစ်သည်။ ရွက်ဝိုင်းကို အကျော်နံ့သာပင်ဟု ခေါ်ကြသည်။

အစေး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ်တို့ကို အသုံးပြုနိုင်သည်။ စပ် ခါး ဖန် ၍ ပူသော သတ္တိရှိသည်။ ဆီးရွှင်စေသည်။သလိပ်ကိုကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက်ရောဂါတို့ကို ပျောက်ကင်းစေသည်။

ဆေးအသုံပြုပုံ-

-အစေးနှင့် အခေါက်

(၁) တရုတ်စကားခေါက်ကို ပြုတ်၍ ဆားအနည်းငယ် ထည့်သောက်ပါက ငှက်ဖျားပျောက်ကင်းသက်သာစေသည်။ တရုတ်စကားခေါက်ကို ၃ ခွက် ၁ခွက်တင်ကျိုပြီး ဆားအနည်းငယ်နဲ့ တိုက်ပါက ငှက်ဖျား အမြစ်ပြတ်သည်။

(၂) အစေး အခေါက် ကိုင်းမှထွက်သော နို့နှစ်ရောင် အစေးကို ဝမ်းနုတ်ဆေးအဖြစ်သုံးသည်။ နို့နှစ်ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ ဝမ်းဗိုက်ထိုးအောင့် ရောဂါတို့ကို ပျောက်ကင်းစေသည်။

-အပွင့်နှင့် အရွက်

(၁) အရွက်ကို စားခြင်းဖြင့်၎င်း မုန့်နှစ်ဖြင့်ကျော်၍လည်း စားကြသည်။ အပွင့်ကို ပြုတ်တို့ကြသည်။ အရွက်အပွင့်ကိုမန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် ဆီး၊ ဝမ်းကို ရွှင်စေ၍ သလိပ် လေကိုကြေစေသည်။

(၂) အပွင့်ကို မခြောက်လှန်းပြီး ရေနွေးခပ်သောက်ကြသည်။ ရေနွေးဖျောပြီး သုပ်စားသည်။ ထိုသို့ပုံမှန်စားပါက လေးဖက်နာ၊ နှလုံးရောဂါ၊ ဆီးချိုနှင့် အမောဖောက်ခြင်းကို ကာကွယ်တားဆီးနိုင်ပါသည်။

(၃)ပဉ္စငါးပါး ရုက္ခမူဆားချက်ပြီး နေ့စဉ်လက်ဖက်စားဇွန်း တစ်ဝက် စားပေးပါက ဆီးချို သက်သာပျောက်ကင်းစေသည်။

Credit-ရဲမျိုးသူ (ဗောဓိမြိုင် )

တရုတ်စကားမြစ်နဲ့ လေဖျဉ်းရောဂါ

လေဖျဉ်းရောဂါအတွက် ကျား/မ မရွေးဆေး

၁။ တရုတ်စကားမြစ် ၂၅ ကျပ်သားကို ထုထောင်းပြီး အရည်ညှစ်ယူပါ။

၂။ ထန်းလျက် ၂၅ ကျပ်သား

၃။ ဇာတိဖိုလ်သီးအဆံ ၁ ကျပ်သား

၄။ ကြွေပုပ်မီးသင်းအမူန့် ၁ ကျပ်သား

၅။ စမုန်မျိုးငါးပါး တမူးသားဆီ ၅ မူးသား

အထက်ပါဆေးမည် ၅ မျိုးကို မြေအိုးသစ်တွင် ရေ တစ်ပိသာနှင့် တစ်ဝက်ရအောင် ကျိုပါ။ အေးလျှင် ပုလင်းထဲတွင် ထည့်သိပ်ထားပါ။ မနက် လက်ဖက်ရည်ကြမ်း ပုဂံလုံးတစ်ဝက်၊ တစ်နေ့တစ်ကြိမ်သောက်ပေးပါ။ ကျင်ကြီးနဲ့အတူ ဝါဝါရေများ သက်ဆင်းလာလိမ့်မည်။ ၇ ရက်ခန့် နေ့စဉ်သောက်လျှင် ကိုယ်ဖောကိုယ်ရောင် ကျလာပါလိမ့်မည်။

Credit-ယမင်းဖြူ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top