အဖု အကြိတ်၊ ကိုယ် လက် ကိုက်ခဲခြင်း၊ ယောင်ခြင်း၊ အသားကွက်၍ ယားခြင်း၊ ကင်း၊ ပင့်ကူကိုက်ခြင်းများ အတွက် နလင်ကျော်

အဖု အကြိတ်၊ ကိုယ် လက် ကိုက်ခဲခြင်း၊ ယောင်ခြင်း၊ အသားကွက်၍ ယားခြင်း၊ ကင်း၊ ပင့်ကူကိုက်ခြင်းများ အတွက် နလင်ကျော်

(Unicode)

ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်

မြန်မာဆေးကျမ်းများ အလိုအရ နလင်ကျော်သည် အေး၏။ အခိုးကို ပွင့်စေ၍ အဆိပ်ကိုနိုင်သည်။

(ဆေးဖက်အသုံးဝင်ပုံ) အသားခေါက်၊ အမြစ်ခေါက်

(၁) ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်ကို (ဆားနှင့်)သွေး၍ လိမ်းပါက အခိုးပွင့်၍ သက်သာပျောက်ကင်းစေပါသည်။

(၂) ဖျားနာခြင်း၊ အညှော်မိခြင်း၊ အနာဝင်ခြင်း၊ ငန်းမန်းအားကြီးခြင်းအတွက် နလင်ကျော်ကို သွေး၍ သောက်ခြင်း၊ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဝမ်းချုပ်ပါက နလင်ကျော်သွေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။

(၃) ဝမ်းဖော၊ ဝမ်းရောင်၊ ရေငတ်ဝမ်းကျ ဖြစ်ပါက ထမင်းဆုပ် မီးဖုတ်စိမ်ရည်နှင့် နလင်ကျော် သွေးသောက်ပါက ပျောက်ကင်း၏။

(၄) ဆုံဆို့နာ၊ သွေးလွန်တုတ်ကွေး အဖျားရောဂါ၊ ပင်လယ်အူနာရောဂါ၊ အမျိုးသမီးများတကျည်းကိုက် ရောဂါများအတွက် နလင်ကျော်ကို ရေနှင့်သွေး၍ သောက်ပါ ။

(၅) ကိုယ်လက်လေးလံခြင်း၊ နာကျင်ကိုက်ခဲခြင်းကြောင့် သွားလာရာ၌ ဒူးဆစ်များ နာကျင်ခြင်း၊ ထိုင်ပါများလျှင် ကျင်ခြင်း၊ အမြင့်သို့တက်ရာ၌ မောပန်းခြင်းအတွက် နလင်ကျော်ကို ပရုတ်ဆီနှင့်သွေး၍ လိမ်းပေးပါ။ နလင်ကျော်ကို သွေးရည်ကို အသင့်အတင့် သောက်ပေးပါ။

(၆) အမျိုးသမီး ကိုယ်အင်္ဂါတွင် တုတ်ကောင်တွယ်၍ အနာဖြစ်ပါက အခေါက်ကို ပြုတ်၍ ထိုအရည်ဖြင့် ဆေးပေးပါက လျှင်မြန်စွာ ပျောက်ကင်း၏။

(၇) မျက်စိနာ၊ မျက်စိမှုန်ပါက မျက်လုံးကို နလင်ကျော်သွေးရည်ဖြင့် ဝိုင်း၍ လိမ်းပေးပါ။

(၈) နို့နာဖြစ်ပါက နလင်ကျော်မှုန့် နှင့် စပါယ်မှုန့်ကို သွေး၍ လိမ်းရ၏။

(၉) နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်ပါက နလင်ကျော်အမှုန့် ရှူပေးပါက သက်သာပျောက်ကင်း၏။

(၁၀) အမှုန့်ကို ဆန်ဆေးရည်နှင့် ဖျော်၍ သောက်ပါက ညောင်းကျရောဂါ၊ ဝမ်းတွင်းပုပ်၊ ဆီးပုပ်၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ရောဂါများ ပျောက်ကင်းပါ၏။

အထူးဂရုပြုပါရန်-

နလင်ကျော်မှုန့် စားသုံးစဉ်အတွင်း ထန်းလျက် မစားရပါ။ စားလျှင် သေတတ်ပါ၏။ (အချိုဟူသမျှ ရှောင်ပါက ပိုကောင်းပါ၏။

