ဗဟုတုသ

တွင်းထွက်ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင်

(Zawgyi)

ေက်ာက္မ်က္ရတနာ အတု၊ အစစ္ ခြဲျခားၾကည့္ရေအာင္

ေက်ာက္ေကာင္း တစ္ပြင့္ကို ေဝခြဲရခက္ေနလွ်င္ အတုအစစ္ခြဲျခားနည္း

ကြၽန္ေတာ္တို႔ဟာ သာမန္ေ႐ႊဆိုင္ေတြမွာ ေတြ႕ရေလ့ရွိတဲ့ ေက်ာက္အနီအျပာ ေရာင္စုံေလးေတြကို သဘာဝေက်ာက္လိုလို ထင္မွတ္ဖူးၾကပါတယ္။ တကယ္တမ္းမွာေတာ့ . . . အမ်ားအားျဖင့္ ေတြ႕ျမင္ ဝယ္ယူမိၾကတာက ခ်က္ေက်ာက္လို႔ ေခၚတဲ့ သဘာဝမဟုတ္တဲ့ ေက်ာက္အတုေတြမ်ားပါတယ္။ ဘာတန္ဖိုးမွ မရွိတဲ့ ေက်ာက္အတုေတြ ၾကားကေန သဘာဝ ေက်ာက္မ်က္ ရတနာအစစ္ကို ရွာေဖြဝယ္ယူႏိုင္ဖို႔ အခ်က္အလက္ေတြ သိရွိထားဖို႔လိုပါၿပီ။

သဘာဝေက်ာက္မ်က္ရတနာ အစစ္ဟာ အင္မတန္ ရွားပါးလာပါၿပီ။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ႏိုင္ငံက ထြက္တဲ့ သယံဇာတျဖစ္တဲ့ သဘာဝတြင္းထြက္ မိုးကုတ္ ပတၱျမားနဲ႔ နီလာဟာဆိုရင္ အရည္အေသြးေကာင္းလြန္းလို႔ရွားပါး လြန္းလို႔ နာမည္ရေနတဲ့ တန္းဝင္ေက်ာက္ေတြပါ။ ေတြ႕ေနျမင္ေနက်. . .ခ်က္ေက်ာက္ (သို႔မဟုတ္) အပူေပး / အေရာင္ေျပာင္း / ေဆးသြင္းထားတဲ့ Imitation ေတြထဲကေန. . . . သဘာဝတြင္းထြက္ ေက်ာက္မ်က္အစစ္ကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္ဖို႔ အတုနဲ႔ အစစ္ ကြာျခားခ်က္ေတြကို ေျပာျပခ်င္ပါတယ္။

အမွတ္စဥ္ (1)

ေက်ာက္အမ်ိဳးမ်ိဳးကို အစစ္လို႔ထင္ရေလာက္ ေအာင္ ခ်က္လုပ္/ဖန္တီး ေရာင္းခ်ေနၾကၿပီမို႔။ အတုနဲ႔အစစ္ ခြဲျခား သိႏိုင္ဖို႔ အခ်က္အလက္ တခ်ိဳ႕ကေတာ့ . . ေက်ာက္အတု / ခ်က္ေက်ာက္ ဟူသမွ်က သဘာဝတြင္းထြက္ မဟုတ္ပဲ. . . အပူဓါတ္နဲ႔ ခ်က္လုပ္ၾကရတာေၾကာင့္. . . ေက်ာက္တစ္ခုလုံးမွာ ပူေဖာင္း (သို႔မဟုတ္) အျမဳပ္လို႔ေခၚတဲ့ Gas Bubble ေလးေတြ ျပည့္ႏွက္ေနတတ္ပါတယ္။ ေက်ာက္ၾကည့္ မွန္ဘီလူးနဲ႔ၾကည့္မွ ျမင္ရမွာပါ။ သာမန္အတိုင္း ၾကည့္ရင္ေတာ့အေရာင္အေသြး လွပၿပီး အျပစ္အနာအဆာ ကင္းစင္ေနတာကိုပဲ ေတြ႕ရပါလိမ့္မယ္ ။ အဲဒီလို အျပစ္အနာအဆာ ကင္းၿပီး အေရာင္အေသြး လွပလြန္းေနၿပီဆိုရင္ သတိထားရ ေတာ့မွာပါ။ ေက်ာက္အတု ျဖစ္ဖို႔မ်ားပါတယ္။ သဘာဝတြင္းထြက္ေက်ာက္မ်က္ေတြဟာ ဘယ္ေတာ့မွ အျပစ္အနာအဆာ မကင္းပါဘူး။ ေဂၚတို႔ မွတ္စာတို႔ Inclusion လို သဘာဝ အမွတ္အသားေလးေတြ ပါေနတတ္ပါတယ္ ။ သဘာဝေက်ာက္အစစ္ေတြမွာ Gas Bubble လို႔ေခၚတဲ့ အျမဳပ္ကေလးေတြ ပူေဖာင္းေလး ေတြ တစ္ခုတေလ ပါတတ္ေပမယ့္ ခ်က္ေက်ာက္အတုမွာလို ေက်ာက္တစ္ခုလုံး ျပည့္ႏွက္မေနပါဘူး။ တစ္ေနရာ ေလာက္ တစ္ခုေလာက္ပဲ ပါတတ္တာပါ။ ထင္သာျမင္သာ ရွိေအာင္ မွန္ဘီလူးနဲ႔ ၾကည့္သင့္ပါတယ္။

