ဗဟုတုသ

ကိုယ်တိုင်လုပ် ငါးမုန့်ကြော်လုပ်နည်း

(Zawgyi)

ငါးမုန႔္ေၾကာ္ေလး လုပ္စားၾကစို႔

ႏွစ္သက္ရာငါးျခစ္ ၁၀က်ပ္သားကို ဂ်င္း၊ ဆား၊ ဟင္းခပ္မႈန႔္နဲ႔ ေစးပိုင္ေနေအာင္ ေထာင္းၿပီး ေကာ္မႈန႔္ ၁၀က်ပ္သားနဲ႔ ေသခ်ာ ႏွံ႔စပ္ေအာင္ ေရာနယ္ရပါမယ္။

ႏွံ႔ၿပီဆိုရင္ အခ်င္း ၂လက္မေလာက္ အလုံးရွည္ေလး ရေအာင္ လွိမ့္ၿပီး ပုံသြင္းပါမယ္။ ၿပီးရင္ ၄၅ မိနစ္ေလာက္ ေပါင္းပါမယ္။

က်က္ရင္ အေအးခံၿပီး ေရခဲေသတၱာထဲ ၃/၄ နာရီေလာက္ ထားပါမယ္။ လွီးလို႔ေကာင္းမယ့္အေနအထား ခပ္မာမာေလး ျဖစ္လာရင္ ဓါးထက္ထက္နဲ႔ ပါးပါးလွီးၿပီး ဗန္းထဲထည့္လွန္းပါမယ္။

ေကာင္းေကာင္းေျခာက္ၿပီဆိုရင္ ေၾကာ္စားေတာ့မယ္ေနာ္။ Handmade စစ္စစ္ေလး လုပ္စားရင္း မိသားစုေတြ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစ။

လိုအပ္တာရွိရင္လည္း ျဖည့္ေပးပါေနာ္။

အားလုံးကို ေက်းဇူးတင္ပါတယ္။

မယ္ဆိုး

Credit – မယ္ဆိုး

Via – Mi Mi Tun

(Unicode)

ငါးမုန့်ကြော်လေး လုပ်စားကြစို့

နှစ်သက်ရာငါးခြစ် ၁၀ကျပ်သားကို ဂျင်း၊ ဆား၊ ဟင်းခပ်မှုန့်နဲ့ စေးပိုင်နေအောင် ထောင်းပြီး ကော်မှုန့် ၁၀ကျပ်သားနဲ့ သေချာ နှံ့စပ်အောင် ရောနယ်ရပါမယ်။

နှံ့ပြီဆိုရင်အချင်း ၂လက်မလောက် အလုံးရှည်လေး ရအောင် လှိမ့်ပြီး ပုံသွင်းပါမယ်။ ပြီးရင် ၄၅ မိနစ်လောက် ပေါင်းပါမယ်။

ကျက်ရင် အအေးခံပြီး ရေခဲသေတ္တာထဲ ၃/၄ နာရီလောက် ထားပါမယ်။ လှီးလို့ကောင်းမယ့်အနေအထား ခပ်မာမာလေး ဖြစ်လာရင် ဓါးထက်ထက်နဲ့ ပါးပါးလှီးပြီး ဗန်းထဲထည့်လှန်းပါမယ်။

ကောင်းကောင်းခြောက်ပြီဆိုရင် ကြော်စားတော့မယ်နော်။ Handmade စစ်စစ်လေး လုပ်စားရင်း မိသားစုတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

လိုအပ်တာရှိရင်လည်း ဖြည့်ပေးပါနော်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

မယ်ဆိုး

Credit – မယ်ဆိုး

Via – Mi Mi Tun

Leave a Reply

Your email address will not be published. Required fields are marked *