မှတ်ချက်-နလင်ကျော်ဟာ ဈေးနှုန်းလည်းချိုပါတယ်။ ဆေးဖက်လည်း အများကြီး အသုံးဝင်တဲ့ အတွက် အိမ်တိုင်း အလွယ်တကူ ဆောင် ထားသင့်ပါတယ်။

Credit-မြန်မာ့ဆေးဝါးပင်များ

ဆရာကြည်လွင်မြင့်ပြောပြသော နလင်ကျော်ဆေးအသုံး

မေး။ မြန်မာဆေးမြစ်စုံမှာ ပါဝင်တဲ့ နလင်ကျော်ရဲ့ အသုံးဝင်ပုံကို သိချင်ပါတယ်ဆရာ။

ဖြေ။ နလင်ကျော်ပင်ရဲ့ အခေါက်၊ အသားကို သွေးလိမ်း၊ သွေးသောက်တာ ရှေးမြန်မာလူကြီးများရဲ့ ဓလေ့ပါ။ အသုံး ကတော့ အနာဝင်၊ ညှော်မိ၊ ပေါင်မို့သက်တံ၊ ပေါင်ထိပ်အကျိတ်ခို၊ သွေးစုနာ၊ ဂရင်ဂျီနာ၊ သံစူးအနာရင်း၊ ညှော်မိတာ တွေအတွက် သွေးလိမ်း၊ သွေးသောက်ရပါတယ်။ ကင်းကိုက်၊ ပင့်ကူရှပ်၊ ရောင်ခြင်း၊ အသားကွက်ယားခြင်းအတွက် နလင်ကျော်ခေါက်ကို ဆားနဲ့သွေးလိမ်းရပါတယ်။ မျက်စိမှုန်၊ တိမ်စွဲရင် နလင်ကျော်မြစ်ကို သွေးကွင်းရပါတယ်။အမျိုးသမီးရောဂါ ယောနိတွင် တုတ်ပိုးစွဲရန် အနာဖြစ်ပြီး ကိုက်ခဲလျှင် (ယခုခေတ် သားအိမ်ခေါင်း ကင်ဆာနှင့် အလွန်နီးစပ် သည်) နလင်ကျော် အခေါက်ပြုတ်ရည်ဖြင့် ဖန်ဆေး၊ ဖန်ထိုင်ပေးလျှင် ပျောက်ကင်းစေသည်ဟု ရှေးဆေးကျမ်းတွင် တွေ့ရသည်။ နှာပိတ်၊ နှပ်ပုပ်၊ ထိပ်ကပ်နာဖြစ်လျှင် နလင်ကျော်အမှုန့်ကို မီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင် ပျောက်နိုင် သည်။ ကလေးချက်ကြိုး၊ အနာတွင်ဖြူးပေးလျှင် အနာကျက်၏။ အမှုန့်ကို ဆန်ဆေးရည်နှင့် သောက်ပါက ညောင်းကျ ရောဂါ၊ ဝမ်းတွင်းပုပ်၊ အသည်း၊ အူ၊ အဆုတ်တို့တွင် ဖြစ်သော အနာများကို ကျက်စေနိုင်သည်။

(‌ရှေးအယူ- နလင် ကျော်သောက်နေစဉ် ထန်းလျက်မစားရ၊ မတည့်ပါ။)

မေး ။ ။ ဆရာကြီးရှင့် ဗမာဆေးမှာအရက်ဖြတ်တဲ့ဆေးရှိပါသလားရှင့်။

သမီးဦးလေးကအရက်သောက်တာကြာပါပြီ။အခုအသက်၅၂နှစ်ရှိပါပြီ။ သူခံစားနေရတာကခြေဖဝါးတွေထုံကျင်လာတယ်။အေးမှထုံတာမဟုတ်ဖူး..ပူရင်လည်းထုံတာပဲတဲ့။အရက်လည်းဖြတ်ချင်ပါတယ်။ သမီးတို့ဘာလုပ်ရမှန်းမသိလို့ ဆရာကြီးကိုမေးတာပါရှင့်။