အမွတ္စဥ္ (2)

ေနာက္တစ္ခ်က္ကေတာ့. . . . . မွန္ဘီလူးေကာင္းေကာင္းနဲ႔ၾကည့္တဲ့အခါ.. သဘာဝတြင္းထြက္ ေက်ာက္အစစ္ရဲ႕ အသားေၾကာဟာ မေကြ႕မေကာက္ပဲ တေျဖာင့္တည္း တန္းေနတာကို ေတြ႕ရပါလိမ့္ မယ္ ။ ခ်က္ေက်ာက္ အတုေတြရဲ႕ ေက်ာက္အသား ေၾကာေတြကေတာ့ . . ေကြ႕ေကာက္ ရႈပ္ေထြး ေနတတ္ပါတယ္ ။

အမွတ္စဥ္ (3)

ေနာက္တစ္ခ်က္ သိသင့္တာက အေရာင္ပါ။ သဘာဝေက်ာက္မ်က္အစစ္ ေတြဟာ အေရာင္မညီပါဘူး။ အရည္မညီဘူး အရည္ကြက္တယ္ စသည့္ျဖင့္ ေက်ာက္မ်က္ေလာကမွာ ေျပာၾကဆို ၾကပါတယ္။ ဥပမာ ပတၱျမားတစ္ပြင့္ဆိုပါစို႔ ။ ႐ုတ္တရက္ သာမန္ၾကည့္ရင္ . . . .အနီေရာင္ တျပင္တည္းလို႔ ျမင္ေပမယ့္ မွန္ဘီလူးနဲ႔ ေသခ်ာေထာင္ၾကည့္ရင္ မီးထိုးၾကည့္ရင္ . . . အထဲမွာ အရည္မညီတာ ေတြ႕ရပါလိမ့္မယ္။ အနီေရာင္ထဲမွာကိုပဲ အႏုအရင့္ ကြာျခားတဲ့ ေနရာေတြ ပန္းေရာင္ ခရမ္းေရာင္ ကြက္ေနတာေတြ ေတြ႕ရပါလိမ့္မယ္။ ေက်ာက္တစ္ပြင့္လုံး အေရာင္တေျပးညီ ျဖစ္ေန တဲ့ေက်ာက္အစစ္ဆိုတာ မရွိသေလာက္ကို ရွားပါတယ္ ။ အရည္ညီၿပီး အျပစ္အနာအဆာကင္းတဲ့ ေက်ာက္ဆိုတာ အပြင့္ေရ ေထာင္း ေသာင္း ထဲမွာေတာင္ တစ္ပြင့္ ရဖို႔မလြယ္ / ရွားပါးလွပါတယ္ ။ ခ်က္ေက်ာက္ သို႔မဟုတ္ အပူေပးၿပီး ျပဳျပင္ ေျပာင္းလဲထားတဲ့ မီးဖုတ္ေက်ာက္တို႔ေတာ့ . . အေရာင္ဟာ ကြက္ျခင္းမရွိ၊ မေျပာင္းလဲပဲ တေျပးညီ ျဖစ္ေနတတ္ပါတယ္။

