အသည်းကို သန့်စင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေမယ့် ဖျော်ရည်

အသည်းကို သန့်စင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေမယ့် ဖျော်ရည်

အသည်းကို သန့်စင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေမယ့် ဖျော်ရည်

=======================
=======================

အသည်းက အဆိပ်အတောက်တွေဖယ်ရှားတာ၊ ရောဂါပိုးမွှားတွေ တိုက်ခိုက်တာ၊ ပရိုတင်းဓာတ်နဲ့ ဟော်မှုန်းတွေထုတ်လုပ်ပေးတာ စတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အာဟာရပြည့်ပြည့်စုံစုံ မစားသုံးခြင်းနဲ့ အသင့်စားအစားအစာတွေက အသည်းကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အသည်းကျန်းမာရေးကို အားကောင်းစေတဲ့ ဖျော်ရည်ကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

နံနံပင် သို့ တရုတ်နံနံပင် 25 g

ဂျင်း လက်တစ်ဆစ်

လတ်လတ်ဆတ်ဆတ် ဂေါ်ဖီ 125 g

သံပုရာသီး ၁လုံး

သစ်တော်သီး 250 g

ပူစီနံ 10 g

ရေ 500 ml

ပြုလုပ်နည်း

ပါဝင်ပစ္စည်းများကို ရေသေချာဆေးကြောလိုက်ပါ။ ဓာတု ပိုးသတ်ဆေးကို စိုးရိမ်ရင် ဆားရည်နဲ့ စိမ်ထားပါ။ပြီးမှ ရေပြန်ဆေးပါ။ အခွံမခွာပါနဲ့။

သစ်တော်သီးကို ပါးပါးလေးလှီးပြီး ဂျင်းကို စိပ်လိုက်ပါ

သစ်တော်သီး၊ ဂေါ်ဖီနဲ့ နံနံပင်ကို အသေးလေးတွေဖြစ်အောင် လှီးလိုက်ပါ။

အားလုံးကို ဖျော်စက်ထဲထည့်မွှေပါ။

ဖျော်စက်ထဲကို ရေထည့်ပါ။

သံပုရာသီးအခွံလေးကို သေးသေးလေးတွေဖြစ်အောင်လှီးပြီး လက်ဖက်ရည်ဇွန်း တစ်ဝက်ရအောင် လှီးပါ။

သံပုရာသီးကို ဖျော်စက်ထဲညှစ်ထည့်လိုက်ပါ။ အစေ့တွေ မပါစေပါနဲ့။

ပူစီနံနဲ့ သံပုရာသီးအခွံကိုထည့်ပြီး ဖျော်စက်ထဲ မွှေလိုက်ပြီး သောက်လို့ရပါပြီ။

တစ်နေ့ကို ၂ ကြိမ်သောက်ရင်ပိုကောင်းပါတယ်။ မနက်အိပ်ရာထတဲ့အချိန်နဲ့ ညမအိပ်ခင် ၂ နာရီ ၃ နာရီအလိုလောက်မှာ သောက်ပါ။ ဖျော်ပြီး ရေခဲသေတ္တာထဲထားရင် ၂ ရက်အထားခံပါတယ်။

နံနံပင်

နံနံပင်က အသည်းကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးတိုးကိုကျစေကာ ကိုလက်စထရောဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ဂျင်း

အသည်းကြီးနေတဲ့သူတွေအတွက်ဆိုရင် ဂျင်းက ကောင်းပါတယ်။ ဂျင်းက အသည်းမှာ အဆီဖုံးနေတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဂေါ်ဖီ

ဂေါ်ဖီက အသည်း အင်ဇိုင်းဓာတ်တွေ မညီတာတွေကို ပြုပြင်ပေးပြီး အသည်းအတွင်း ရောင်တာတွေ ဆဲလ်အသေတွေကို မဖြစ်အောင်လည်း ကူညီပေးပါတယ်။

သံပုရာသီး

သံပုရာသီးနဲ့ သံပုရာသီးအခွံမှာ Hesperidin၊ Naringenin နဲ့ Eriocitrin ဓာတ်တွေပါဝင်ပြီး အသည်းရောင်တာကို ကာကွယ်ပေးကာ သွေးအတွင်းကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။

==============

MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top