ဖြေ။ အရက်ကိုမဖြတ်နိုင်သေးရင်လျှော့သောက်ပါ။ အစာနဲ့တွဲသောက်ပါ။ နလင်ကျေိာတုံးသွေး ဟင်းစားဇွန်းတစ်ဇွန်းတိုက်ရင်အရက်သောက်ချင်စိတ်ပျောက်တယ်လို့ဆိုပါတယ်။

အရက်မပြတ်ရင် လေဖြတ်နိုင်တယ်လို့ပြောပါ။ ခြေဖဝါးဆားပွတ်ရေဖတ်တိုက်ပေးရင် ခြေဖဝါးထုံကျင်တာသက်သာစေနိုင်ပါတယ်။

မေး ။ ။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၃၃နှစ် အိမ်ထောင်ကျတာ ၅လရှိပါပြီ။ သားဥအိမ်မှာ ရေအိတ်တည်လို့ခွဲထုတ်ထားတာ ၁လပြည့်ပြီ။ သားအိမ်ကင်ဆာ ၁-အဆင့်ဆေးသွင်းရမယ် ပြောပါတယ်။ သားသမီးလည်း အရမ်းလိုချင်ပါတယ်။ ဆရာ့အနေနဲ့ ဆေးနည်းလေး ပြောပြပေးစေချင်ပါတယ်။ ဆေးကတော့ မသွင်းရသေးပါဘူး။ ဘာလုပ်ရမယ်မသိဖြစ်နေပါတယ်။ သားသမီးမရသေးလို့ သာအိမ်တော့မထုတ်ထားပါဘူး။ အားကိုးတကြီးနဲ့ အကူအညီတောင်းရပါတယ် ဆရာ။

ဖြေ ။ ။နလင်ကျော်အသားတုံး (အဟောင်းမသုံးပါနဲ့။ ပရဆေးဆိုင်တွေ မေးဝယ်ပါ။နလင်ကျော်သွေး(ဟင်းစားဇွန်းတစ်ဇွန်းကို) ပျားရည်တစ်ဇွန်းစပ်၊ နံနက်-ည နှစ်ကြိမ်သောက်ပါ။ လက်တွေ့ပျောက်ဖူးသူရှိပါသည်။

နလင်ကျော်အခေါက်ပြုပ်ပြီး အင်တုံကြီးမှထည့်၊ ဖင်ထိုင်ပေးလျင် မိန်းမကိုယ်အနာပျောက်သည်ဟု ရှေးဆေးကျမ်းများတွင် ပါသည်။

မေး။ ။ ဆရာခင်ဗျာ တစ်ခုလောက်မေးပါရစေ။ ကျွန်တော့်ကျောမှာ အကျိတ်လေးတစ်ခုတွေ့နေပါတယ်။ ဆရာ အဖုအကျိတ်နဲ့ပက်သတ်၍ သက်သာပျောက်ကင်းနိုင်မယ့် ဆေးနည်းလေး လမ်းညွန်ပေးပါခင်ဗျာ။

ဖြေ။ ။ အဖုအကျိတ်မှာ အပူကျိတ်၊ အသားကျိတ်၊ အဆီကျိတ် ဟူ၍ (၃) မျိုးရှိပါတယ်။ မိဿလင်ဥကို ထောင်း မုံညင်းဆီနဲ့ ရောအပူပေးပြီး ချက်လိမ်းလျှင် အဖုအကျိတ်များသက်သာစေပါတယ်။ အပူကျိတ်ဖြစ် နေလျှင် နလင်ကျော်၊ ကရမတ်သွေးလိမ်းပါ။ အသားကျိတ်က နာကျင်ကိုက်ခဲဖြစ်တက်ပါတယ်။ နာကျင် ကိုက်ခဲလျှင် ဇာတိပ္ဖိုလ်သီးသွေးလိမ်းပါ။ အဆီကျိတ်မှန်ရင် မနာမကိုက်ပါ။

မေး။ ။ မင်္ဂလာပါဆရာ။ အကျိတ်အကြောင်းမေးပါရစေရှင့်။ ရင်ဘတ်အပေါ်မှာ အကျိတ်လေးဖြစ်ပြီး တစ်ခါတစ်လေ အောင့်ပါတယ်။ ညီမလေးတစ်ယောက် ဖြစ်တာပါ။ မခွဲစိတ်ရဘဲ အကျိတ်သေးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။ လေးစားစွာနဲ့ပါ ဆရာ။