အမွတ္စဥ္ (4)

ေနာက္တစ္ခ်က္ရွိပါေသးတယ္။ သဘာဝတြင္းထြက္ ေက်ာက္မ်က္ရဲ႕အသားဟာ သိပ္သည္းက်စ္လစ္ပါတယ္။ ေက်ာက္အတု ရဲ႕ေက်ာက္သားကေတာ့ သိပ္သည္းက်စ္လ်စ္မႈ မရွိပဲ ဖုံပြပြ ျဖစ္ေနမွာပါ။ ေက်ာက္အစစ္နဲ႔ ယွဥ္ၿပီး ၾကည့္ရင္ ပိုသိသာ ပါတယ္။ ေက်ာက္အ႐ြယ္အစားႀကီးရင္ လက္နဲ႔ ကိုင္ဆ ၾကည့္တာနဲ႔ သိသာပါတယ္ ။ေက်ာက္အတုနဲ႔ သဘာဝေက်ာက္မ်က္အစစ္ဆိုဒ္ အ႐ြယ္အစား တူေနရင္ . . . .အေလးခ်ိန္မတူပါဘူး။ ေက်ာက္အစစ္က ေလးေလးပင္ပင္ ရွိၿပီး ေက်ာက္အတုကေတာ့ ေပါ့႐ႊတ္႐ႊတ္ျဖစ္ေနမွာ ေသခ်ာပါတယ္။ ႀကဳံတုန္း ေက်ာက္မ်က္ရတနာ တခ်ိဳ႕ရဲ႕သိပ္သည္းဆကို ေျပာျပလိုက္ပါ့မယ္။ ေက်ာက္မ်က္ရတနာတို႔ရဲ႕…သိပ္သည္းဆ ပတၱျမား( Ruby) = 3 . 99 နီလာ(Sapphire) = 3 . 99 ဥႆဖရား(Topaz) = 3 . 56 စိန္(Diamond) = 3 . 52 ျမ(Emarald) = 2 . 71 ပုလဲ(Pearl) = 2 .70 အမွတ္စဥ္ (5) ေက်ာက္မ်က္အတုကို ခြဲျခားသိႏိုင္ဖို႔. . . ေနာက္ထပ္အခ်က္ တစ္ခ်က္ ရွိပါေသးတယ္။ အဲဒါကေတာ့ . . . . . သဘာဝေက်ာက္မ်က္ အစစ္ေတြမွာ မာဆင့္ရွိတဲ့အတြက္ . . . .ေက်ာက္သားမ်က္နာျပင္ဟာ ေတာ္႐ုံ ပြတ္တိုက္မိ႐ုံနဲ႔ ပြန္းပဲ့ စင္းရာ မထင္ႏိုင္ပါဘူး။ ေက်ာက္အတုေတြဟာ မာဆင့္ မာႏႈန္း မာဂုဏ္ မရွိတဲ့အတြက္ . . . အဝတ္စၾကမ္းၾကမ္းနဲ႔ ျဖစ္ျဖစ္ ပြတ္တိုက္ၾကည့္ရင္ အစင္းရာ ပြန္းရာ ထင္သြားပါလိမ့္မယ္ ။ ဒီေနရာမွာလည္း တလက္စတည္း . . . ေက်ာက္မ်က္ေတြရဲ႕ မာဆင္စေကးေတြကို ေျပာျပခဲ့ပါ့မယ္ ။ ေက်ာက္မ်က္ရတနာတို႔ရဲ႕မာဆင့္ စိန္ (Diamond) = 10 .0 နီလာ(Sapphire) = 9 .0 ပတၱျမား(Ruby) = 9 .0 ဥႆဖရား(Topaz) = 8 .0 ေဂၚမိတ္(Pyrope) = 6.5 ျမ(Emerald) = 7 .5 – 8.0 ေက်ာက္စိမ္း(Jade) = 6 .5 -7.0 သတိ ေက်ာက္တစ္ပြင့္ဟာ အေရာင္လည္း တေျပးညီ အရည္ကြက္ျခင္းမရွိ /အထဲမွာလည္း အျပစ္အနာအဆာ လုံးဝကင္းေနမယ္ဆိုရင္ . . . အဲဒါ အတု