အိမ်မှာ အပင်လေးတွေ စိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

အိမ်မှာ အပင်လေးတွေ စိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

(Unicode)

အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

စရိတ်နည်း ဖို့ ဒီလိုအစပြုပါ။ ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့။ သင့် အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမယ့် နေရာတစ်ခုခုမှာ မသုံးစွဲပဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက် ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့ တောင် ဆင်ခြင်သင့်ပါတယ်။

ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သော ဓါတ်အဟာရတွေမြောက်များစွာ ပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကိုဟန့်တားစေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ သွားတွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ ဆံပင်တွေတဖန်ပြန်ပြီး မဲနက်လာစေနိုင်ခြင်းဆိုတဲ့အစွမ်း အာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။

စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိကထား တင်ရမယ်ဆိုရင်လည်း များပြားလှစွာသောအကျိုးများကို ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာမလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲရုံသာဖြစ်ပါတယ်။ အရင်ဦးဆုံး ဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်ဗူး အလွတ်ထဲမှာထည့် အဖုံးကို မလုံ့တလုံထား။ အေးပြီး ခြောက်တဲ့နေရာမှာ (7)ရက်ထားလိုက်ပြီးရင် ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေးပြီး ခြောက်တဲ့နေရာမှာ သိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ ပြုလုပ်သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတု အပူအအေးပေါ် မူတည်ပြီး အထားခံတဲ့ ရက်ကွာ ခြားသွားနိုင်ပါတယ်။

ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက်ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့် အပင်အတွက် အကျိုးဖြစ်ထွန်းစေသော အခြားဓါတ် ပေါင်းမြောက်များစွာလည်း ပါဝင်နေပါတယ်။

ဆန်ဆေး အချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များကို ပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည် ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် အတွက်ဖြစ်စေ၊ စရိတ်နည်းသော စိုက်ပျိုးရေးအတွက်ဖြစ်စေ ပထမဦးဆုံးစတင်စုဆောင်းရမည့် ကုန်ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင် ဖြစ်ပါသည်။

ချမ်းသာကြပါစေ

ခွန်တူး

(Zawgyi)

အိမ္မွာ အပင္ေလးေတြစိုက္ထားရင္ ပိုးသတ္ေဆးအစား ဆန္ေဆးရည္သုံးမယ္

စရိတ္နည္း ဖို႔ ဒီလိုအစျပဳပါ။ ပိုးသတ္ ေဆးကင္း ေရာဂါကင္းေပါ့။ သင့္ အိမ္က ဆန္ေဆးရည္ေတြကို အက်ိဳးရွိမယ့္ ေနရာတစ္ခုခုမွာ မသုံးစြဲပဲ သြန္ပစ္ေနျခင္းမ်ိဳး လုံးဝမလုပ္ပါႏွင့္။အထူးသျဖင့္ သင္ဟာစိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္ ဆက္ႏြယ္ေနသူတစ္ဦး ျဖစ္ေနတယ္ဆိုရင္ ပိုလို႔ ေတာင္ ဆင္ျခင္သင့္ပါတယ္။

ဆန္ေဆးရည္မွာ ဘာေတြပါသလဲဆိုရင္ သက္ရွိမ်ားကို အက်ိဳးျပဳႏိုင္ေသာ ဓါတ္အဟာရေတြေျမာက္မ်ားစြာ ပါဝင္ေနပါတယ္လို႔သာ အလြယ္မွတ္လိုက္ၾကပါစို႔။ အိုမင္းရင့္ေရာ္ျခင္းကိုဟန႔္တားေစႏိုင္ျခင္း၊ မျဖစ္မေနက်ိဳးရမဲ့ သြားေတြကို ခိုင္ခန႔္ေစႏိုင္ျခင္းႏွင့္ ျဖဴသြားတဲ့ ဆံပင္ေတြတဖန္ျပန္ၿပီး မဲနက္လာေစႏိုင္ျခင္းဆိုတဲ့အစြမ္း အာနိသင္မ်ိဳးေတြ ဆန္ေဆးရည္မွာ ရွိေနပါတယ္။

စိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္သည္မ်ားကို အဓိကထား တင္ရမယ္ဆိုရင္လည္း မ်ားျပားလွစြာေသာအက်ိဳးမ်ားကို ျဖစ္ထြန္းေစပါတယ္။ အေထြအထူး စီမံေနစရာမလိုပါဘူး။ ဆန္ေဆးရည္ကို အခ်ဥ္ေဖါက္ၿပီး သုံးစြဲ႐ုံသာျဖစ္ပါတယ္။ အရင္ဦးဆုံး ေဆးတဲ့ ဆန္ေဆးရည္ကို ေရသန႔္ဗူး အလြတ္ထဲမွာထည့္ အဖုံးကို မလုံ႔တလုံထား။ ေအးၿပီး ေျခာက္တဲ့ေနရာမွာ (7)ရက္ထားလိုက္ၿပီးရင္ ပိတ္စပါးပါးျဖင့္ စစ္ယူလိုက္ပါ။ ထိုအရည္ကို (၆)လခန႔္အထိ ေအးၿပီး ေျခာက္တဲ့ေနရာမွာ သိမ္းဆည္းၿပီး အသုံးျပဳခဲ့ဖူးပါတယ္။ ျပဳလုပ္သိမ္းဆည္းသူရဲ႕ သန႔္ရွင္းမႈ၊ ရာသီဥတု အပူအေအးေပၚ မူတည္ၿပီး အထားခံတဲ့ ရက္ကြာ ျခားသြားႏိုင္ပါတယ္။

ကဲ ဆန္ေဆးရည္မွာ ကယ္လ္စီယမ္၊ သံ၊ ကာဗိုဟိုက္ဒရိတ္ႏွင့္ စပါးအတြက္ မရွိမျဖစ္လိုအပ္ေသာ စီလီကာဓါတ္၊ ဗီတာမင္ ဓါတ္၊ ကစီဓါတ္ႏွင့္ အပင္အတြက္ အက်ိဳးျဖစ္ထြန္းေစေသာ အျခားဓါတ္ ေပါင္းေျမာက္မ်ားစြာလည္း ပါဝင္ေနပါတယ္။

ဆန္ေဆး အခ်ဥ္ေဖါက္ရည္တစ္ခုတည္းျဖင့္ အခ်ိဳ႕အခ်ိဳ႕ ေသာ မႈိ၊ ပိုး၊ ပ်၊ စုပ္စားပိုးတို႔ကို နိမ္နင္းႏိုင္စြမ္းရွိပါတယ္။ အပင္မ်ားကို ပက္ဖ်န္းေပးလွ်င္ က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ အပင္မစိုက္ပ်ိဳးမွီ စိုက္က်င္းထဲကို ပက္ဖ်န္းေပးျခင္းျဖင့္ အခ်ိဳ႕ေသာေျမေအာင္းပိုးမ်ားရန္ ကိုတားဆီးနိမ္နင္းႏိုင္ပါတယ္။ ေျမခ်ဥ္ငံျခင္းကိုလည္း အတိုင္းအတာ တစ္ခုအထိ ျပဳျပင္ႏိုင္စြမ္းပါတယ္။ဆန္ေဆးအခ်ဥ္ေဖါက္ရည္ျဖင့္ ႏို႔ အခ်ဥ္ေဖါက္ရည္ ေဖၚစပ္ျပဳလုပ္ႏိုင္ပါတယ္။ ေအာ္ဂဲနစ္စိုက္ပ်ိဳးေရးစနစ္ အတြက္ျဖစ္ေစ၊ စရိတ္နည္းေသာ စိုက္ပ်ိဳးေရးအတြက္ျဖစ္ေစ ပထမဦးဆုံးစတင္စုေဆာင္းရမည့္ ကုန္ၾကမ္းပစၥည္းမွာ ဆန္ေဆးရည္ပင္ ျဖစ္ပါသည္။

ခ်မ္းသာၾကပါေစ

ခြန္တူး

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top