ဖြေ။ ။ အပူကျိတ်၊ အသားကျိတ်၊ အဆီကျိတ်ဟူ၍ သုံးမျိုးရှိပါတယ်။ ဆေးနည်းတိုက မိဿလင်ဥကို ထောင်း မုံညင်းဆီနဲ့ရော အပူပေးချက်လိမ်းလျှင် အကျိတ်အဖု သက်သာစေပါတယ်။ အဆီအကျိတ်မှန်ရင် မနာမကိုက်ပါ။ အသားကျိတ်က ကိုက်ခဲနာကျင်ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲလျှင် ဇာတိပ္ဖိုလ်သီးသွေး လိမ်းပါ။ အပူကျိတ်ဖြစ်လျှင် နလင်ကျော်၊ ကရမတ်များသွေးလိမ်းပါ။

Credit-ကြည်လွင်မြင့်(မုဒြာ)

(Zawgyi)

ကင္း၊ ပင့္ကူကိုက္ျခင္း၊ ကိုယ္ လက္ ကိုက္ခဲျခင္း၊ အသားကြက္၍ ယားျခင္း၊ ေရာင္ျခင္းမ်ားအတြက္ နလင္ေက်ာ္

ျမန္မာေဆးက်မ္းမ်ား အလိုအရ နလင္ေက်ာ္သည္ ေအး၏။ အခိုးကို ပြင့္ေစ၍ အဆိပ္ကိုႏိုင္သည္။

(ေဆးဖက္အသုံးဝင္ပုံ) အသားေခါက္၊ အျမစ္ေခါက္

(၁) ကင္း၊ ပင့္ကူကိုက္ျခင္း၊ ကိုယ္လက္ ကိုက္ခဲျခင္း၊ အသားကြက္၍ ယားျခင္း၊ ေရာင္ျခင္းမ်ားအတြက္ နလင္ေက်ာ္ကို (ဆားႏွင့္)ေသြး၍ လိမ္းပါက အခိုးပြင့္၍ သက္သာေပ်ာက္ကင္းေစပါသည္။

(၂) ဖ်ားနာျခင္း၊ အေညႇာ္မိျခင္း၊ အနာဝင္ျခင္း၊ ငန္းမန္းအားႀကီးျခင္းအတြက္ နလင္ေက်ာ္ကို ေသြး၍ ေသာက္ျခင္း၊ လိမ္းေပးျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။ ဝမ္းခ်ဳပ္ပါက နလင္ေက်ာ္ေသြးရည္ကို ဆားအနည္းငယ္ ထည့္ေသာက္ပါ။

(၃) ဝမ္းေဖာ၊ ဝမ္းေရာင္၊ ေရငတ္ဝမ္းက် ျဖစ္ပါက ထမင္းဆုပ္ မီးဖုတ္စိမ္ရည္ႏွင့္ နလင္ေက်ာ္ ေသြးေသာက္ပါက ေပ်ာက္ကင္း၏။

(၄) ဆုံဆို႔နာ၊ ေသြးလြန္တုတ္ေကြး အဖ်ားေရာဂါ၊ ပင္လယ္အူနာေရာဂါ၊ အမ်ိဳးသမီးမ်ားတက်ည္းကိုက္ ေရာဂါမ်ားအတြက္ နလင္ေက်ာ္ကို ေရႏွင့္ေသြး၍ ေသာက္ပါ ။

(၅) ကိုယ္လက္ေလးလံျခင္း၊ နာက်င္ကိုက္ခဲျခင္းေၾကာင့္ သြားလာရာ၌ ဒူးဆစ္မ်ား နာက်င္ျခင္း၊ ထိုင္ပါမ်ားလွ်င္ က်င္ျခင္း၊ အျမင့္သို႔တက္ရာ၌ ေမာပန္းျခင္းအတြက္ နလင္ေက်ာ္ကို ပ႐ုတ္ဆီႏွင့္ေသြး၍ လိမ္းေပးပါ။ နလင္ေက်ာ္ကို ေသြးရည္ကို အသင့္အတင့္ ေသာက္ေပးပါ။