ျဖစ္ႏိုင္ေခ် မ်ားပါတယ္ ။ ေသခ်ာေအာင္ မွန္ဘီလူးနဲ႔ၾကည့္ရင္ ေက်ာက္အတြင္းပိုင္းမွာ အသားေၾကာေတြ ေကြ႕ေကာက္ေနမယ္… အျမဳပ္ (Gas Bubble) ေတြလည္း ရွိေနမယ္. . က်စ္လ်စ္သိပ္သည္းမႈလည္း မရွိ မာဆင့္လည္း မရွိဘူး ဆိုရင္ေတာ့ . . အဲဒါ . . ေက်ာက္အတုဆိုတာ ေသခ်ာပါၿပီ ။ စစ္ေဆးျခင္း မီးထိုးၾကည့္ျခင္း . . . ေနေရာင္မွာ ေထာင္ၾကည့္ျခင္း. . . မွန္ဘီလူးေကာင္းေကာင္းနဲ႔ ၾကည့္ျခင္းေတြ အျပင္ . . . . ေက်ာက္မ်က္ရဲ႕ ႐ူပဂုဏ္သတၱိ တို႔ … ပုံေဆာင္ဓေလ့တို႔အလင္းယိုင္ၫႊန္းကိန္း တို႔ အေရာင္ေျပာင္းျခင္း / ႏွစ္ျဖာအလင္းယိုင္ျခင္း / အလင္းလကၡဏာ /အတြင္းမီးအား / စုပ္ယူေရာင္စဥ္တန္းမ်ား /မီးစုန္းေတာက္ျခင္း လကၡဏာမ်ား စသည္ျဖင့္လည္း ေလ့လာဆန္း စစ္သင့္ပါတယ္။ ေနာက္ထပ္ စစ္ေဆးျခင္း ခရမ္းလြန္ ေရာင္ျခည္(Ultraviolet Ray)နဲ႔ ထိုးၾကည့္ရင္လည္း . . . . ေက်ာက္အတုနဲ႔ အစစ္ရဲ႕ ျခားနားမႈကို သိႏိုင္ပါတယ္။ ေက်ာက္အတုဟာ ခရမ္းလြန္ေရာင္ျခည္နဲ႔ ထိတဲ့အခါ. . . အေရာင္မွိန္က်သြားပါလိမ့္မယ္။ သဘာဝတြင္းထြက္ ေက်ာက္မ်က္အစစ္ကေတာ့ ပိုၿပီး လင္းလက္ေတာက္ပ သြားပါလိမ့္မယ္။ အတြန႔္တက္ သဘာဝေက်ာက္မ်က္ လုပ္ငန္းတစ္ခုမွာ လုပ္ေနရင္းနဲ႔ တျဖည္းျဖည္း သိလာတာေလး ေတြ ခ်ေရးၾကည့္တာပါ။ တတ္ကြၽမ္းလို႔ ေရးျပတာမ်ိဳး မဟုတ္ပါဘူး။ ကိုယ္သိထားတာ ဘယ္ေလာက္ ရွိၿပီလဲဆိုတာ ျပန္ဖတ္ၾကည့္ခ်င္လို႔ေရးၾကည့္တာပါ။ အခု ေရးသြားတာေတြဟာ သာမန္ ေက်ာက္အေၾကာင္း သိပ္မသိေသးသူ တစ္ေယာက္ရဲ႕ သာမန္အသိ အခ်က္အလက္ေလးေတြမို႔ လြဲေနတာေတြလည္း အမ်ားအျပား ရွိေနႏိုင္ပါတယ္။ ကြၽန္ေတာ္ ေလ့လာဖို႔ အမ်ားႀကီးက်န္ပါေသးတယ္။ တတ္ကြၽမ္းနားလည္ၿပီးသူေတြဆီကလည္း သင္ယူစရာေတြ အမ်ားႀကီးရွိပါေသးတယ္။ ဆက္လက္ၿပီး ေက်ာက္မ်က္ရတနာကို … တန္ဖိုးအနိမ့္အျမင့္ျဖစ္ေစေသာ အခ်က္အလက္ေတြကို တင္ျပေပးဖို႔ရည္႐ြယ္ထားပါတယ္။

Credit: အလင္းဆက္ (Gazette)

(Unicode)

ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင်

ကျောက်ကောင်း တစ်ပွင့်ကို ဝေခွဲရခက်နေလျှင် အတုအစစ်ခွဲခြားနည်း

ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်အနီအပြာ ရောင်စုံလေးတွေကို သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ်။ တကယ်တမ်းမှာတော့ . . . အများအားဖြင့် တွေ့မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ်။ ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ။

သဘာဝကျောက်မျက်ရတနာ အစစ်ဟာ အင်မတန် ရှားပါးလာပါပြီ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက် မိုးကုတ် ပတ္တမြားနဲ့ နီလာဟာဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ။ တွေ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်းထားတဲ့ Imitation တွေထဲကနေ. . . . သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အတုနဲ့ အစစ် ကွာခြားချက်တွေကို ပြောပြချင်ပါတယ်။

အမှတ်စဉ် (1)

ကျောက်အမျိုးမျိုးကို အစစ်လို့ထင်ရလောက် အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီမို့။ အတုနဲ့အစစ် ခွဲခြား သိနိုင်ဖို့ အချက်အလက် တချို့ကတော့ . . ကျောက်အတု / ချက်ကျောက် ဟူသမျှက သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . . ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ်။ ကျောက်ကြည့် မှန်ဘီလူးနဲ့ကြည့်မှ မြင်ရမှာပါ။ သာမန်အတိုင်း ကြည့်ရင်တော့အရောင်အသွေး လှပပြီး အပြစ်အနာအဆာ ကင်းစင်နေတာကိုပဲ တွေ့ရပါလိမ့်မယ် ။ အဲဒီလို အပြစ်အနာအဆာ ကင်းပြီး အရောင်အသွေး လှပလွန်းနေပြီဆိုရင် သတိထားရ တော့မှာပါ။ ကျောက်အတု ဖြစ်ဖို့များပါတယ်။ သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာ မကင်းပါဘူး။ ဂေါ်တို့ မှတ်စာတို့ Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။ သဘာဝကျောက်အစစ်တွေမှာ Gas Bubble လို့ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေး တွေ တစ်ခုတလေ ပါတတ်ပေမယ့် ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။ တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။ ထင်သာမြင်သာ ရှိအောင် မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ်။

အမှတ်စဉ် (2)

နောက်တစ်ချက်ကတော့. . . . . မှန်ဘီလူးကောင်းကောင်းနဲ့ကြည့်တဲ့အခါ.. သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို တွေ့ရပါလိမ့် မယ် ။ ချက်ကျောက် အတုတွေရဲ့ ကျောက်အသား ကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။

အမှတ်စဉ် (3)

နောက်တစ်ချက် သိသင့်တာက အရောင်ပါ။ သဘာဝကျောက်မျက်အစစ် တွေဟာ အရောင်မညီပါဘူး။ အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆို ကြပါတယ်။ ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့ ။ ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့် မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . . အထဲမှာ အရည်မညီတာ တွေ့ရပါလိမ့်မယ်။ အနီရောင်ထဲမှာကိုပဲ အနုအရင့် ကွာခြားတဲ့ နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ်။ ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေ တဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။ အရည်ညီပြီး အပြစ်အနာအဆာကင်းတဲ့ ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်း ထဲမှာတောင် တစ်ပွင့် ရဖို့မလွယ် / ရှားပါးလှပါတယ် ။ ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင် ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့တော့ . . အရောင်ဟာ ကွက်ခြင်းမရှိ၊ မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ်။

အမှတ်စဉ် (4)