(၆) အမ်ိဳးသမီး ကိုယ္အဂၤါတြင္ တုတ္ေကာင္တြယ္၍ အနာျဖစ္ပါက အေခါက္ကို ျပဳတ္၍ ထိုအရည္ျဖင့္ ေဆးေပးပါက လွ်င္ျမန္စြာ ေပ်ာက္ကင္း၏။

(၇) မ်က္စိနာ၊ မ်က္စိမႈန္ပါက မ်က္လုံးကို နလင္ေက်ာ္ေသြးရည္ျဖင့္ ဝိုင္း၍ လိမ္းေပးပါ။

(၈) ႏို႔နာျဖစ္ပါက နလင္ေက်ာ္မႈန႔္ ႏွင့္ စပါယ္မႈန႔္ကို ေသြး၍ လိမ္းရ၏။

(၉) ႏွာပိတ္၊ ႏွာပုပ္၊ ထိပ္ကပ္နာ ျဖစ္ပါက နလင္ေက်ာ္အမႈန႔္ ရႉေပးပါက သက္သာေပ်ာက္ကင္း၏။

(၁၀) အမႈန႔္ကို ဆန္ေဆးရည္ႏွင့္ ေဖ်ာ္၍ ေသာက္ပါက ေညာင္းက်ေရာဂါ၊ ဝမ္းတြင္းပုပ္၊ ဆီးပုပ္၊ ႏွလုံးမၿငိမ္၊ ႏႈတ္ခမ္း အာေခါင္ေျခာက္ ေရာဂါမ်ား ေပ်ာက္ကင္းပါ၏။

အထူးဂ႐ုျပဳပါရန္-

နလင္ေက်ာ္မႈန႔္ စားသုံးစဥ္အတြင္း ထန္းလ်က္ မစားရပါ။ စားလွ်င္ ေသတတ္ပါ၏။ (အခ်ိဳဟူသမွ် ေရွာင္ပါက ပိုေကာင္းပါ၏။

မွတ္ခ်က္-နလင္ေက်ာ္ဟာ ေဈးႏႈန္းလည္းခ်ိဳပါတယ္။ ေဆးဖက္လည္း အမ်ားႀကီး အသုံးဝင္တဲ့ အတြက္ အိမ္တိုင္း အလြယ္တကူ ေဆာင္ ထားသင့္ပါတယ္။

Credit-ျမန္မာ့ေဆးဝါးပင္မ်ား

ဆရာၾကည္လြင္ျမင့္ေျပာျပေသာ နလင္ေက်ာ္ေဆးအသုံး

ေမး။ ျမန္မာေဆးျမစ္စုံမွာ ပါဝင္တဲ့ နလင္ေက်ာ္ရဲ႕ အသုံးဝင္ပုံကို သိခ်င္ပါတယ္ဆရာ။

ေျဖ။ နလင္ေက်ာ္ပင္ရဲ႕ အေခါက္၊ အသားကို ေသြးလိမ္း၊ ေသြးေသာက္တာ ေရွးျမန္မာလူႀကီးမ်ားရဲ႕ ဓေလ့ပါ။ အသုံး ကေတာ့ အနာဝင္၊ ေညႇာ္မိ၊ ေပါင္မို႔သက္တံ၊ ေပါင္ထိပ္အက်ိတ္ခို၊ ေသြးစုနာ၊ ဂရင္ဂ်ီနာ၊ သံစူးအနာရင္း၊ ေညႇာ္မိတာ ေတြအတြက္ ေသြးလိမ္း၊ ေသြးေသာက္ရပါတယ္။ ကင္းကိုက္၊ ပင့္ကူရွပ္၊ ေရာင္ျခင္း၊ အသားကြက္ယားျခင္းအတြက္ နလင္ေက်ာ္ေခါက္ကို ဆားနဲ႔ေသြးလိမ္းရပါတယ္။ မ်က္စိမႈန္၊ တိမ္စြဲရင္ နလင္ေက်ာ္ျမစ္ကို ေသြးကြင္းရပါတယ္။အမ်ိဳးသမီးေရာဂါ ေယာနိတြင္ တုတ္ပိုးစြဲရန္ အနာျဖစ္ၿပီး ကိုက္ခဲလွ်င္ (ယခုေခတ္ သားအိမ္ေခါင္း ကင္ဆာႏွင့္ အလြန္နီးစပ္ သည္) နလင္ေက်ာ္ အေခါက္ျပဳတ္ရည္ျဖင့္ ဖန္ေဆး၊ ဖန္ထိုင္ေပးလွ်င္ ေပ်ာက္ကင္းေစသည္ဟု ေရွးေဆးက်မ္းတြင္ ေတြ႕ရသည္။ ႏွာပိတ္၊ ႏွပ္ပုပ္၊ ထိပ္ကပ္နာျဖစ္လွ်င္ နလင္ေက်ာ္အမႈန႔္ကို မီးခဲေပၚျဖဴး၍ မႈိင္းရႉေပးလွ်င္ ေပ်ာက္ႏိုင္ သည္။ ကေလးခ်က္ႀကိဳး၊ အနာတြင္ျဖဴးေပးလွ်င္ အနာက်က္၏။ အမႈန႔္ကို ဆန္ေဆးရည္ႏွင့္ ေသာက္ပါက ေညာင္းက် ေရာဂါ၊ ဝမ္းတြင္းပုပ္၊ အသည္း၊ အူ၊ အဆုတ္တို႔တြင္ ျဖစ္ေသာ အနာမ်ားကို က်က္ေစႏိုင္သည္။

(‌ေရွးအယူ- နလင္ ေက်ာ္ေသာက္ေနစဥ္ ထန္းလ်က္မစားရ၊ မတည့္ပါ။)

ေမး ။ ။ ဆရာႀကီးရွင့္ ဗမာေဆးမွာအရက္ျဖတ္တဲ့ေဆးရွိပါသလားရွင့္။

သမီးဦးေလးကအရက္ေသာက္တာၾကာပါၿပီ။အခုအသက္၅၂ႏွစ္ရွိပါၿပီ။ သူခံစားေနရတာကေျခဖဝါးေတြထုံက်င္လာတယ္။ေအးမွထုံတာမဟုတ္ဖူး..ပူရင္လည္းထုံတာပဲတဲ့။အရက္လည္းျဖတ္ခ်င္ပါတယ္။ သမီးတို႔ဘာလုပ္ရမွန္းမသိလို႔ ဆရာႀကီးကိုေမးတာပါရွင့္။

ေျဖ။ အရက္ကိုမျဖတ္ႏိုင္ေသးရင္ေလွ်ာ့ေသာက္ပါ။ အစာနဲ႔တြဲေသာက္ပါ။ နလင္ေက်ိာတုံးေသြး ဟင္းစားဇြန္းတစ္ဇြန္းတိုက္ရင္အရက္ေသာက္ခ်င္စိတ္ေပ်ာက္တယ္လို႔ဆိုပါတယ္။

အရက္မျပတ္ရင္ ေလျဖတ္ႏိုင္တယ္လို႔ေျပာပါ။ ေျခဖဝါးဆားပြတ္ေရဖတ္တိုက္ေပးရင္ ေျခဖဝါးထုံက်င္တာသက္သာေစႏိုင္ပါတယ္။

ေမး ။ ။ မဂၤလာပါဆရာ။ ကြၽန္မအသက္ ၃၃ႏွစ္ အိမ္ေထာင္က်တာ ၅လရွိပါၿပီ။ သားဥအိမ္မွာ ေရအိတ္တည္လို႔ခြဲထုတ္ထားတာ ၁လျပည့္ၿပီ။ သားအိမ္ကင္ဆာ ၁-အဆင့္ေဆးသြင္းရမယ္ ေျပာပါတယ္။ သားသမီးလည္း အရမ္းလိုခ်င္ပါတယ္။ ဆရာ့အေနနဲ႔ ေဆးနည္းေလး ေျပာျပေပးေစခ်င္ပါတယ္။ ေဆးကေတာ့ မသြင္းရေသးပါဘူး။ ဘာလုပ္ရမယ္မသိျဖစ္ေနပါတယ္။ သားသမီးမရေသးလို႔ သာအိမ္ေတာ့မထုတ္ထားပါဘူး။ အားကိုးတႀကီးနဲ႔ အကူအညီေတာင္းရပါတယ္ ဆရာ။