နောက်တစ်ချက်ရှိပါသေးတယ်။ သဘာဝတွင်းထွက် ကျောက်မျက်ရဲ့အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။ ကျောက်အတု ရဲ့ကျောက်သားကတော့ သိပ်သည်းကျစ်လျစ်မှု မရှိပဲ ဖုံပွပွ ဖြစ်နေမှာပါ။ ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာ ပါတယ်။ ကျောက်အရွယ်အစားကြီးရင် လက်နဲ့ ကိုင်ဆ ကြည့်တာနဲ့ သိသာပါတယ် ။ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်ဆိုဒ် အရွယ်အစား တူနေရင် . . . .အလေးချိန်မတူပါဘူး။ ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ်။ ကြုံတုန်း ကျောက်မျက်ရတနာ တချို့ရဲ့သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ်။ ကျောက်မျက်ရတနာတို့ရဲ့…သိပ်သည်းဆ ပတ္တမြား( Ruby) = 3 . 99 နီလာ(Sapphire) = 3 . 99 ဥဿဖရား(Topaz) = 3 . 56 စိန်(Diamond) = 3 . 52 မြ(Emarald) = 2 . 71 ပုလဲ(Pearl) = 2 .70 အမှတ်စဉ် (5) ကျောက်မျက်အတုကို ခွဲခြားသိနိုင်ဖို့. . . နောက်ထပ်အချက် တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ . . . . . သဘာဝကျောက်မျက် အစစ်တွေမှာ မာဆင့်ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး။ ကျောက်အတုတွေဟာ မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင် အစင်းရာ ပွန်းရာ ထင်သွားပါလိမ့်မယ် ။ ဒီနေရာမှာလည်း တလက်စတည်း . . . ကျောက်မျက်တွေရဲ့ မာဆင်စကေးတွေကို ပြောပြခဲ့ပါ့မယ် ။ ကျောက်မျက်ရတနာတို့ရဲ့မာဆင့် စိန် (Diamond) = 10 .0 နီလာ(Sapphire) = 9 .0 ပတ္တမြား(Ruby) = 9 .0 ဥဿဖရား(Topaz) = 8 .0 ဂေါ်မိတ်(Pyrope) = 6.5 မြ(Emerald) = 7 .5 – 8.0 ကျောက်စိမ်း(Jade) = 6 .5 -7.0 သတိ ကျောက်တစ်ပွင့်ဟာ အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ်ဆိုရင် . . . အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။ သေချာအောင် မှန်ဘီလူးနဲ့ကြည့်ရင် ကျောက်အတွင်းပိုင်းမှာ အသားကြောတွေ ကွေ့ကောက်နေမယ်… အမြုပ် (Gas Bubble) တွေလည်း ရှိနေမယ်. . ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . . အဲဒါ . . ကျောက်အတုဆိုတာ သေချာပါပြီ ။ စစ်ဆေးခြင်း မီးထိုးကြည့်ခြင်း . . . နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့ ကြည့်ခြင်းတွေ အပြင် . . . . ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့ … ပုံဆောင်ဓလေ့တို့အလင်းယိုင်ညွှန်းကိန်း တို့ အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း / အလင်းလက္ခဏာ /အတွင်းမီးအား / စုပ်ယူရောင်စဉ်တန်းများ /မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်း စစ်သင့်ပါတယ်။ နောက်ထပ် စစ်ဆေးခြင်း ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့ ထိုးကြည့်ရင်လည်း . . . . ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ်။ ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ်။ သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက်တောက်ပ သွားပါလိမ့်မယ်။ အတွန့်တက် သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်းနဲ့ တဖြည်းဖြည်း သိလာတာလေး တွေ ချရေးကြည့်တာပါ။ တတ်ကျွမ်းလို့ ရေးပြတာမျိုး မဟုတ်ပါဘူး။ ကိုယ်သိထားတာ ဘယ်လောက် ရှိပြီလဲဆိုတာ ပြန်ဖတ်ကြည့်ချင်လို့ရေးကြည့်တာပါ။ အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူ တစ်ယောက်ရဲ့ သာမန်အသိ အချက်အလက်လေးတွေမို့ လွဲနေတာတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။ ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ်။ တတ်ကျွမ်းနားလည်ပြီးသူတွေဆီကလည်း သင်ယူစရာတွေ အများကြီးရှိပါသေးတယ်။ ဆက်လက်ပြီး ကျောက်မျက်ရတနာကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော အချက်အလက်တွေကို တင်ပြပေးဖို့ရည်ရွယ်ထားပါတယ်။

Credit: အလင်းဆက် (Gazette)

Leave a Reply

Your email address will not be published. Required fields are marked *