ေျဖ ။ ။နလင္ေက်ာ္အသားတုံး (အေဟာင္းမသုံးပါနဲ႔။ ပရေဆးဆိုင္ေတြ ေမးဝယ္ပါ။နလင္ေက်ာ္ေသြး(ဟင္းစားဇြန္းတစ္ဇြန္းကို) ပ်ားရည္တစ္ဇြန္းစပ္၊ နံနက္-ည ႏွစ္ႀကိမ္ေသာက္ပါ။ လက္ေတြ႕ေပ်ာက္ဖူးသူရွိပါသည္။

နလင္ေက်ာ္အေခါက္ျပဳပ္ၿပီး အင္တုံႀကီးမွထည့္၊ ဖင္ထိုင္ေပးလ်င္ မိန္းမကိုယ္အနာေပ်ာက္သည္ဟု ေရွးေဆးက်မ္းမ်ားတြင္ ပါသည္။

ေမး။ ။ ဆရာခင္ဗ်ာ တစ္ခုေလာက္ေမးပါရေစ။ ကြၽန္ေတာ့္ေက်ာမွာ အက်ိတ္ေလးတစ္ခုေတြ႕ေနပါတယ္။ ဆရာ အဖုအက်ိတ္နဲ႔ပက္သတ္၍ သက္သာေပ်ာက္ကင္းႏိုင္မယ့္ ေဆးနည္းေလး လမ္းၫြန္ေပးပါခင္ဗ်ာ။

ေျဖ။ ။ အဖုအက်ိတ္မွာ အပူက်ိတ္၊ အသားက်ိတ္၊ အဆီက်ိတ္ ဟူ၍ (၃) မ်ိဳးရွိပါတယ္။ မိႆလင္ဥကို ေထာင္း မုံညင္းဆီနဲ႔ ေရာအပူေပးၿပီး ခ်က္လိမ္းလွ်င္ အဖုအက်ိတ္မ်ားသက္သာေစပါတယ္။ အပူက်ိတ္ျဖစ္ ေနလွ်င္ နလင္ေက်ာ္၊ ကရမတ္ေသြးလိမ္းပါ။ အသားက်ိတ္က နာက်င္ကိုက္ခဲျဖစ္တက္ပါတယ္။ နာက်င္ ကိုက္ခဲလွ်င္ ဇာတိပၹိဳလ္သီးေသြးလိမ္းပါ။ အဆီက်ိတ္မွန္ရင္ မနာမကိုက္ပါ။

ေမး။ ။ မဂၤလာပါဆရာ။ အက်ိတ္အေၾကာင္းေမးပါရေစရွင့္။ ရင္ဘတ္အေပၚမွာ အက်ိတ္ေလးျဖစ္ၿပီး တစ္ခါတစ္ေလ ေအာင့္ပါတယ္။ ညီမေလးတစ္ေယာက္ ျဖစ္တာပါ။ မခြဲစိတ္ရဘဲ အက်ိတ္ေသးသြားေအာင္ ဘယ္လိုလုပ္ရမလဲ ဆရာ။ ေလးစားစြာနဲ႔ပါ ဆရာ။

ေျဖ။ ။ အပူက်ိတ္၊ အသားက်ိတ္၊ အဆီက်ိတ္ဟူ၍ သုံးမ်ိဳးရွိပါတယ္။ ေဆးနည္းတိုက မိႆလင္ဥကို ေထာင္း မုံညင္းဆီနဲ႔ေရာ အပူေပးခ်က္လိမ္းလွ်င္ အက်ိတ္အဖု သက္သာေစပါတယ္။ အဆီအက်ိတ္မွန္ရင္ မနာမကိုက္ပါ။ အသားက်ိတ္က ကိုက္ခဲနာက်င္ျဖစ္တတ္ပါတယ္။ နာက်င္ကိုက္ခဲလွ်င္ ဇာတိပၹိဳလ္သီးေသြး လိမ္းပါ။ အပူက်ိတ္ျဖစ္လွ်င္ နလင္ေက်ာ္၊ ကရမတ္မ်ားေသြးလိမ္းပါ။

Credit-ၾကည္လြင္ျမင့္(မုျဒာ)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top